ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်းနှင့် သံလွင်မြစ်များ၏ မြစ်ဖျားမှစ၍ ပင်လယ်ဝအထိ ရေစီးနှုန်းတိုင်းတာမှုများ ပြုလုပ်မည်

1983

မျိုးကြီး (NP News) - ဧပြီ ၂၅
မြန်မာနိုင်ငံရှိ ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်းနှင့် သံလွင်မြစ်များ၏ မြစ်ဖျားမှစ၍ ပင်လယ်ဝအထိ ရေစီးနှုန်း တိုင်းတာမှုများ ပြုလုပ်မည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းအချက်အလက်များအရ သိရသည်။
အဆိုပါ မြစ်(၄)ခု၏ မြစ်ဖျားမှစတင်ပြီး ပင်လယ်သို့ရောက်သည်အထိ ရေစီးနှုန်းတိုင်းတာရန်နှင့် ရေလမ်းကြောင်း အခြေအနေ အပါအဝင် ရေအရင်းအမြစ်ပမာဏတို့ကို စူးစမ်းလေ့လာဆောင်ရွက်နိုင်ရေးအတွက် ရေအား အရင်းအမြစ် စူးစမ်းလေ့လာရေးအဖွဲ့ကို မတ်လအတွင်းက ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
၎င်းအဖွဲ့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အမိန့်ကြေညာဖွဲ့စည်းထားခြင်းဖြစ်ပြီး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဖြစ်သူ ဗိုလ်ချုပ်ကြီးတင်အောင်စန်းက ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်မည်ဖြစ်ကာ အဖွဲ့ဝင် (၁၆)ဦးဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။
အဆိုပါအဖွဲ့ကို ဧရာဝတီမြစ် အပါအဝင် မြစ်(၄)ခုအတွင်း မြစ်ဖျားမှ ပင်လယ်ဝအထိ ရေစီးနှုန်းများ တိုင်းတာ ဆောင်ရွက်ရန်၊ သဲနှုန်းအနည်းကျမှုနှုန်းကို အသေးစိတ်စူးစမ်းလေ့လာတိုင်းတာဆောင်ရွက်ရန်နှင့် မြစ်များ၏ မြစ်ဝှမ်းဒေသဧရိယာ တိုင်းတာ တွက်ချက်ဆောင်ရွက်ရန်တို့ကို တာဝန်ပေးထားကြောင်း သိရသည်။
ထို့ပြင် တိုင်းတာရရှိသည့်အချက်အလက်များကို အခြေခံ၍ ရေနည်းချိန်နှင့် ရေများချိန် ရေထု စီးနှုန်းများ တွက်ချက်အား ဆောင်ရွက်ရန်၊ ရေကြောင်ပို့ဆောင်ရေး၊ သောက်သုံးရေနှင့် စိုက်ပျိုးရေပေးဝေရေး စသော ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကို လေ့လာဆန်းစစ်ဆောင်ရွက်ရန်နှင့် မြစ်များတွင် အကောင်အထည် ဖော်မည့် ဖွံ့ဖြိုးရေးလုပ်ငန်းများကြောင့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်သက်ရောက်နိုင်မှုများအပေါ် လေ့လာ ဆန်းစစ်ဆောင်ရွက်ရန်တို့ကိုလည်း ၎င်းအဖွဲ့ကို တာဝန်ပေးထားကြောင်း သိရသည်။

