တရုတ်ဟက်ကာတို့က ရုရှားကာကွယ်ရေးဆိုင်ရာအချက်အလက်များကို ခိုးယူရန်ကြိုးစားခဲ့ဟု အစ္စရေး၏အစီရင်ခံစာတွင်ဖော်ပြ

 721

Htay Oung (NP News) - မေ ၂ဝ
ရုရှားကျန်းမာရေးဝန်ကြီးဌာနမှပေးပို့လိုက်တယ်ဆိုတဲ့ အီးမေးလ်တစ်စောင်ဟာ ရုရှားစစ်ဘက်ဆိုင်ရာသုတေသနနှင့် ဖွံ့ဖြိုးရေးအင်စတီကျုမှာ တာဝန်ထမ်းဆောင်လျက်ရှိတဲ့ သိပ္ပံပညာရှင်များနဲ့ အင်ဂျင်နီယာအချို့ထံ မတ်လ ၂၃ ရက်ကရောက်ရှိလာပါတယ်။ ရောက်ရှိလာတဲ့ စာမှာ ဖော်ပြထားတာက "ယူကရိန်းအပေါ်ကျူးကျော်မှုအတွက် အမေရိကန်၏ ပိတ်ဆို့အရေးယူလိုက်သော ပုဂ္ဂိုလ်များစာရင်း" နဲ့ ပတ်သက်ပြီး တုန်လှုပ်ချောက်ချားစရာ အချက်အလက်များ ပါဝင်နေတာ တွေ့ရတယ်လို့ The New York Times က ယနေ့ (မေလ ၂ဝ ရက်)မှာရေးသားပါတယ်။

အမှန်တော့ အဲ့ဒီ အီးမေးလ်ဟာ ရုရှားကျန်းမာရေးဝန်ကြီးဌာနထံမှ မ ဟုတ်ဘဲ ပေကျင်းက အထောက်အပံ့ပြုထားတဲ့ တရုတ်နိုင်ငံရှိဟက်ကာများက ပေးပို့လိုက်ခြင်းသာ ဖြစ်ပါတယ်။ သူတိုရဲ့ ရုရှားပစ်မှတ်တွေက ဒေါင်းလုဒ်ဆွဲပြီး ဖွင့်ကြည့်ချင်လာအောင် malware “မဲလ်ဝဲလ်" တွေ ထည့်ထားတဲ့ စာရွက်စာတန်းများသာ ဖြစ်တယ်လို့ အစ္စရေး-အမေရိကန် ဆိုက်ဘာလုံခြုံရေးကုမ္ပဏီ Check Point ရဲ့ ကြာသပတေးနေ့ (မေလ ၁၉ ရက်)ထုတ်ပြန်တဲ့ ယခုနောက်ဆုံးအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အစ္စရေးနိုင်ငံ တဲလ်အဗစ်မှာရုံးချုပ်တည်ရှိပြီး အမေရိကန်ကယ်လီဖိုးနီးယားမှာ ရုံးခွဲဖွင့်လှစ်ထားတဲ့ Check Point ရဲ့ အစီရင်ခံစာမှာ ရုရှားနိုင်ငံအပေါ်ထောက်လှမ်းဖို့ တရုတ်ရဲ့ကြိုးပမ်းအားထုတ်မှု အထောက်အထားအသစ်တွေကို ဖော်ထုတ်ထားပါတယ်။ တနည်းအားဖြင့် အမေရိကန်နဲ့ပတ်သက်ပြီး ရတက်မအေး ဖြစ်ကြရာမှာ စည်းစည်းလုံးလုံးရှိကြတဲ့ နှစ်နိုင်ငံကြား ဆက်ဆံရေး ရှုပ်ထွေးမှုကို ထောက်ပြသလို ရှိနေပါတယ်။ ရုရှားကဲ့သို့ မိတ်ဆွေဟုယူဆသော နိုင်ငံများအပါအဝင် အမြဲတမ်းအင် အားချဲ့ထွင်နေတဲ့ နိုင်ငံများရဲ့ ပစ်မှတ်များမှ သတင်းအချက်အလက်များကို စုဆောင်းရာမှာ တရုတ်နိုင်ငံဆိုက်ဘာစပိုင်တွေရဲ့ ကျယ်ပြောလှပြီး ပိုမိုခေတ်မီသော နည်းဗျူဟာများကိုလည်း မီးမောင်းထိုးပြရာ ရောက်နေပါတယ်။

ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး ရုရှားအပေါ် တစ်ကမ္ဘာလုံးရဲ့ ငြိုငြင်မှုများ ကြီးထွားလာနေသော်လည်း တရုတ်အနေနဲ့ကတော့ မော်စကိုအပေါ် ဝေဖန်ရန် ငြင်းဆိုနေပါတယ်။ ယူကရိန်းပဋိပက္ခဖြစ်ရခြင်းအတွက် အမေရိကန်နဲ့နေတိုးကို ရန်လိုသူအဖြစ် ရုရှားဝါဒဖြန့်ချက်များအတိုင်း သံယောင်လိုက်နေခဲ့ပါတယ်။ သို့သော် Check Point ရဲ့ သုတေသနပြုချက်များအရ အဲ့ဒီနှစ်နိုင်ငံအကြား နက်ရှိုင်းတဲ့ ဆက်ဆံရေးများရှိနေသော်လည်း၊ တရုတ်အနေနဲ့ ထိရှလွယ် စစ်ဘက်ဆိုင်ရာနည်းပညာအချက်အလက်များ ခိုးယူဖို့အတွက် ရုရှားကို တရားဝင်ပစ်မှတ်အဖြစ် ရှုမြင်ထားပုံရပါတယ်။

တရုတ်ရဲ့ စစ်ဆင်ရေးအစီအစဉ်ဟာ ဝေဟင်ဂြိုလ်တုဆက်သွယ်ရေး၊ ရေဒါနှင့် အီလက်ထရွန်နစ်စစ်မက်ရေးရာများနဲ့ပတ်သက်ပြီး သုတေသနပြုလျှက်ရှိတဲ့ ရုရှားအင်စတီကျုများကို ပစ်မှတ်ထားကြောင်း Check Point က သူ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အဲ့ဒီ အင်စတီကျုးတွေကို ရုရှားနိုင်ငံရဲ့ ကာကွယ်ရေးတည်ဆောက်မှု မှာ ထုထည်အကြီးဆုံးနဲ့ သြဇာအရှိဆုံး အဖွဲ့အစည်းတစ်ခုြဖ်တဲ့ ရုရှားစစ်ဘက်ဆိုင်ရာလုပ်ငန်းစု Rostec Corp. ရော့စ်တက်ကော်ပိုရေးရှင်းက ပိုင်ဆိုင်ပါတယ်။

