ညောင်ဦးတွင် Grade-12 စာမေးပွဲပြန်ဖြေမည့် ကျောင်းသား၊ ကျောင်းသူများ၏ မိဘများကို PDF အကြမ်းဖက်အဖွဲ့က ခြိမ်းခြောက်

378

NP News - ဇွန် ၁၆
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ သိရိမင်္ဂလာရပ်တွင် ပြီးခဲ့သည့် ဇွန်လ ၁၄ ရက်၊ နံနက် ၉ နာရီခန့်က Grade-12 တက္ကသိုလ်ဝင်စာမေးပွဲအား ပြန်လည်ဖြေဆိုရန် ရောက်ရှိတည်းခိုနေသည့် ကျောင်းသားသူများ၏ မိဘများကို PDF အဖွဲ့က ခြိမ်းခြောက်ခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ညောင်ဦးမြို့နယ်၊ ကုလားတဲကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲမှ Grade-12 စာမေးပွဲ ပြန်ဖြေမည့် ကျောင်းသား၊ ကျောင်းသူ (၉) ဦးအနက် မခင်သက်ထား၊ မဂျူးဂျူးစုလှိုင်၊ မတိုးအိဝေ၊ မယမင်းသူ၊ မမြမြသက်၊ မောင်ချမ်းမြေ့အောင်တို့ (၆)ဦးတို့၏ မိဘများအား PDF အကြမ်းဖက်အဖွဲ့က ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ခြိမ်းခြောက်ခံရမှုကြော်င့ ကျောင်းသားမိဘများက ၎င်းတို့၏ သား၊ သမီးများအား တည်းခိုသည့် နေရာမှပြန်လည်ခေါ်ဆောင် သွားကြောင်းနှင့် ကျန်ရှိသည့် မောင်အာကာချမ်းမြေ့ကျော်၊ မောင်ထွန်းနိုင်လင်းနှင့်၊ မောင်တင်ဦးလှိုင်တို့ (၃) ဦးအား ၎င်းတို့၏ မိဘများက လာရောက်ခေါ်ဆောင်မည်ဖြစ်ကြောင်း သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲပြန်လည်ဖြေဆိုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထို့ကြောင့် ကျောင်းသားမိဘများအား ခြိမ်းခြောက်ခြင်း များလုပ်ဆောင်ခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
PDF အဖွဲ့များသည် နိုင်ငံ့မျိုးဆက်သစ်ကလေးငယ်များ၏ ပညာရေးတိုးတက်မြင့်မားစေရန် အခြေခံပညာစာသင်ကျောင်းများဖွင့်လှစ်သင် ကြားနေမှုအား နှောင့်ယှက်ဖျက်ဆီးလိုသည့် ရည်ရွယ်ချက်ဖြင့် ကျောင်းသုံးပုံနှိပ်စာအုပ်များနှင့် စာရေးကိရိယာများအား လုယက်ယူ ဆောင်ဖျက်ဆီးခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း နစက၏ ထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် ပညာရေးဝန်ထမ်းများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများအား ခြိမ်းခြောက်စာများ ပေးပို့ခြင်း၊ ခြိမ်းခြောက် ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ ပညာရေးဆိုင်ရာ အဆောက်အအုံများအား မိုင်းထောင်ဖောက်ခွဲခြင်း စသည့် လုပ်ရပ်များကိုလည်း လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

