ဗြိတိန်ကို (၄)မိနစ်အတွင်း၊ ဖင်လန်ကို (၁ဝ)စက္ကန့်အတွင်း ရောက်အောင်ပစ်ခတ်နိုင်စွမ်းရှိတဲ့ နျူကလီးယား ဒုံးကျည်များနဲ့တိုက်ခိုက်မယ်လို့ ရုရှားသတိပေး

1926

ဂျန်ဇက် (NP News) - မေ ၁၅
ဗြိတိန်နိုင်ငံကို လေးမိနစ်အတွင်းရောက်ရှိနိုင်တဲ့ နျူကလီးယား ဒုံး ကျည်၊ ဖင်လန်နိုင်ငံကို (၁ဝ)စက္ကန့်အတွင်းရောက်ရှိနိုင်စွမ်းရှိတဲ့ နျူက လီးယားဒုံးကျည်များနဲ့ပစ်ခတ်တိုက်ခိုက်သွားမယ်လို့ ရုရှားအစိုးရအဖွဲ့ကာကွယ်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ အလက်စကီး ဇာဟူရာယောဗ့်က ခြိမ်းခြောက်လိုက်ပါတယ်။ ရုရှားကာကွယ်ရေးကော်မတီ အကြီးအကဲကဖင်လန်ဟာ Satan-2 အမည်ရှိ အသံထက်မြန်တဲ့ ဒုံးကျည်နဲ့ ၁ဝ စက္ကန့်အတွင်းဖျက်ဆီးခံရဖွယ်ရှိနေပြီး မြေပဲလိုမျိုးဖြစ်သွားအောင် ချေမှုန်းပစ်မှာဖြစ်ကြောင်းဆိုပါတယ်။
ပြီးခဲ့တဲ့လက ဖျက်အားပြင်းလက်နက်ပြင်းလက်နက်များကိုစမ်းသပ်ခဲ့တဲ့ ရုရှားသမ္မတပူတင်ဟာ ရုရှားအနေနဲ့ ကမ္ဘာကြီးကိုဖျက်ဆီးရတာမျိုး မနှစ်သက်ကြောင်း၊ နိုင်ငံများအနေနဲ့ ကြားဝင်စွက်ဖက်မယ်ဆိုရင် နှစ်ကြိမ်စဉ်းစားစေလိုကြောင်း သတိပေးထားပါတယ်။ ဖင်လန်ဟာ ဆယ်စုနှစ်ပေါင်းများစွာကြာကြားနေနိုင်ငံအဖြစ် ရပ်တည်ခဲ့ပေမယ့် လက်ရှိအ ချိန်မှာ နေတိုးမဟာမိတ်အဖွဲ့ဝင် ဖို့ကြိုးပမ်းနေရာ ရုရှားနဲ့ တင်းမာမှုတွေရှိနေကြောင်းပြီးခဲ့တဲ့ရက်ပိုင်းက သတင်းများထွက်ပေါ်ခဲ့ပါတယ်။
ရုရှားကာကွယ်ရေးကော်မတီအကြီးအကဲက "ဖင်လန်နိုင်ငံဟာ နေတိုးအဖွဲ့ထဲဝင်ရောက်တော့မယ်ဆိုရင် ကျွန်တော့်ဘက်ကတော့ ဖင်လန်နိုင်ငံကို ဆက်လက်ရှိခွင့်ပေးမပေးဆိုတာ စဉ်းစားစရာမေးခွန်းဖြစ်လာစေတယ်။ အမေရိကန်ဟာ ကျွန်တော်တို့နိုင်ငံကို ဆက်လက်ရှိမနေဖို့ ခြိမ်းခြောက်လာမယ်ဆိုရင် အသံထက်မြန်တဲ့ Sarmat ဒုံးကျည်များနဲ့ပစ်ခတ်တိုက်ခိုက်သွားမှာပါ။ အဲဒီဒုံးကျည်တွေမှာ နျူကလီးယားလက် နက်တွေတပ်ဆင်ပစ်လွှတ်သွားမယ်။ ဖင်လန်ဟာ သူတို့နိုင်ငံဖြစ်တည်ဖို့အတွက် ရုရှားရဲ့ကျေးဇူးတွေကို သတိပြုသင့်တယ်။ ကျွန်တော်တို့ဟာ အသံထက်မြန်တဲ့ ဒုံးကျည်တွေကို ဆားဘီးယားနိုင်ငံကလည်း ပစ်လွှတ်လို့ရတယ်။ ဆားဘီးယားနိုင်ငံက ပစ်လွှတ်မယ်ဆိုရင် ဗြိတိန်အထိ ရောက်ရှိနိုင်တယ်"လို့ပြောပါတယ်။
ရုရှားဟာ ဖင်လန်နဲ့နယ်နမိတ်ချင်း ၈၁ဝ မိုင်ထိစပ်နေပြီး နေတိုးမဟာ မိတ်အဖွဲ့ထဲ ဖင်လန်နိုင်ငံဝင်ရောက်ခဲ့မယ်ဆိုရင် အမေရိကန်ဟာ ဖင်လန်မှာ စစ်စခန်းတွေနဲ့ခေတ်မီလက်နက်များ လာရောက်ဖြန့်ကျက်လာမှာ ရုရှားဘက်က စိုးရိမ်နေတယ်လို့သိရပါတယ်
https://metro.co.uk/2022/05/14/russia-threatens-to-nuke-britain-in-four-minutes-and-finland-in-10-seconds-16643325/

zawgyi version
ၿဗိတိန္ကို (၄)မိနစ္အတြင္း၊ ဖင္လန္ကို (၁ဝ)စကၠန႔္အတြင္း ေရာက္ေအာင္ပစ္ခတ္ႏိုင္စြမ္းရွိတဲ့ န်ဴကလီးယား ဒုံးက်ည္မ်ားနဲ႔တိုက္ခိုက္မယ္လို႔ ႐ုရွားသတိေပး
ဂ်န္ဇက္ (NP News) - ေမ ၁၅
ၿဗိတိန္ႏိုင္ငံကို ေလးမိနစ္အတြင္းေရာက္ရွိႏိုင္တဲ့ န်ဴကလီးယား ဒုံး က်ည္၊ ဖင္လန္ႏိုင္ငံကို (၁ဝ)စကၠန႔္အတြင္းေရာက္ရွိႏိုင္စြမ္းရွိတဲ့ န်ဴက လီးယားဒုံးက်ည္မ်ားနဲ႔ပစ္ခတ္တိုက္ခိုက္သြားမယ္လို႔ ႐ုရွားအစိုးရအဖြဲ႕ကာကြယ္ေရးေကာ္မတီ ဒုတိယဥကၠ႒ အလက္စကီး ဇာဟူရာေယာဗ့္က ၿခိမ္းေျခာက္လိုက္ပါတယ္။ ႐ုရွားကာကြယ္ေရးေကာ္မတီ အႀကီးအကဲကဖင္လန္ဟာ Satan-2 အမည္ရွိ အသံထက္ျမန္တဲ့ ဒုံးက်ည္နဲ႔ ၁ဝ စကၠန႔္အတြင္းဖ်က္ဆီးခံရဖြယ္ရွိေနၿပီး ေျမပဲလိုမ်ိဳးျဖစ္သြားေအာင္ ေခ်မႈန္းပစ္မွာျဖစ္ေၾကာင္းဆိုပါတယ္။
