အခကြေးငွေ သိန်း(၂၀)ယူ၍ လုယက်ယောင်ဆောင်ခဲ့သူများအား ဥပဒေအရ အရေယူထား

 786

Pearl (NP News) - မတ် ၁၇

အခကြေးငွေ သိန်း(၂၀)ယူ၍ လုယက်ယောင်ဆောင်ခဲ့သူများအား ဥပဒေအရ အရေယူထားကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။

ပြီးခဲ့သည့် မတ် (၁၅) ရက်က ရေးဖွင့်ခဲ့သည့် အမှုနှင့် ပတ်သက်၍ ကျူးလွန်သူအား အမြန်ဆုံးဖော်ထုတ်ဖမ်းဆီးနိုင်ရေးနှင့် သက်သေခံပစ္စည်းများ သိမ်းဆည်းနိုင်ရေးတို့အတွက် ဆောင်ရွက်ခဲ့ရာ CCTV မှတ်တမ်းအရ အခင်းဖြစ်စဉ်တွင်အသုံးပြုခဲ့သည့် ယာဉ်မှာ ၇၆ လမ်းမှ ၉ လမ်းအတိုင်း အရှေ့မှ အနောက်သို့ မောင်းနှင်လာပြီး ၇၆(အေ)လမ်းနှင့် ၉ လမ်းထောင့်တွင် ၁၅၄၁ အချိန်၌ ရပ်တန့်ခဲ့ပြီး အခင်းဖြစ်နေအိမ်လမ်းကြားဘက်သို့ လူငယ်(၂)ဦးမှ ကားပေါ်မှဆင်းကာ ခြေလျင် လျှောက်သွားသည်ကို မြင်တွေ့ရပြီး အခင်းဖြစ်နေအိမ်လမ်းကြားဘက်မှ ပြန်ထွက်လာကာ ယာဉ်ဖြင့် ၉ လမ်းအတိုင်း အနောက်ဘက်(၇၈ လမ်းဘက်) သို့ မောင်းနှင်သွားသည်ကို တွေ့ရှိရ၍ ၇၈ လမ်းပေါ်ရှိ CCTV မှတ်တမ်းများအားလိုက်လံ ကြည့်ရှုစစ်ဆေးခဲ့ရာ ယာဉ်မှာ ၇၈ လမ်းမှ အရှေ့ဘက်(၁၀ လမ်းအတွင်း)သို့ ဆက်လက်မောင်းနှင်သွားခဲ့သဖြင့် ထိုနေရာသို့ လိုက်လံစုံစမ်းရှာဖွေခဲ့ရာ ယာဉ်အား ညောင်ကွဲရပ်ကွက်၊ အကွက်(၂)အတွင်းရှိ လမ်းဘေးတွင် ရပ်တန့်ထားသည်ကို တွေ့ရရှိရ၍ ပိုင်ရှင်အားစုံစမ်းရာ ယာဉ်ပိုင်ရှင်မှာ ထော်လာဂျီယာဉ် အရောင်းအဝယ်လုပ်ကိုင်သူ စည်သူ၊(၃၈)နှစ်ဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းအား ခေါ်ယူတွေ့ဆုံ၍ ရဲစခန်းသို့ ဆက်လက်ခေါ်ဆောင်ကာ ဖြစ်စဉ်နှင့်ပတ်သက်၍ စစ်ဆေးမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

