ကမ္ဘာတစ်ဝန်း မျောက်ကျောက်ရောဂါဖြစ်ပွားမှု (၂ဝဝ) ကျော်ထိရှိလာ

669

ရောင်နီ (NP News) - မေ ၂၆
ကမ္ဘာတစ်ဝန်းမှာ မျောက်ကျောက်ရောဂါ အတည်ပြုလူနာ အရေအတွက် ၂၁၉ ဦးအထိရှိလာခဲ့ကြောင်း ဥရောပသမဂ္ဂ ရောဂါအေဂျင်စီမှ ထုတ်ပြန်သော နောက်ဆုံးသတင်းတစ် ရပ်အရ သိရပါတယ်။
ဥရောပမှာအများအားဖြင့် မျောက်ကျောက်ရောဂါဟာ နိုင်ငံတစ်ဒါဇင်ကျော်မှာ အနည်းဆုံးအတည်ပြုလူနာတစ်ဦးစီ အစီရင်ခံခဲ့ကြောင်း ဥရောပရောဂါကာကွယ်ရေးနဲ့ ထိန်း ချုပ်ရေးစင်တာ (ECDC) မှ ဗုဒ္ဓဟူးနေ့ (မေလ ၂၅ ရက်) ညက ထုတ်ပြန်သော ကူးစက်ရောဂါဆိုင်ရာ မှတ်စုမှာ ပြောကြားခဲ့ပါတယ်။
“ဒီရောဂါဖြစ်ပွားနေတဲ့ အာဖရိကနဲ့ ကူးစက်ရောဂါဆိုင်ရာ ဆက်စပ်မှုမရှိဘဲ ဥရောပမှာ ဒီကူးစက်မှုကွင်းဆက်တွေကို ပထမဆုံးအကြိမ် တွေ့လာရခြင်း ဖြစ်ပါတယ်”လို့ ၎င်းတို့ရဲ့မှတ်ချက်မှာ ဖော်ပြထားပါတယ်။ ဖြစ်ရပ်အများစုမှာ လိင်တူဆက်ဆံသော အမျိုးသား လူငယ်များမှာတွေ့ရှိခဲ့ရကြောင်းဆိုပါတယ်။
မေလအစောပိုင်းက မျောက်ကျောက်ရဲ့ ပုံမှန်မဟုတ်သော အသွင်အပြင်ကို ပထမဆုံးတွေ့ရှိခဲ့တဲ့ ဗြိတိန်ဟာ လက်ရှိ အတည်ပြုလူနာ အများဆုံးဖြစ်နေပြီး ၇၁ ဦးထိ ရှိနေပါတယ်။ ၎င်းနောက်မှာ စပိန်က ၅၉ ဦး၊ ပေါ်တူဂီက ၃၇ ဦး၊ ဥရောပအပြင်ဘက် ကနေဒါက ၁၅ ဦး နဲ့ အမေရိကန် ၉ ဦး ရှိနေပါတယ်။ အီးယူမှာ လူနာ ၃၈ ဦးရှိကာ မေလ ၂ဝ ရက်ကစတင်ရေတွက်ပြီး ဗုဒ္ဓဟူးနေ့(မေလ ၂၅ ရက်)မှာ အစီရင်ခံတင်ပြချက်အရ ရောဂါဖြစ်ပွားမှုစုစုပေါင်း ငါးဆထိ တိုးလာခဲ့ကြောင်း တွေ့ရပါတယ်။
