လေပွေလှိုင်းနှင့် လေထုမငြိမ်သက်မှုများကြောင့် မြန်မာနိုင်ငံအနှံအပြား မိုးဆက်လက်ရွာသွန်းနိုင်

 340

စော(NP News)-အောက်တိုဘာ ၂၉
လေပွေလှိုင်းနှင့် လေထုမငြိမ်သက်မှုများကြောင့် မြန်မာနိုင်ငံအနှံအပြား မိုးဆက်လက်ရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ (အောက်တိုဘာ ၂၉ရက်)တွင် အသိပေးထုတ်ပြန်ထားသည်။
မိုးဇလ၏ တိုင်းထွာချက်များအရ အရှေ့ဘက်မှ ရွေ့လျား လာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တို့တွင် လေထုမငြိမ်မသက်မှုများ ဖြစ်ပေါ်လာနိုင်ခြင်းကြောင့် အောက်တိုဘာ ၃၁ရက်မှ နိုဝင်ဘာ၅)ရက်နေ့အတွင်း စစ်ကိုင်းတိုင်းဒေသကြီး‌၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာကျဲကျဲ မိုးရွာနိုင်ကြောင်း သိရသည်။
ထို့ပြင် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယား ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း နှင့် အရှေ့ပိုင်း)တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသများတွင် ဒေသ အလိုက်နှင့် နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။
ထို့ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်၍ အဆိုပါဒေသများရှိ ကုန်းမြင့်ဒေသအနီးတွင် နေထိုင် ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နှင့် ပြည်တွင်းရေကြောင်း သွားလာရေး၊ လေကြောင်းပျံသန်းရေးနှင့် ဆည်မြောင်းတာတမံများအနေဖြင့် လိုအပ်သည်များ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားနိုင်ရန်အသိပေးထုတ်ပြန်ထားသည်။

Zawgyi Version:
ေလေပြလႈိင္းႏွင့္ ေလထုမၿငိမ္သက္မႈမ်ားေၾကာင့္ ျမန္မာႏိုင္ငံအႏွံအျပား မိုးဆက္လက္႐ြာသြန္းႏိုင္
ေစာ(NP News)-ေအာက္တိုဘာ ၂၉
ေလေပြလႈိင္းႏွင့္ ေလထုမၿငိမ္သက္မႈမ်ားေၾကာင့္ ျမန္မာႏိုင္ငံအႏွံအျပား မိုးဆက္လက္႐ြာသြန္းႏိုင္ေၾကာင္း မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနက ယေန႔ (ေအာက္တိုဘာ ၂၉ရက္)တြင္ အသိေပးထုတ္ျပန္ထားသည္။
မိုးဇလ၏ တိုင္းထြာခ်က္မ်ားအရ အေရွ႕ဘက္မွ ေ႐ြ႕လ်ား လာေသာ ေလေပြလႈိင္းမ်ား၏ အရွိန္ေၾကာင့္လည္းေကာင္း ကပၸလီပင္လယ္ျပင္ႏွင့္ ဘဂၤလားပင္လယ္ေအာ္ တို႔တြင္ ေလထုမၿငိမ္မသက္မႈမ်ား ျဖစ္ေပၚလာႏိုင္ျခင္းေၾကာင့္ ေအာက္တိုဘာ ၃၁ရက္မွ ႏိုဝင္ဘာ၅)ရက္ေန႔အတြင္း စစ္ကိုင္းတိုင္းေဒသႀကီး‌၊ မေကြးတိုင္းေဒသႀကီး၊ ကခ်င္ျပည္နယ္ႏွင့္ ရွမ္းျပည္နယ္(ေျမာက္ပိုင္း)တို႔တြင္ ေနရာက်ဲက်ဲ မိုး႐ြာႏိုင္ေၾကာင္း သိရသည္။
ထို႔ျပင္ ေနျပည္ေတာ္၊ ရန္ကုန္တိုင္းေဒသႀကီး၊ မႏၲေလး တိုင္းေဒသႀကီး၊ ပဲခူးတိုင္းေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီး၊ တနသၤာရီတိုင္းေဒသႀကီး၊ ကယား ျပည္နယ္၊ ကရင္ျပည္နယ္၊ ခ်င္းျပည္နယ္၊ မြန္ျပည္နယ္၊ ရခိုင္ျပည္နယ္ႏွင့္ ရွမ္းျပည္နယ္(ေတာင္ပိုင္း ႏွင့္ အေရွ႕ပိုင္း)တို႔တြင္ ေနရာစိပ္စိပ္မွ ေနရာအႏွံ႔အျပား မိုးထစ္ခ်ဳန္း႐ြာၿပီး အခ်ိဳ႕ေဒသမ်ားတြင္ ေဒသ အလိုက္ႏွင့္ ေနရာကြက္၍ မိုးႀကီးျခင္းမ်ား ျဖစ္ေပၚႏိုင္ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ မိုးသည္းထန္စြာ႐ြာသြန္းျခင္းႏွင့္အတူ ေလျပင္းတိုက္ခတ္ျခင္း၊ မိုးထစ္ခ်ဳန္းျခင္း၊ မိုးႀကိဳးပစ္ျခင္း၊ လွ်ပ္စီးလက္ျခင္း၊ မိုးသီးေႂကြျခင္း၊ လွ်ပ္တစ္ျပက္ေရႀကီးျခင္းႏွင့္ ေျမၿပိဳျခင္းစသည့္ သဘာဝေဘးအႏၲရာယ္မ်ား ျဖစ္ေပၚႏိုင္၍ အဆိုပါေဒသမ်ားရွိ ကုန္းျမင့္ေဒသအနီးတြင္ ေနထိုင္ ၾကသူမ်ားအေနျဖင့္ ေျမၿပိဳမႈအႏၲရာယ္၊ ျမစ္ငယ္၊ ေခ်ာင္းငယ္မ်ားအနီးတြင္ ေနထိုင္ၾကသူမ်ားအေနျဖင့္ ေရႀကီး၊ ေရလွ်ံမႈမ်ားကို ႀကိဳတင္သတိျပဳေရွာင္ရွားႏိုင္ပါရန္ႏွင့္ ျပည္တြင္းေရေၾကာင္း သြားလာေရး၊ ေလေၾကာင္းပ်ံသန္းေရးႏွင့္ ဆည္ေျမာင္းတာတမံမ်ားအေနျဖင့္ လိုအပ္သည္မ်ား ႀကိဳတင္ျပင္ဆင္ ေဆာင္႐ြက္ထားႏိုင္ရန္အသိေပးထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.