ရုရှားက ယူကရိန်းကို မကျူးကျော်ခင် ၂ဝ၂၁ ခုနှစ် ဇူလိုင်လ စောစောပိုင်းမှာ တရုတ်သူလျှိုစစ်ဆင်ရေးကို စတင်ခဲ့ကြောင်း၊ ဖော်ပြပါ မတ်လ အီးမေးလ်များမှာတော့ တရုတ်ဟက်ကာများက သူတို့ရဲ့ရည်ရွယ်ချက်အတိုင်း ခြေမြန်လက်မြန်အကောင်အထည်ဖော်ရာမှာ ရုရှားပညာရှင်တိုင်း စိတ်ဝင်စားမည့် ယူကရိန်းစစ်ပွဲကို အပေါ်ယံ ပြသပြီး အသုံးချခဲ့ကြောင်း Check Point အစီရင်ခံစာက ဆိုပါတယ်။

အဲ့ဒီကိစ္စဟာ အလွန်အဆင့်မြင့် ခေတ်မီတဲ့ ထိုးဖောက်ဝင်ရောက်မှုဖြစ်ပြီး များသောအားဖြင့် နိုင်ငံတော် ကျောထောက်နောက်ခံပြု ထောက် လှမ်းရေးဝန်ဆောင်မှုများအတွက် သီးသန့်ထားရှိခြင်းဖြစ်ကြောင်း၊ ယခု ဟက်ကာတွေဟာ တရုတ်အစိုးရနှင့် ဆက်နွယ်ဟက်ကာအဖွဲ့များလက်ချက်လို့ ယူဆရတဲ့ ယခင်တိုက်ခိုက်မှုများမှာ အသုံးပြုခဲ့တဲ့ အလားတူနည်းလမ်းများနဲ့ ကုဒ်များကို အသုံးပြုခဲ့ကြောင်း၊ တိုက်ခိုက်ခံခဲ့ရတဲ့ ကွန်ပျူတာများအတွင်း သူတို့ရဲ့ ကျူးကျော်ဝင် ရောက်မှုများကို ဖုံးကွယ်ထားနိုင်တဲ့ အဆင့်မြင့် နည်းဗျူဟာများနဲ့ လူမှု-အင်ဂျင်နီယာ စမတ်နည်းပညာကို အသုံးပြုခဲ့ကြောင်း Check Point မှ ဆိုက်ဘာသုတေသန အကြီးအကဲက ရှင်းပြပါတယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ်များအတွင်း ပေကျင်းက မွန်းမံနေခဲ့တဲ့ ဆိုက်ဘာစပိုင်ဆိုင်ရာ ချဉ်းကပ်မှုဟာ တရုတ်နိုင်ငံရဲ့ ပိုမိုခေတ်မီတဲ့ ဇာတ်ကောင်တစ်ဦးအဖြစ် အာဏာရှင်ခေါင်းဆောင် ရှီကျင့်ဖျင်လက်ထက်မှာ ပြောင်းလဲပစ်လိုက်ပါတယ်။ ရုရှားနိုင်ငံမှ စာမျက်နှာစာတစ်ခုကို ချေးယူထားတဲ့ တရုတ်ရဲ့ ထိပ်တန်းသူလျှိုအေဂျင်စီဟာ နိုင်ငံအတွင်း တိုးပွားလာတဲ့ နည်းပညာလုပ်သားများကို ဆွဲငင်အသုံးချခြင်းအတူ သူ့ရဲ့ ရှိရမည့် အဆင့်ထက် ကျော်လွန်ုလာနေပါတယ်။ တရုတ်တို့ရဲ့ မဟာဗျူဟာမှာ ဟိုတစ်စု သည်တစ်စု ကွက်ကျားတိုက်ခိုက်နိုင်မှု စွမ်းရည်ပိုမိုမြင့်မားပြီး ကြိုတင်မှန်းဆ မရနိုင်လောက်အောင် ဖန်တီးထားကြောင်း၊ ကမ္ဘာတဝှမ်းရှိ နိုင်ငံရေး၊ စစ်ဘက်ထောက်လှမ်းရေးတို့ကို ပစ်မှတ်ထားပြီး ကိုယ်ပျောက် လျှို့ဝှက်တိုက်ခိုက်မှုများကို လုပ်ဆောင်နိုင်စွမ်း ရှိတယ်လို့ လေ့လာသူများက ဆိုကြပါတယ်။

ရှီကျင့်ဖျင်ဟာ စက်ရုပ်နည်းပညာ၊ ဆေးဝါးဘက်ဆိုင်ရာကိရိယာများနဲ့ အာကာသလေကြောင်းကဲ့သို့ နည်းပညာမြင့်နယ်ပယ်များမှာ ကမ္ဘာလုံးဆိုင်ရာ ခေါင်းဆောင်တစ်ဦးဖြစ်လာရန် အာသီသရှိနေပါတယ်။ လာမည့်နှစ်များတွင် တရုတ်နိုင်ငံရဲ့ သိပ္ပံနှင့် နည်းပညာဆိုင်ရာစွမ်းရည်များကို ဆက်လက် ဦးစားပေး တိုးတက်စေလျှက်ရှိပါတယ်။ ရုရှားကာကွယ်ရေးသုတေသန အင်စတီကျုများကို ပစ်မှတ်ထားတဲ့ လှုပ်ရှားမှုဟာ နည်းပညာသာလွန်မှု နဲ့ စစ်ရေးပါဝါတည်ဆောက်ရေး တရုတ်ရဲ့မဟာဗျူဟာရည်မှန်းချက်များ အောင်မြင်စေရေး စနစ်တကျနဲ့ ရေရှည်ကြိုးပမ်းရာမှာ သူလျှိုလုပ်ခြင်းလည်း ပါဝင်ကြောင်း နောက်ထပ်များ အထောက်အထား ဖြစ်နိုင်တယ်လို့ Check Point က ဆိုပါတယ်။

