အထွေထွေရွေးကောက်ပွဲအတွက် အရေးကြီးတဲ့ ပြည်တွင်းငြိမ်းချမ်းရေး အကောင်အထည်ဖော်နိုင်မလား

 695

ထွန်း အမ်တီ (NP News)- မေ ၁၃
အကျပ်အတည်းများစွာနဲ့ မြန်မာ့နိုင်ငံရေးဟာ ပြည်တွင်းစစ်မျက်နှာ၊ သံတမန်ရေးရာနဲ့ ပြည်တွင်းတရားဥပဒေစိုးမိုးရေး မျက်နှာစာများမှာ တည်ငြိမ်မှုရရှိဖို့ ရုန်းကန်နေရဆဲဖြစ်ပါတယ်။ နိုင်ငံသူနိုင်ငံသားတွေအနေနဲ့လည်း လက်ရှိရင်ဆိုင်နေရတဲ့ အကျပ်အတည်းများ၊ အကြောင်းမဲ့ အကြမ်းဖက်သတ်ဖြတ်ခံရမှုများစတဲ့ များပြားလှတဲ့ ပြဿနာမျိုးစုံမှ အမြန်ဆုံးရုန်းထွက်ကာ တည်ငြိမ်အေးချမ်းမှုကို လိုလားနေကြပါပြီ။

ယမန်နေ့(မေလ ၁၂ ရက်)ကကျင်းပခဲ့တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့အစည်းအဝေးအမှတ် (၄/၂ဝ၂၂) မှာလည်း ရှေ့လုပ်ငန်းစဉ်ငါးရပ် ပြီးမြောက်အောင်မြင်ဖို့အတွက် ပြည်တွင်းငြိမ်းချမ်းရေးဟာ အရေး ကြီးကြောင်း ကာကွယ်ရေးဦးစီးချုပ်က ထည့်သွင်းပြောကြားခဲ့ပြီး “မြန်မာ့အရေးကို မြန်မာနိုင်ငံသားတွေသာ လုပ်ဆောင်နိုင်မှာ” ဖြစ်ကြောင်း၊ မည်သည့်နိုင်ငံခြားတိုင်းပြည် တစ်စုံတစ်ရာကမှ ဆောင်ရွက်နိုင်မှာမဟုတ်ကြောင်း၊ မြန်မာနိုင်ငံရဲ့တည်ငြိမ်အေးချမ်းရေးဟာလည်း ပြည်ပမှ ဝင်ရောက်စွက်ဖက်မှုတွေရှိနေသရွေ့ ခက်ခဲကြန့်ကြာနေမှာ ဖြစ် ကြောင်းတို့ကို အလေးအနက်ပြောကြားသွားခဲ့တာ တွေ့မြင်ရပါတယ်။

နစကရဲ့ ရှေ့လုပ်ငန်းစဉ်ငါးရပ်မှာလည်း NCA သဘောတူညီချက်တွေနဲ့အညီ တစ်နိုင်ငံလုံးအတိုင်းအတာအရ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးရရှိဖို့ဆိုတာကိုလည်း နံပါတ် ၄ အချက်မှာ ထည့်သွင်းထားတာကို သတိ ပြုကြသင့်ပါတယ်။

ဒါကြောင့် ပြည်တွင်းငြိမ်းချမ်းရေး အတိုင်းအတာတစ်ခုအထိ လောက် လောက်လားလားရရှိဖို့မှာ လက်ရှိမြန်မာ့နိုင်ငံရေးနဲ့ ၂ဝ၂၃ ခုနှစ် အထွေ ထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် အချက်အခြာကျနေပြီဖြစ် ကြောင်း သုံးသပ်နိုင်ကြပါလိမ့်မယ်။

ရွေးကောက်တင်မြောက်ထားခြင်းမဟုတ်တဲ့ အစိုးရပင်ဖြစ်လင့်ကစား တည်ဆဲအစိုးရရဲ့ တရားဝင်ဖော်ပြချက်များ၊ ထုတ်ပြန်ချက်များနဲ့ တရားဝင်ရည်ညွှန်းပြောကြားချက်များကို အလေးအနက် ထည့်သွင်းစဉ်းစားကြရမှာက ပါဝင်ပတ်သက်ကြသူများ၊ နိုင်ငံရေးသမားများ၊ အဖွဲ့အစည်းခေါင်းဆောင်များရဲ့ တာဝန်ဖြစ်ပြီး ယင်းအချက်များကို နိုင်ငံသူ၊ နိုင်ငံသားများဟာလည်း ဉာဏ်ပညာနဲ့ ယှဉ်တွဲကာ ဂရုပြုလေ့လာကြသင့်ကြောင်း တိုက်တွန်းပြောကြားလိုပါတယ်။

“တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများရဲ့ ခေါင်း ဆောင်များရဲ့ဆုံးဖြတ်မှုအရေးကြီးပါတယ်။ အဲဒီလိုပဲ မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံရေးအရ ဖြစ်ဖြစ်၊ တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ အစိုးရတစ် ရပ်ရဲ့ နိုင်ငံရေးမျှော်မှန်းချက်ကလည်း အလွန်အရေးကြီးပါတယ်။ ဒီကာလမှာ SAC ဥက္ကဋ္ဌဘက်က ဒါမျိုးနဲ့ ဖိတ်ခေါ်ပေးပါ။ လွတ်လပ်ရေးအရသာကို တိုင်းရင်းသားအားလုံး ဖက်ဒရယ်အရသာ၊ လွတ်လပ်ရေးအရသာကို ခံစားနိုင်အောင် ဖိတ်ခေါ်တယ်။ သူကိုယ်တိုင်ဆွေးနွေးမယ်ဆိုတဲ့သဘောမျိုးဖြစ်တဲ့အခါကြတော့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများရဲ့ ခေါင်းဆောင်များသည် တစ်ဖက်ကလည်း တစ်နည်းနည်းနဲ့ ကောင်းမွန်တဲ့ ချဉ်းကပ်မှုနဲ့တုံ့ပြန်ကြလိမ့်မယ်လို့ ကျွန်တော်တို့က သုံးသပ်ပါတယ်”ဟု ရခိုင်တိုင်းရင်းသားခေါင်း ဆောင် ဒေါက်တာအေးမောင်ကလည်း ပြောကြားထားပါတယ်။

“ဘယ်အရောင်ပဲထောက်ခံသည်ဖြစ်စေ ကာလတစ်ခုကို ဖြတ်သန်းပြီး အတွေ့အကြုံ ရင့်ကျက်လာကြတဲ့အခါ သဘောထားကွဲလွဲခြင်း၊ ယုံကြည်ချက် ကွဲလွဲခြင်းကြောင့် ပဋိပက္ခ မဖြစ်သင့်တာ တဖြည်းဖြည်းလက်ခံလာ ကြပါလိမ့်မယ်။ ခက်ခဲပေမယ့် စိတ်ရှည်လက်ရှည် လုပ်ကြရပါလိမ့်မယ်။ နိုင်ငံရေးပါတီ၊ နိုင်ငံရေးခေါင်းဆောင်ဆို တာတွေ လောက် လောက်လားလား ပေါ်လာဖို့ အရေးကြီးပါတယ်” ဟု နိုင်ငံရေးသုံးသပ်သူ၊ အသိပညာဖြန့်ဝေသူ ဦးပိုက်တင်ကလည်း ရေးသားထားတာတွေ့ရှိရပါတယ်။

လက်ရှိမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုကို တက်ရောက်မယ့်အဖွဲ့ ၁ဝ ဖွဲ့ အထိရှိနေပြီး ထိုအထဲမှာ NCA လက် မှတ်ရေးထိုးထားတဲ့အဖွဲ့ ၇ ဖွဲ့ပါဝင်ကာ လက်မှတ်မထိုးထားတဲ့အဖွဲ့ ၃ ဖွဲ့ပါဝင်တယ်လို့ သတင်းဌာနတွေရဲ့ဖော်ပြချက်အရ သိရပါတယ်။

တက်ရောက်ဆွေးနွေးကြမယ့် အဖွဲ့တွေကတော့ DKBA (ဗုဒ္ဓဘာသာ ကရင်အဖွဲ့)၊ KNU/ KNLA – PC ၊ PNLO (ပအို့) ၊ NMSP (မွန်)၊ ALP (ရခိုင်)၊ RCSS/SSA (ရှမ်း)၊ UWSA (ဝ အဖွဲ့)၊ NDAA (မိုင်းလားအဖွဲ့)၊ SSPP/SS (ရှမ်း) နှင့် လားဟူ LDU တို့ဖြစ်ကြပါတယ်။

