အခြားနိုင်ငံတွေကို ကျူးကျော်ဖို့ ရုရှားသမ္မတပူတင်က အဆင်သင့်ဖြစ်နေပြီလို့ ပိုလန်သမ္မတ ဝေဖန်
                        
                            
                             
 522
 
                             
                            
                            
                         
                        
 
                        Pika (NP News) - စက်တင်ဘာ ၁၁
ယူကရိန်းပဋိပက္ခကို စတင်ဖို့ ဆုံးဖြတ်ခဲ့မှုနဲ့အတူ အခြားနိုင်ငံတွေကို ကျူးကျော်ဝင်ရောက်ဖို့အတွက် ရုရှားသမ္မတ ပူတင်က အဆင်သင့်ဖြစ်နေပြီလို့ ပိုလန်သမ္မတ ကာရိုးနော်ရော်ကီက သတိပေးပြောဆိုခဲ့ပါတယ်။ 
ကာရိုးနော်ရော်ကီက “ပူတင်ရဲ့ကောင်းမွန်တဲ့ရည်ရွယ်ချက်တွေကို ကျွန်တော်တို့ မယုံကြည်ပါဘူး” လို့ ပြောခဲ့ပါတယ်။
ကာရိုးနော်ရော်ကီဟာ ဖင်လန်သမ္မတ အလက်ဇန်းဒါးစတဘ်နဲ့အတူ ဟယ်လ်စင်ကီမြို့မှာ ပြုလုပ်တဲ့သတင်းစာ ရှင်းလင်းပွဲတစ်ခုအတွင်း ယခုလိုထုတ်ပြန်ပြောကြားခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ ပိုလန်နဲ့ ဖင်လန်နိုင်ငံ တို့ဟာ ရုရှားနဲ့နယ်နိမိတ်ချင်းထိစပ်နေတဲ့နိုင်ငံတွေဖြစ်ပြီး ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး ရုရှားကိုပြစ်တင်ရှုတ်ချခဲ့ကြတဲ့ နိုင်ငံတွေဖြစ်တယ်လို့လည်း သိရပါတယ်။
ပိုလန်သမ္မတကာရိုးနော်ရော်ကီက “ကျွန်တော်တို့ရဲ့ဒေသတွေအတွက် လိုအပ်တဲ့ရေရှည်ငြိမ်းချမ်းရေးနဲ့ အမြဲတမ်း ငြိမ်းချမ်းရေးရရှိဖို့အတွက် စောင့်ဆိုင်းနေချိန်မှာပဲ ပူတင်ဟာ အခြားနိုင်ငံတွေကို ကျူးကျော်ဖို့ အဆင်သင့်ဖြစ်နေ ပြီလို့ ယုံကြည်ပါတယ်။ ဒါကြောင့်မလို့ တပ်ဖွဲ့တွေကို ဖွံ့ဖြိုးတိုးတက်အောင်၊မိတ်ဖက်တွေနဲ့ဆက်ဆံရေးကို ပိုမိုကောင်းမွန်လာအောင် ကျွန်တော်တို့လုပ်ဆောင်နေတာပါ” လို့ ပြောဆိုခဲ့ပါတယ်။
                     
                        
                                                                    
 
                                
                                
                                        Zawgyi Version: 
အျခားႏိုင္ငံေတြကို က်ဴးေက်ာ္ဖို႔ ႐ုရွားသမၼတပူတင္က အဆင္သင့္ျဖစ္ေနၿပီလို႔ ပိုလန္သမၼတ ေဝဖန္
Pika (NP News) - စက္တင္ဘာ ၁၁
ယူကရိန္းပဋိပကၡကို စတင္ဖို႔ ဆုံးျဖတ္ခဲ့မႈနဲ႔အတူ အျခားႏိုင္ငံေတြကို က်ဴးေက်ာ္ဝင္ေရာက္ဖို႔အတြက္ ႐ုရွားသမၼတ ပူတင္က အဆင္သင့္ျဖစ္ေနၿပီလို႔ ပိုလန္သမၼတ ကာ႐ိုးေနာ္ေရာ္ကီက သတိေပးေျပာဆိုခဲ့ပါတယ္။ 
ကာ႐ိုးေနာ္ေရာ္ကီက “ပူတင္ရဲ႕ေကာင္းမြန္တဲ့ရည္႐ြယ္ခ်က္ေတြကို ကြၽန္ေတာ္တို႔ မယုံၾကည္ပါဘူး” လို႔ ေျပာခဲ့ပါတယ္။
ကာ႐ိုးေနာ္ေရာ္ကီဟာ ဖင္လန္သမၼတ အလက္ဇန္းဒါးစတဘ္နဲ႔အတူ ဟယ္လ္စင္ကီၿမိဳ႕မွာ ျပဳလုပ္တဲ့သတင္းစာ ရွင္းလင္းပြဲတစ္ခုအတြင္း ယခုလိုထုတ္ျပန္ေျပာၾကားခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ ပိုလန္နဲ႔ ဖင္လန္ႏိုင္ငံ တို႔ဟာ ႐ုရွားနဲ႔နယ္နိမိတ္ခ်င္းထိစပ္ေနတဲ့ႏိုင္ငံေတြျဖစ္ၿပီး ယူကရိန္းကို က်ဴးေက်ာ္တိုက္ခိုက္မႈေတြနဲ႔ ပတ္သက္ၿပီး ႐ုရွားကိုျပစ္တင္ရႈတ္ခ်ခဲ့ၾကတဲ့ ႏိုင္ငံေတြျဖစ္တယ္လို႔လည္း သိရပါတယ္။
ပိုလန္သမၼတကာ႐ိုးေနာ္ေရာ္ကီက “ကြၽန္ေတာ္တို႔ရဲ႕ေဒသေတြအတြက္ လိုအပ္တဲ့ေရရွည္ၿငိမ္းခ်မ္းေရးနဲ႔ အၿမဲတမ္း ၿငိမ္းခ်မ္းေရးရရွိဖို႔အတြက္ ေစာင့္ဆိုင္းေနခ်ိန္မွာပဲ ပူတင္ဟာ အျခားႏိုင္ငံေတြကို က်ဴးေက်ာ္ဖို႔ အဆင္သင့္ျဖစ္ေန ၿပီလို႔ ယုံၾကည္ပါတယ္။ ဒါေၾကာင့္မလို႔ တပ္ဖြဲ႕ေတြကို ဖြံ႕ၿဖိဳးတိုးတက္ေအာင္၊မိတ္ဖက္ေတြနဲ႔ဆက္ဆံေရးကို ပိုမိုေကာင္းမြန္လာေအာင္ ကြၽန္ေတာ္တို႔လုပ္ေဆာင္ေနတာပါ” လို႔ ေျပာဆိုခဲ့ပါတယ္။