မြောက်ကိုရီးယားမှာ ကိုဗစ်-၁၉ ဖြစ်ပွားမှု တိုက်ဖျက်နေတဲ့ကြား သေဆုံးသူ ၂၁ ဦးထိ ရှိလာ

 585

ရောင်နီ (NP News) - မေ ၁၄
မြောက်ကိုရီးယားမှာ ကိုဗစ် -၁၉ ကူးစက်ဖြစ်ပွားမှု ပထမဆုံး အတည်ပြုခဲ့ပြီးနောက် ၂ ရက်အကြာမှာ နိုင်ငံတစ်၀န်း လူပေါင်း ၁ သန်းခွဲကျော်ခန့် အဖျားရောဂါ လက္ခဏာများ တွေ့လာရပြီး စနေနေ့ (မေလ ၁၄ ရက်) မှာတော့ အဆိုပါ “အဖျားရောဂါ” ကြောင့် သေဆုံးသူ ၂၁ ဦးထိ ရှိလာခဲ့တယ်လို သိရပါတယ်။

ကာကွယ်ဆေး မထိုးရသေးသော လူဦးရေမှ တစ်ဆင့် ရောဂါပျံ့နှံမှုများ နှေးကွေးစေရန် "အမြင့်ဆုံး အရေးပေါ် သီးသန့်ခွဲထားစနစ်" ကို အသက်သွင်းခဲ့သော်လည်း မြောက်ကိုရီးယားဟာ နေ့စဉ် သောင်းနဲ့ချီသော ရောဂါကူးစက်မှု အသစ်များ အစီရင်ခံလျက် ရှိနေပါတယ်။ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က နိုင်ငံတဝှမ်း ပိတ်ဆိုမှုများ ချမှတ်ကာ မြိုတော် ပြုံယမ်းမှာ ကူးစက်မြန် ကိုဗစ် - ၁၉ မျိုးကွဲ အိုမီခရွန် ကူးစက်လူနာသစ်ကို ကြာသပတေးနေ့က အတည်ပြုခဲ့ပါတယ်။ ၎င်းဟာ မြောက်ကိုရီးယားရဲ့ ပထမဆုံးသော ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားမှု တရားဝင်လူနာဖြစ်ပြီး ကပ်ရောဂါ စတင်ချိန်မှစ ကြီးမားသော စီးပွားရေးကုန်ကျစရိတ်ဖြင့် ထိန်းသိမ်းထားသော နှစ်နှစ်ကြာ ကိုရိုနာဗိုင်းရပ်ပိတ်ဆိုတားဆီးမှုရဲ့ လစ်ဟာချက်ကို ထောက်ပြနေပါတယ်။ အဆိုပါ ကိုဗစ်ကူးစက်လူနာဟာလည်း ကိုဗစ် အတည်ပြုပြီး နောက်တစ်ရက်မှာ သေဆုံးသွားခဲ့ပါတယ်။

ဧပြီလနှောင်းပိုင်းမှ မေလ ၁၃ ရက်အထိ လူပေါင်း ၅၂၄၄၄ဝ ကျော် ဖျားနာခဲ့ပြီး စုစုပေါင်း ၂၇ ဦး သေဆုံးခဲ့ကြောင်း KCNA မှ ပြောကြားခဲ့ပါတယ်။ အစီရင်ခံစာမှာ အဖျားရောဂါကူးစက်သူ အသစ်များနဲ့ သေဆုံးမှုများဟာ ကိုဗစ်-၁၉ positive ရှိ၊ မရှိ မဖော်ပြထားသော်လည်း နိုင်ငံအနေနဲ့ ယင်းကူးစက်မှု အတိုင်းအတာမှာ စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ရန် ရုန်းကန်နေရတယ်လို့ ကျွမ်းကျင်သူများက ဆိုပါတယ်။

"မြောက်ကိုရီးယားမှာ စမ်းသပ်မှုစွမ်းရည် မရှိပေမယ့် 'အဖျား' ရောဂါသည်များ အားလုံးကို ကိုဗစ် - ၁၉ ကူးစက်မှုများအဖြစ် ထည့်သွင်းစဉ်းစားဖို အချိန်မနှောင်းသေးပါဘူး။ ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားမှု အမှန်တကယ် အရေအတွက်ဟာ ရောဂါလက္ခဏာ မပြသော ရောဂါဖြစ်ပွားမှုများကြောင့် လက်ရှိ အဖျားကိန်းဂဏန်းများထက်တောင် ပိုများနိုင်တယ်။ ကူးစက်မှု အရှိန်အဟုန် အလွန်မြန်ပါတယ်” လို Sejong Institute မှ Cheong Seong-chang မှ ပြောကြားပါတယ်။

https://www.straitstimes.com/asia/east-asia/21-more-dead-as-north-korea-battles-covid-19-outbreak

zawgyi version
ေျမာက္ကိုရီးယားမွာ ကိုဗစ္-၁၉ ျဖစ္ပြားမႈ တိုက္ဖ်က္ေနတဲ့ၾကား ေသဆုံးသူ ၂၁ ဦးထိ ရွိလာ
ေရာင္နီ (NP News) - ေမ ၁၄

