အီရန်အပေါ်လုပ်ဆောင်နေတဲ့ အမေရိကန်-အစ္စရေးစစ်ပွဲကို ပုပ်ရဟန်းမင်းကြီး Leo XIV ပြစ်တင်ရှုတ်ချ

227

Pika (NP News) - မတ် ၁၆
အီရန်အပေါ်ဆက်လက်လုပ်ဆောင်နေတဲ့ အမေရိကန်-အစ္စရေးစစ်ပွဲကို ပုပ်ရဟန်းမင်းကြီး Leo XIV က ပြစ်တင် ရှုတ်ချခဲ့ပြီး ချက်ချင်းအပစ်အခတ်ရပ်စဲဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ ဒါ့ပြင် အကြမ်းဖက်မှုတွေအားလုံးက တည်ငြိမ်မှုကို ဘယ်တော့မှ ရရှိစေလိမ့်မှာမဟုတ်ဘူးလို့လည်း Leo XIV က သတိပေးပြောဆိုခဲ့ပါတယ်။ ပုပ်ရဟန်း မင်းကြီး Leo XIV ဟာ ဗာတီကန်မှာရှိတဲ့ စိန့်ပီတာရင်ပြင်မှာ မိန့်ခွန်းပြောကြားစဉ်အချိန်အတွင်း ယခုလို ထုတ်ဖော် ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။
အရှေအလယ်ပိုင်းဒေသမှာရှိတဲ့ပြည်သူတွေ ခံစားခဲ့ရတဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ သီတင်းပတ်(၂)ပတ်ကျော် ကြာစစ်ပွဲကို ပုပ်ရဟန်းမင်းကြီး Leo XIV က ပြစ်တင်ဝေဖန်ပြောဆိုခဲ့ပြီး အပစ်အခတ်ရပ်စဲကြဖို့ ပါဝင်ပတ်သက်တဲ့ နိုင်ငံတွေအားလုံးကို တိုက်တွန်းခဲ့တယ်လို့လည်း သိရပါတယ်။ ပုပ်ရဟန်းမင်းကြီး Leo XIV က “ကျောင်းတွေ၊ ဆေးရုံတွေ နဲ့ လူနေရပ်ကွက်တွေကို တိုက်ခိုက်မှုတွေအတွင်း ချစ်ရသူတွေကို ဆုံးရှုံးခဲ့ရသူတွေအားလုံးအတွက် ကျွန်တော်တို့အတတ်နိုင်ဆုံး ဆုတောင်းပေးနေပါတယ်” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် စစ်ပွဲမှာပါဝင်တဲ့ နိုင်ငံအားလုံးအနေနဲ့ ရန်လိုမှုတွေရပ်တန့်ပြီး ဆွေးနွေးမှုလမ်းကြောင်းကို ပြန်လည်ဖွင့်လှစ်ဖို့ ပုပ်ရဟန်းမင်းကြီး Leo XIV က တောင်းဆိုခဲ့တယ်လို့လည်း သိရပါတယ်။

Zawgyi Version;
အီရန္အေပၚလုပ္ေဆာင္ေနတဲ့ အေမရိကန္-အစၥေရးစစ္ပြဲကို ပုပ္ရဟန္းမင္းႀကီး Leo XIV ျပစ္တင္ရႈတ္ခ်
Pika (NP News) - မတ္ ၁၆
အီရန္အေပၚဆက္လက္လုပ္ေဆာင္ေနတဲ့ အေမရိကန္-အစၥေရးစစ္ပြဲကို ပုပ္ရဟန္းမင္းႀကီး Leo XIV က ျပစ္တင္ ရႈတ္ခ်ခဲ့ၿပီး ခ်က္ခ်င္းအပစ္အခတ္ရပ္စဲဖို႔ ေတာင္းဆိုခဲ့တယ္လို႔ သိရပါတယ္။ ဒါ့ျပင္ အၾကမ္းဖက္မႈေတြအားလုံးက တည္ၿငိမ္မႈကို ဘယ္ေတာ့မွ ရရွိေစလိမ့္မွာမဟုတ္ဘူးလို႔လည္း Leo XIV က သတိေပးေျပာဆိုခဲ့ပါတယ္။ ပုပ္ရဟန္း မင္းႀကီး Leo XIV ဟာ ဗာတီကန္မွာရွိတဲ့ စိန႔္ပီတာရင္ျပင္မွာ မိန႔္ခြန္းေျပာၾကားစဥ္အခ်ိန္အတြင္း ယခုလို ထုတ္ေဖာ္ ေျပာဆိုခဲ့တာလည္း ျဖစ္ပါတယ္။
အေရွအလယ္ပိုင္းေဒသမွာရွိတဲ့ျပည္သူေတြ ခံစားခဲ့ရတဲ့ ေၾကာက္မက္ဖြယ္ေကာင္းတဲ့ သီတင္းပတ္(၂)ပတ္ေက်ာ္ ၾကာစစ္ပြဲကို ပုပ္ရဟန္းမင္းႀကီး Leo XIV က ျပစ္တင္ေဝဖန္ေျပာဆိုခဲ့ၿပီး အပစ္အခတ္ရပ္စဲၾကဖို႔ ပါဝင္ပတ္သက္တဲ့ ႏိုင္ငံေတြအားလုံးကို တိုက္တြန္းခဲ့တယ္လို႔လည္း သိရပါတယ္။ ပုပ္ရဟန္းမင္းႀကီး Leo XIV က “ေက်ာင္းေတြ၊ ေဆး႐ုံေတြ နဲ႔ လူေနရပ္ကြက္ေတြကို တိုက္ခိုက္မႈေတြအတြင္း ခ်စ္ရသူေတြကို ဆုံးရႈံးခဲ့ရသူေတြအားလုံးအတြက္ ကြၽန္ေတာ္တို႔အတတ္ႏိုင္ဆုံး ဆုေတာင္းေပးေနပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ စစ္ပြဲမွာပါဝင္တဲ့ ႏိုင္ငံအားလုံးအေနနဲ႔ ရန္လိုမႈေတြရပ္တန႔္ၿပီး ေဆြးေႏြးမႈလမ္းေၾကာင္းကို ျပန္လည္ဖြင့္လွစ္ဖို႔ ပုပ္ရဟန္းမင္းႀကီး Leo XIV က ေတာင္းဆိုခဲ့တယ္လို႔လည္း သိရပါတယ္။