၄င်းအား စစ်ဆေးရာ လွန်ခဲ့သည့်(၁၀)ရက်ခန့်က ၎င်း၏ဇနီး မညိုနွဲ့(ခ)မနှင်းဆီနှင့် ခင်မင်ရင်းနှီးသူ အမရဌာနီ အရှေ့ရပ်ကွက်နေ မနှင်းနုခိုင်မှ ၎င်းတွင် အကြွေးများ များပြားနေသဖြင့် ၎င်း၏နေအိမ်အား သူခိုး ခိုးသယောင် အယောင်ဆောင်ပြုလုပ်ပေးရန်၊ လုပ်ဆောင်ခအဖြစ် ငွေကျပ်သိန်း(၂၅/၃၀)ပေးမည် ဖြစ်ကြောင်း၊ အကူအညီမရနိုင်ပါက ၎င်းမှ မိမိကိုယ်မိမိသတ်သေမည်ဖြစ်ကြောင်း၊ အားဆေးများ လည်းဝယ်ထားပြီးဖြစ်ကြောင်း ပြောဆို အကူအညီတောင်းခံလာသဖြင့် စည်သူမှ မနှင်းနုခိုင်တွင် ကလေးငယ် (၃)ဦးရှိနေပြီး အားဆေးများ အဆမတန်သောက်ကာ သတ်သေမည်စိုးရိမ်သဖြင့်၄င်း၏ အသိဖြစ်သူ ကျော်ခန့်ဟိန်း၊ အောင်မျိုးခန့်(ခ)ကိုခန့်တို့နှင့်အတူ မနှင်းနုခိုင်၏ နေအိမ်သို့ ၎င်းပိုင်အဖြူရောင်ယာဉ်ဖြင့် လိုက်ပါပို့ဆောင်ပေးခဲ့ပြီး ယာဉ်အား ၇၆(အေ)လမ်းနှင့် ၉လမ်းထောင့်တွင် ရပ်တန့်ပြီး ကျော်ခန့်ဟိန်းနှင့် အောင်မျိုးခန့်(ခ)ကိုခန့်တို့အား ယာဉ်ပေါ်မှဆင်း၍ လမ်းလျှောက်သွားစေပြီး ၎င်းမှာ ယာဉ်ပေါ်မှ စောင့်ဆိုင်းနေခဲ့ကြောင်း၊ ခဏအကြာ ကျော်ခန့်ဟိန်းနှင့် အောင်မျိုးခန့်(ခ)ကိုခန့်တို့နှစ်ဦးမှာ မနှင်းနုခိုင်မှ ပေးလိုက်သည့် အထုပ်တစ်ထုပ်နှင့်အတူ ၎င်းထံပြန်လည်ရောက်ရှိလာသဖြင့် ၎င်းတို့(၃)ဦးယာဉ်ဖြင့် ပြန်လည် ထွက်ခွာလာကာ လူစုခွဲကြပြီး နေအိမ်သို့ပြန်လည်ရောက်ရှိလာခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း သိရသည်။

စည်သူ၏ ထွက်ဆိုချက်အရ ၇၆ လမ်း၊ ၃၀×၃၁ လမ်းကြား၊ မန္တလေးပြည်သူ့ဆေးရုံကြီး ဝန်ထမ်းအိမ်ရာနေ ကျော်ခန့်ဟိန်းနှင့် ပုသိမ်ကြီးမြို့နယ်၊ နန်းဦးလွင်ကျေးရွာနေ အောင်မျိုးခန့်(ခ)ကိုခန့်တို့အား သွားရောက်ဖမ်းဆီးခဲ့ပြီး ကျော်ခန့်ဟိန်းအား သက်သေများရှေ့ စစ်ဆေးရာ ၎င်းမှာ အသိဖြစ်သူ စည်သူ၏ ပြောဆို အကူအညီတောင်းခံမှုအရ အခင်းဖြစ်နေအိမ်သို့ အောင်မျိုးခန့်(ခ)ကိုခန့်နှင့်အတူ သူခိုး ခိုးသယောင်ဟန်ဆောင်ပြုလုပ်ပေးခဲ့ကြောင်း၊ မနှင်းနုခိုင် ဆိုသူ၏ နေအိမ်သို့ ရောက်ရှိစဉ် နေအိမ်ခြံဝင်းတံခါးမှာ ပိတ်ထားသဖြင့် အစ်မ/အစ်မဟု အော်ခေါ်ကာ ခြံဝင်းတံခါးအား အဖွင့်ခိုင်းပြီး နေအိမ်အတွင်းသို့ဝင်ရောက်၍ နေအိမ်အတွင်း ရောက်ရှိစဉ် မည်သည့်ပစ္စည်းမျှ ယူဆောင်ခြင်းမပြုခဲ့ဘဲ ကိုစည်သူပြောပြသည့်အစီအစဉ်အတိုင်းသာ လုပ်ဆောင်ခဲ့ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း သိရသည်။

