ရုရှားက အီရန်ကို Shahed ဒရုန်းတွေ ထောက်ပံ့ပေးနေတယ်လို့ ယူကရိန်းသမ္မတစွပ်စွဲပြောဆို

 185

Pika (NP News) - မတ် ၁၆

အမေရိကန်နဲအစ္စရေးတို့ကို တိုက်ခိုက်ဖို့အတွက် ရုရှားက အီရန်ကို Shahedဒ ရုန်းတွေ ထောက်ပံ့ပေးနေတယ်လို့ ယူကရိန်းသမ္မတဇီလန်စကီးက စွပ်စွဲပြောဆိုခဲ့ပါတယ်။ ဒါ့ပြင် အီရန်က ဒေသတွင်းမှာရှိတဲ့ အမေရိကန် အခြေစိုက် စခန်းတွေကို တိုက်ခိုက်ဖို့အတွက် ရုရှားထုတ် Shahed ဒရုန်းတွေကို အသုံးပြုခဲ့တယ်ဆိုတာ (၁၀၀)ရာခိုင်နှုန်း မှန်ကန်တဲ့အချက်အလက်တွေဖြစ်တယ်လို့လည်း ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။
Shahed ဒရုန်းတွေဟာ အရှေ့အလယ်ပိုင်းဒေသတွင်းမှာရှိတဲ့နိုင်ငံတွေအပေါ် တိုက်ခိုက်မှုတွေနဲ့ ဆက်စပ်နေ ပေမယ့်လည်း အဲဒီဒရုန်းတွေကို ဘယ်နိုင်ငံက ထုတ်တယ်ဆိုတဲ့အချက်အလက်တွေကိုတော့ လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်း သိရတာမျိုး မရှိသေးဘူးလို့လည်း သိရပါတယ်။
အီရန်နိုင်ငံဟာ ဈေးကြီးတဲ့ဒုံးကျည်တွေထက် ဈေးပေါတဲ့ Shahed ဒရုန်းတွေကိုပဲ ဦးစားပေးထုတ်လုပ်ခဲ့ပြီး ရုရှား-ယူကရိန်းစစ်ပွဲအတွင်းမှာလည်း ရုရှားက အဲဒီဒရုန်းတွေကို အစုလိုက်အပြုံလိုက်အသုံးပြုခဲ့တယ်ဆိုတဲ့ အစီရင်ခံစာ တွေလည်း ထွက်ပေါ်လာခဲ့ဖူးပါတယ်။ လက်ရှိအချိန်မှာ အမေရိကန်-အစ္စရေးနဲ့ အီရန်တို့ကြားမှာ စစ်ပွဲတစ်ခု ဖြစ်ပွားနေပြီး ပိုမိုကျယ်ပြန့်တဲ့ပဋိပက္ခကြီးတစ်ခုပေါ်ပေါက်လာမှာကို နိုင်ငံအများအပြားက စိုးရိမ်နေကြတယ်လို့ လည်း သိရပါတယ်။

Zawgyi Version;
႐ုရွားက အီရန္ကို Shahed ဒ႐ုန္းေတြ ေထာက္ပံ့ေပးေနတယ္လို႔ ယူကရိန္းသမၼတစြပ္စြဲေျပာဆို
Pika (NP News) - မတ္ ၁၆
အေမရိကန္နဲအစၥေရးတို႔ကို တိုက္ခိုက္ဖို႔အတြက္ ႐ုရွားက အီရန္ကို Shahedဒ ႐ုန္းေတြ ေထာက္ပံ့ေပးေနတယ္လို႔ ယူကရိန္းသမၼတဇီလန္စကီးက စြပ္စြဲေျပာဆိုခဲ့ပါတယ္။ ဒါ့ျပင္ အီရန္က ေဒသတြင္းမွာရွိတဲ့ အေမရိကန္ အေျခစိုက္ စခန္းေတြကို တိုက္ခိုက္ဖို႔အတြက္ ႐ုရွားထုတ္ Shahed ဒ႐ုန္းေတြကို အသုံးျပဳခဲ့တယ္ဆိုတာ (၁၀၀)ရာခိုင္ႏႈန္း မွန္ကန္တဲ့အခ်က္အလက္ေတြျဖစ္တယ္လို႔လည္း ဇီလန္စကီးက ေျပာၾကားခဲ့ပါတယ္။
Shahed ဒ႐ုန္းေတြဟာ အေရွ႕အလယ္ပိုင္းေဒသတြင္းမွာရွိတဲ့ႏိုင္ငံေတြအေပၚ တိုက္ခိုက္မႈေတြနဲ႔ ဆက္စပ္ေန ေပမယ့္လည္း အဲဒီဒ႐ုန္းေတြကို ဘယ္ႏိုင္ငံက ထုတ္တယ္ဆိုတဲ့အခ်က္အလက္ေတြကိုေတာ့ လက္ရွိအခ်ိန္အထိ ရွင္းရွင္းလင္းလင္း သိရတာမ်ိဳး မရွိေသးဘူးလို႔လည္း သိရပါတယ္။
အီရန္ႏိုင္ငံဟာ ေဈးႀကီးတဲ့ဒုံးက်ည္ေတြထက္ ေဈးေပါတဲ့ Shahed ဒ႐ုန္းေတြကိုပဲ ဦးစားေပးထုတ္လုပ္ခဲ့ၿပီး ႐ုရွား-ယူကရိန္းစစ္ပြဲအတြင္းမွာလည္း ႐ုရွားက အဲဒီဒ႐ုန္းေတြကို အစုလိုက္အၿပဳံလိုက္အသုံးျပဳခဲ့တယ္ဆိုတဲ့ အစီရင္ခံစာ ေတြလည္း ထြက္ေပၚလာခဲ့ဖူးပါတယ္။ လက္ရွိအခ်ိန္မွာ အေမရိကန္-အစၥေရးနဲ႔ အီရန္တို႔ၾကားမွာ စစ္ပြဲတစ္ခု ျဖစ္ပြားေနၿပီး ပိုမိုက်ယ္ျပန႔္တဲ့ပဋိပကၡႀကီးတစ္ခုေပၚေပါက္လာမွာကို ႏိုင္ငံအမ်ားအျပားက စိုးရိမ္ေနၾကတယ္လို႔ လည္း သိရပါတယ္။

Related news

© 2021. All rights reserved.