Zawgyi Version;
ဧရာဝတီ၊ ခ်င္းတြင္း၊ စစ္ေတာင္းႏွင့္ သံလြင္ျမစ္မ်ား၏ ျမစ္ဖ်ားမွစ၍ ပင္လယ္ဝအထိ ေရစီးႏႈန္းတိုင္းတာမႈမ်ား ျပဳလုပ္မည္
မ်ဳိးႀကီး (NP News) - ဧၿပီ ၂၅
ျမန္မာႏိုင္ငံရွိ ဧရာဝတီ၊ ခ်င္းတြင္း၊ စစ္ေတာင္းႏွင့္ သံလြင္ျမစ္မ်ား၏ ျမစ္ဖ်ားမွစ၍ ပင္လယ္ဝအထိ ေရစီးႏႈန္း တိုင္းတာမႈမ်ား ျပဳလုပ္မည္ျဖစ္ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ သတင္းအခ်က္အလက္မ်ားအရ သိရသည္။
အဆိုပါ ျမစ္(၄)ခု၏ ျမစ္ဖ်ားမွစတင္ၿပီး ပင္လယ္သို႔ေရာက္သည္အထိ ေရစီးႏႈန္းတိုင္းတာရန္ႏွင့္ ေရလမ္းေၾကာင္း အေျခအေန အပါအဝင္ ေရအရင္းအျမစ္ပမာဏတို႔ကို စူးစမ္းေလ့လာေဆာင္႐ြက္ႏိုင္ေရးအတြက္ ေရအား အရင္းအျမစ္ စူးစမ္းေလ့လာေရးအဖြဲ႕ကို မတ္လအတြင္းက ဖြဲ႕စည္းခဲ့ေၾကာင္း သိရသည္။
၎အဖြဲ႕ကို ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီက အမိန႔္ေၾကညာဖြဲ႕စည္းထားျခင္းျဖစ္ၿပီး ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးဝန္ႀကီးျဖစ္သူ ဗိုလ္ခ်ဳပ္ႀကီးတင္ေအာင္စန္းက ဥကၠ႒အျဖစ္ တာဝန္ယူေဆာင္႐ြက္မည္ျဖစ္ကာ အဖြဲ႕ဝင္ (၁၆)ဦးျဖင့္ ဖြဲ႕စည္းထားေၾကာင္း သိရသည္။
အဆိုပါအဖြဲ႕ကို ဧရာဝတီျမစ္ အပါအဝင္ ျမစ္(၄)ခုအတြင္း ျမစ္ဖ်ားမွ ပင္လယ္ဝအထိ ေရစီးႏႈန္းမ်ား တိုင္းတာ ေဆာင္႐ြက္ရန္၊ သဲႏႈန္းအနည္းက်မႈႏႈန္းကို အေသးစိတ္စူးစမ္းေလ့လာတိုင္းတာေဆာင္႐ြက္ရန္ႏွင့္ ျမစ္မ်ား၏ ျမစ္ဝွမ္းေဒသဧရိယာ တိုင္းတာ တြက္ခ်က္ေဆာင္႐ြက္ရန္တို႔ကို တာဝန္ေပးထားေၾကာင္း သိရသည္။
ထို႔ျပင္ တိုင္းတာရရွိသည့္အခ်က္အလက္မ်ားကို အေျခခံ၍ ေရနည္းခ်ိန္ႏွင့္ ေရမ်ားခ်ိန္ ေရထု စီးႏႈန္းမ်ား တြက္ခ်က္အား ေဆာင္႐ြက္ရန္၊ ေရေၾကာင္ပို႔ေဆာင္ေရး၊ ေသာက္သုံးေရႏွင့္ စိုက္ပ်ိဳးေရေပးေဝေရး စေသာ ဘက္စုံ ဖြံ႕ၿဖိဳးတိုးတက္ေရးဆိုင္ရာကို ေလ့လာဆန္းစစ္ေဆာင္႐ြက္ရန္ႏွင့္ ျမစ္မ်ားတြင္ အေကာင္အထည္ ေဖာ္မည့္ ဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ားေၾကာင့္ သဘာဝပတ္ဝန္းက်င္ႏွင့္ လူမႈပတ္ဝန္းက်င္သက္ေရာက္ႏိုင္မႈမ်ားအေပၚ ေလ့လာ ဆန္းစစ္ေဆာင္႐ြက္ရန္တို႔ကိုလည္း ၎အဖြဲ႕ကို တာဝန္ေပးထားေၾကာင္း သိရသည္။