မကြာသေးမီက၊ တရုတ်နိုင်ငံအခြေစိုက် ဟက်ကာတို့ဟာ ကမ္ဘာ့အခြားနေရာများရှိ ၎င်းတို့ရဲ့ လုပ်ဖော်ကိုင်ဖက်များနည်းတူ ဥရောပတစ်ဝှမ်းလုံးရှိအဖွဲ့အစည်းများရဲ့ ကွန်ပျူတာစနစ်များကို ဖောက်ထွင်းဝင်ရောက်ဖို့အတွက် ယူကရိန်းစစ်ပွဲကို အခွင့်ကောင်းယူခဲ့ကြပါတယ်။ ဟက်ကာတွေဟာ သူတို့ရဲ့ သားကောင်များထံမှ အချက်အလက်များခိုးယူဖို့ စာရွက်စာတမ်းများကို ဒေါင်းလုဒ်လုပ်ရန် သွေးဆောင်ပါတယ်၊ စစ်ပွဲနဲ့ပတ်သက်ပြီး စိတ်ဝင်စားဖွယ်အပေါ်ယံပြသတဲ့ အကြောင်းအရာများမှာ မဟုတ်မမှန် အကြောင်းအချက်များ ပါဝင်လာနိုင်ခြင်း သို့မဟုတ် စစ်ပွဲကာလ ပရဟိတ အကျိုးဆောင်ရန်အတွက် ရန်ပုံငွေရှာဖွေနေတဲ့ အကူအညီပေးရေးအဖွဲ့များအဖြစ် ဟန်ဆောင်လှည့်ဖြားလာနိုင်တဲ့အတွက် စိုးရိမ်မှုများ မြင့်တက်လာရပါတယ်။

တရုတ်နိုင်ငံမှ စတင်တဲ့ ထိုးဖောက်မွှေနှောက်မှု အများအပြားတို့ဟာ ပဋိပက္ခနဲ့ပတ်သက်ပြီး ယူကရိန်း သို့မဟုတ် ရုရှားနိုင်ငံတို့အပေါ် ပရမ်းပတာ သို့မဟုတ် အနှောင့်အယှက်ဖြစ်စေမည့်အစား သတင်းအချက်အလက်နှင့် ဉာဏပစ္စည်းများ စုဆောင်းခြင်းအပေါ် အာရုံစိုက်နေပုံရကြောင်း လုံခြုံရေးသုတေသီများက ပြောကြ ပါတယ်။

လုံခြုံရေးသုတေသီများနှင့် ယူကရိန်းဆိုက်ဘာလုံခြုံရေးအေဂျင်စီများရဲ့ အဆိုအရ မတ်လနှောင်းပိုင်းမှာ တရုတ်ဟက်ကာတို့ဟာ ယူကရိန်းအဖွဲ့အစည်းများ နောက်မှာ ထပ်ချပ်လိုက်ပါနေခဲ့ကြောင်း၊ Scarab “ နွားချေးပိုးထိုး “ လို့ လူသိများတဲ့ ဟက်ကာအဖွဲ့ဆိုလျှင် ရုရှားရဲ့ စစ်ရာဇဝတ်မှုကျူးလွန်ပုံ သက်သေအထောက်အထားများကို မှတ်တမ်းရိုက်ကူးရေး လမ်းညွှန်ချက်များလို့ ယူကရိန်းအဖွဲ့အစည်းများထံ စာရွက်စာတမ်းများကို ပြသပါတယ်။ အဲဒါတွေကို ဖွင့်ကြည့်မယ်ဆိုရင် ကူးစက်ခံလိုက်ရတဲ့ ကွန်ပျူတာစနစ်များမှ အချက်အလက်များကို ထုတ်ယူနိုင်တဲ့ “မဲလ်ဝဲလ် “ များ ပါဝင်နေတယ်လို့ ယူကရိန်းလုံခြုံရေးကုမ္ပဏီမှ သုတေသီများက ပြောပါတယ်။

မတ်လတုန်းကလည်း လုံခြုံရေးသုတေသီများက Mustang Panda “ပန်ဒါရိုင်းလေး“ ခေါ် တရုတ်နိုင်ငံနဲ့ ဆက်စပ်နေတဲ့ အခြား ဟက်ကာအဖွဲ့ဟာ ယူကရိန်းနဲ့ ဘီလာရုစ်နယ်စပ်ရှိ အခြေအနေများအကြောင်း ဥရောပသမဂ္ဂ အစီရင်ခံစာများ ဖြစ်လေဟန် စာရွက်စာတမ်းအတုများကို ဖန်တီးခဲ့ပြီး ဥရောပရှိ ပစ်မှတ်များသို့ အီးမေးလ်နဲ့ ပေးပို့ခဲ့ပါတယ်။ အဲ့ဒီစာရွက်စာတမ်းတွေမှာလည်း “မဲလ်ဝဲလ် “ များ ပါရှိနေပြီး လှည့်စားခံရသူများအနေနဲ့ အမှတ်မထင်ဖွင့် ကြည့်မယ်ဆိုလျှင် ဟက်ကာများကို ကိုယ့်ရဲ့ကွန်ရက်အတွင်း စိမ့်ဝင်ခွင့်ပြုသလို ဖြစ်သွားရကြောင်း Google မှ သုတေသီများနှင့် လုံခြုံရေးကုမ္ပဏီက ရှင်းပြပါတယ်။

