ထောင်ဒဏ် ချမှတ်ခံရသည့် ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာကို ပြန်လည်လွှဲပြောင်းယူရန် ဘင်္ဂလားဒေ့ရှ်အစိုးရ ကြိုးပမ်း

 80

ဂျန်ဇက် (NP News) - ဇူလိုင် ၅
ဘင်္ဂလားဒေ့ရှ်အိမ်စောင့်အစိုးရသည် ရာထူးမှဖြုတ်ချခံရပြီးနောက် ထွက်ပြေးခဲ့သည့် ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာကို အိန္ဒိယနိုင်ငံထံမှ တရားဝင်လွှဲပြောင်းရယူရန် စတင်ကြိုးပမ်းလာခဲ့ကြောင်း အိန္ဒိယအခြေစိုက် သတင်းများတွင် ဖော်ပြထားသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ နိုင်ငံတကာရာဇဝတ်တရားရုံး (ICT) သည် ပြီးခဲ့သည့် ဇူလိုင် (၂)ရက်တွင် ဝန်ကြီးချုပ် ဟောင်းရှိတ်ဟာစီနာကို ထောင်ဒဏ် (၆)လကျခံရန် မျက်ကွယ်ဆုံးဖြတ်ခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ်အိမ်စောင့် အစိုးရက ပြန်လည်လွှဲပြောင်းယူရန် ကြိုးပမ်းလာခြင်းဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာန အကြီးအကဲ တူဟစ် ဟူစိန်သည် ရှိတ်ဟာစီနာကိုပြန်လည်လွှဲပြောင်းပေးရန် ဇူလိုင် (၃)ရက်တွင် တရားဝင်တောင်း ဆိုလိုက်ကြောင်း သိရသည်။
တူဟစ်ဟူစိန်က ‘‘ကျွန်တော်တို့ဟာ ရှိတ်ဟာစီနာကိုပြန်လည်လွှဲပြောင်းပေးဖို့ အိန္ဒိယအစိုးရကို တရားဝင် စာပို့ခဲ့တယ်။ လိုအပ်တဲ့အရာအားလုံးကို လိုက်နာဆောင်ရွက်သွားမယ်” ဟုပြောသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ပြီးခဲ့သည့်နှစ်က ဖြစ်ပွားခဲ့သည့် တက္ကသိုလ်ကျောင်းသားများဦးဆောင်သော ဆန္ဒပြပွဲများ အတွင်း ရှိတ်ဟာစီနာသည် ဝန်ကြီးချုပ်ရာထူးမှဖြုတ်ချခံခဲ့ရကြောင်း သိရသည်။ လက်ရှိအချိန်တွင် ရှိတ်ဟာစီနာကို ဆန္ဒပြပွဲအတွင်း လူအများအပြား သေဆုံးစေရန် စီစဉ်òန်ကြားမှုများဖြင့်စွဲချက်တင်ခံထားရကြောင်း သိရသည်။ ရှိတ်ဟာစီနာ၏ ပါတီဖြစ်သော အေဝါမီလိဂ်ပါက တရားရုံး၏ ဆုံးဖြတ်ချက်ကို ပြစ်တင်ရှုတ်ချခဲ့ပြီး ဆုံးဖြတ်ချက်က နိုင်ငံလွတ်လပ်ရေးကို ဆန့်ကျင်သည့်အင်အားစုများမှ ကြိုးကိုင် ထားသည့်အတုယောင်ဆုံးဖြတ်ချက်ဖြစ်ကြောင်း ဝေဖန်ထားသည်။
ပြီးခဲ့သည့် (၂၀၂၄)ခုနှစ် ဩဂုတ်လ (၅)ရက်တွင် အိန္ဒိယနိုင်ငံသို့ ရှိတ်ဟာစီနာ ထွက်ပြေးခဲ့ပြီးနောက် နိုဘယ်ဆု ရှင်တစ်ဦးဖြစ်သော မိုဟာမက်ယူနွတ် ဦးဆောင်သည့်အသွင်ကူးပြောင်းရေးအစိုးရအဖွဲ့ကို ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