အောင်မျိုးခန့်(ခ)ကိုခန့်အား သက်သေများရှေ့ စစ်ဆေးရာ ၎င်းမှာ ကိုစည်သူ၏ ပြောဆိုအကူအညီတောင်းခံမှုအရ ကျော်ခန့်ဟိန်းနှင့်အတူ အခင်းဖြစ်နေအိမ် လမ်းကြားအနီးသို့ ကိုစည်သူမှ ၎င်း၏ ကားဖြင့် လိုက်လံပို့ဆောင်ပေးသဖြင့် မနှင်းနုခိုင်၏နေအိမ်သို့ ကျော်ခန့်ဟိန်းနှင့်အတူ ရောက်ရှိခဲ့ပြီး အောင်မျိုးခန့်မှ အစ်မ/အစ်မ ဟု အော်ဟစ်ခေါ်ကာ နေအိမ်ခြံဝင်းတံခါးအားအဖွင့်ခိုင်းပြီး နေအိမ်အတွင်း ဝင်ရောက်၍ ၎င်းတို့(၂)ဦးမှ သူခိုး ခိုးသယောင် ဟန်ဆောင်ပြုလုပ်ခဲ့ပြီး မနှင်းနုခိုင်မှ ပေးလိုက်သည့်အထုပ်အား ၎င်းမှ ဂျိုင်းကြားတွင် ညှပ်ကာ ယူဆောင်ခဲ့ပြီး နေအိမ်အတွင်းမှ ပြန်လည်ထွက်ခွာခဲ့၍ ကိုစည်သူ၏ ကားရှိရာသို့ လမ်းလျှောက်ပြန်လာခဲ့ကြောင်းစစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း သိရသည်။

မညိုနွဲ့(ခ)မနှင်းဆီအား သက်သေများရှေ့စစ်ဆေးရာ ၎င်းမှာ စည်သူ၏ ဇနီး ဖြစ်ပြီး တစ်ရပ်တည်းနေ ခင်မင်ရင်းနှီးသူ မယမင်းပြည့်စုံမှ တစ်ဆင့် မနှင်းနုခိုင်နှင့် ခင်မင်ခဲ့ ကြောင်း၊ လွန်ခဲ့သော(၁၀)ရက်ခန့်က နှင်းနုခိုင်၏ နေအိမ်သို့ မယမင်းပြည့်စုံနှင့်အတူ အလည် ရောက်ရှိခဲ့ပြီး စကားစမြည်ပြောဆိုကြစဉ် နှင်းနုခိုင်မှ ငွေကြေးအခက်အခဲဖြစ်ပေါ်နေသဖြင့် ဆေးသောက်သတ်သေရင်ကောင်းမလားဟု ပြောဆိုသဖြင့် ၎င်းတို့နှစ်ဦးမှ ကလေး(၃)ယောက်၏ မျက်နှာကိုထောက်၍ မပြုလုပ်သင့်ကြောင်း၊ ယခုကဲ့သို့ လင်ယောက်ျားခရီးသွားနေခိုက် ၎င်းတွင် ရှိသည့်ပစ္စည်းများအား သူခိုးခိုးသွားသယောင်ဟန်ဆောင်၍ ထုခွဲရောင်းချပြီး တင်နေသည့် အကြွေးများအား ဆပ်သင့်ကြောင်း၊ ယင်းကိစ္စအတွက် ၎င်း၏ ခင်ပွန်းဖြစ်သူ ကိုစည်သူနှင့် တိုင်ပင်ကာ ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ပေးမှုအတွက် မနှင်းနုခိုင်မှ သဘော တူကာ မုန့်ဖိုးသိန်း(၂၀)ကျပ်ပေးမည်ဟု မနှင်းနုခိုင်မှ ပြန်လည်ပြောဆိုခဲ့သဖြင့် ၎င်းတို့နှစ်ဦး မနှင်းနုခိုင်၏ နေအိမ်မှ ပြန်လာခဲ့ကြကာ ခင်ပွန်းဖြစ်သူ ကိုစည်သူအား ပြောပြကူညီပေးစေခဲ့ ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ဖမ်းဆီးရမိသူကျား(၃)ဦး၊ မ(၂)ဦး၊ ပေါင်း(၅)တို့အား အောင်မြေသာစံမြို့နယ်တရားရုံးတွင် အမှုဖြင့် ချုပ်မိန့်ရီမန် တောင်းခံခြင်း၊ ယာဉ်အားအမှုဖြင့် သိမ်းဆည်းကာ ယာဉ်နှင့် ပတ်သက်၍ လိုင်စင်ရှိ/မရှိ ကညနသို့ အကြောင်းကြားစာပေးပို့မေးမြန်းခြင်း၊ အခင်းဖြစ်စဉ်က ပေးအပ်ခဲ့သည့် ငွေအားသိမ်းဆည်းခြင်း စသည့် ကျန်ရှိ ရဲလုပ်ငန်းများ ပြည့်စုံစွာဆောင်ရွက်ကာ ဥပဒေအကြံပြုချက်တောင်းခံ၍ ဥပဒေ အကြံပြုချက်နှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version;
အခေၾကးေငြ သိန္း(၂၀)ယူ၍ လုယက္ေယာင္ေဆာင္ခဲ့သူမ်ားအား ဥပေဒအရ အေရယူထား
Pearl (NP News) - မတ္ ၁၇
အခေၾကးေငြ သိန္း(၂၀)ယူ၍ လုယက္ေယာင္ေဆာင္ခဲ့သူမ်ားအား ဥပေဒအရ အေရယူထားေၾကာင္း လုံၿခဳံေရးအဖြဲ႕ႏွင့္နီးစပ္သူမ်ားထံမွ သိရသည္။