“ပန်ဒါရိုင်းလေး“ ဟက်ကာအဖွဲ့ဟာ ယခင်က အိန္ဒိယ၊ ထိုင်ဝမ်နဲ့ မြန်မာနိုင်ငံရှိ အဖွဲ့အစည်းများကို တိုက်ခိုက်ခဲ့ဖူးသော်လည်း စစ်ပွဲစတင်ဖြစ်ပွားတဲ့အခါ အီးယူနဲ့ ရုရှားတို့အပေါ် အာရုံစိုက်လာခဲ့ပါတယ်။ မတ်လမှာ ဟက်ကာတွေဟာ သူတို့နောက်ယောင်ခံနေတဲ့ မော်စကိုအေဂျင်စီများရဲ့ ရုရှားနယ်ခြားစောင့်တပ်များ နေရာချထားမှုနဲ့ ပတ်သက်တဲ့ အချက်အလက်များ ပါရှိလေဟန် စာရွက်စာတမ်းတစ်ခုကို သူတို့ထံ အီးမေးလ်ပို့ခဲ့ကြောင်း “ စစ်စကိုတယ်လို“ ယူကရိန်းလုံခြုံရေးကုမ္ပဏီသုတေသီများက ပြောပါတယ်။

အဲ့ဒီ လုပ်ဆောင်မှုကမ်ပိန်းအားလုံးမှာ တသမတ်တည်းရှိနေတာက “ပန်ဒါရိုင်းလေး“ ရဲ့ သူလျှိုလှုပ်ရှားမှုတွေကို ရှင်းရှင်းလင်းလင်းမြင်နေရခြင်း ဖြစ်ပါတယ်လို့ “စစ်စကိုတယ်လို“ ရဲ့ ယခုလ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မကြာသေးမီက လေ့လာတွေ့ရှိချက်များအရ Twisted Panda “ လိမ်ပန်ပန်ဒါ“ လို့ အမည်ရတဲ့ ဟက်ကာအုပ်စုဟာ တရုတ်အဆင့်မြင့်ကိရိယာများရဲ့ ခေတ်မီဆန်းပြားမှုနဲ့ ပေကျင်းရဲ့ တွက်ဆချက်များကို ထင်ဟပ်နေပါတယ်လို့ Check Point ရဲ့ ယခုနောက်ဆုံး အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

သူတို့ တိုက်ခိုက်မှုကို ခံလိုက်ရတဲ့ ရုရှား “ ရော့စ်တက်” အင်စတီကျုတွေဟာ လေကြောင်းချီ ရေဒါများ၊ အဲ့ဒီရေဒါကိရိယာများ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ရန်သူရဲ့ ရေဒါနဲ့ အာရုံခံထောက်လှမ်းရေးစနစ်များအပေါ် တန်ပြန် နှောင့်ယှက်နိုင်သည့် စက်ပစ္စည်းများ ဖွံ့ဖြိုးတိုးတက်ရေးတို့မှာ အဓိကအားဖြင့် ပါဝင်ဆောင်ရွက်နေပါတယ်။

ရော့စ်တက်ကော်ပိုရေးရှင်းကို ရုရှားသမ္မတ ဗလာဒီမာပူတင်က ၂၀၀၇-ခုနှစ်မှာ တည်ထောင်ခဲ့ပြီး အဆင့်မြင့်ကာကွယ်ရေးနည်းပညာ၊ အီလက်ထရွန်နစ် စစ်လက်နက်ကိရိယာများ၊ လေယာဉ်အင်ဂျင်များသုတေသနနဲ့ ထုတ်လုပ်ရေးဆိုင်ရာ ရာနှင့်ချီတဲ့ စက်ရုံများကို ထိန်းချုပ်ထားပြီး ရုရှားနိုင်ငံရဲ့ အကြီးမားဆုံး စစ်ဘက် ကော်ပိုရေးရှင်းများထဲမှ တစ်ခုဖြစ်လာခဲ့ပါတယ်။

၂ဝ၁၄ ခုနှစ်မှာ ယူကရိန်း( ခရိုင်မီးယား) ကို ရုရှားကျူးကျော်ဝင်ရောက်ပြီး မကြာမီမှာ ရော့စ်တက်ကို အမေရိကန်က နာမည်ပျက်စာရင်းသွင်းခဲ့ပြီး ကော်ပိုရေးရှင်းရဲ့ အမှုဆောင်အရာရှိချုပ်ကိုလည်း အီးယူက ဒဏ်ခတ်ပိတ်ဆို့ခဲ့ပါတယ်။ ယခုနှစ် ယူကရိန်းကို ရုရှားကျူးကျော်ဝင်ရောက်တဲ့အခါမှာတော့ အမေရိကန်တို့ဟာ ရော့စ်တက်နဲ့ ဆက်နွယ်နေတဲ့ ကုမ္ပဏီများ၊ အဖွဲ့အစည်းများအပေါ် ပိတ်ဆို့အရေးယူမှုများကို ချက်ချင်းဆိုသလို ထပ်လောင်းချမှတ်ခဲ့ပါတယ်။

https://bdnews24.com/technology/2022/05/20/chinese-hackers-tried-to-steal-russian-defence-data-report

တ႐ုတ္ဟက္ကာတို႔က ႐ုရွားကာကြယ္ေရးဆိုင္ရာအခ်က္အလက္မ်ားကို ခိုးယူရန္ႀကိဳးစားခဲ့ဟု အစၥေရး၏အစီရင္ခံစာတြင္ေဖာ္ျပ
Htay Oung (NP News) - ေမ ၂ဝ

႐ုရွားက်န္းမာေရးဝန္ႀကီးဌာနမွေပးပို႔လိုက္တယ္ဆိုတဲ့ အီးေမးလ္တစ္ေစာင္ဟာ ႐ုရွားစစ္ဘက္ဆိုင္ရာသုေတသနႏွင့္ ဖြံ႕ၿဖိဳးေရးအင္စတီက်ဳမွာ တာဝန္ထမ္းေဆာင္လ်က္ရွိတဲ့ သိပၸံပညာရွင္မ်ားနဲ႔ အင္ဂ်င္နီယာအခ်ိဳ႕ထံ မတ္လ ၂၃ ရက္ကေရာက္ရွိလာပါတယ္။ ေရာက္ရွိလာတဲ့ စာမွာ ေဖာ္ျပထားတာက "ယူကရိန္းအေပၚက်ဴးေက်ာ္မႈအတြက္ အေမရိကန္၏ ပိတ္ဆို႔အေရးယူလိုက္ေသာ ပုဂၢိဳလ္မ်ားစာရင္း" နဲ႔ ပတ္သက္ၿပီး တုန္လႈပ္ေခ်ာက္ခ်ားစရာ အခ်က္အလက္မ်ား ပါဝင္ေနတာ ေတြ႕ရတယ္လို႔ The New York Times က ယေန႔ (ေမလ ၂ဝ ရက္)မွာေရးသားပါတယ္။