တက်ရောက်ဆွေးနွေးမယ့် အဖွဲ့တွေရဲ့ တိုင်းပြည်နဲ့ ငြိမ်းချမ်းရေးအပေါ် ထားရှိတဲ့ စေတနာကို ကြိုဆိုကြရမှာဖြစ်ပြီး မည်သည့်အကြောင်းအရာများကို ဆွေးနွေးကာ မည်သည့်ရလဒ်များ ထွက်ပေါ်လာမည်ကိုလည်း စောင့်ကြည့်ကြရပါအုံးမှာပါ။

တဖက်မှာတော့ KIA (ကချင်)၊ KNU - ဗဟို (ကရင်ခရစ်ယာန်)၊ CNF (ချင်း)၊ ABSDF (ကျောင်းသားတပ်မတော်)၊ KNPP (ကရင်နီ) အဖွဲ့များကတော့ မတက်ရောက်နိုင်ကြောင်း ကြေငြာချက် အသီးသီး ထုတ်ပြန်ကာ ယေဘုယျအားဖြင့် ဆန်းစစ်ရလျှင် အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲအခင်းအကျင်း မဖြစ်နိုင်တာကြောင့် ငြင်းဆိုကြ တယ်လို့ သိရပါတယ်။ ‘အားလုံးပါဝင်သော’ဟု ဆိုရာဝယ် NUG/ PDF ကို ရည်ညွှန်းကြသည်ဟု သုံးသပ်နိုင်ကြပါတယ်။

ငြင်းဆိုသောအဖွဲ့များရဲ့ NUG/ PDF နဲ့ပတ်သက်ဆက်ယှက်မှုမှာလည်း ထဲထဲဝင်ဝင် ပါဝင်ပတ်သက် ကူညီပေးခြင်း၊ ပူးပေါင်းတပ်ဖွဲ့များဖြင့် တိုက်ကွက်ဖော်ဆောင်ခြင်းများအထိ တွေ့မြင်ကြရမှာဖြစ်ပြီး KNU၊ KNPP နဲ့ CNF တို့ဟာ ပူးတွဲကြေငြာချက် ထပ်မံထုတ်ပြန်ခဲ့ကြပြန်ပါတယ်။

ယင်းပူးတွဲထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး အလွတ်တန်း နိုင်ငံရေးလေ့လာသုံးသပ်သူ တစ်ဦးဖြစ်သူ သုံးသပ်ရေးသားထားခြင်းကို ပြန်လည်မျှဝေပေးလိုပါတယ်။ “လတ်တလော ဒီ EAO သုံးဖွဲ့ဟာ NUCC မှာလည်း ထင်ထင်ပေါ်ပေါ်ပါဝင်နေပြီး NUG/ PDF ကိုလည်း လက်ခံဖွဲ့စည်းပေးနေကာ အားလုံးပါဝင်ဆွေးနွေးရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ NUG/ PDF ကို ဆွဲသွင်းနေတာကိုလည်း တွေ့မြင်ရပါတယ်။ ဒီသုံးဖွဲ့စလုံးဟာ ယဉ်ကျေးမှု၊ ဘာသာတူတဲ့ အနောက်ယိမ်းအုပ်စုတွေလည်း ဖြစ်ကြပါတယ်” ဟု သုံးသပ်ရေးသားထားပါတယ်။

နစကဘက်ကတော့ NUG/ PDF ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် တရားဝင်ကြေငြာထားပြီး တိုင်းရင်းသားများအရေး၊ တိုင်းရင်းသားနယ်မြေများ အခွင့်အရေးအတွက် ပါဝင်သင့် ပါဝင်ထိုက်သူများဆိုရာဝယ် တိုင်းရင်းသားများမှလွဲ၍ မည်သူများဖြစ်သင့်သေးကြောင်း ထုတ်ဖော်ပြောဆိုထားပြီး ယခုအချိန်ဟာ တည်ဆဲနစကဥက္ကဋ္ဌနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟာ တစ်ဦးတည်းဖြစ်နေချိန် ဖြစ်တာကြောင့် ယခုအခွင့်အရေးကို တိုင်းရင်းသားခေါင်းဆောင်များအနေနဲ့ ငြိမ်းချမ်းရေးအတွက် အမိအရ ဆုတ်ကိုင်ထားသင့်ကြောင်းကိုလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းမှ ပြောကြားခဲ့ပါသေးတယ်။