ၿပီးခဲ့သည့္ မတ္ (၁၅) ရက္က ေရးဖြင့္ခဲ့သည့္ အမႈႏွင့္ ပတ္သက္၍ က်ဴးလြန္သူအား အျမန္ဆုံးေဖာ္ထုတ္ဖမ္းဆီးႏိုင္ေရးႏွင့္ သက္ေသခံပစၥည္းမ်ား သိမ္းဆည္းႏိုင္ေရးတို႔အတြက္ ေဆာင္႐ြက္ခဲ့ရာ CCTV မွတ္တမ္းအရ အခင္းျဖစ္စဥ္တြင္အသုံးျပဳခဲ့သည့္ ယာဥ္မွာ ၇၆ လမ္းမွ ၉ လမ္းအတိုင္း အေရွ႕မွ အေနာက္သို႔ ေမာင္းႏွင္လာၿပီး ၇၆(ေအ)လမ္းႏွင့္ ၉ လမ္းေထာင့္တြင္ ၁၅၄၁ အခ်ိန္၌ ရပ္တန႔္ခဲ့ၿပီး အခင္းျဖစ္ေနအိမ္လမ္းၾကားဘက္သို႔ လူငယ္(၂)ဦးမွ ကားေပၚမွဆင္းကာ ေျခလ်င္ ေလွ်ာက္သြားသည္ကို ျမင္ေတြ႕ရၿပီး အခင္းျဖစ္ေနအိမ္လမ္းၾကားဘက္မွ ျပန္ထြက္လာကာ ယာဥ္ျဖင့္ ၉ လမ္းအတိုင္း အေနာက္ဘက္(၇၈ လမ္းဘက္) သို႔ ေမာင္းႏွင္သြားသည္ကို ေတြ႕ရွိရ၍ ၇၈ လမ္းေပၚရွိ CCTV မွတ္တမ္းမ်ားအားလိုက္လံ ၾကည့္ရႈစစ္ေဆးခဲ့ရာ ယာဥ္မွာ ၇၈ လမ္းမွ အေရွ႕ဘက္(၁၀ လမ္းအတြင္း)သို႔ ဆက္လက္ေမာင္းႏွင္သြားခဲ့သျဖင့္ ထိုေနရာသို႔ လိုက္လံစုံစမ္းရွာေဖြခဲ့ရာ ယာဥ္အား ေညာင္ကြဲရပ္ကြက္၊ အကြက္(၂)အတြင္းရွိ လမ္းေဘးတြင္ ရပ္တန႔္ထားသည္ကို ေတြ႕ရရွိရ၍ ပိုင္ရွင္အားစုံစမ္းရာ ယာဥ္ပိုင္ရွင္မွာ ေထာ္လာဂ်ီယာဥ္ အေရာင္းအဝယ္လုပ္ကိုင္သူ စည္သူ၊(၃၈)ႏွစ္ျဖစ္ေၾကာင္း သိရွိရသျဖင့္ ၎အား ေခၚယူေတြ႕ဆုံ၍ ရဲစခန္းသို႔ ဆက္လက္ေခၚေဆာင္ကာ ျဖစ္စဥ္ႏွင့္ပတ္သက္၍ စစ္ေဆးမႈျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

