ရွှေမှောင်ခိုကုန်ကူးမှုတွင် ဘီမန်းလေကြောင်းလိုင်း ဝန်ထမ်းအချို့ ပါဝင်ပတ်သက်နေဟု ဘင်္ဂလားဒေ့ရှ်ဝန်ကြီးဝန်ခံ

 1137

Htay Oung (NP News) - မေ ၂၇
Biman ဘီမန်းလေကြောင်း ဝန်ထမ်းအချို့ဟာ ရွှေမှောင်ခိုကုန်ကူးရာမှာ သံသယဖြစ်ဖွယ်တွေ့ရှိရတယ်လို့ ဘင်္ဂလားဒေ့ရှ်လေကြောင်းနှင့် ခရီးသွားလာရေးဆိုင်ရာဝန်ကြီး မန်ဘတ်အလီက ပြောဆိုကြောင်း Dhaka Tribune က မေလ ၂၆ ရက်က ရေးသားပါတယ်။

ဗုဒ္ဓဟူးနေ့(မေလ ၂၅ ရက်)မှာ ထိန်းသိမ်းခံရပြီး ရာထူးမှဆိုင်းငံ့ခံထားရတဲ့ အဗ္ဗဒူလ်အဟက်ဒ်ဟာ အခြားဝန်ထမ်းအချို့နဲ့လည်း အဆက်အ သွယ်ရှိကြောင်း ကြာသပတေးနေ့(မေလ ၂၆ ရက်) ဘီမန်းလေကြောင်းဧည့်ခံကျွေးမွေးမှုဆိုင်ရာစင်တာ (BFCC) ကို သွားရောက်လည်ပတ်ပြီးနောက် ဝန်ကြီးအလီက ပြောပြပါတယ်။

အဗ္ဗဒူလ်အဟက်ဒ်ရဲ့ အမှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ ကော်မတီတစ်ရပ်ဖွဲ့စည်းထားပြီးဖြစ်ကြောင်းနဲ့ ပါဝင်ပတ်သက်သူ မည်သူမျှ လွတ်မြောက်မှာမဟုတ်ကြောင်း ဝန်ကြီးက သတိပေးပါတယ်။

ရွှေမှောင်ခို ကုန်ကူးနေကြောင်း အခြားလေကြောင်းလိုင်းများမှလည်း တိုင်ကြားထားပြီး အလားတူကိစ္စမျိုး ထပ် မံ မဖြစ်ပွားစေရန် အရေးယူသွားမည်ဖြစ်ကြောင်း လေကြောင်းနှင့်ခရီးသွားလာရေးဆိုင်ရာဝန်ကြီးက ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ရွှေမှောင်ခိုကုန်ကူးတဲ့ ကိစ္စမှာ ပြည်ပမှလာရောက်လှုပ်ရှားနေတဲ့ ဂိုဏ်းတစ်ခုလည်း ပါဝင်နေကြောင်း၊ ဒုစရိုက်မှုကို တားဆီးနိုင်ရေးအတွက် အဲ့ဒီဂိုဏ်းတွေကို ဖော်ထုတ်ရာမှာ အကူအညီပေးဖို့ သက်ဆိုင်ရာနိုင်ငံတွေဆီကို သွားရောက်ဖို့ ရှိကြောင်း မြို့ပြလေကြောင်းနှင့် ခရီးသွားလာရေး ဝန်ကြီးဌာန အတွင်းဝန်ကလည်း ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တုန်းက အခြားဘီမန်းအရာရှိတစ်ဦးဖြစ်သူ BFCC (လုပ်ငန်းဆောင်ရွက်မှု) လက်ထောက်မန်နေဂျာ မန်မူနွာရာရှစ်ဒ်ဟာ ရွှေမှောင်ခိုကုန်ကူးမှုမှာ ပါဝင်ကြောင်း တွေ့ရှိတဲ့အတွက် ရက်ပေါင်း ၉ဝ လစာပေးပြီး အလုပ်မှာ ထုတ်ပယ်ခဲ့ပါတယ်။ ဒါပေမဲ့လဲ သူ့ကို ဥပဒေကြောင်းအရ အရေးယူတာမရှိခဲ့ပါဘူး။

