ကလေးများတွင် ရေကျောက်ရောဂါဖြစ်ပွားမှုတွေ့ရှိနေရပြီး မျောက်ကျောက်ရောဂါအတွက်လည်း အဘက်ဘက်မှ ပြင်ဆင်နေဟု ကျန်းမာရေးဝန်ကြီးအသိပေး

1915

မျိုးကြီး (NP News) - မေ ၂၄
မြန်မာနိုင်ငံရှိ ကလေးငယ်များတွင် ရေကျောက်ရောဂါ ဖြစ်ပွားမှုတွေ့ရှိရပြီး မျောက်ကျောက်(monkeypox)ရောဂါအတွက်လည်း အဘက်ဘက်မှ ပြင်ဆင်ထားရမည်ဟု ကျန်မားရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက အသိပေးပြောကြားခဲ့သည်။
ဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက မေလ ၂၃ ရက်က နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာနတွင်ပြုလုပ်သော အစည်းအဝေးတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံရှိ ကလေးငယ်များတွင် ရေကျောက်ရောဂါဖြစ်ပွားတွေ့ရှိမှုများရှိလာသဖြင့် ပြည်သူများအကြား စိုးရိမ်ထိတ်လန့်မှု မဖြစ်စေရေး၊ ယခုအခါဖြစ်ပွားမှုမရှိတော့သည့် ကျောက်ကြီးရောဂါတို့နှင့်ပတ်သက်၍ ကျန်းမာရေးအသိပညာများ မြှင့်တင်ပေးရမည်ဟု ဝန်ကြီးကဆိုသည်။
မျောက်ကျောက်ရောဂါ၏ သဘောသဘာဝအရ မြန်မာနိုင်ငံတွင် ဖြစ် ပွားနိုင်ခြေနည်းပါးသော်လည်း ၎င်းရောဂါများနှင့်ပတ်သက်၍လည်း ကောင်း၊ ရှိရင်းစွဲကူးစက်ရောဂါများနှင့်ပတ်သက်၍လည်းကောင်း၊ ရော ဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို အရှိအဟုန်မြှင့်တင်ဆောင်ရွက်ကြရန်လိုအပ်ကြောင်း ၎င်းက ဆက်လက်အသိပေးထားသည်။
ထို့ပြင် မျောက်ကျောက်ရောဂါသံသယရှိပါက နီးစပ်ရာကျန်းမာရေဌာနများတွင် လာရောက်ပြသနိုင်ရေး၊ ဓာတ်ခွဲစမ်းသပ် စစ်ဆေးနိုင်ရေးနှင့် ဆေးကုသရေးလုပ်ငန်းများအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရမည်ဟု ဒေါက်တာသက်ခိုင်ဝင်း ဆိုသည်။
ဆက်လက်ပြီး မျောက်ကျောက်ကူးစက်ရောဂါသည် တိရစ္ဆာန်များတွင် ဖြစ်ပွားမှုမှ လူသို့ ကူးစက်တတ်သည်ဖြစ်၍ မွေးမြူရေးနှင့်ကုသရေးကဏ္ဍ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍနှင့် ကျန်းမာရေးကဏ္ဍတို့ ချိတ်ဆက်ပြီး ဆောင်ရွက်သွားရန်လည်း ၎င်းက အကြံပြုထားသည်။
“ကျွန်မ သားလေးက ပြီးခဲ့တဲ့ တစ်လလောက်က ရေကျောက်လို့ ခေါ်လားတော့မသိဘူး။ အဲဒီလို အနာတွေပေါက်တာ ဖြစ်ဖူးတယ်။ ကလေးဆိုတော့ နာတော့နာမှာပေါ့။ ကလေးရဲ့ လက်တွေမှာ၊ ကိုယ်လုံးမှာ၊ ခေါင်းတွေမှာ ပေါက်တာ။ ဆေးခန်းတော့ သွားပြရတာပေါ့။ တစ်ပတ် ကျော်လောက်တော့ ခံလိုက်ရတယ်” ဟု ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်တွင် နေထိုင်သူ ကလေးမိခင်တစ်ဦးက NP News ကို ပြော သည်။
ထို့အတူ မျောက်ကျောက်ကူးစက်ရောဂါနှင့်ပတ်သက်၍ သုတေသနနှင့်ဓာတ်ခွဲမှုဆိုင်ရာလုပ်ဆောင်နိုင်ရန်အတွက်လည်း ကျန်းမာရေးဝန်ကြီး ဌာနအနေဖြင့် ပြင်ဆင်နေကြောင်း သိရသည်။
လက်ရှိတွင် မျောက်ကျောက်ရောဂါသည် အာဖရိက၊ အမေရိက၊ ဥရောပရှိ နိုင်ငံအချို့တို့တွင် ကူးစက်ရောဂါဖြစ်ပွားမှုများ ရှိနေသည်။
https://npnewsmm.com/news/628c62b27e523b530729f434