အမွန္ေတာ့ အဲ့ဒီ အီးေမးလ္ဟာ ႐ုရွားက်န္းမာေရးဝန္ႀကီးဌာနထံမွ မ ဟုတ္ဘဲ ေပက်င္းက အေထာက္အပံ့ျပဳထားတဲ့ တ႐ုတ္ႏိုင္ငံရွိဟက္ကာမ်ားက ေပးပို႔လိုက္ျခင္းသာ ျဖစ္ပါတယ္။ သူတိုရဲ႕ ႐ုရွားပစ္မွတ္ေတြက ေဒါင္းလုဒ္ဆြဲၿပီး ဖြင့္ၾကည့္ခ်င္လာေအာင္ malware “မဲလ္ဝဲလ္" ေတြ ထည့္ထားတဲ့ စာ႐ြက္စာတန္းမ်ားသာ ျဖစ္တယ္လို႔ အစၥေရး-အေမရိကန္ ဆိုက္ဘာလုံၿခဳံေရးကုမၸဏီ Check Point ရဲ႕ ၾကာသပေတးေန႔ (ေမလ ၁၉ ရက္)ထုတ္ျပန္တဲ့ ယခုေနာက္ဆုံးအစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။

အစၥေရးႏိုင္ငံ တဲလ္အဗစ္မွာ႐ုံးခ်ဳပ္တည္ရွိၿပီး အေမရိကန္ကယ္လီဖိုးနီးယားမွာ ႐ုံးခြဲဖြင့္လွစ္ထားတဲ့ Check Point ရဲ႕ အစီရင္ခံစာမွာ ႐ုရွားႏိုင္ငံအေပၚေထာက္လွမ္းဖို႔ တ႐ုတ္ရဲ႕ႀကိဳးပမ္းအားထုတ္မႈ အေထာက္အထားအသစ္ေတြကို ေဖာ္ထုတ္ထားပါတယ္။ တနည္းအားျဖင့္ အေမရိကန္နဲ႔ပတ္သက္ၿပီး ရတက္မေအး ျဖစ္ၾကရာမွာ စည္းစည္းလုံးလုံးရွိၾကတဲ့ ႏွစ္ႏိုင္ငံၾကား ဆက္ဆံေရး ရႈပ္ေထြးမႈကို ေထာက္ျပသလို ရွိေနပါတယ္။ ႐ုရွားကဲ့သို႔ မိတ္ေဆြဟုယူဆေသာ ႏိုင္ငံမ်ားအပါအဝင္ အၿမဲတမ္းအင္ အားခ်ဲ႕ထြင္ေနတဲ့ ႏိုင္ငံမ်ားရဲ႕ ပစ္မွတ္မ်ားမွ သတင္းအခ်က္အလက္မ်ားကို စုေဆာင္းရာမွာ တ႐ုတ္ႏိုင္ငံဆိုက္ဘာစပိုင္ေတြရဲ႕ က်ယ္ေျပာလွၿပီး ပိုမိုေခတ္မီေသာ နည္းဗ်ဴဟာမ်ားကိုလည္း မီးေမာင္းထိုးျပရာ ေရာက္ေနပါတယ္။

ယူကရိန္းစစ္ပြဲနဲ႔ပတ္သက္ၿပီး ႐ုရွားအေပၚ တစ္ကမာၻလုံးရဲ႕ ၿငိဳျငင္မႈမ်ား ႀကီးထြားလာေနေသာ္လည္း တ႐ုတ္အေနနဲ႔ကေတာ့ ေမာ္စကိုအေပၚ ေဝဖန္ရန္ ျငင္းဆိုေနပါတယ္။ ယူကရိန္းပဋိပကၡျဖစ္ရျခင္းအတြက္ အေမရိကန္နဲ႔ေနတိုးကို ရန္လိုသူအျဖစ္ ႐ုရွားဝါဒျဖန႔္ခ်က္မ်ားအတိုင္း သံေယာင္လိုက္ေနခဲ့ပါတယ္။ သို႔ေသာ္ Check Point ရဲ႕ သုေတသနျပဳခ်က္မ်ားအရ အဲ့ဒီႏွစ္ႏိုင္ငံအၾကား နက္ရႈိင္းတဲ့ ဆက္ဆံေရးမ်ားရွိေနေသာ္လည္း၊ တ႐ုတ္အေနနဲ႔ ထိရွလြယ္ စစ္ဘက္ဆိုင္ရာနည္းပညာအခ်က္အလက္မ်ား ခိုးယူဖို႔အတြက္ ႐ုရွားကို တရားဝင္ပစ္မွတ္အျဖစ္ ရႈျမင္ထားပုံရပါတယ္။

တ႐ုတ္ရဲ႕ စစ္ဆင္ေရးအစီအစဥ္ဟာ ေဝဟင္ၿဂိဳလ္တုဆက္သြယ္ေရး၊ ေရဒါႏွင့္ အီလက္ထ႐ြန္နစ္စစ္မက္ေရးရာမ်ားနဲ႔ပတ္သက္ၿပီး သုေတသနျပဳလွ်က္ရွိတဲ့ ႐ုရွားအင္စတီက်ဳမ်ားကို ပစ္မွတ္ထားေၾကာင္း Check Point က သူ႔ရဲ႕ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။ အဲ့ဒီ အင္စတီက်ဳးေတြကို ႐ုရွားႏိုင္ငံရဲ႕ ကာကြယ္ေရးတည္ေဆာက္မႈ မွာ ထုထည္အႀကီးဆုံးနဲ႔ ၾသဇာအရွိဆုံး အဖြဲ႕အစည္းတစ္ခုျဖ္တဲ့ ႐ုရွားစစ္ဘက္ဆိုင္ရာလုပ္ငန္းစု Rostec Corp. ေရာ့စ္တက္ေကာ္ပိုေရးရွင္းက ပိုင္ဆိုင္ပါတယ္။