၄င္းအား စစ္ေဆးရာ လြန္ခဲ့သည့္(၁၀)ရက္ခန႔္က ၎၏ဇနီး မညိဳႏြဲ႕(ခ)မႏွင္းဆီႏွင့္ ခင္မင္ရင္းႏွီးသူ အမရဌာနီ အေရွ႕ရပ္ကြက္ေန မႏွင္းႏုခိုင္မွ ၎တြင္ အေႂကြးမ်ား မ်ားျပားေနသျဖင့္ ၎၏ေနအိမ္အား သူခိုး ခိုးသေယာင္ အေယာင္ေဆာင္ျပဳလုပ္ေပးရန္၊ လုပ္ေဆာင္ခအျဖစ္ ေငြက်ပ္သိန္း(၂၅/၃၀)ေပးမည္ ျဖစ္ေၾကာင္း၊ အကူအညီမရႏိုင္ပါက ၎မွ မိမိကိုယ္မိမိသတ္ေသမည္ျဖစ္ေၾကာင္း၊ အားေဆးမ်ား လည္းဝယ္ထားၿပီးျဖစ္ေၾကာင္း ေျပာဆို အကူအညီေတာင္းခံလာသျဖင့္ စည္သူမွ မႏွင္းႏုခိုင္တြင္ ကေလးငယ္ (၃)ဦးရွိေနၿပီး အားေဆးမ်ား အဆမတန္ေသာက္ကာ သတ္ေသမည္စိုးရိမ္သျဖင့္၄င္း၏ အသိျဖစ္သူ ေက်ာ္ခန႔္ဟိန္း၊ ေအာင္မ်ိဳးခန႔္(ခ)ကိုခန႔္တို႔ႏွင့္အတူ မႏွင္းႏုခိုင္၏ ေနအိမ္သို႔ ၎ပိုင္အျဖဴေရာင္ယာဥ္ျဖင့္ လိုက္ပါပို႔ေဆာင္ေပးခဲ့ၿပီး ယာဥ္အား ၇၆(ေအ)လမ္းႏွင့္ ၉လမ္းေထာင့္တြင္ ရပ္တန႔္ၿပီး ေက်ာ္ခန႔္ဟိန္းႏွင့္ ေအာင္မ်ိဳးခန႔္(ခ)ကိုခန႔္တို႔အား ယာဥ္ေပၚမွဆင္း၍ လမ္းေလွ်ာက္သြားေစၿပီး ၎မွာ ယာဥ္ေပၚမွ ေစာင့္ဆိုင္းေနခဲ့ေၾကာင္း၊ ခဏအၾကာ ေက်ာ္ခန႔္ဟိန္းႏွင့္ ေအာင္မ်ိဳးခန႔္(ခ)ကိုခန႔္တို႔ႏွစ္ဦးမွာ မႏွင္းႏုခိုင္မွ ေပးလိုက္သည့္ အထုပ္တစ္ထုပ္ႏွင့္အတူ ၎ထံျပန္လည္ေရာက္ရွိလာသျဖင့္ ၎တို႔(၃)ဦးယာဥ္ျဖင့္ ျပန္လည္ ထြက္ခြာလာကာ လူစုခြဲၾကၿပီး ေနအိမ္သို႔ျပန္လည္ေရာက္ရွိလာခဲ့ေၾကာင္း စစ္ေဆးေပၚေပါက္ခဲ့ေၾကာင္း သိရသည္။