ဘီမန်းလေကြောင်းလိုင်းရဲ့ အထူးသဖြင့် အရှေ့အလယ်ပိုင်း ခရီးစဉ်များမှာ ရွှေချောင်းအရေအတွက် အတော်များများကို ဖမ်းဆီးရမိတဲ့သတင်းများ အကြိမ်ကြိမ်ထွက်ပေါ်ခဲ့ပါတယ်။ ဘီမန်းအာဏာပိုင်များဟာ အ ကျင့်ပျက်ဝန်ထမ်းများကို အကာအကွယ်ပေးနေတယ်လို့ လေကြောင်းလိုင်းအတွင်းမှာ စွပ်စွဲမှုများထွက်ပေါ်လျက်ရှိပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံအဖြစ် လွတ်လပ်ရေးရရပြီးနောက် ၁၉၇၂ ခုနှစ်မှာ ဒါကာနိုင်ငံတကာလေဆိပ်အခြေစိုက် ဘီမန်းအမျိုးသားလေကြောင်းလိုင်းကို စတင်ထူထောင်ခဲ့ပါတယ်။ တည်ထောင်စမှာ ဘင်္ဂလားဒေ့ရှ်အစိုးရက ရာနှုန်းပြည့် ပိုင်ဆိုင်ပါတယ်။ စတင်ဖွဲ့စည်းပြီး ဆယ်စုနှစ်များအ တွင်း လေယာဉ်နဲ့ခရီးစဉ်များ တိုးချဲ့ပျံသန်းခဲ့ပေမဲ့ လွဲမှားတဲ့ စီမံခန့်ခွဲမှုနဲ့ အကျင့်ပျက်ခြစားမှုတို့ကြောင့် လေကြောင်းလိုင်းအနေနဲ့ ဆိုးရွားစွာ ထိခိုက်ခဲ့ရပါတယ်။ ၂ဝဝ၇ ခုနှစ်မှာ အများပိုင်လီမီတက်ကုမ္ပဏီအဖြစ် ပြောင်းလဲခဲ့ပြီး ဝန်ထမ်းအရေအတွက် လျော့ချခြင်း လေယာဉ်သစ်များ ဝယ်ယူဖြည့်ဆည်းခြင်းများ ပြုလုပ်ခဲ့ပါတယ်။

လောလောဆယ် လေယာဉ် ၂၁ စီးနဲ့ ခရီးစဉ်ပေါင်း ၂၅ ခုတို့မှာ ပျံသန်းလျက်ရှိပြီး နှစ်စဉ်တိုးတက်မှု ၈ ရာနှုန်းရှိနေတဲ့ ဘင်္ဂလားဒေ့ရှ်လေ ကြောင်း သယ်ယူပို့ဆောင်ရေးမှာ ဘီမန်းနဲ့ အခြားပုဂ္ဂလိက လေ ကြောင်းလိုင်းတို့ရဲ့ ပြိုင်ဆိုင်မှုဟာ ပြင်းထန်လျက်ရှိနေပါတယ်။

https://www.dhakatribune.com/bangladesh/2022/05/26/state-minister-acknowledges-biman-employees-involvement-in-gold-smuggling

zawgyi version
ေ႐ႊေမွာင္ခိုကုန္ကူးမႈတြင္ ဘီမန္းေလေၾကာင္းလိုင္း ဝန္ထမ္းအခ်ိဳ႕ ပါဝင္ပတ္သက္ေနဟု ဘဂၤလားေဒ့ရွ္ဝန္ႀကီးဝန္ခံ
Htay Oung (NP News) - ေမ ၂၇

