ရန်ကုန်ကန်ထရိုက်တိုက်များတွင်အရည်အသွေးနိမ့်ဆောက်လုပ်ရေးပစ္စည်းများသုံးစွဲလာ

345

ပြည့်ဖြိုး(NP News)-အောက်တိုဘာ ၂၉
ကန်ထရိုက်တိုက်သစ်အများစုမှာ အပြင်ပန်းသာ လှပသစ်လွင်ပြီး အထဲတွင်အသုံးပြုထားသည့်ပစ္စည်းများကို အရည်အသွေးမကောင်းသည့်ပစ္စည်းများကို ယခင်ထက်ပိုအသုံးပြုလာကြောင်း တိုက်ခန်းသစ်ဝယ်သူများထံမှ သိရသည်။
စစ်ရှောင်နှင့် လုံခြုံရေးအခြေအနေကြောင့် လူဦးရေ ယခင်ထက်များပြားလာသည့် ရန်ကုန်တွင် ကန်ထရိုက်တိုက်သစ်ဆောက်လုပ်မှု ပိုမိုများလာရာ အပြင်ပန်းစိတ်ဝင်စားအောင်ပြင်ဆင်ထားသော်လည်း တိုက်ခန်းအတွင်း၌ အသုံးပြုထားသည့် တံခါး၊ ဘေစင်၊ ရေစက်၊ တိုက်သားဆေး၊ နောက်ဖေး လှေကား အစရှိသည့်အရာများမှာ ဈေးပေါပြီး အရည်အသွေးညံ့သည့်အိမ်သုံးပစ္စည်းများကိုအသုံးပြုထားကြောင်း သိရသည်။
“ အခုနောက်ပိုင်း တိုက်တွေက အပြင်ပန်းသာလှနေတာ ။ အထဲမှာတော့ မစွံတာများတယ်။ အစဆုံးပြင်နေရတယ်။ မိုးရွာလို့ တိုက်ခန်းမှာ ရေစိမ့်ဝင်လို့ ပိုင်ရှင်ကို လာလုပ်ခိုင်းလည်း အဖတ်တောင်မလုပ်ဘူး။ တော်တော်ပြောယူရတယ်။ တံခါးတွေဆိုလည် အဟောင်းတွေကို ဆေးသုတ်ပြီးသုံးထားတာတွေ။ ရေချိုးခန်းတံခါးတွေဆိုလည်း Lock ခလုတ်တွေ ချောင်လို့ ပိတ်မရ။ အကုန်လုံး ကိုယ်ပါကို စိတ်ညစ်ခံပြီး အဆင်ပြေသလို နေနေရတယ် “ ဟု သာကေတမြို့နယ်အတွင်း နေထိုင်သူတစ်ဦး ကဆိုသည်။
ယခုကန်ထရိုက်တိုက်သစ်အများစုသည် ဆောက်လုပ်ခွင့်မကျဘဲ ဆောက်ထားသည့်တိုက်များဖြစ်သည့်အတွက်ကြောင့် တိုက်များကို အမြန်ပြီးစီးအောင်ဆောက်လုပ်လာကြောင်း၊ အမြတ်အစွန်းများများကျန်ရန်အ တွက် အရည်အသွေးမပြည့်မှီသော ပစ္စည်းများကို ပိုမိုအသုံးပြုလာကြောင်း၊ နေထိုင်ခွင့်မကျဘဲ ကြိုတင်ရောင်းချမှုများလာကြောင်း၊တိုက်ဝယ်ယူပြီး တခုခုဖြစ်ပါက တာဝန်ယူဖြေရှင်းမှု မရှိကြောင်း စသဖြင့် တိုက်ဝယ်ယူသ ည့်အခါတွင် အာမခံမှုအပြည့်ရှိသည့် ကန်ထရိုက်တာများနှင့်သာ ဝယ်ယူမှု ပိုမိုပြုလုပ်သင့်ရန် လိုအပ်သည်။