စည္သူ၏ ထြက္ဆိုခ်က္အရ ၇၆ လမ္း၊ ၃၀×၃၁ လမ္းၾကား၊ မႏၲေလးျပည္သူ႔ေဆး႐ုံႀကီး ဝန္ထမ္းအိမ္ရာေန ေက်ာ္ခန႔္ဟိန္းႏွင့္ ပုသိမ္ႀကီးၿမိဳ႕နယ္၊ နန္းဦးလြင္ေက်း႐ြာေန ေအာင္မ်ိဳးခန႔္(ခ)ကိုခန႔္တို႔အား သြားေရာက္ဖမ္းဆီးခဲ့ၿပီး ေက်ာ္ခန႔္ဟိန္းအား သက္ေသမ်ားေရွ႕ စစ္ေဆးရာ ၎မွာ အသိျဖစ္သူ စည္သူ၏ ေျပာဆို အကူအညီေတာင္းခံမႈအရ အခင္းျဖစ္ေနအိမ္သို႔ ေအာင္မ်ိဳးခန႔္(ခ)ကိုခန႔္ႏွင့္အတူ သူခိုး ခိုးသေယာင္ဟန္ေဆာင္ျပဳလုပ္ေပးခဲ့ေၾကာင္း၊ မႏွင္းႏုခိုင္ ဆိုသူ၏ ေနအိမ္သို႔ ေရာက္ရွိစဥ္ ေနအိမ္ၿခံဝင္းတံခါးမွာ ပိတ္ထားသျဖင့္ အစ္မ/အစ္မဟု ေအာ္ေခၚကာ ၿခံဝင္းတံခါးအား အဖြင့္ခိုင္းၿပီး ေနအိမ္အတြင္းသို႔ဝင္ေရာက္၍ ေနအိမ္အတြင္း ေရာက္ရွိစဥ္ မည္သည့္ပစၥည္းမွ် ယူေဆာင္ျခင္းမျပဳခဲ့ဘဲ ကိုစည္သူေျပာျပသည့္အစီအစဥ္အတိုင္းသာ လုပ္ေဆာင္ခဲ့ျဖစ္ေၾကာင္း စစ္ေဆးေပၚေပါက္ခဲ့ေၾကာင္း သိရသည္။

ေအာင္မ်ိဳးခန႔္(ခ)ကိုခန႔္အား သက္ေသမ်ားေရွ႕ စစ္ေဆးရာ ၎မွာ ကိုစည္သူ၏ ေျပာဆိုအကူအညီေတာင္းခံမႈအရ ေက်ာ္ခန႔္ဟိန္းႏွင့္အတူ အခင္းျဖစ္ေနအိမ္ လမ္းၾကားအနီးသို႔ ကိုစည္သူမွ ၎၏ ကားျဖင့္ လိုက္လံပို႔ေဆာင္ေပးသျဖင့္ မႏွင္းႏုခိုင္၏ေနအိမ္သို႔ ေက်ာ္ခန႔္ဟိန္းႏွင့္အတူ ေရာက္ရွိခဲ့ၿပီး ေအာင္မ်ိဳးခန႔္မွ အစ္မ/အစ္မ ဟု ေအာ္ဟစ္ေခၚကာ ေနအိမ္ၿခံဝင္းတံခါးအားအဖြင့္ခိုင္းၿပီး ေနအိမ္အတြင္း ဝင္ေရာက္၍ ၎တို႔(၂)ဦးမွ သူခိုး ခိုးသေယာင္ ဟန္ေဆာင္ျပဳလုပ္ခဲ့ၿပီး မႏွင္းႏုခိုင္မွ ေပးလိုက္သည့္အထုပ္အား ၎မွ ဂ်ိဳင္းၾကားတြင္ ညႇပ္ကာ ယူေဆာင္ခဲ့ၿပီး ေနအိမ္အတြင္းမွ ျပန္လည္ထြက္ခြာခဲ့၍ ကိုစည္သူ၏ ကားရွိရာသို႔ လမ္းေလွ်ာက္ျပန္လာခဲ့ေၾကာင္းစစ္ေဆးေပၚေပါက္ခဲ့ေၾကာင္း သိရသည္။