မျောက်ကျောက်ရောဂါဟာ ကူးစက်နိုင်ခြေအလွန်နည်းပါးကြောင်း ECDC မှ ယခုသီတင်းပတ်အစောပိုင်းမှာ ပြောကြားခဲ့သော်လည်း လိင်ဆက်ဆံဖော်အများအပြားရှိထားသူများမှာ အန္တရာယ်ပိုများကြောင်း သတိပေးခဲ့ပါတယ်။ မျောက်ကျောက်ရောဂါဟာ ကျောက်ရောဂါနဲ့ နှိုင်းယှဉ်ပါက ပိုမိုပြင်းထန်တဲ့ ရောဂါဖြစ်ပြီး အနောက်နဲ့ အလယ်ပိုင်းအာဖရိကရှိ နိုင်ငံပေါင်း ၁၁ နိုင်ငံမှာ အစုလိုက်ဖြစ်ပွားလျက်ရှိပါတယ်။ ရောဂါပိုးရှိသော တိရစ္ဆာန်ရဲ့ သွေး၊ အသား သိုမဟုတ် ခန္ဓာကိုယ်အရည်များနဲ့ တိုက်ရိုက်ထိတွေ့ခြင်းဖြင့် ပျံ့နှံသွားကာ ကနဦး လက္ခဏာများဖြစ်တဲ့ အဖုများ မထွက်ခင် အဖျားကြီးလေ့ရှိတယ်လို သိရပါတယ်။
ရောဂါပိုးရှိသူများရဲ့ လက်နဲ့မျက်နှာတို့မှာ ရေကျောက်ကဲ့ သို့ အဖုအပိန့်များ တွေ့ရလေ့ရှိပါတယ်။ ကုသဆေး မရှိသော်လည်း နှစ်ပတ်မှလေးပတ်အကြာမှာ ရောဂါလက္ခ ဏာများ ပျောက်သွားနိုင်ပြီး သေဆုံးနိုင်ခြေနည်းတယ်လို့ သိရပါတယ်။
https://economictimes.indiatimes.com/news/international/world-news/more-than-200-cases-of-monkeypox-worldwide-eu-disease-agency/articleshow/91800572.cms

zawgyi version
ကမာၻတစ္ဝန္း ေမ်ာက္ေက်ာက္ေရာဂါျဖစ္ပြားမႈ (၂ဝဝ) ေက်ာ္ထိရွိလာ
ေရာင္နီ (NP News) - ေမ ၂၆
ကမာၻတစ္ဝန္းမွာ ေမ်ာက္ေက်ာက္ေရာဂါ အတည္ျပဳလူနာ အေရအတြက္ ၂၁၉ ဦးအထိရွိလာခဲ့ေၾကာင္း ဥေရာပသမဂၢ ေရာဂါေအဂ်င္စီမွ ထုတ္ျပန္ေသာ ေနာက္ဆုံးသတင္းတစ္ ရပ္အရ သိရပါတယ္။
ဥေရာပမွာအမ်ားအားျဖင့္ ေမ်ာက္ေက်ာက္ေရာဂါဟာ ႏိုင္ငံတစ္ဒါဇင္ေက်ာ္မွာ အနည္းဆုံးအတည္ျပဳလူနာတစ္ဦးစီ အစီရင္ခံခဲ့ေၾကာင္း ဥေရာပေရာဂါကာကြယ္ေရးနဲ႔ ထိန္း ခ်ဳပ္ေရးစင္တာ (ECDC) မွ ဗုဒၶဟူးေန႔ (ေမလ ၂၅ ရက္) ညက ထုတ္ျပန္ေသာ ကူးစက္ေရာဂါဆိုင္ရာ မွတ္စုမွာ ေျပာၾကားခဲ့ပါတယ္။
“ဒီေရာဂါျဖစ္ပြားေနတဲ့ အာဖရိကနဲ႔ ကူးစက္ေရာဂါဆိုင္ရာ ဆက္စပ္မႈမရွိဘဲ ဥေရာပမွာ ဒီကူးစက္မႈကြင္းဆက္ေတြကို ပထမဆုံးအႀကိမ္ ေတြ႕လာရျခင္း ျဖစ္ပါတယ္”လို႔ ၎တို႔ရဲ႕မွတ္ခ်က္မွာ ေဖာ္ျပထားပါတယ္။ ျဖစ္ရပ္အမ်ားစုမွာ လိင္တူဆက္ဆံေသာ အမ်ိဳးသား လူငယ္မ်ားမွာေတြ႕ရွိခဲ့ရေၾကာင္းဆိုပါတယ္။