Biman ဘီမန္းေလေၾကာင္း ဝန္ထမ္းအခ်ိဳ႕ဟာ ေ႐ႊေမွာင္ခိုကုန္ကူးရာမွာ သံသယျဖစ္ဖြယ္ေတြ႕ရွိရတယ္လို႔ ဘဂၤလားေဒ့ရွ္ေလေၾကာင္းႏွင့္ ခရီးသြားလာေရးဆိုင္ရာဝန္ႀကီး မန္ဘတ္အလီက ေျပာဆိုေၾကာင္း Dhaka Tribune က ေမလ ၂၆ ရက္က ေရးသားပါတယ္။

ဗုဒၶဟူးေန႔(ေမလ ၂၅ ရက္)မွာ ထိန္းသိမ္းခံရၿပီး ရာထူးမွဆိုင္းငံ့ခံထားရတဲ့ အဗၺဒူလ္အဟက္ဒ္ဟာ အျခားဝန္ထမ္းအခ်ိဳ႕နဲ႔လည္း အဆက္အ သြယ္ရွိေၾကာင္း ၾကာသပေတးေန႔(ေမလ ၂၆ ရက္) ဘီမန္းေလေၾကာင္းဧည့္ခံေကြၽးေမြးမႈဆိုင္ရာစင္တာ (BFCC) ကို သြားေရာက္လည္ပတ္ၿပီးေနာက္ ဝန္ႀကီးအလီက ေျပာျပပါတယ္။

အဗၺဒူလ္အဟက္ဒ္ရဲ႕ အမႈနဲ႔ပတ္သက္ၿပီး စုံစမ္းစစ္ေဆးဖို႔ ေကာ္မတီတစ္ရပ္ဖြဲ႕စည္းထားၿပီးျဖစ္ေၾကာင္းနဲ႔ ပါဝင္ပတ္သက္သူ မည္သူမွ် လြတ္ေျမာက္မွာမဟုတ္ေၾကာင္း ဝန္ႀကီးက သတိေပးပါတယ္။

ေ႐ႊေမွာင္ခို ကုန္ကူးေနေၾကာင္း အျခားေလေၾကာင္းလိုင္းမ်ားမွလည္း တိုင္ၾကားထားၿပီး အလားတူကိစၥမ်ိဳး ထပ္ မံ မျဖစ္ပြားေစရန္ အေရးယူသြားမည္ျဖစ္ေၾကာင္း ေလေၾကာင္းႏွင့္ခရီးသြားလာေရးဆိုင္ရာဝန္ႀကီးက ဆိုပါတယ္။

ဘဂၤလားေဒ့ရွ္ႏိုင္ငံအတြင္း ေ႐ႊေမွာင္ခိုကုန္ကူးတဲ့ ကိစၥမွာ ျပည္ပမွလာေရာက္လႈပ္ရွားေနတဲ့ ဂိုဏ္းတစ္ခုလည္း ပါဝင္ေနေၾကာင္း၊ ဒုစ႐ိုက္မႈကို တားဆီးႏိုင္ေရးအတြက္ အဲ့ဒီဂိုဏ္းေတြကို ေဖာ္ထုတ္ရာမွာ အကူအညီေပးဖို႔ သက္ဆိုင္ရာႏိုင္ငံေတြဆီကို သြားေရာက္ဖို႔ ရွိေၾကာင္း ၿမိဳ႕ျပေလေၾကာင္းႏွင့္ ခရီးသြားလာေရး ဝန္ႀကီးဌာန အတြင္းဝန္ကလည္း ေျပာပါတယ္။

ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလ ၁၃ ရက္ေန႔တုန္းက အျခားဘီမန္းအရာရွိတစ္ဦးျဖစ္သူ BFCC (လုပ္ငန္းေဆာင္႐ြက္မႈ) လက္ေထာက္မန္ေနဂ်ာ မန္မူႏြာရာရွစ္ဒ္ဟာ ေ႐ႊေမွာင္ခိုကုန္ကူးမႈမွာ ပါဝင္ေၾကာင္း ေတြ႕ရွိတဲ့အတြက္ ရက္ေပါင္း ၉ဝ လစာေပးၿပီး အလုပ္မွာ ထုတ္ပယ္ခဲ့ပါတယ္။ ဒါေပမဲ့လဲ သူ႔ကို ဥပေဒေၾကာင္းအရ အေရးယူတာမရွိခဲ့ပါဘူး။