မညိဳႏြဲ႕(ခ)မႏွင္းဆီအား သက္ေသမ်ားေရွ႕စစ္ေဆးရာ ၎မွာ စည္သူ၏ ဇနီး ျဖစ္ၿပီး တစ္ရပ္တည္းေန ခင္မင္ရင္းႏွီးသူ မယမင္းျပည့္စုံမွ တစ္ဆင့္ မႏွင္းႏုခိုင္ႏွင့္ ခင္မင္ခဲ့ ေၾကာင္း၊ လြန္ခဲ့ေသာ(၁၀)ရက္ခန႔္က ႏွင္းႏုခိုင္၏ ေနအိမ္သို႔ မယမင္းျပည့္စုံႏွင့္အတူ အလည္ ေရာက္ရွိခဲ့ၿပီး စကားစျမည္ေျပာဆိုၾကစဥ္ ႏွင္းႏုခိုင္မွ ေငြေၾကးအခက္အခဲျဖစ္ေပၚေနသျဖင့္ ေဆးေသာက္သတ္ေသရင္ေကာင္းမလားဟု ေျပာဆိုသျဖင့္ ၎တို႔ႏွစ္ဦးမွ ကေလး(၃)ေယာက္၏ မ်က္ႏွာကိုေထာက္၍ မျပဳလုပ္သင့္ေၾကာင္း၊ ယခုကဲ့သို႔ လင္ေယာက္်ားခရီးသြားေနခိုက္ ၎တြင္ ရွိသည့္ပစၥည္းမ်ားအား သူခိုးခိုးသြားသေယာင္ဟန္ေဆာင္၍ ထုခြဲေရာင္းခ်ၿပီး တင္ေနသည့္ အေႂကြးမ်ားအား ဆပ္သင့္ေၾကာင္း၊ ယင္းကိစၥအတြက္ ၎၏ ခင္ပြန္းျဖစ္သူ ကိုစည္သူႏွင့္ တိုင္ပင္ကာ ကူညီေဆာင္႐ြက္ေပးမည္ျဖစ္ေၾကာင္း၊ ထိုသို႔ေဆာင္႐ြက္ေပးမႈအတြက္ မႏွင္းႏုခိုင္မွ သေဘာ တူကာ မုန႔္ဖိုးသိန္း(၂၀)က်ပ္ေပးမည္ဟု မႏွင္းႏုခိုင္မွ ျပန္လည္ေျပာဆိုခဲ့သျဖင့္ ၎တို႔ႏွစ္ဦး မႏွင္းႏုခိုင္၏ ေနအိမ္မွ ျပန္လာခဲ့ၾကကာ ခင္ပြန္းျဖစ္သူ ကိုစည္သူအား ေျပာျပကူညီေပးေစခဲ့ ေၾကာင္း စစ္ေဆးေပၚေပါက္ခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္ႏွင့္ ပတ္သက္၍ ဖမ္းဆီးရမိသူက်ား(၃)ဦး၊ မ(၂)ဦး၊ ေပါင္း(၅)တို႔အား ေအာင္ေျမသာစံၿမိဳ႕နယ္တရား႐ုံးတြင္ အမႈျဖင့္ ခ်ဳပ္မိန႔္ရီမန္ ေတာင္းခံျခင္း၊ ယာဥ္အားအမႈျဖင့္ သိမ္းဆည္းကာ ယာဥ္ႏွင့္ ပတ္သက္၍ လိုင္စင္ရွိ/မရွိ ကညနသို႔ အေၾကာင္းၾကားစာေပးပို႔ေမးျမန္းျခင္း၊ အခင္းျဖစ္စဥ္က ေပးအပ္ခဲ့သည့္ ေငြအားသိမ္းဆည္းျခင္း စသည့္ က်န္ရွိ ရဲလုပ္ငန္းမ်ား ျပည့္စုံစြာေဆာင္႐ြက္ကာ ဥပေဒအႀကံျပဳခ်က္ေတာင္းခံ၍ ဥပေဒ အႀကံျပဳခ်က္ႏွင့္အညီ ဆက္လက္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.