႐ုရွားက ယူကရိန္းကို မက်ဴးေက်ာ္ခင္ ၂ဝ၂၁ ခုႏွစ္ ဇူလိုင္လ ေစာေစာပိုင္းမွာ တ႐ုတ္သူလွ်ိဳစစ္ဆင္ေရးကို စတင္ခဲ့ေၾကာင္း၊ ေဖာ္ျပပါ မတ္လ အီးေမးလ္မ်ားမွာေတာ့ တ႐ုတ္ဟက္ကာမ်ားက သူတို႔ရဲ႕ရည္႐ြယ္ခ်က္အတိုင္း ေျချမန္လက္ျမန္အေကာင္အထည္ေဖာ္ရာမွာ ႐ုရွားပညာရွင္တိုင္း စိတ္ဝင္စားမည့္ ယူကရိန္းစစ္ပြဲကို အေပၚယံ ျပသၿပီး အသုံးခ်ခဲ့ေၾကာင္း Check Point အစီရင္ခံစာက ဆိုပါတယ္။

အဲ့ဒီကိစၥဟာ အလြန္အဆင့္ျမင့္ ေခတ္မီတဲ့ ထိုးေဖာက္ဝင္ေရာက္မႈျဖစ္ၿပီး မ်ားေသာအားျဖင့္ ႏိုင္ငံေတာ္ ေက်ာေထာက္ေနာက္ခံျပဳ ေထာက္ လွမ္းေရးဝန္ေဆာင္မႈမ်ားအတြက္ သီးသန႔္ထားရွိျခင္းျဖစ္ေၾကာင္း၊ ယခု ဟက္ကာေတြဟာ တ႐ုတ္အစိုးရႏွင့္ ဆက္ႏြယ္ဟက္ကာအဖြဲ႕မ်ားလက္ခ်က္လို႔ ယူဆရတဲ့ ယခင္တိုက္ခိုက္မႈမ်ားမွာ အသုံးျပဳခဲ့တဲ့ အလားတူနည္းလမ္းမ်ားနဲ႔ ကုဒ္မ်ားကို အသုံးျပဳခဲ့ေၾကာင္း၊ တိုက္ခိုက္ခံခဲ့ရတဲ့ ကြန္ပ်ဴတာမ်ားအတြင္း သူတို႔ရဲ႕ က်ဴးေက်ာ္ဝင္ ေရာက္မႈမ်ားကို ဖုံးကြယ္ထားႏိုင္တဲ့ အဆင့္ျမင့္ နည္းဗ်ဴဟာမ်ားနဲ႔ လူမႈ-အင္ဂ်င္နီယာ စမတ္နည္းပညာကို အသုံးျပဳခဲ့ေၾကာင္း Check Point မွ ဆိုက္ဘာသုေတသန အႀကီးအကဲက ရွင္းျပပါတယ္။

လြန္ခဲ့တဲ့ ဆယ္စုႏွစ္မ်ားအတြင္း ေပက်င္းက မြန္းမံေနခဲ့တဲ့ ဆိုက္ဘာစပိုင္ဆိုင္ရာ ခ်ဥ္းကပ္မႈဟာ တ႐ုတ္ႏိုင္ငံရဲ႕ ပိုမိုေခတ္မီတဲ့ ဇာတ္ေကာင္တစ္ဦးအျဖစ္ အာဏာရွင္ေခါင္းေဆာင္ ရွီက်င့္ဖ်င္လက္ထက္မွာ ေျပာင္းလဲပစ္လိုက္ပါတယ္။ ႐ုရွားႏိုင္ငံမွ စာမ်က္ႏွာစာတစ္ခုကို ေခ်းယူထားတဲ့ တ႐ုတ္ရဲ႕ ထိပ္တန္းသူလွ်ိဳေအဂ်င္စီဟာ ႏိုင္ငံအတြင္း တိုးပြားလာတဲ့ နည္းပညာလုပ္သားမ်ားကို ဆြဲငင္အသုံးခ်ျခင္းအတူ သူ႔ရဲ႕ ရွိရမည့္ အဆင့္ထက္ ေက်ာ္လြႏ္ုလာေနပါတယ္။ တ႐ုတ္တို႔ရဲ႕ မဟာဗ်ဴဟာမွာ ဟိုတစ္စု သည္တစ္စု ကြက္က်ားတိုက္ခိုက္ႏိုင္မႈ စြမ္းရည္ပိုမိုျမင့္မားၿပီး ႀကိဳတင္မွန္းဆ မရႏိုင္ေလာက္ေအာင္ ဖန္တီးထားေၾကာင္း၊ ကမာၻတဝွမ္းရွိ ႏိုင္ငံေရး၊ စစ္ဘက္ေထာက္လွမ္းေရးတို႔ကို ပစ္မွတ္ထားၿပီး ကိုယ္ေပ်ာက္ လွ်ိဳ႕ဝွက္တိုက္ခိုက္မႈမ်ားကို လုပ္ေဆာင္ႏိုင္စြမ္း ရွိတယ္လို႔ ေလ့လာသူမ်ားက ဆိုၾကပါတယ္။

ရွီက်င့္ဖ်င္ဟာ စက္႐ုပ္နည္းပညာ၊ ေဆးဝါးဘက္ဆိုင္ရာကိရိယာမ်ားနဲ႔ အာကာသေလေၾကာင္းကဲ့သို႔ နည္းပညာျမင့္နယ္ပယ္မ်ားမွာ ကမာၻလုံးဆိုင္ရာ ေခါင္းေဆာင္တစ္ဦးျဖစ္လာရန္ အာသီသရွိေနပါတယ္။ လာမည့္ႏွစ္မ်ားတြင္ တ႐ုတ္ႏိုင္ငံရဲ႕ သိပၸံႏွင့္ နည္းပညာဆိုင္ရာစြမ္းရည္မ်ားကို ဆက္လက္ ဦးစားေပး တိုးတက္ေစလွ်က္ရွိပါတယ္။ ႐ုရွားကာကြယ္ေရးသုေတသန အင္စတီက်ဳမ်ားကို ပစ္မွတ္ထားတဲ့ လႈပ္ရွားမႈဟာ နည္းပညာသာလြန္မႈ နဲ႔ စစ္ေရးပါဝါတည္ေဆာက္ေရး တ႐ုတ္ရဲ႕မဟာဗ်ဴဟာရည္မွန္းခ်က္မ်ား ေအာင္ျမင္ေစေရး စနစ္တက်နဲ႔ ေရရွည္ႀကိဳးပမ္းရာမွာ သူလွ်ိဳလုပ္ျခင္းလည္း ပါဝင္ေၾကာင္း ေနာက္ထပ္မ်ား အေထာက္အထား ျဖစ္ႏိုင္တယ္လို႔ Check Point က ဆိုပါတယ္။