ေမလအေစာပိုင္းက ေမ်ာက္ေက်ာက္ရဲ႕ ပုံမွန္မဟုတ္ေသာ အသြင္အျပင္ကို ပထမဆုံးေတြ႕ရွိခဲ့တဲ့ ၿဗိတိန္ဟာ လက္ရွိ အတည္ျပဳလူနာ အမ်ားဆုံးျဖစ္ေနၿပီး ၇၁ ဦးထိ ရွိေနပါတယ္။ ၎ေနာက္မွာ စပိန္က ၅၉ ဦး၊ ေပၚတူဂီက ၃၇ ဦး၊ ဥေရာပအျပင္ဘက္ ကေနဒါက ၁၅ ဦး နဲ႔ အေမရိကန္ ၉ ဦး ရွိေနပါတယ္။ အီးယူမွာ လူနာ ၃၈ ဦးရွိကာ ေမလ ၂ဝ ရက္ကစတင္ေရတြက္ၿပီး ဗုဒၶဟူးေန႔(ေမလ ၂၅ ရက္)မွာ အစီရင္ခံတင္ျပခ်က္အရ ေရာဂါျဖစ္ပြားမႈစုစုေပါင္း ငါးဆထိ တိုးလာခဲ့ေၾကာင္း ေတြ႕ရပါတယ္။
ေမ်ာက္ေက်ာက္ေရာဂါဟာ ကူးစက္ႏိုင္ေျခအလြန္နည္းပါးေၾကာင္း ECDC မွ ယခုသီတင္းပတ္အေစာပိုင္းမွာ ေျပာၾကားခဲ့ေသာ္လည္း လိင္ဆက္ဆံေဖာ္အမ်ားအျပားရွိထားသူမ်ားမွာ အႏၲရာယ္ပိုမ်ားေၾကာင္း သတိေပးခဲ့ပါတယ္။ ေမ်ာက္ေက်ာက္ေရာဂါဟာ ေက်ာက္ေရာဂါနဲ႔ ႏႈိင္းယွဥ္ပါက ပိုမိုျပင္းထန္တဲ့ ေရာဂါျဖစ္ၿပီး အေနာက္နဲ႔ အလယ္ပိုင္းအာဖရိကရွိ ႏိုင္ငံေပါင္း ၁၁ ႏိုင္ငံမွာ အစုလိုက္ျဖစ္ပြားလ်က္ရွိပါတယ္။ ေရာဂါပိုးရွိေသာ တိရစာၦန္ရဲ႕ ေသြး၊ အသား သိုမဟုတ္ ခႏၶာကိုယ္အရည္မ်ားနဲ႔ တိုက္႐ိုက္ထိေတြ႕ျခင္းျဖင့္ ပ်ံ႕ႏွံသြားကာ ကနဦး လကၡဏာမ်ားျဖစ္တဲ့ အဖုမ်ား မထြက္ခင္ အဖ်ားႀကီးေလ့ရွိတယ္လို သိရပါတယ္။
ေရာဂါပိုးရွိသူမ်ားရဲ႕ လက္နဲ႔မ်က္ႏွာတို႔မွာ ေရေက်ာက္ကဲ့ သို႔ အဖုအပိန႔္မ်ား ေတြ႕ရေလ့ရွိပါတယ္။ ကုသေဆး မရွိေသာ္လည္း ႏွစ္ပတ္မွေလးပတ္အၾကာမွာ ေရာဂါလကၡ ဏာမ်ား ေပ်ာက္သြားႏိုင္ၿပီး ေသဆုံးႏိုင္ေျခနည္းတယ္လို႔ သိရပါတယ္။
https://economictimes.indiatimes.com/news/international/world-news/more-than-200-cases-of-monkeypox-worldwide-eu-disease-agency/articleshow/91800572.cms