စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့တွင် သံဃာတော်တစ်ပါး သေနတ်ဖြင့်ပစ်ခတ်ခံရ

 1971

NP News - မေ ၂ဝ
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့၊ ရွာစိုက်ရပ်ကွက်ရှိ မစိုးရိမ်ကျောင်းတိုက်တွင် သီတင်းသုံးနေထိုင်သော သံဃာတော် တစ်ပါး မေလ ၁၈ ရက် ညနေပိုင်းက သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရကြောင်း သတင်းရရှိသည်။

စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့၊ ရွာစိုက်ရပ်ကွက်ရှိ မစိုးရိမ်ကျောင်းတိုက်တွင် သီတင်းသုံးနေထိုင်သော သံဃာတော်တစ်ပါး သေနတ်ဖြင့်ပစ်ခတ်ခံရကြောင်း သတင်းအရ သက်ဆိုင်ရာနယ်မြေခံ လုံခြုံရေးတပ်ဖွဲ့ဝင် များသည် အဆိုပါကျောင်းတိုက်သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ မေလ ၁၈ ရက် ညနေ ၅ နာရီ ၃ဝ မိနစ် အချိန်ခန့်က လက်နက်ကိုင်အဖွဲ့ဝင်ဆိုသူ အမျိုးသားနှစ်ဦးသည် ဆိုင်ကယ်တစ်စီးဖြင့် ကျောင်းတိုက်အတွင်းသို့ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး ကျောင်းတွင်း၌ သီတင်းသုံးနေထိုင်သည့် အသက်(၅၃) နှစ်အရွယ်ရှိ ရှင်တေဇနီယ(ခ) ကိုရင်ကြီး(ခ) ဦးတင်ဝင်းအား သေနတ်ဖြင့်ပစ်ခတ်ကာ ထွက်ပြေးသွားခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ပစ်ခတ်ခံရမှုကြောင့် ရှင်တေဇနိယ(ခ)ကိုရင်ကြီးတွင် သေနတ်ထိမှန်ဒဏ်ရာများဖြင့် လဲကျနေသည်ကို တွေ့ရှိခဲ့ရကြောင်း၊ ထို့ကြောင့် ဆေးဝါးကုသနိုင်ရေး စစ်ကိုင်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း နစက သတင်းထုတ်ပြန်ချက်အရ သိရသည်။

သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် သာသနာ့အနွယ်ဝင် သံဃာတော်များအား လုပ်ကြံပစ်ခတ် တိုက်ခိုက်သူများကို အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

အတိုက်အခံ ဒီမိုကရေစီလိုလားသူများအနေဖြင့် စစ်တပ်နှင့် စစ်အာဏာရှင်စနစ်အား ဆန့်ကျင်သည်ဟု ဆိုကာ နိုင်ငံတော်အဆောက်အအုံများ၊ အစိုးရပိုင်ဌာနဆိုင်ရာအဆောက်အဦးများ၊ ဘုန်းတော်ကြီးကျောင်းများ၊ လမ်းတံတားများ၊ စာသင်ကျောင်း များ အား ဖောက်ခွဲဖျက်ဆီး၊ မီးရှို့ခြင်းများ လုပ်ဆောင်ခြင်း၊ ပြည်သူအချို့အား စစ်တပ်သတင်းပေး “ဒလန်” ဟု စွပ်စွဲပြောဆို သတ်ဖြတ်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ ကျောင်းဆရာ၊ဆရာမများနှင့် ကျောင်းတက်ရောက်သည့် ကျောင်းသား၊ ကျောင်းသူများအား ခြိမ်းခြောက် လုပ်ကြံခြင်း၊ သံဃာတော်များအား လုပ်ကြံသတ်ဖြတ်ခြင်းများ လုပ်ဆောင်လျက်ရှိသည်ကို တွေ့ရသည်။

ထို့သို့လုပ်ဆောင်မှုများကြောင့် လက်ရှိအချိန်ထိ သံဃာတော်ပေါင်း (၅ဝ) နီးပါး၊ ကျောင်းဆရာ၊ဆရာမပေါင်း ၂ဝ ကျော်နှင့် အရပ်သားပြည်သူပေါင်း ၅၆ဝဝ ကျော်ထိ လုပ်ကြံသတ်ဖြတ်ခံထားပြီဖြစ်ကြောင်း အချက်အလက်များ အရ သိရသည်။

Zawgyi Version;
စစ္ကိုင္းတိုင္း၊ ဆားေတာင္ၿမိဳ႕တြင္ သံဃာေတာ္တစ္ပါး ေသနတ္ျဖင့္ပစ္ခတ္ခံရ
NP News - ေမ ၂ဝ
စစ္ကိုင္းတိုင္းေဒသႀကီး၊ စစ္ကိုင္းၿမိဳ႕နယ္၊ ဆားေတာင္ၿမိဳ႕၊ ႐ြာစိုက္ရပ္ကြက္ရွိ မစိုးရိမ္ေက်ာင္းတိုက္တြင္ သီတင္းသုံးေနထိုင္ေသာ သံဃာေတာ္ တစ္ပါး ေမလ ၁၈ ရက္ ညေနပိုင္းက ေသနတ္ျဖင့္ ပစ္ခတ္ခံခဲ့ရေၾကာင္း သတင္းရရွိသည္။