မေလ ၉ ရက်နေ့ နောက်ဆုံးစာရင်းပေးရမယ့် ငြိမ်းချမ်းရေးဆွေးနွေးမှုနဲ့ ပတ်သက်ပြီး ပြည်သူများအကြား၊ သတင်းမီဒီယာများအကြား စိတ် ဝင်စားမှု မြင့်တက်လျက်ရှိကာ ငြိမ်းချမ်းရေး ရလဒ်များကိုလည်း စောင့်စားလျှက်ရှိနေကြပါတယ်။

https://npnewsmm.com/news/627e1d205e82f23edb053b56

zawgyi version
အေထြေထြေ႐ြးေကာက္ပြဲအတြက္ အေရးႀကီးတဲ့ ျပည္တြင္းၿငိမ္းခ်မ္းေရး အေကာင္အထည္ေဖာ္ႏိုင္မလား
ထြန္း အမ္တီ (NP News)- ေမ ၁၃

အက်ပ္အတည္းမ်ားစြာနဲ႔ ျမန္မာ့ႏိုင္ငံေရးဟာ ျပည္တြင္းစစ္မ်က္ႏွာ၊ သံတမန္ေရးရာနဲ႔ ျပည္တြင္းတရားဥပေဒစိုးမိုးေရး မ်က္ႏွာစာမ်ားမွာ တည္ၿငိမ္မႈရရွိဖို႔ ႐ုန္းကန္ေနရဆဲျဖစ္ပါတယ္။ ႏိုင္ငံသူႏိုင္ငံသားေတြအေနနဲ႔လည္း လက္ရွိရင္ဆိုင္ေနရတဲ့ အက်ပ္အတည္းမ်ား၊ အေၾကာင္းမဲ့ အၾကမ္းဖက္သတ္ျဖတ္ခံရမႈမ်ားစတဲ့ မ်ားျပားလွတဲ့ ျပႆနာမ်ိဳးစုံမွ အျမန္ဆုံး႐ုန္းထြက္ကာ တည္ၿငိမ္ေအးခ်မ္းမႈကို လိုလားေနၾကပါၿပီ။

ယမန္ေန႔(ေမလ ၁၂ ရက္)ကက်င္းပခဲ့တဲ့ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီရဲ႕အစည္းအေဝးအမွတ္ (၄/၂ဝ၂၂) မွာလည္း ေရွ႕လုပ္ငန္းစဥ္ငါးရပ္ ၿပီးေျမာက္ေအာင္ျမင္ဖို႔အတြက္ ျပည္တြင္းၿငိမ္းခ်မ္းေရးဟာ အေရး ႀကီးေၾကာင္း ကာကြယ္ေရးဦးစီးခ်ဳပ္က ထည့္သြင္းေျပာၾကားခဲ့ၿပီး “ျမန္မာ့အေရးကို ျမန္မာႏိုင္ငံသားေတြသာ လုပ္ေဆာင္ႏိုင္မွာ” ျဖစ္ေၾကာင္း၊ မည္သည့္ႏိုင္ငံျခားတိုင္းျပည္ တစ္စုံတစ္ရာကမွ ေဆာင္႐ြက္ႏိုင္မွာမဟုတ္ေၾကာင္း၊ ျမန္မာႏိုင္ငံရဲ႕တည္ၿငိမ္ေအးခ်မ္းေရးဟာလည္း ျပည္ပမွ ဝင္ေရာက္စြက္ဖက္မႈေတြရွိေနသေ႐ြ႕ ခက္ခဲၾကန႔္ၾကာေနမွာ ျဖစ္ ေၾကာင္းတို႔ကို အေလးအနက္ေျပာၾကားသြားခဲ့တာ ေတြ႕ျမင္ရပါတယ္။

