ဗြိတိန်နိုင်ငံရဲ့အသက်အကြီးဆုံးနဲ့ ဒုတိယကမ္ဘာစစ်ပြန် အမျိုးသား ကွယ်လွန်

 219

Pika (NP News) - ဇူလိုင် ၁၄
ဗြိတိန်နိုင်ငံရဲ့အသက်အကြီးဆုံးနဲ့ ဒုတိယကမ္ဘာစစ် စစ်ပြန်တစ်ဦးဖြစ်တဲ့ ဒေါ်နယ်ရို့စ်ဟာ အသက်(၁၁ဝ)နှစ် အရွယ်နဲ့ကွယ်လွန်သွားခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။
ဒေါ်နယ်ရို့စ်ဟာ (၁၉၄၄)ခုနှစ် ဇွန်လ(၆)ရက်မှာ လုပ်ဆောင်ခဲ့တဲ့ D-Day ဆင်းသက်မှုမှာ ပါဝင်ခဲ့သူဖြစ်တယ်လို့ လည်း သိရပါတယ်။ ဒေါ်နယ်ရို့စ်ဟာ ဂျာမနီနိုင်ငံမြောက်ပိုင်းမှာရှိတဲ့ Bergen-Belsen စခန်းကို လွတ်မြောက် စေခဲ့တဲ့တပ်ခွဲရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ခဲ့သူ ဖြစ်တယ်လို့လည်း သိရပါတယ်။
ဒေါ်နယ်ရို့စ်ရဲ့သေဆုံးမှုကို အင်္ဂလန်နိုင်ငံမြောက်ပိုင်းမှာရှိတဲ့ Erewash Borough ကောင်စီရဲ့အကြီးအကဲ James Dawson က ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပြီး ၎င်းကိုစစ်သူရဲကောင်းတစ်ဦးအဖြစ် ခေါ်ဆိုခဲ့တယ်လို့လည်း သိရပါတယ်။
ဒါ့ပြင် ဒေါ်နယ်ရို့စ်ဟာ လန်ဒန်မြို့အနောက်တောင်ပိုင်း Westcott ရွာဇာတိကဖြစ်ပြီး အသက်(၂၃)နှစ်အရွယ်မှာ စစ်တပ်ကို စတင်ဝင်ရောက်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ ပြီးတော့ ဒေါ်နယ်ရို့စ်ဟာ မြောက်အာဖရိက၊ အီတလီ နဲ့ ပြင်သစ်နိုင်ငံတို့မှာ တာဝန်ထမ်းဆောင်ခဲ့တယ်လို့ Royal British Legion ရဲ့အဆိုအရ သိရပါတယ်။ ဒေါ်နယ်ရို့စ်ဟာ တာဝန်ထမ်းဆောင်စဉ်အချိန်အတွင်း ဆုတံဆိပ်ပေါင်းများစွာရရှိခဲ့ပြီး ပြင်သစ်နိုင်ငံရဲ့ အမြင့်ဆုံး ဂုဏ်ထူးဆောင်ဘွဲ့ဖြစ်တဲ့ Legion d’Honneur ဘွဲ့ ချီးမြှင့်ခံခဲ့ရသူတစ်ဦးဖြစ်တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
ၿဗိတိန္ႏိုင္ငံရဲ႕အသက္အႀကီးဆုံးနဲ႔ ဒုတိယကမာၻစစ္ျပန္ အမ်ိဳးသား ကြယ္လြန္
Pika (NP News) - ဇူလိုင္ ၁၄
ၿဗိတိန္ႏိုင္ငံရဲ႕အသက္အႀကီးဆုံးနဲ႔ ဒုတိယကမာၻစစ္ စစ္ျပန္တစ္ဦးျဖစ္တဲ့ ေဒၚနယ္႐ို႕စ္ဟာ အသက္(၁၁ဝ)ႏွစ္ အ႐ြယ္နဲ႔ကြယ္လြန္သြားခဲ့ၿပီျဖစ္တယ္လို႔ သိရပါတယ္။
ေဒၚနယ္႐ို႕စ္ဟာ (၁၉၄၄)ခုႏွစ္ ဇြန္လ(၆)ရက္မွာ လုပ္ေဆာင္ခဲ့တဲ့ D-Day ဆင္းသက္မႈမွာ ပါဝင္ခဲ့သူျဖစ္တယ္လို႔ လည္း သိရပါတယ္။ ေဒၚနယ္႐ို႕စ္ဟာ ဂ်ာမနီႏိုင္ငံေျမာက္ပိုင္းမွာရွိတဲ့ Bergen-Belsen စခန္းကို လြတ္ေျမာက္ ေစခဲ့တဲ့တပ္ခြဲရဲ႕တစ္စိတ္တစ္ပိုင္းျဖစ္ခဲ့သူ ျဖစ္တယ္လို႔လည္း သိရပါတယ္။
ေဒၚနယ္႐ို႕စ္ရဲ႕ေသဆုံးမႈကို အဂၤလန္ႏိုင္ငံေျမာက္ပိုင္းမွာရွိတဲ့ Erewash Borough ေကာင္စီရဲ႕အႀကီးအကဲ James Dawson က ထုတ္ျပန္ေၾကညာခဲ့တာျဖစ္ၿပီး ၎ကိုစစ္သူရဲေကာင္းတစ္ဦးအျဖစ္ ေခၚဆိုခဲ့တယ္လို႔လည္း သိရပါတယ္။
ဒါ့ျပင္ ေဒၚနယ္႐ို႕စ္ဟာ လန္ဒန္ၿမိဳ႕အေနာက္ေတာင္ပိုင္း Westcott ႐ြာဇာတိကျဖစ္ၿပီး အသက္(၂၃)ႏွစ္အ႐ြယ္မွာ စစ္တပ္ကို စတင္ဝင္ေရာက္ခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ ၿပီးေတာ့ ေဒၚနယ္႐ို႕စ္ဟာ ေျမာက္အာဖရိက၊ အီတလီ နဲ႔ ျပင္သစ္ႏိုင္ငံတို႔မွာ တာဝန္ထမ္းေဆာင္ခဲ့တယ္လို႔ Royal British Legion ရဲ႕အဆိုအရ သိရပါတယ္။ ေဒၚနယ္႐ို႕စ္ဟာ တာဝန္ထမ္းေဆာင္စဥ္အခ်ိန္အတြင္း ဆုတံဆိပ္ေပါင္းမ်ားစြာရရွိခဲ့ၿပီး ျပင္သစ္ႏိုင္ငံရဲ႕ အျမင့္ဆုံး ဂုဏ္ထူးေဆာင္ဘြဲ႕ျဖစ္တဲ့ Legion d’Honneur ဘြဲ႕ ခ်ီးျမႇင့္ခံခဲ့ရသူတစ္ဦးျဖစ္တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.