ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေအတွက် အဆင်သင့်ရှိနေပေမယ့်လည်း နယ်မြေတွေစွန့်လွှတ်ဖို့က မဖြစ်နိုင်ဘူးလို့ ယူကရိန်းသမ္မတပြော

 137

Pika (NP News)- အောက်တိုဘာ ၃၀

ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေလုပ်ဆောင်ဖို့ ယူကရိန်းဘက်က အဆင်သင့်ဖြစ်နေပေမယ့်လည်း ရုရှားဘက်ကတောင်းဆိုတဲ့အတိုင်း နယ်မြေတွေစွန့်လွှတ်ဖို့က မဖြစ်နိုင်ဘူးလို့ ယူကရိန်းသမ္မတဇီလန်စကီးက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် ရုရှား ဒါမှမဟုတ် ရုရှားရဲ့မိတ်ဖက်နိုင်ငံဖြစ်တဲ့ ဘီလာရုစ်နိုင်ငံကလွဲပြီး ဘယ်နေရာမှာမဆို ဆွေးနွေးပွဲတွေကျင်းပနိုင်တဲ့အတွက် ဝမ်းသာမိတယ်လို့လည်း ဇီလန်စကီးကပြောကြားခဲ့ပါတယ်။
အပစ်အခတ်ရပ်စဲရေးအတွက် အခြေအနေတစ်ခုအနေနဲ့ ယူကရိန်းကနယ်မြေတွေစွန့်လွှတ်တာတွေအပါအဝင် နောက်ထပ်တောင်းဆိုချက်တွေကို လိုက်နာရန် ရုရှားဘက်ကတောင်းဆိုခဲ့ပြီးနောက် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့ ရုရှားသမ္မတပူတင်တို့ကြား ဘူဒါပတ်စ်မြို့မှာ ယခုလအတွင်း လုပ်ဆောင်မယ့် ထိပ်သီးအစည်းအဝေးကျင်းပဖို့ အစီအစဉ်တွေ ရပ်ဆိုင်းသွားခဲ့တယ်လို့လည်း သိရပါတယ်။
ဒါ့ပြင် ရှေ့တန်းစစ်မြေမျက်နှာပြင်တစ်လျှောက် ချက်ချင်းအပစ်အခတ်ရပ်စဲဖို့ ယူကရိန်းရဲ့တောင်းဆိုချက်တွေကို ဒေါ်နယ်ထရမ့်က ထောက်ခံခဲ့တယ်လို့လည်း သိရပါတယ်။
ဇီလန်စကီးက”ရှေ့တန်းစစ်မြေမျက်နှာပြင်မှာ အပစ်အခတ်ရပ်စဲဖို့ တောင်းဆိုပါတယ်။ဒေါ်နယ်ထရမ့်ရဲ့ ပြောဆိုချက်တွေက မှန်ကန်ပါတယ်”လို့ပြောဆိုခဲ့ပါတယ်။
==========
Zawgyi Version

Pika (NP News)- ေအာက္တိုဘာ ၃၀

ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြလုပ္ေဆာင္ဖို႔ ယူကရိန္းဘက္က အဆင္သင့္ျဖစ္ေနေပမယ့္လည္း ႐ုရွားဘက္ကေတာင္းဆိုတဲ့အတိုင္း နယ္ေျမေတြစြန႔္လႊတ္ဖို႔က မျဖစ္ႏိုင္ဘူးလို႔ ယူကရိန္းသမၼတဇီလန္စကီးက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
ဒါ့ျပင္ ႐ုရွား ဒါမွမဟုတ္ ႐ုရွားရဲ႕မိတ္ဖက္ႏိုင္ငံျဖစ္တဲ့ ဘီလာ႐ုစ္ႏိုင္ငံကလြဲၿပီး ဘယ္ေနရာမွာမဆို ေဆြးေႏြးပြဲေတြက်င္းပႏိုင္တဲ့အတြက္ ဝမ္းသာမိတယ္လို႔လည္း ဇီလန္စကီးကေျပာၾကားခဲ့ပါတယ္။
အပစ္အခတ္ရပ္စဲေရးအတြက္ အေျခအေနတစ္ခုအေနနဲ႔ ယူကရိန္းကနယ္ေျမေတြစြန႔္လႊတ္တာေတြအပါအဝင္ ေနာက္ထပ္ေတာင္းဆိုခ်က္ေတြကို လိုက္နာရန္ ႐ုရွားဘက္ကေတာင္းဆိုခဲ့ၿပီးေနာက္ အေမရိကန္သမၼတေဒၚနယ္ထရမ့္နဲ႔ ႐ုရွားသမၼတပူတင္တို႔ၾကား ဘူဒါပတ္စ္ၿမိဳ႕မွာ ယခုလအတြင္း လုပ္ေဆာင္မယ့္ ထိပ္သီးအစည္းအေဝးက်င္းပဖို႔ အစီအစဥ္ေတြ ရပ္ဆိုင္းသြားခဲ့တယ္လို႔လည္း သိရပါတယ္။
ဒါ့ျပင္ ေရွ႕တန္းစစ္ေျမမ်က္ႏွာျပင္တစ္ေလွ်ာက္ ခ်က္ခ်င္းအပစ္အခတ္ရပ္စဲဖို႔ ယူကရိန္းရဲ႕ေတာင္းဆိုခ်က္ေတြကို ေဒၚနယ္ထရမ့္က ေထာက္ခံခဲ့တယ္လို႔လည္း သိရပါတယ္။
ဇီလန္စကီးက”ေရွ႕တန္းစစ္ေျမမ်က္ႏွာျပင္မွာ အပစ္အခတ္ရပ္စဲဖို႔ ေတာင္းဆိုပါတယ္။ေဒၚနယ္ထရမ့္ရဲ႕ ေျပာဆိုခ်က္ေတြက မွန္ကန္ပါတယ္”လို႔ေျပာဆိုခဲ့ပါတယ္။

Related news

© 2021. All rights reserved.