နစကရဲ႕ ေရွ႕လုပ္ငန္းစဥ္ငါးရပ္မွာလည္း NCA သေဘာတူညီခ်က္ေတြနဲ႔အညီ တစ္ႏိုင္ငံလုံးအတိုင္းအတာအရ ေရရွည္တည္တံ့တဲ့ ၿငိမ္းခ်မ္းေရးရရွိဖို႔ဆိုတာကိုလည္း နံပါတ္ ၄ အခ်က္မွာ ထည့္သြင္းထားတာကို သတိ ျပဳၾကသင့္ပါတယ္။

ဒါေၾကာင့္ ျပည္တြင္းၿငိမ္းခ်မ္းေရး အတိုင္းအတာတစ္ခုအထိ ေလာက္ ေလာက္လားလားရရွိဖို႔မွာ လက္ရွိျမန္မာ့ႏိုင္ငံေရးနဲ႔ ၂ဝ၂၃ ခုႏွစ္ အေထြ ေထြေ႐ြးေကာက္ပြဲ က်င္းပႏိုင္ေရးအတြက္ အခ်က္အျခာက်ေနၿပီျဖစ္ ေၾကာင္း သုံးသပ္ႏိုင္ၾကပါလိမ့္မယ္။

ေ႐ြးေကာက္တင္ေျမာက္ထားျခင္းမဟုတ္တဲ့ အစိုးရပင္ျဖစ္လင့္ကစား တည္ဆဲအစိုးရရဲ႕ တရားဝင္ေဖာ္ျပခ်က္မ်ား၊ ထုတ္ျပန္ခ်က္မ်ားနဲ႔ တရားဝင္ရည္ၫႊန္းေျပာၾကားခ်က္မ်ားကို အေလးအနက္ ထည့္သြင္းစဥ္းစားၾကရမွာက ပါဝင္ပတ္သက္ၾကသူမ်ား၊ ႏိုင္ငံေရးသမားမ်ား၊ အဖြဲ႕အစည္းေခါင္းေဆာင္မ်ားရဲ႕ တာဝန္ျဖစ္ၿပီး ယင္းအခ်က္မ်ားကို ႏိုင္ငံသူ၊ ႏိုင္ငံသားမ်ားဟာလည္း ဉာဏ္ပညာနဲ႔ ယွဥ္တြဲကာ ဂ႐ုျပဳေလ့လာၾကသင့္ေၾကာင္း တိုက္တြန္းေျပာၾကားလိုပါတယ္။

“တိုင္းရင္းသားလက္နက္ကိုင္ေတာ္လွန္ေရးအဖြဲ႕အစည္းမ်ားရဲ႕ ေခါင္း ေဆာင္မ်ားရဲ႕ဆုံးျဖတ္မႈအေရးႀကီးပါတယ္။ အဲဒီလိုပဲ ျမန္မာႏိုင္ငံရဲ႕ လက္ရွိႏိုင္ငံေရးအရ ျဖစ္ျဖစ္၊ တိုင္းျပည္ကို အုပ္ခ်ဳပ္ေနတဲ့ အစိုးရတစ္ ရပ္ရဲ႕ ႏိုင္ငံေရးေမွ်ာ္မွန္းခ်က္ကလည္း အလြန္အေရးႀကီးပါတယ္။ ဒီကာလမွာ SAC ဥကၠ႒ဘက္က ဒါမ်ိဳးနဲ႔ ဖိတ္ေခၚေပးပါ။ လြတ္လပ္ေရးအရသာကို တိုင္းရင္းသားအားလုံး ဖက္ဒရယ္အရသာ၊ လြတ္လပ္ေရးအရသာကို ခံစားႏိုင္ေအာင္ ဖိတ္ေခၚတယ္။ သူကိုယ္တိုင္ေဆြးေႏြးမယ္ဆိုတဲ့သေဘာမ်ိဳးျဖစ္တဲ့အခါၾကေတာ့ တိုင္းရင္းသားလက္နက္ကိုင္ ေတာ္လွန္ေရးအဖြဲ႕အစည္းမ်ားရဲ႕ ေခါင္းေဆာင္မ်ားသည္ တစ္ဖက္ကလည္း တစ္နည္းနည္းနဲ႔ ေကာင္းမြန္တဲ့ ခ်ဥ္းကပ္မႈနဲ႔တုံ႔ျပန္ၾကလိမ့္မယ္လို႔ ကြၽန္ေတာ္တို႔က သုံးသပ္ပါတယ္”ဟု ရခိုင္တိုင္းရင္းသားေခါင္း ေဆာင္ ေဒါက္တာေအးေမာင္ကလည္း ေျပာၾကားထားပါတယ္။