zawgyi version
ကေလးမ်ားတြင္ ေရေက်ာက္ေရာဂါျဖစ္ပြားမႈေတြ႕ရွိေနရၿပီး ေမ်ာက္ေက်ာက္ေရာဂါအတြက္လည္း အဘက္ဘက္မွ ျပင္ဆင္ေနဟု က်န္းမာေရးဝန္ႀကီးအသိေပး
မ်ိဳးႀကီး (NP News) - ေမ ၂၄
ျမန္မာႏိုင္ငံရွိ ကေလးငယ္မ်ားတြင္ ေရေက်ာက္ေရာဂါ ျဖစ္ပြားမႈေတြ႕ရွိရၿပီး ေမ်ာက္ေက်ာက္(monkeypox)ေရာဂါအတြက္လည္း အဘက္ဘက္မွ ျပင္ဆင္ထားရမည္ဟု က်န္မားေရးဝန္ႀကီးေဒါက္တာသက္ခိုင္ဝင္းက အသိေပးေျပာၾကားခဲ့သည္။
ဝန္ႀကီးေဒါက္တာသက္ခိုင္ဝင္းက ေမလ ၂၃ ရက္က ေနျပည္ေတာ္ရွိ က်န္းမာေရးဝန္ႀကီးဌာနတြင္ျပဳလုပ္ေသာ အစည္းအေဝးတြင္ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာဆိုခဲ့ျခင္းျဖစ္သည္။
ျမန္မာႏိုင္ငံရွိ ကေလးငယ္မ်ားတြင္ ေရေက်ာက္ေရာဂါျဖစ္ပြားေတြ႕ရွိမႈမ်ားရွိလာသျဖင့္ ျပည္သူမ်ားအၾကား စိုးရိမ္ထိတ္လန႔္မႈ မျဖစ္ေစေရး၊ ယခုအခါျဖစ္ပြားမႈမရွိေတာ့သည့္ ေက်ာက္ႀကီးေရာဂါတို႔ႏွင့္ပတ္သက္၍ က်န္းမာေရးအသိပညာမ်ား ျမႇင့္တင္ေပးရမည္ဟု ဝန္ႀကီးကဆိုသည္။
ေမ်ာက္ေက်ာက္ေရာဂါ၏ သေဘာသဘာဝအရ ျမန္မာႏိုင္ငံတြင္ ျဖစ္ ပြားႏိုင္ေျခနည္းပါးေသာ္လည္း ၎ေရာဂါမ်ားႏွင့္ပတ္သက္၍လည္း ေကာင္း၊ ရွိရင္းစြဲကူးစက္ေရာဂါမ်ားႏွင့္ပတ္သက္၍လည္းေကာင္း၊ ေရာ ဂါေစာင့္ၾကပ္ၾကည့္ရႈျခင္းလုပ္ငန္းမ်ားကို အရွိအဟုန္ျမႇင့္တင္ေဆာင္႐ြက္ၾကရန္လိုအပ္ေၾကာင္း ၎က ဆက္လက္အသိေပးထားသည္။
ထို႔ျပင္ ေမ်ာက္ေက်ာက္ေရာဂါသံသယရွိပါက နီးစပ္ရာက်န္းမာေရဌာနမ်ားတြင္ လာေရာက္ျပသႏိုင္ေရး၊ ဓာတ္ခြဲစမ္းသပ္ စစ္ေဆးႏိုင္ေရးႏွင့္ ေဆးကုသေရးလုပ္ငန္းမ်ားအတြက္ ႀကိဳတင္ျပင္ဆင္ေဆာင္႐ြက္ထားရမည္ဟု ေဒါက္တာသက္ခိုင္ဝင္း ဆိုသည္။
ဆက္လက္ၿပီး ေမ်ာက္ေက်ာက္ကူးစက္ေရာဂါသည္ တိရစာၦန္မ်ားတြင္ ျဖစ္ပြားမႈမွ လူသို႔ ကူးစက္တတ္သည္ျဖစ္၍ ေမြးျမဴေရးႏွင့္ကုသေရးက႑၊ ပတ္ဝန္းက်င္ထိန္းသိမ္းေရးက႑ႏွင့္ က်န္းမာေရးက႑တို႔ ခ်ိတ္ဆက္ၿပီး ေဆာင္႐ြက္သြားရန္လည္း ၎က အႀကံျပဳထားသည္။
“ကြၽန္မ သားေလးက ၿပီးခဲ့တဲ့ တစ္လေလာက္က ေရေက်ာက္လို႔ ေခၚလားေတာ့မသိဘူး။ အဲဒီလို အနာေတြေပါက္တာ ျဖစ္ဖူးတယ္။ ကေလးဆိုေတာ့ နာေတာ့နာမွာေပါ့။ ကေလးရဲ႕ လက္ေတြမွာ၊ ကိုယ္လုံးမွာ၊ ေခါင္းေတြမွာ ေပါက္တာ။ ေဆးခန္းေတာ့ သြားျပရတာေပါ့။ တစ္ပတ္ ေက်ာ္ေလာက္ေတာ့ ခံလိုက္ရတယ္” ဟု ရန္ကုန္တိုင္း၊ ေ႐ႊျပည္သာၿမိဳ႕နယ္တြင္ ေနထိုင္သူ ကေလးမိခင္တစ္ဦးက NP News ကို ေျပာ သည္။
ထို႔အတူ ေမ်ာက္ေက်ာက္ကူးစက္ေရာဂါႏွင့္ပတ္သက္၍ သုေတသနႏွင့္ဓာတ္ခြဲမႈဆိုင္ရာလုပ္ေဆာင္ႏိုင္ရန္အတြက္လည္း က်န္းမာေရးဝန္ႀကီး ဌာနအေနျဖင့္ ျပင္ဆင္ေနေၾကာင္း သိရသည္။
လက္ရွိတြင္ ေမ်ာက္ေက်ာက္ေရာဂါသည္ အာဖရိက၊ အေမရိက၊ ဥေရာပရွိ ႏိုင္ငံအခ်ိဳ႕တို႔တြင္ ကူးစက္ေရာဂါျဖစ္ပြားမႈမ်ား ရွိေနသည္။
https://npnewsmm.com/news/628c62b27e523b530729f434