ဘီမန္းေလေၾကာင္းလိုင္းရဲ႕ အထူးသျဖင့္ အေရွ႕အလယ္ပိုင္း ခရီးစဥ္မ်ားမွာ ေ႐ႊေခ်ာင္းအေရအတြက္ အေတာ္မ်ားမ်ားကို ဖမ္းဆီးရမိတဲ့သတင္းမ်ား အႀကိမ္ႀကိမ္ထြက္ေပၚခဲ့ပါတယ္။ ဘီမန္းအာဏာပိုင္မ်ားဟာ အ က်င့္ပ်က္ဝန္ထမ္းမ်ားကို အကာအကြယ္ေပးေနတယ္လို႔ ေလေၾကာင္းလိုင္းအတြင္းမွာ စြပ္စြဲမႈမ်ားထြက္ေပၚလ်က္ရွိပါတယ္။

ဘဂၤလားေဒ့ရွ္ႏိုင္ငံအျဖစ္ လြတ္လပ္ေရးရရၿပီးေနာက္ ၁၉၇၂ ခုႏွစ္မွာ ဒါကာႏိုင္ငံတကာေလဆိပ္အေျခစိုက္ ဘီမန္းအမ်ိဳးသားေလေၾကာင္းလိုင္းကို စတင္ထူေထာင္ခဲ့ပါတယ္။ တည္ေထာင္စမွာ ဘဂၤလားေဒ့ရွ္အစိုးရက ရာႏႈန္းျပည့္ ပိုင္ဆိုင္ပါတယ္။ စတင္ဖြဲ႕စည္းၿပီး ဆယ္စုႏွစ္မ်ားအ တြင္း ေလယာဥ္နဲ႔ခရီးစဥ္မ်ား တိုးခ်ဲ႕ပ်ံသန္းခဲ့ေပမဲ့ လြဲမွားတဲ့ စီမံခန႔္ခြဲမႈနဲ႔ အက်င့္ပ်က္ျခစားမႈတို႔ေၾကာင့္ ေလေၾကာင္းလိုင္းအေနနဲ႔ ဆိုး႐ြားစြာ ထိခိုက္ခဲ့ရပါတယ္။ ၂ဝဝ၇ ခုႏွစ္မွာ အမ်ားပိုင္လီမီတက္ကုမၸဏီအျဖစ္ ေျပာင္းလဲခဲ့ၿပီး ဝန္ထမ္းအေရအတြက္ ေလ်ာ့ခ်ျခင္း ေလယာဥ္သစ္မ်ား ဝယ္ယူျဖည့္ဆည္းျခင္းမ်ား ျပဳလုပ္ခဲ့ပါတယ္။

ေလာေလာဆယ္ ေလယာဥ္ ၂၁ စီးနဲ႔ ခရီးစဥ္ေပါင္း ၂၅ ခုတို႔မွာ ပ်ံသန္းလ်က္ရွိၿပီး ႏွစ္စဥ္တိုးတက္မႈ ၈ ရာႏႈန္းရွိေနတဲ့ ဘဂၤလားေဒ့ရွ္ေလ ေၾကာင္း သယ္ယူပို႔ေဆာင္ေရးမွာ ဘီမန္းနဲ႔ အျခားပုဂၢလိက ေလ ေၾကာင္းလိုင္းတို႔ရဲ႕ ၿပိဳင္ဆိုင္မႈဟာ ျပင္းထန္လ်က္ရွိေနပါတယ္။

https://www.dhakatribune.com/bangladesh/2022/05/26/state-minister-acknowledges-biman-employees-involvement-in-gold-smuggling

Related news

© 2021. All rights reserved.