“ဘယ္အေရာင္ပဲေထာက္ခံသည္ျဖစ္ေစ ကာလတစ္ခုကို ျဖတ္သန္းၿပီး အေတြ႕အႀကဳံ ရင့္က်က္လာၾကတဲ့အခါ သေဘာထားကြဲလြဲျခင္း၊ ယုံၾကည္ခ်က္ ကြဲလြဲျခင္းေၾကာင့္ ပဋိပကၡ မျဖစ္သင့္တာ တျဖည္းျဖည္းလက္ခံလာ ၾကပါလိမ့္မယ္။ ခက္ခဲေပမယ့္ စိတ္ရွည္လက္ရွည္ လုပ္ၾကရပါလိမ့္မယ္။ ႏိုင္ငံေရးပါတီ၊ ႏိုင္ငံေရးေခါင္းေဆာင္ဆို တာေတြ ေလာက္ ေလာက္လားလား ေပၚလာဖို႔ အေရးႀကီးပါတယ္” ဟု ႏိုင္ငံေရးသုံးသပ္သူ၊ အသိပညာျဖန႔္ေဝသူ ဦးပိုက္တင္ကလည္း ေရးသားထားတာေတြ႕ရွိရပါတယ္။

လက္ရွိမွာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ရဲ႕ ၿငိမ္းခ်မ္းေရး ဖိတ္ေခၚမႈကို တက္ေရာက္မယ့္အဖြဲ႕ ၁ဝ ဖြဲ႕ အထိရွိေနၿပီး ထိုအထဲမွာ NCA လက္ မွတ္ေရးထိုးထားတဲ့အဖြဲ႕ ၇ ဖြဲ႕ပါဝင္ကာ လက္မွတ္မထိုးထားတဲ့အဖြဲ႕ ၃ ဖြဲ႕ပါဝင္တယ္လို႔ သတင္းဌာနေတြရဲ႕ေဖာ္ျပခ်က္အရ သိရပါတယ္။

တက္ေရာက္ေဆြးေႏြးၾကမယ့္ အဖြဲ႕ေတြကေတာ့ DKBA (ဗုဒၶဘာသာ ကရင္အဖြဲ႕)၊ KNU/ KNLA – PC ၊ PNLO (ပအို႔) ၊ NMSP (မြန္)၊ ALP (ရခိုင္)၊ RCSS/SSA (ရွမ္း)၊ UWSA (ဝ အဖြဲ႕)၊ NDAA (မိုင္းလားအဖြဲ႕)၊ SSPP/SS (ရွမ္း) ႏွင့္ လားဟူ LDU တို႔ျဖစ္ၾကပါတယ္။

တက္ေရာက္ေဆြးေႏြးမယ့္ အဖြဲ႕ေတြရဲ႕ တိုင္းျပည္နဲ႔ ၿငိမ္းခ်မ္းေရးအေပၚ ထားရွိတဲ့ ေစတနာကို ႀကိဳဆိုၾကရမွာျဖစ္ၿပီး မည္သည့္အေၾကာင္းအရာမ်ားကို ေဆြးေႏြးကာ မည္သည့္ရလဒ္မ်ား ထြက္ေပၚလာမည္ကိုလည္း ေစာင့္ၾကည့္ၾကရပါအုံးမွာပါ။

တဖက္မွာေတာ့ KIA (ကခ်င္)၊ KNU - ဗဟို (ကရင္ခရစ္ယာန္)၊ CNF (ခ်င္း)၊ ABSDF (ေက်ာင္းသားတပ္မေတာ္)၊ KNPP (ကရင္နီ) အဖြဲ႕မ်ားကေတာ့ မတက္ေရာက္ႏိုင္ေၾကာင္း ေၾကျငာခ်က္ အသီးသီး ထုတ္ျပန္ကာ ေယဘုယ်အားျဖင့္ ဆန္းစစ္ရလွ်င္ အားလုံးပါဝင္တဲ့ ေဆြးေႏြးပြဲအခင္းအက်င္း မျဖစ္ႏိုင္တာေၾကာင့္ ျငင္းဆိုၾက တယ္လို႔ သိရပါတယ္။ ‘အားလုံးပါဝင္ေသာ’ဟု ဆိုရာဝယ္ NUG/ PDF ကို ရည္ၫႊန္းၾကသည္ဟု သုံးသပ္ႏိုင္ၾကပါတယ္။