စစ္ကိုင္းၿမိဳ႕နယ္၊ ဆားေတာင္ၿမိဳ႕၊ ႐ြာစိုက္ရပ္ကြက္ရွိ မစိုးရိမ္ေက်ာင္းတိုက္တြင္ သီတင္းသုံးေနထိုင္ေသာ သံဃာေတာ္တစ္ပါး ေသနတ္ျဖင့္ပစ္ခတ္ခံရေၾကာင္း သတင္းအရ သက္ဆိုင္ရာနယ္ေျမခံ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ မ်ားသည္ အဆိုပါေက်ာင္းတိုက္သို႔ သြားေရာက္ၾကည့္ရႈစစ္ေဆးခဲ့ရာ ေမလ ၁၈ ရက္ ညေန ၅ နာရီ ၃ဝ မိနစ္ အခ်ိန္ခန႔္က လက္နက္ကိုင္အဖြဲ႕ဝင္ဆိုသူ အမ်ိဳးသားႏွစ္ဦးသည္ ဆိုင္ကယ္တစ္စီးျဖင့္ ေက်ာင္းတိုက္အတြင္းသို႔ေရာက္ရွိလာခဲ့ျခင္းျဖစ္ၿပီး ေက်ာင္းတြင္း၌ သီတင္းသုံးေနထိုင္သည့္ အသက္(၅၃) ႏွစ္အ႐ြယ္ရွိ ရွင္ေတဇနီယ(ခ) ကိုရင္ႀကီး(ခ) ဦးတင္ဝင္းအား ေသနတ္ျဖင့္ပစ္ခတ္ကာ ထြက္ေျပးသြားခဲ့ၾကျခင္းျဖစ္ေၾကာင္း သိရသည္။

ပစ္ခတ္ခံရမႈေၾကာင့္ ရွင္ေတဇနိယ(ခ)ကိုရင္ႀကီးတြင္ ေသနတ္ထိမွန္ဒဏ္ရာမ်ားျဖင့္ လဲက်ေနသည္ကို ေတြ႕ရွိခဲ့ရေၾကာင္း၊ ထို႔ေၾကာင့္ ေဆးဝါးကုသႏိုင္ေရး စစ္ကိုင္းၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ထားေၾကာင္း နစက သတင္းထုတ္ျပန္ခ်က္အရ သိရသည္။

သက္ဆိုင္ရာလုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားအေနျဖင့္ သာသနာ့အႏြယ္ဝင္ သံဃာေတာ္မ်ားအား လုပ္ႀကံပစ္ခတ္ တိုက္ခိုက္သူမ်ားကို အျမန္ဆုံးဖမ္းဆီးရမိေရးအတြက္ စုံစမ္းေဖာ္ထုတ္လ်က္ရွိေၾကာင္း သိရသည္။

အတိုက္အခံ ဒီမိုကေရစီလိုလားသူမ်ားအေနျဖင့္ စစ္တပ္ႏွင့္ စစ္အာဏာရွင္စနစ္အား ဆန႔္က်င္သည္ဟု ဆိုကာ ႏိုင္ငံေတာ္အေဆာက္အအုံမ်ား၊ အစိုးရပိုင္ဌာနဆိုင္ရာအေဆာက္အဦးမ်ား၊ ဘုန္းေတာ္ႀကီးေက်ာင္းမ်ား၊ လမ္းတံတားမ်ား၊ စာသင္ေက်ာင္း မ်ား အား ေဖာက္ခြဲဖ်က္ဆီး၊ မီးရႈိ႕ျခင္းမ်ား လုပ္ေဆာင္ျခင္း၊ ျပည္သူအခ်ိဳ႕အား စစ္တပ္သတင္းေပး “ဒလန္” ဟု စြပ္စြဲေျပာဆို သတ္ျဖတ္ျခင္း၊ ၿခိမ္းေျခာက္ျခင္း၊ ေက်ာင္းဆရာ၊ဆရာမမ်ားႏွင့္ ေက်ာင္းတက္ေရာက္သည့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား ၿခိမ္းေျခာက္ လုပ္ႀကံျခင္း၊ သံဃာေတာ္မ်ားအား လုပ္ႀကံသတ္ျဖတ္ျခင္းမ်ား လုပ္ေဆာင္လ်က္ရွိသည္ကို ေတြ႕ရသည္။

ထို႔သို႔လုပ္ေဆာင္မႈမ်ားေၾကာင့္ လက္ရွိအခ်ိန္ထိ သံဃာေတာ္ေပါင္း (၅ဝ) နီးပါး၊ ေက်ာင္းဆရာ၊ဆရာမေပါင္း ၂ဝ ေက်ာ္ႏွင့္ အရပ္သားျပည္သူေပါင္း ၅၆ဝဝ ေက်ာ္ထိ လုပ္ႀကံသတ္ျဖတ္ခံထားၿပီျဖစ္ေၾကာင္း အခ်က္အလက္မ်ား အရ သိရသည္။

Picture

Myo Min Magyilahar

21/05/2022 09:47

ရက်စက်လိုက်ကြတာကွာ

Related news

© 2021. All rights reserved.