“ နောက်ပိုင်း တိုက်ဝယ်ရင် ပြင်ဆင်ပြီးသားဝယ်တာ ပိုကောင်းတယ်။ နောက်ပြီး BCC ကျထားတဲ့ တိုက်တွေပိုဝယ်သင့်တယ်။ ကိုယ်ကငွေလိုလို့ ပြန်ရောင်းချင်လည်း ရောင်းရတာပိုလွယ်တယ်။ အခု BCC မပါဘဲ ရောင်း နေကျတယ်။ လမ်းထဲက တိုက်တတိုက်ဆို တိုက်သစ်ကြီး ဆေးတွေကွာကျလို့ တတိုက်လုံး ဆေးပြန်သုတ် ရတယ်။ တိုက်ဝယ်မယ်ဆိုရင် အာမခံမှုအပြည့်ရှိတဲ့ နာမည်ရထားတဲ့ တိုက်တွေကို ဝယ်တာ အကောင်းဆုံး “ ဟု မြို့ထဲအတွင်း နေထိုင်သူတစ်ဦး ကဆိုသည်။
နိုင်ငံရေးအခြေအနေများကြောင့် နယ်ဒေသများမှ ပြောင်းရွှေ့နေထိုင်လာသူများခြင်းကြောင့် ရန်ကုန်မြို့ မှ တိုက်ခန်းအငှားစျေးကွက်အတွင်း ငှားရမ်း၊ဝယ်ယူသူ များပြားခဲ့သလို တိုက်ခန်းဈေးနှုန်းများလည်း ယခင်ထက် ပိုမိုမြင့်မားလာနေကြောင်း သိရသည်။

Zawgyi Version:
ရန္ကုန္ကန္ထ႐ိုက္တိုက္မ်ားတြင္အရည္အေသြးနိမ့္ေဆာက္လုပ္ေရးပစၥည္းမ်ားသုံးစြဲလာ
ျပည့္ၿဖိဳး(NP News)-ေအာက္တိုဘာ ၂၉
ကန္ထ႐ိုက္တိုက္သစ္အမ်ားစုမွာ အျပင္ပန္းသာ လွပသစ္လြင္ၿပီး အထဲတြင္အသုံးျပဳထားသည့္ပစၥည္းမ်ားကို အရည္အေသြးမေကာင္းသည့္ပစၥည္းမ်ားကို ယခင္ထက္ပိုအသုံးျပဳလာေၾကာင္း တိုက္ခန္းသစ္ဝယ္သူမ်ားထံမွ သိရသည္။
စစ္ေရွာင္ႏွင့္ လုံၿခဳံေရးအေျခအေနေၾကာင့္ လူဦးေရ ယခင္ထက္မ်ားျပားလာသည့္ ရန္ကုန္တြင္ ကန္ထ႐ိုက္တိုက္သစ္ေဆာက္လုပ္မႈ ပိုမိုမ်ားလာရာ အျပင္ပန္းစိတ္ဝင္စားေအာင္ျပင္ဆင္ထားေသာ္လည္း တိုက္ခန္းအတြင္း၌ အသုံးျပဳထားသည့္ တံခါး၊ ေဘစင္၊ ေရစက္၊ တိုက္သားေဆး၊ ေနာက္ေဖး ေလွကား အစရွိသည့္အရာမ်ားမွာ ေဈးေပါၿပီး အရည္အေသြးညံ့သည့္အိမ္သုံးပစၥည္းမ်ားကိုအသုံးျပဳထားေၾကာင္း သိရသည္။