ျငင္းဆိုေသာအဖြဲ႕မ်ားရဲ႕ NUG/ PDF နဲ႔ပတ္သက္ဆက္ယွက္မႈမွာလည္း ထဲထဲဝင္ဝင္ ပါဝင္ပတ္သက္ ကူညီေပးျခင္း၊ ပူးေပါင္းတပ္ဖြဲ႕မ်ားျဖင့္ တိုက္ကြက္ေဖာ္ေဆာင္ျခင္းမ်ားအထိ ေတြ႕ျမင္ၾကရမွာျဖစ္ၿပီး KNU၊ KNPP နဲ႔ CNF တို႔ဟာ ပူးတြဲေၾကျငာခ်က္ ထပ္မံထုတ္ျပန္ခဲ့ၾကျပန္ပါတယ္။

ယင္းပူးတြဲထုတ္ျပန္ခ်က္နဲ႔ ပတ္သက္ၿပီး အလြတ္တန္း ႏိုင္ငံေရးေလ့လာသုံးသပ္သူ တစ္ဦးျဖစ္သူ သုံးသပ္ေရးသားထားျခင္းကို ျပန္လည္မွ်ေဝေပးလိုပါတယ္။ “လတ္တေလာ ဒီ EAO သုံးဖြဲ႕ဟာ NUCC မွာလည္း ထင္ထင္ေပၚေပၚပါဝင္ေနၿပီး NUG/ PDF ကိုလည္း လက္ခံဖြဲ႕စည္းေပးေနကာ အားလုံးပါဝင္ေဆြးေႏြးေရးဆိုတဲ့ ေခါင္းစဥ္ေအာက္မွာ NUG/ PDF ကို ဆြဲသြင္းေနတာကိုလည္း ေတြ႕ျမင္ရပါတယ္။ ဒီသုံးဖြဲ႕စလုံးဟာ ယဥ္ေက်းမႈ၊ ဘာသာတူတဲ့ အေနာက္ယိမ္းအုပ္စုေတြလည္း ျဖစ္ၾကပါတယ္” ဟု သုံးသပ္ေရးသားထားပါတယ္။

နစကဘက္ကေတာ့ NUG/ PDF ကို အၾကမ္းဖက္အဖြဲ႕အစည္းအျဖစ္ တရားဝင္ေၾကျငာထားၿပီး တိုင္းရင္းသားမ်ားအေရး၊ တိုင္းရင္းသားနယ္ေျမမ်ား အခြင့္အေရးအတြက္ ပါဝင္သင့္ ပါဝင္ထိုက္သူမ်ားဆိုရာဝယ္ တိုင္းရင္းသားမ်ားမွလြဲ၍ မည္သူမ်ားျဖစ္သင့္ေသးေၾကာင္း ထုတ္ေဖာ္ေျပာဆိုထားၿပီး ယခုအခ်ိန္ဟာ တည္ဆဲနစကဥကၠ႒နဲ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ဟာ တစ္ဦးတည္းျဖစ္ေနခ်ိန္ ျဖစ္တာေၾကာင့္ ယခုအခြင့္အေရးကို တိုင္းရင္းသားေခါင္းေဆာင္မ်ားအေနနဲ႔ ၿငိမ္းခ်မ္းေရးအတြက္ အမိအရ ဆုတ္ကိုင္ထားသင့္ေၾကာင္းကိုလည္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းမွ ေျပာၾကားခဲ့ပါေသးတယ္။

ေမလ ၉ ရက္ေန႔ ေနာက္ဆုံးစာရင္းေပးရမယ့္ ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈနဲ႔ ပတ္သက္ၿပီး ျပည္သူမ်ားအၾကား၊ သတင္းမီဒီယာမ်ားအၾကား စိတ္ ဝင္စားမႈ ျမင့္တက္လ်က္ရွိကာ ၿငိမ္းခ်မ္းေရး ရလဒ္မ်ားကိုလည္း ေစာင့္စားလွ်က္ရွိေနၾကပါတယ္။

https://npnewsmm.com/news/627e1d205e82f23edb053b56

Related news

© 2021. All rights reserved.