အမေရိကန်ဦးဆောင်တဲ့စစ်ရေးလေ့ကျင့်မှုတွေက အာရှမှာ ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နေတယ်လို့ ရုရှားဝေဖန်

 149

Pika (NP News) - ဇူလိုင် ၁၄
ကိုရီးယားကျွန်းဆွယ်တစ်ဝိုက်မှာ အမေရိကန်နဲ့၎င်းရဲ့မိတ်ဖက်နိုင်ငံတွေရဲ့စစ်ရေးလေ့ကျင့်မှုတွေဟာ ဒေသတွင်း တစ်ခုလုံးရဲ့တည်ငြိမ်မှုကို ခြိမ်းခြောက်နေတယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာရော့ဗ်က ထုတ်ပြန် ပြောကြားခဲ့ပါတယ်။ ဆာဂေးလာရော့ဗ်ဟာ မြောက်ကိုရီးယားနိုင်ငံကို သွားရောက်လည်ပတ်စဉ်အချိန်အတွင်း ယခုလိုထုတ်ဖော်ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။
အမေရိကန်၊ တောင်ကိုရီးယား နဲ့ ဂျပန်တို့ဟာ ပူးတွဲစစ်ရေးလေ့ကျင့်မှုအရေအတွက်ကို တိုးမြှင့်လုပ်ဆောင်နေပြီး အချို့စစ်ရေးလေ့ကျင့်မှုတွေမှာ နျူကလီးယားအစိတ်အပိုင်းတွေ ပါဝင်တယ်လို့ ဆာဂေးလာရော့ဗ်က ပြောကြားခဲ့ပါတယ်။ ဆာဂေးလာရော့ဗ်က “ဒီလိုမျိုးစစ်ရေးလေ့ကျင့်မှုတွေဟာ ကိုရီးယားကျွန်းဆွယ်သာမက အရှေ့မြောက်အာရှတစ်လျှောက်မှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို အထောက်အကူဖြစ်စေမှာ မဟုတ်ပါဘူး။ မြောက်ကိုရီးယားနဲ့ဆက်ဆံရေးတွေ ပုံမှန်ပြန်ဖြစ်လိုတဲ့ တောင်ကိုရီးယားရဲ့ရည်ရွယ်ချက်တွေနဲ့ပတ်သက်ပြီး သံသယဖြစ်မိပါတယ်” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် သီးသန့်မိတ်ဖက်တွေဖွဲ့ပြီး ဒေသတွင်းမှာ နေတိုးအဖွဲ့ရဲ့အခြေခံအဆောက်အဦးတွေကို ချဲ့ထွင်ဖို့ အင်ဒို-ပစိဖိတ်ဒေသအပြင်ဘက်က နိုင်ငံတွေရဲ့ အန္တရာယ်ရှိတဲ့ကြိုးပမ်းမှုတွေကို ဆာဂေးလာရော့ဗ်က ပြစ်တင်ရှုတ်ချခဲ့တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
အေမရိကန္ဦးေဆာင္တဲ့စစ္ေရးေလ့က်င့္မႈေတြက အာရွမွာ ၿငိမ္းခ်မ္းေရးကို ၿခိမ္းေျခာက္ေနတယ္လို႔ ႐ုရွားေဝဖန္
Pika (NP News) - ဇူလိုင္ ၁၄
ကိုရီးယားကြၽန္းဆြယ္တစ္ဝိုက္မွာ အေမရိကန္နဲ႔၎ရဲ႕မိတ္ဖက္ႏိုင္ငံေတြရဲ႕စစ္ေရးေလ့က်င့္မႈေတြဟာ ေဒသတြင္း တစ္ခုလုံးရဲ႕တည္ၿငိမ္မႈကို ၿခိမ္းေျခာက္ေနတယ္လို႔ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီး ဆာေဂးလာေရာ့ဗ္က ထုတ္ျပန္ ေျပာၾကားခဲ့ပါတယ္။ ဆာေဂးလာေရာ့ဗ္ဟာ ေျမာက္ကိုရီးယားႏိုင္ငံကို သြားေရာက္လည္ပတ္စဥ္အခ်ိန္အတြင္း ယခုလိုထုတ္ေဖာ္ေျပာဆိုခဲ့တာလည္းျဖစ္ပါတယ္။
အေမရိကန္၊ ေတာင္ကိုရီးယား နဲ႔ ဂ်ပန္တို႔ဟာ ပူးတြဲစစ္ေရးေလ့က်င့္မႈအေရအတြက္ကို တိုးျမႇင့္လုပ္ေဆာင္ေနၿပီး အခ်ိဳ႕စစ္ေရးေလ့က်င့္မႈေတြမွာ န်ဴကလီးယားအစိတ္အပိုင္းေတြ ပါဝင္တယ္လို႔ ဆာေဂးလာေရာ့ဗ္က ေျပာၾကားခဲ့ပါတယ္။ ဆာေဂးလာေရာ့ဗ္က “ဒီလိုမ်ိဳးစစ္ေရးေလ့က်င့္မႈေတြဟာ ကိုရီးယားကြၽန္းဆြယ္သာမက အေရွ႕ေျမာက္အာရွတစ္ေလွ်ာက္မွာ ၿငိမ္းခ်မ္းေရးနဲ႔ တည္ၿငိမ္ေရးကို အေထာက္အကူျဖစ္ေစမွာ မဟုတ္ပါဘူး။ ေျမာက္ကိုရီးယားနဲ႔ဆက္ဆံေရးေတြ ပုံမွန္ျပန္ျဖစ္လိုတဲ့ ေတာင္ကိုရီးယားရဲ႕ရည္႐ြယ္ခ်က္ေတြနဲ႔ပတ္သက္ၿပီး သံသယျဖစ္မိပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ သီးသန႔္မိတ္ဖက္ေတြဖြဲ႕ၿပီး ေဒသတြင္းမွာ ေနတိုးအဖြဲ႕ရဲ႕အေျခခံအေဆာက္အဦးေတြကို ခ်ဲ႕ထြင္ဖို႔ အင္ဒို-ပစိဖိတ္ေဒသအျပင္ဘက္က ႏိုင္ငံေတြရဲ႕ အႏၲရာယ္ရွိတဲ့ႀကိဳးပမ္းမႈေတြကို ဆာေဂးလာေရာ့ဗ္က ျပစ္တင္ရႈတ္ခ်ခဲ့တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.