Zawgyi Version:
ေညာင္ဦးတြင္ Grade-12 စာေမးပြဲျပန္ေျဖမည့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ား၏ မိဘမ်ားကို PDF အၾကမ္းဖက္အဖြဲ႕က ၿခိမ္းေျခာက္
NP News - ဇြန္ ၁၆
မႏၲေလးတိုင္းေဒသႀကီး၊ ေညာင္ဦးၿမိဳ႕နယ္၊ အမွတ္(၁)ရပ္ကြက္၊ သိရိမဂၤလာရပ္တြင္ ၿပီးခဲ့သည့္ ဇြန္လ ၁၄ ရက္၊ နံနက္ ၉ နာရီခန႔္က Grade-12 တကၠသိုလ္ဝင္စာေမးပြဲအား ျပန္လည္ေျဖဆိုရန္ ေရာက္ရွိတည္းခိုေနသည့္ ေက်ာင္းသားသူမ်ား၏ မိဘမ်ားကို PDF အဖြဲ႕က ၿခိမ္းေျခာက္ခဲ့ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။
ေညာင္ဦးၿမိဳ႕နယ္၊ ကုလားတဲေက်း႐ြာ အေျခခံပညာအထက္တန္းေက်ာင္းခြဲမွ Grade-12 စာေမးပြဲ ျပန္ေျဖမည့္ ေက်ာင္းသား၊ ေက်ာင္းသူ (၉) ဦးအနက္ မခင္သက္ထား၊ မဂ်ဴးဂ်ဴးစုလႈိင္၊ မတိုးအိေဝ၊ မယမင္းသူ၊ မျမျမသက္၊ ေမာင္ခ်မ္းေျမ့ေအာင္တို႔ (၆)ဦးတို႔၏ မိဘမ်ားအား PDF အၾကမ္းဖက္အဖြဲ႕က ၿခိမ္းေျခာက္ခဲ့ေၾကာင္း သိရသည္။
ထိုသို႔ ၿခိမ္းေျခာက္ခံရမႈေၾကာ္င့ ေက်ာင္းသားမိဘမ်ားက ၎တို႔၏ သား၊ သမီးမ်ားအား တည္းခိုသည့္ ေနရာမွျပန္လည္ေခၚေဆာင္ သြားေၾကာင္းႏွင့္ က်န္ရွိသည့္ ေမာင္အာကာခ်မ္းေျမ့ေက်ာ္၊ ေမာင္ထြန္းႏိုင္လင္းႏွင့္၊ ေမာင္တင္ဦးလႈိင္တို႔ (၃) ဦးအား ၎တို႔၏ မိဘမ်ားက လာေရာက္ေခၚေဆာင္မည္ျဖစ္ေၾကာင္း သိရွိရသျဖင့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက သက္ဆိုင္ရာတာဝန္ရွိသူမ်ားႏွင့္ ေပါင္းစပ္ညႇိႏႈိင္း၍ ေက်ာင္းသား၊ ေက်ာင္းသူမ်ား စာေမးပြဲျပန္လည္ေျဖဆိုႏိုင္ေရး စီစဥ္ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ေက်ာင္းသားမိဘမ်ားအား ၿခိမ္းေျခာက္ျခင္း မ်ားလုပ္ေဆာင္ခဲ့သည့္ အၾကမ္းဖက္သမားမ်ားအား ဖမ္းဆီးအေရးယူႏိုင္ေရးႏွင့္ နယ္ေျမေဒသတည္ၿငိမ္ေအးခ်မ္းေရးအတြက္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက လိုအပ္သည့္ လုံၿခဳံေရးလုပ္ငန္းစဥ္မ်ားႏွင့္အညီ ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း သိရသည္။
PDF အဖြဲ႕မ်ားသည္ ႏိုင္ငံ့မ်ိဳးဆက္သစ္ကေလးငယ္မ်ား၏ ပညာေရးတိုးတက္ျမင့္မားေစရန္ အေျခခံပညာစာသင္ေက်ာင္းမ်ားဖြင့္လွစ္သင္ ၾကားေနမႈအား ေႏွာင့္ယွက္ဖ်က္ဆီးလိုသည့္ ရည္႐ြယ္ခ်က္ျဖင့္ ေက်ာင္းသုံးပုံႏွိပ္စာအုပ္မ်ားႏွင့္ စာေရးကိရိယာမ်ားအား လုယက္ယူ ေဆာင္ဖ်က္ဆီးျခင္းမ်ား လုပ္ေဆာင္လ်က္ရွိေၾကာင္း နစက၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ထို႔ျပင္ ပညာေရးဝန္ထမ္းမ်ား၊ ေက်ာင္းသားမိဘမ်ားႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား ၿခိမ္းေျခာက္စာမ်ား ေပးပို႔ျခင္း၊ ၿခိမ္းေျခာက္ ဖမ္းဆီးျခင္း၊ သတ္ျဖတ္ျခင္း၊ ပညာေရးဆိုင္ရာ အေဆာက္အအုံမ်ားအား မိုင္းေထာင္ေဖာက္ခြဲျခင္း စသည့္ လုပ္ရပ္မ်ားကိုလည္း လုပ္ေဆာင္လ်က္ရွိေၾကာင္း သိရသည္။