မၾကာေသးမီက၊ တ႐ုတ္ႏိုင္ငံအေျခစိုက္ ဟက္ကာတို႔ဟာ ကမာၻ႔အျခားေနရာမ်ားရွိ ၎တို႔ရဲ႕ လုပ္ေဖာ္ကိုင္ဖက္မ်ားနည္းတူ ဥေရာပတစ္ဝွမ္းလုံးရွိအဖြဲ႕အစည္းမ်ားရဲ႕ ကြန္ပ်ဴတာစနစ္မ်ားကို ေဖာက္ထြင္းဝင္ေရာက္ဖို႔အတြက္ ယူကရိန္းစစ္ပြဲကို အခြင့္ေကာင္းယူခဲ့ၾကပါတယ္။ ဟက္ကာေတြဟာ သူတို႔ရဲ႕ သားေကာင္မ်ားထံမွ အခ်က္အလက္မ်ားခိုးယူဖို႔ စာ႐ြက္စာတမ္းမ်ားကို ေဒါင္းလုဒ္လုပ္ရန္ ေသြးေဆာင္ပါတယ္၊ စစ္ပြဲနဲ႔ပတ္သက္ၿပီး စိတ္ဝင္စားဖြယ္အေပၚယံျပသတဲ့ အေၾကာင္းအရာမ်ားမွာ မဟုတ္မမွန္ အေၾကာင္းအခ်က္မ်ား ပါဝင္လာႏိုင္ျခင္း သို႔မဟုတ္ စစ္ပြဲကာလ ပရဟိတ အက်ိဳးေဆာင္ရန္အတြက္ ရန္ပုံေငြရွာေဖြေနတဲ့ အကူအညီေပးေရးအဖြဲ႕မ်ားအျဖစ္ ဟန္ေဆာင္လွည့္ျဖားလာႏိုင္တဲ့အတြက္ စိုးရိမ္မႈမ်ား ျမင့္တက္လာရပါတယ္။

တ႐ုတ္ႏိုင္ငံမွ စတင္တဲ့ ထိုးေဖာက္ေမႊေႏွာက္မႈ အမ်ားအျပားတို႔ဟာ ပဋိပကၡနဲ႔ပတ္သက္ၿပီး ယူကရိန္း သို႔မဟုတ္ ႐ုရွားႏိုင္ငံတို႔အေပၚ ပရမ္းပတာ သို႔မဟုတ္ အေႏွာင့္အယွက္ျဖစ္ေစမည့္အစား သတင္းအခ်က္အလက္ႏွင့္ ဉာဏပစၥည္းမ်ား စုေဆာင္းျခင္းအေပၚ အာ႐ုံစိုက္ေနပုံရေၾကာင္း လုံၿခဳံေရးသုေတသီမ်ားက ေျပာၾက ပါတယ္။

လုံၿခဳံေရးသုေတသီမ်ားႏွင့္ ယူကရိန္းဆိုက္ဘာလုံၿခဳံေရးေအဂ်င္စီမ်ားရဲ႕ အဆိုအရ မတ္လေႏွာင္းပိုင္းမွာ တ႐ုတ္ဟက္ကာတို႔ဟာ ယူကရိန္းအဖြဲ႕အစည္းမ်ား ေနာက္မွာ ထပ္ခ်ပ္လိုက္ပါေနခဲ့ေၾကာင္း၊ Scarab “ ႏြားေခ်းပိုးထိုး “ လို႔ လူသိမ်ားတဲ့ ဟက္ကာအဖြဲ႕ဆိုလွ်င္ ႐ုရွားရဲ႕ စစ္ရာဇဝတ္မႈက်ဴးလြန္ပုံ သက္ေသအေထာက္အထားမ်ားကို မွတ္တမ္း႐ိုက္ကူးေရး လမ္းၫႊန္ခ်က္မ်ားလို႔ ယူကရိန္းအဖြဲ႕အစည္းမ်ားထံ စာ႐ြက္စာတမ္းမ်ားကို ျပသပါတယ္။ အဲဒါေတြကို ဖြင့္ၾကည့္မယ္ဆိုရင္ ကူးစက္ခံလိုက္ရတဲ့ ကြန္ပ်ဴတာစနစ္မ်ားမွ အခ်က္အလက္မ်ားကို ထုတ္ယူႏိုင္တဲ့ “မဲလ္ဝဲလ္ “ မ်ား ပါဝင္ေနတယ္လို႔ ယူကရိန္းလုံၿခဳံေရးကုမၸဏီမွ သုေတသီမ်ားက ေျပာပါတယ္။

မတ္လတုန္းကလည္း လုံၿခဳံေရးသုေတသီမ်ားက Mustang Panda “ပန္ဒါ႐ိုင္းေလး“ ေခၚ တ႐ုတ္ႏိုင္ငံနဲ႔ ဆက္စပ္ေနတဲ့ အျခား ဟက္ကာအဖြဲ႕ဟာ ယူကရိန္းနဲ႔ ဘီလာ႐ုစ္နယ္စပ္ရွိ အေျခအေနမ်ားအေၾကာင္း ဥေရာပသမဂၢ အစီရင္ခံစာမ်ား ျဖစ္ေလဟန္ စာ႐ြက္စာတမ္းအတုမ်ားကို ဖန္တီးခဲ့ၿပီး ဥေရာပရွိ ပစ္မွတ္မ်ားသို႔ အီးေမးလ္နဲ႔ ေပးပို႔ခဲ့ပါတယ္။ အဲ့ဒီစာ႐ြက္စာတမ္းေတြမွာလည္း “မဲလ္ဝဲလ္ “ မ်ား ပါရွိေနၿပီး လွည့္စားခံရသူမ်ားအေနနဲ႔ အမွတ္မထင္ဖြင့္ ၾကည့္မယ္ဆိုလွ်င္ ဟက္ကာမ်ားကို ကိုယ့္ရဲ႕ကြန္ရက္အတြင္း စိမ့္ဝင္ခြင့္ျပဳသလို ျဖစ္သြားရေၾကာင္း Google မွ သုေတသီမ်ားႏွင့္ လုံၿခဳံေရးကုမၸဏီက ရွင္းျပပါတယ္။