ၿပီးခဲ့တဲ့လက ဖ်က္အားျပင္းလက္နက္ျပင္းလက္နက္မ်ားကိုစမ္းသပ္ခဲ့တဲ့ ႐ုရွားသမၼတပူတင္ဟာ ႐ုရွားအေနနဲ႔ ကမာၻႀကီးကိုဖ်က္ဆီးရတာမ်ိဳး မႏွစ္သက္ေၾကာင္း၊ ႏိုင္ငံမ်ားအေနနဲ႔ ၾကားဝင္စြက္ဖက္မယ္ဆိုရင္ ႏွစ္ႀကိမ္စဥ္းစားေစလိုေၾကာင္း သတိေပးထားပါတယ္။ ဖင္လန္ဟာ ဆယ္စုႏွစ္ေပါင္းမ်ားစြာၾကာၾကားေနႏိုင္ငံအျဖစ္ ရပ္တည္ခဲ့ေပမယ့္ လက္ရွိအ ခ်ိန္မွာ ေနတိုးမဟာမိတ္အဖြဲ႕ဝင္ ဖို႔ႀကိဳးပမ္းေနရာ ႐ုရွားနဲ႔ တင္းမာမႈေတြရွိေနေၾကာင္းၿပီးခဲ့တဲ့ရက္ပိုင္းက သတင္းမ်ားထြက္ေပၚခဲ့ပါတယ္။
႐ုရွားကာကြယ္ေရးေကာ္မတီအႀကီးအကဲက "ဖင္လန္ႏိုင္ငံဟာ ေနတိုးအဖြဲ႕ထဲဝင္ေရာက္ေတာ့မယ္ဆိုရင္ ကြၽန္ေတာ့္ဘက္ကေတာ့ ဖင္လန္ႏိုင္ငံကို ဆက္လက္ရွိခြင့္ေပးမေပးဆိုတာ စဥ္းစားစရာေမးခြန္းျဖစ္လာေစတယ္။ အေမရိကန္ဟာ ကြၽန္ေတာ္တို႔ႏိုင္ငံကို ဆက္လက္ရွိမေနဖို႔ ၿခိမ္းေျခာက္လာမယ္ဆိုရင္ အသံထက္ျမန္တဲ့ Sarmat ဒုံးက်ည္မ်ားနဲ႔ပစ္ခတ္တိုက္ခိုက္သြားမွာပါ။ အဲဒီဒုံးက်ည္ေတြမွာ န်ဴကလီးယားလက္ နက္ေတြတပ္ဆင္ပစ္လႊတ္သြားမယ္။ ဖင္လန္ဟာ သူတို႔ႏိုင္ငံျဖစ္တည္ဖို႔အတြက္ ႐ုရွားရဲ႕ေက်းဇူးေတြကို သတိျပဳသင့္တယ္။ ကြၽန္ေတာ္တို႔ဟာ အသံထက္ျမန္တဲ့ ဒုံးက်ည္ေတြကို ဆားဘီးယားႏိုင္ငံကလည္း ပစ္လႊတ္လို႔ရတယ္။ ဆားဘီးယားႏိုင္ငံက ပစ္လႊတ္မယ္ဆိုရင္ ၿဗိတိန္အထိ ေရာက္ရွိႏိုင္တယ္"လို႔ေျပာပါတယ္။
႐ုရွားဟာ ဖင္လန္နဲ႔နယ္နမိတ္ခ်င္း ၈၁ဝ မိုင္ထိစပ္ေနၿပီး ေနတိုးမဟာ မိတ္အဖြဲ႕ထဲ ဖင္လန္ႏိုင္ငံဝင္ေရာက္ခဲ့မယ္ဆိုရင္ အေမရိကန္ဟာ ဖင္လန္မွာ စစ္စခန္းေတြနဲ႔ေခတ္မီလက္နက္မ်ား လာေရာက္ျဖန႔္က်က္လာမွာ ႐ုရွားဘက္က စိုးရိမ္ေနတယ္လို႔သိရပါတယ္
https://metro.co.uk/2022/05/14/russia-threatens-to-nuke-britain-in-four-minutes-and-finland-in-10-seconds-16643325/