“ အခုေနာက္ပိုင္း တိုက္ေတြက အျပင္ပန္းသာလွေနတာ ။ အထဲမွာေတာ့ မစြံတာမ်ားတယ္။ အစဆုံးျပင္ေနရတယ္။ မိုး႐ြာလို႔ တိုက္ခန္းမွာ ေရစိမ့္ဝင္လို႔ ပိုင္ရွင္ကို လာလုပ္ခိုင္းလည္း အဖတ္ေတာင္မလုပ္ဘူး။ ေတာ္ေတာ္ေျပာယူရတယ္။ တံခါးေတြဆိုလည္ အေဟာင္းေတြကို ေဆးသုတ္ၿပီးသုံးထားတာေတြ။ ေရခ်ိဳးခန္းတံခါးေတြဆိုလည္း Lock ခလုတ္ေတြ ေခ်ာင္လို႔ ပိတ္မရ။ အကုန္လုံး ကိုယ္ပါကို စိတ္ညစ္ခံၿပီး အဆင္ေျပသလို ေနေနရတယ္ “ ဟု သာေကတၿမိဳ႕နယ္အတြင္း ေနထိုင္သူတစ္ဦး ကဆိုသည္။
ယခုကန္ထ႐ိုက္တိုက္သစ္အမ်ားစုသည္ ေဆာက္လုပ္ခြင့္မက်ဘဲ ေဆာက္ထားသည့္တိုက္မ်ားျဖစ္သည့္အတြက္ေၾကာင့္ တိုက္မ်ားကို အျမန္ၿပီးစီးေအာင္ေဆာက္လုပ္လာေၾကာင္း၊ အျမတ္အစြန္းမ်ားမ်ားက်န္ရန္အ တြက္ အရည္အေသြးမျပည့္မွီေသာ ပစၥည္းမ်ားကို ပိုမိုအသုံးျပဳလာေၾကာင္း၊ ေနထိုင္ခြင့္မက်ဘဲ ႀကိဳတင္ေရာင္းခ်မႈမ်ားလာေၾကာင္း၊တိုက္ဝယ္ယူၿပီး တခုခုျဖစ္ပါက တာဝန္ယူေျဖရွင္းမႈ မရွိေၾကာင္း စသျဖင့္ တိုက္ဝယ္ယူသ ည့္အခါတြင္ အာမခံမႈအျပည့္ရွိသည့္ ကန္ထ႐ိုက္တာမ်ားႏွင့္သာ ဝယ္ယူမႈ ပိုမိုျပဳလုပ္သင့္ရန္ လိုအပ္သည္။
“ ေနာက္ပိုင္း တိုက္ဝယ္ရင္ ျပင္ဆင္ၿပီးသားဝယ္တာ ပိုေကာင္းတယ္။ ေနာက္ၿပီး BCC က်ထားတဲ့ တိုက္ေတြပိုဝယ္သင့္တယ္။ ကိုယ္ကေငြလိုလို႔ ျပန္ေရာင္းခ်င္လည္း ေရာင္းရတာပိုလြယ္တယ္။ အခု BCC မပါဘဲ ေရာင္း ေနက်တယ္။ လမ္းထဲက တိုက္တတိုက္ဆို တိုက္သစ္ႀကီး ေဆးေတြကြာက်လို႔ တတိုက္လုံး ေဆးျပန္သုတ္ ရတယ္။ တိုက္ဝယ္မယ္ဆိုရင္ အာမခံမႈအျပည့္ရွိတဲ့ နာမည္ရထားတဲ့ တိုက္ေတြကို ဝယ္တာ အေကာင္းဆုံး “ ဟု ၿမိဳ႕ထဲအတြင္း ေနထိုင္သူတစ္ဦး ကဆိုသည္။
ႏိုင္ငံေရးအေျခအေနမ်ားေၾကာင့္ နယ္ေဒသမ်ားမွ ေျပာင္းေ႐ႊ႕ေနထိုင္လာသူမ်ားျခင္းေၾကာင့္ ရန္ကုန္ၿမိဳ႕ မွ တိုက္ခန္းအငွားေစ်းကြက္အတြင္း ငွားရမ္း၊ဝယ္ယူသူ မ်ားျပားခဲ့သလို တိုက္ခန္းေဈးႏႈန္းမ်ားလည္း ယခင္ထက္ ပိုမိုျမင့္မားလာေနေၾကာင္း သိရသည္။