“ပန္ဒါ႐ိုင္းေလး“ ဟက္ကာအဖြဲ႕ဟာ ယခင္က အိႏၵိယ၊ ထိုင္ဝမ္နဲ႔ ျမန္မာႏိုင္ငံရွိ အဖြဲ႕အစည္းမ်ားကို တိုက္ခိုက္ခဲ့ဖူးေသာ္လည္း စစ္ပြဲစတင္ျဖစ္ပြားတဲ့အခါ အီးယူနဲ႔ ႐ုရွားတို႔အေပၚ အာ႐ုံစိုက္လာခဲ့ပါတယ္။ မတ္လမွာ ဟက္ကာေတြဟာ သူတို႔ေနာက္ေယာင္ခံေနတဲ့ ေမာ္စကိုေအဂ်င္စီမ်ားရဲ႕ ႐ုရွားနယ္ျခားေစာင့္တပ္မ်ား ေနရာခ်ထားမႈနဲ႔ ပတ္သက္တဲ့ အခ်က္အလက္မ်ား ပါရွိေလဟန္ စာ႐ြက္စာတမ္းတစ္ခုကို သူတို႔ထံ အီးေမးလ္ပို႔ခဲ့ေၾကာင္း “ စစ္စကိုတယ္လို“ ယူကရိန္းလုံၿခဳံေရးကုမၸဏီသုေတသီမ်ားက ေျပာပါတယ္။

အဲ့ဒီ လုပ္ေဆာင္မႈကမ္ပိန္းအားလုံးမွာ တသမတ္တည္းရွိေနတာက “ပန္ဒါ႐ိုင္းေလး“ ရဲ႕ သူလွ်ိဳလႈပ္ရွားမႈေတြကို ရွင္းရွင္းလင္းလင္းျမင္ေနရျခင္း ျဖစ္ပါတယ္လို႔ “စစ္စကိုတယ္လို“ ရဲ႕ ယခုလ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။

မၾကာေသးမီက ေလ့လာေတြ႕ရွိခ်က္မ်ားအရ Twisted Panda “ လိမ္ပန္ပန္ဒါ“ လို႔ အမည္ရတဲ့ ဟက္ကာအုပ္စုဟာ တ႐ုတ္အဆင့္ျမင့္ကိရိယာမ်ားရဲ႕ ေခတ္မီဆန္းျပားမႈနဲ႔ ေပက်င္းရဲ႕ တြက္ဆခ်က္မ်ားကို ထင္ဟပ္ေနပါတယ္လို႔ Check Point ရဲ႕ ယခုေနာက္ဆုံး အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။

သူတို႔ တိုက္ခိုက္မႈကို ခံလိုက္ရတဲ့ ႐ုရွား “ ေရာ့စ္တက္” အင္စတီက်ဳေတြဟာ ေလေၾကာင္းခ်ီ ေရဒါမ်ား၊ အဲ့ဒီေရဒါကိရိယာမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရးနဲ႔ ရန္သူရဲ႕ ေရဒါနဲ႔ အာ႐ုံခံေထာက္လွမ္းေရးစနစ္မ်ားအေပၚ တန္ျပန္ ေႏွာင့္ယွက္ႏိုင္သည့္ စက္ပစၥည္းမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရးတို႔မွာ အဓိကအားျဖင့္ ပါဝင္ေဆာင္႐ြက္ေနပါတယ္။

ေရာ့စ္တက္ေကာ္ပိုေရးရွင္းကို ႐ုရွားသမၼတ ဗလာဒီမာပူတင္က ၂၀၀၇-ခုႏွစ္မွာ တည္ေထာင္ခဲ့ၿပီး အဆင့္ျမင့္ကာကြယ္ေရးနည္းပညာ၊ အီလက္ထ႐ြန္နစ္ စစ္လက္နက္ကိရိယာမ်ား၊ ေလယာဥ္အင္ဂ်င္မ်ားသုေတသနနဲ႔ ထုတ္လုပ္ေရးဆိုင္ရာ ရာႏွင့္ခ်ီတဲ့ စက္႐ုံမ်ားကို ထိန္းခ်ဳပ္ထားၿပီး ႐ုရွားႏိုင္ငံရဲ႕ အႀကီးမားဆုံး စစ္ဘက္ ေကာ္ပိုေရးရွင္းမ်ားထဲမွ တစ္ခုျဖစ္လာခဲ့ပါတယ္။

၂ဝ၁၄ ခုႏွစ္မွာ ယူကရိန္း( ခ႐ိုင္မီးယား) ကို ႐ုရွားက်ဴးေက်ာ္ဝင္ေရာက္ၿပီး မၾကာမီမွာ ေရာ့စ္တက္ကို အေမရိကန္က နာမည္ပ်က္စာရင္းသြင္းခဲ့ၿပီး ေကာ္ပိုေရးရွင္းရဲ႕ အမႈေဆာင္အရာရွိခ်ဳပ္ကိုလည္း အီးယူက ဒဏ္ခတ္ပိတ္ဆို႔ခဲ့ပါတယ္။ ယခုႏွစ္ ယူကရိန္းကို ႐ုရွားက်ဴးေက်ာ္ဝင္ေရာက္တဲ့အခါမွာေတာ့ အေမရိကန္တို႔ဟာ ေရာ့စ္တက္နဲ႔ ဆက္ႏြယ္ေနတဲ့ ကုမၸဏီမ်ား၊ အဖြဲ႕အစည္းမ်ားအေပၚ ပိတ္ဆို႔အေရးယူမႈမ်ားကို ခ်က္ခ်င္းဆိုသလို ထပ္ေလာင္းခ်မွတ္ခဲ့ပါတယ္။

https://bdnews24.com/technology/2022/05/20/chinese-hackers-tried-to-steal-russian-defence-data-report

Related news

© 2021. All rights reserved.