အီရန်နှင့် အပစ်အခတ်ရပ်စဲရေးကို အမေရိကန်အစိုးရ ပယ်ချ

 85

ဂျန်ဇက် (NP News) - မတ် ၁၆

အမေရိကန် နဲ့အစ္စရေးတို့ရဲ့ အီရန်အပေါ် လေကြောင်းတိုက်ခိုက်မှုများ တတိယသီတင်းပတ်သို့ ရောက်ရှိလာချိန်မှာ အပစ်အခတ်ရပ်စဲရေး ကြားဝင်စေ့စပ်မှုများကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပယ်ချလိုက်ပါတယ်။
အီရန်ဘက်က ဟော်မုဇ်ရေလက်ကြားကို ဆက်လက်ပိတ်ဆို့ထားမှုကြောင့် ကမ္ဘာ့ရေနံဈေးကွက်မှာ ရေနံတစ်စည် ကို အမေရိကန်ဒေါ်လာ ၁၀၀ ကျော်အထိ စံချိန်တင် မြင့်တက်သွားခဲ့ပါတယ်။
အိုမန်နိုင်ငံဟာ စစ်ပွဲ မစတင်မီကတည်းက နှစ်နိုင်ငံအကြား ဆွေးနွေးပွဲများဖြစ်မြောက်ရန် ကြိုးပမ်းခဲ့ပြီး ဆက်သွယ်ရေးလမ်းကြောင်းများ ပြန်လည်ဖွင့်လှစ်ဖို့ ကြိုးပမ်းနေပါတယ်။ ဒါပေမယ့် ဆွေးနွေးရန် ဆန္ဒမရှိကြောင်း ရှင်းလင်းစွာ အသိပေးခဲ့ပါတယ်။
အမေရိကန်အစိုးရအရာရှိကြီးတစ်ဦးက "သမ္မတအနေနဲ့ လောလောဆယ် ဆွေးနွေးပွဲလုပ်ဖို့ စိတ်ဝင်စားမှု မရှိပါဘူး။ အီရန်ရဲ့ စစ်ရေးစွမ်းရည်တွေကို အားနည်းသွားစေဖို့ ကျွန်တော်တို့ရဲ့စစ်ဆင်ရေးတာဝန်တွေကို မဆုတ်မနစ် ဆက်လက် လုပ်ဆောင်သွားမှာပါ" လို့ ပြောပါတယ်။
သဘောတူညီချက်တစ်ခုနဲ့စစ်ပွဲကို အဆုံးသတ်မယ့်အစား တိုက်ခိုက်မှုများကို ပြတ်ပြတ်သားသား အဆုံးသတ်ဖို့ အမေရိကန် သမ္မတထရမ့်က ဆုံးဖြတ်ထားကြောင်း သတင်းရင်းမြစ်များက ဖော်ပြပါတယ်။
အီရန်အစိုးရကလည်း အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ လေကြောင်းတိုက်ခိုက်မှုများ လုံးဝရပ်တန့်သွားခြင်း မရှိရင် အပစ်အခတ်ရပ်စဲရေးကိုမျှ လက်ခံမှာမဟုတ်ကြောင်း တုံ့ပြန်ထားပါတယ်။ တိုက်ခိုက်မှုများ အပြီးတိုင် ရပ်တန့်ရေးအတွက် လျော်ကြေးပေးရေး အပါအဝင် တောင်းဆိုချက်များ မပြည့်ဝမချင်း ဆွေးနွေးမည်မဟုတ်ဘူးလို့ အီရန်အရာရှိများက ပြောပါတယ်။

Zawgyi Version;
အီရန္ႏွင့္ အပစ္အခတ္ရပ္စဲေရးကို အေမရိကန္အစိုးရ ပယ္ခ်
ဂ်န္ဇက္ (NP News) - မတ္ ၁၆
အေမရိကန္ နဲ႔အစၥေရးတို႔ရဲ႕ အီရန္အေပၚ ေလေၾကာင္းတိုက္ခိုက္မႈမ်ား တတိယသီတင္းပတ္သို႔ ေရာက္ရွိလာခ်ိန္မွာ အပစ္အခတ္ရပ္စဲေရး ၾကားဝင္ေစ့စပ္မႈမ်ားကို အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ပယ္ခ်လိုက္ပါတယ္။
အီရန္ဘက္က ေဟာ္မုဇ္ေရလက္ၾကားကို ဆက္လက္ပိတ္ဆို႔ထားမႈေၾကာင့္ ကမာၻ႔ေရနံေဈးကြက္မွာ ေရနံတစ္စည္ ကို အေမရိကန္ေဒၚလာ ၁၀၀ ေက်ာ္အထိ စံခ်ိန္တင္ ျမင့္တက္သြားခဲ့ပါတယ္။
အိုမန္ႏိုင္ငံဟာ စစ္ပြဲ မစတင္မီကတည္းက ႏွစ္ႏိုင္ငံအၾကား ေဆြးေႏြးပြဲမ်ားျဖစ္ေျမာက္ရန္ ႀကိဳးပမ္းခဲ့ၿပီး ဆက္သြယ္ေရးလမ္းေၾကာင္းမ်ား ျပန္လည္ဖြင့္လွစ္ဖို႔ ႀကိဳးပမ္းေနပါတယ္။ ဒါေပမယ့္ ေဆြးေႏြးရန္ ဆႏၵမရွိေၾကာင္း ရွင္းလင္းစြာ အသိေပးခဲ့ပါတယ္။
အေမရိကန္အစိုးရအရာရွိႀကီးတစ္ဦးက "သမၼတအေနနဲ႔ ေလာေလာဆယ္ ေဆြးေႏြးပြဲလုပ္ဖို႔ စိတ္ဝင္စားမႈ မရွိပါဘူး။ အီရန္ရဲ႕ စစ္ေရးစြမ္းရည္ေတြကို အားနည္းသြားေစဖို႔ ကြၽန္ေတာ္တို႔ရဲ႕စစ္ဆင္ေရးတာဝန္ေတြကို မဆုတ္မနစ္ ဆက္လက္ လုပ္ေဆာင္သြားမွာပါ" လို႔ ေျပာပါတယ္။
သေဘာတူညီခ်က္တစ္ခုနဲ႔စစ္ပြဲကို အဆုံးသတ္မယ့္အစား တိုက္ခိုက္မႈမ်ားကို ျပတ္ျပတ္သားသား အဆုံးသတ္ဖို႔ အေမရိကန္ သမၼတထရမ့္က ဆုံးျဖတ္ထားေၾကာင္း သတင္းရင္းျမစ္မ်ားက ေဖာ္ျပပါတယ္။
အီရန္အစိုးရကလည္း အေမရိကန္နဲ႔ အစၥေရးတို႔ရဲ႕ ေလေၾကာင္းတိုက္ခိုက္မႈမ်ား လုံးဝရပ္တန႔္သြားျခင္း မရွိရင္ အပစ္အခတ္ရပ္စဲေရးကိုမွ် လက္ခံမွာမဟုတ္ေၾကာင္း တုံ႔ျပန္ထားပါတယ္။ တိုက္ခိုက္မႈမ်ား အၿပီးတိုင္ ရပ္တန႔္ေရးအတြက္ ေလ်ာ္ေၾကးေပးေရး အပါအဝင္ ေတာင္းဆိုခ်က္မ်ား မျပည့္ဝမခ်င္း ေဆြးေႏြးမည္မဟုတ္ဘူးလို႔ အီရန္အရာရွိမ်ားက ေျပာပါတယ္။

Related news

© 2021. All rights reserved.