ေျမာက္ကိုရီးယားမွာ ကိုဗစ္ -၁၉ ကူးစက္ျဖစ္ပြားမႈ ပထမဆုံး အတည္ျပဳခဲ့ၿပီးေနာက္ ၂ ရက္အၾကာမွာ ႏိုင္ငံတစ္၀န္း လူေပါင္း ၁ သန္းခြဲေက်ာ္ခန္႔ အဖ်ားေရာဂါ လကၡဏာမ်ား ေတြ႕လာရၿပီး စေနေန႔ (ေမလ ၁၄ ရက္) မွာေတာ့ အဆိုပါ “အဖ်ားေရာဂါ” ေၾကာင့္ ေသဆုံးသူ ၂၁ ဦးထိ ရွိလာခဲ့တယ္လို သိရပါတယ္။

ကာကြယ္ေဆး မထိုးရေသးေသာ လူဦးေရမွ တစ္ဆင့္ ေရာဂါပ်ံ႕ႏွံမႈမ်ား ေႏွးေကြးေစရန္ "အျမင့္ဆုံး အေရးေပၚ သီးသန႔္ခြဲထားစနစ္" ကို အသက္သြင္းခဲ့ေသာ္လည္း ေျမာက္ကိုရီးယားဟာ ေန႔စဥ္ ေသာင္းနဲ႔ခ်ီေသာ ေရာဂါကူးစက္မႈ အသစ္မ်ား အစီရင္ခံလ်က္ ရွိေနပါတယ္။ ေျမာက္ကိုရီးယား ေခါင္းေဆာင္ ကင္ဂ်ဳံအမ္က ႏိုင္ငံတဝွမ္း ပိတ္ဆိုမႈမ်ား ခ်မွတ္ကာ ၿမိဳေတာ္ ၿပဳံယမ္းမွာ ကူးစက္ျမန္ ကိုဗစ္ - ၁၉ မ်ိဳးကြဲ အိုမီခ႐ြန္ ကူးစက္လူနာသစ္ကို ၾကာသပေတးေန႔က အတည္ျပဳခဲ့ပါတယ္။ ၎ဟာ ေျမာက္ကိုရီးယားရဲ႕ ပထမဆုံးေသာ ကိုဗစ္ - ၁၉ ေရာဂါျဖစ္ပြားမႈ တရားဝင္လူနာျဖစ္ၿပီး ကပ္ေရာဂါ စတင္ခ်ိန္မွစ ႀကီးမားေသာ စီးပြားေရးကုန္က်စရိတ္ျဖင့္ ထိန္းသိမ္းထားေသာ ႏွစ္ႏွစ္ၾကာ ကို႐ိုနာဗိုင္းရပ္ပိတ္ဆိုတားဆီးမႈရဲ႕ လစ္ဟာခ်က္ကို ေထာက္ျပေနပါတယ္။ အဆိုပါ ကိုဗစ္ကူးစက္လူနာဟာလည္း ကိုဗစ္ အတည္ျပဳၿပီး ေနာက္တစ္ရက္မွာ ေသဆုံးသြားခဲ့ပါတယ္။

ဧၿပီလေႏွာင္းပိုင္းမွ ေမလ ၁၃ ရက္အထိ လူေပါင္း ၅၂၄၄၄ဝ ေက်ာ္ ဖ်ားနာခဲ့ၿပီး စုစုေပါင္း ၂၇ ဦး ေသဆုံးခဲ့ေၾကာင္း KCNA မွ ေျပာၾကားခဲ့ပါတယ္။ အစီရင္ခံစာမွာ အဖ်ားေရာဂါကူးစက္သူ အသစ္မ်ားနဲ႔ ေသဆုံးမႈမ်ားဟာ ကိုဗစ္-၁၉ positive ရွိ၊ မရွိ မေဖာ္ျပထားေသာ္လည္း ႏိုင္ငံအေနနဲ႔ ယင္းကူးစက္မႈ အတိုင္းအတာမွာ စမ္းသပ္စစ္ေဆးမႈမ်ား ျပဳလုပ္ရန္ ႐ုန္းကန္ေနရတယ္လို႔ ကြၽမ္းက်င္သူမ်ားက ဆိုပါတယ္။

"ေျမာက္ကိုရီးယားမွာ စမ္းသပ္မႈစြမ္းရည္ မရွိေပမယ့္ 'အဖ်ား' ေရာဂါသည္မ်ား အားလုံးကို ကိုဗစ္ - ၁၉ ကူးစက္မႈမ်ားအျဖစ္ ထည့္သြင္းစဥ္းစားဖို အခ်ိန္မေႏွာင္းေသးပါဘူး။ ကိုဗစ္ - ၁၉ ေရာဂါျဖစ္ပြားမႈ အမွန္တကယ္ အေရအတြက္ဟာ ေရာဂါလကၡဏာ မျပေသာ ေရာဂါျဖစ္ပြားမႈမ်ားေၾကာင့္ လက္ရွိ အဖ်ားကိန္းဂဏန္းမ်ားထက္ေတာင္ ပိုမ်ားႏိုင္တယ္။ ကူးစက္မႈ အရွိန္အဟုန္ အလြန္ျမန္ပါတယ္” လို Sejong Institute မွ Cheong Seong-chang မွ ေျပာၾကားပါတယ္။

https://www.straitstimes.com/asia/east-asia/21-more-dead-as-north-korea-battles-covid-19-outbreak

Related news

© 2021. All rights reserved.