Zawgyi Version:
ေထာင္ဒဏ္ ခ်မွတ္ခံရသည့္ ဝန္ႀကီးခ်ဳပ္ေဟာင္း ရွိတ္ဟာစီနာကို ျပန္လည္လႊဲေျပာင္းယူရန္ ဘဂၤလားေဒ့ရွ္အစိုးရ ႀကိဳးပမ္း
ဂ်န္ဇက္ (NP News) - ဇူလိုင္ ၅
ဘဂၤလားေဒ့ရွ္အိမ္ေစာင့္အစိုးရသည္ ရာထူးမွျဖဳတ္ခ်ခံရၿပီးေနာက္ ထြက္ေျပးခဲ့သည့္ ဝန္ႀကီးခ်ဳပ္ေဟာင္း ရွိတ္ဟာစီနာကို အိႏၵိယႏိုင္ငံထံမွ တရားဝင္လႊဲေျပာင္းရယူရန္ စတင္ႀကိဳးပမ္းလာခဲ့ေၾကာင္း အိႏၵိယအေျခစိုက္ သတင္းမ်ားတြင္ ေဖာ္ျပထားသည္။
ဘဂၤလားေဒ့ရွ္ႏိုင္ငံ၏ ႏိုင္ငံတကာရာဇဝတ္တရား႐ုံး (ICT) သည္ ၿပီးခဲ့သည့္ ဇူလိုင္ (၂)ရက္တြင္ ဝန္ႀကီးခ်ဳပ္ ေဟာင္းရွိတ္ဟာစီနာကို ေထာင္ဒဏ္ (၆)လက်ခံရန္ မ်က္ကြယ္ဆုံးျဖတ္ခဲ့ၿပီးေနာက္ ဘဂၤလားေဒ့ရွ္အိမ္ေစာင့္ အစိုးရက ျပန္လည္လႊဲေျပာင္းယူရန္ ႀကိဳးပမ္းလာျခင္းျဖစ္သည္။ ဘဂၤလားေဒ့ရွ္ႏိုင္ငံျခားေရးဝန္ႀကီးဌာန အႀကီးအကဲ တူဟစ္ ဟူစိန္သည္ ရွိတ္ဟာစီနာကိုျပန္လည္လႊဲေျပာင္းေပးရန္ ဇူလိုင္ (၃)ရက္တြင္ တရားဝင္ေတာင္း ဆိုလိုက္ေၾကာင္း သိရသည္။
တူဟစ္ဟူစိန္က ‘‘ကြၽန္ေတာ္တို႔ဟာ ရွိတ္ဟာစီနာကိုျပန္လည္လႊဲေျပာင္းေပးဖို႔ အိႏၵိယအစိုးရကို တရားဝင္ စာပို႔ခဲ့တယ္။ လိုအပ္တဲ့အရာအားလုံးကို လိုက္နာေဆာင္႐ြက္သြားမယ္” ဟုေျပာသည္။
ဘဂၤလားေဒ့ရွ္ႏိုင္ငံတြင္ ၿပီးခဲ့သည့္ႏွစ္က ျဖစ္ပြားခဲ့သည့္ တကၠသိုလ္ေက်ာင္းသားမ်ားဦးေဆာင္ေသာ ဆႏၵျပပြဲမ်ား အတြင္း ရွိတ္ဟာစီနာသည္ ဝန္ႀကီးခ်ဳပ္ရာထူးမွျဖဳတ္ခ်ခံခဲ့ရေၾကာင္း သိရသည္။ လက္ရွိအခ်ိန္တြင္ ရွိတ္ဟာစီနာကို ဆႏၵျပပြဲအတြင္း လူအမ်ားအျပား ေသဆုံးေစရန္ စီစဥ္òန္ၾကားမႈမ်ားျဖင့္စြဲခ်က္တင္ခံထားရေၾကာင္း သိရသည္။ ရွိတ္ဟာစီနာ၏ ပါတီျဖစ္ေသာ ေအဝါမီလိဂ္ပါက တရား႐ုံး၏ ဆုံးျဖတ္ခ်က္ကို ျပစ္တင္ရႈတ္ခ်ခဲ့ၿပီး ဆုံးျဖတ္ခ်က္က ႏိုင္ငံလြတ္လပ္ေရးကို ဆန႔္က်င္သည့္အင္အားစုမ်ားမွ ႀကိဳးကိုင္ ထားသည့္အတုေယာင္ဆုံးျဖတ္ခ်က္ျဖစ္ေၾကာင္း ေဝဖန္ထားသည္။
ၿပီးခဲ့သည့္ (၂၀၂၄)ခုႏွစ္ ဩဂုတ္လ (၅)ရက္တြင္ အိႏၵိယႏိုင္ငံသို႔ ရွိတ္ဟာစီနာ ထြက္ေျပးခဲ့ၿပီးေနာက္ ႏိုဘယ္ဆုရွင္တစ္ဦးျဖစ္ေသာ မိုဟာမက္ယူႏြတ္ ဦးေဆာင္သည့္အသြင္ကူးေျပာင္းေရးအစိုးရအဖြဲ႕ကို ဖြဲ႕စည္းခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.