အီရန်ရဲ့အသက်သွေးကြော ခတ်ကျွန်းကို သိမ်းပိုက်ဖို့ အမေရိကန်မြေပြင်တပ်များ စေလွှတ်ဖွယ်ရှိနေ

78

ဂျန်ဇက် (NP News) - မတ် ၁၆
အီရန်နိုင်ငံရဲ့ အဓိကရေနံတင်ပို့ရာ ခတ်ကျွန်းကို တိုက်ခိုက် သိမ်းပိုက်ရန် အမေရိကန်မြေပြင်တပ်ဖွဲ့များ စေလွှတ်ဖို့ အမေရိကန်သမ္မတထရမ့်က စဉ်းစားနေကြောင်း သိရပါတယ်။ အီရန်ဘက်က ရေလက်ကြားကို ပိတ်ဆို့ထားမှု ကြောင့် ကမ္ဘာ့ရေနံထောက်ပံ့မှု ကွင်းဆက် ပြတ်တောက်နေချိန်မှာ အမေရိကန်အစိုးရက အဲဒီပြဿနာကို ဖြေရှင်းဖို့ မြေပြင်တပ်ဖွဲ့တွေ အသုံးပြုလာနိုင်ခြေ ရှိနေတာမျိုးဖြစ်ပါတယ်။
ခတ်ကျွန်းလေးဟာ အီရန်နိုင်ငံရဲ့ရေနံထုတ်လုပ်မှုနဲ့တင်ပို့မှု စုစုပေါင်းရဲ့ ၉၀ ရာခိုင်နှုန်းကျော်ကို ကိုင်တွယ် ဖြေရှင်း ပေးနေတဲ့အီရန်စီးပွားရေးရဲ့အသက်သွေးကြောဖြစ်နေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက အမေရိကန်ဟာ ဒီကျွန်းပေါ်ရှိ စစ်ရေးပစ်မှတ်များကို လေကြောင်းမှ ပြင်းပြင်းထန်ထန် ဗုံးကြဲတိုက်ခိုက်ခဲ့ပေမယ့် ရေနံအခြေခံ အဆောက်အအုံများကို ချန်လှပ်ထားခဲ့ပြီးပင်လယ်ကွေ့ထဲမှာ သင်္ဘောတွေ ဆက်ပိတ်မိနေမယ်ဆိုရင်တော့ ကျွန်းကိုပါ တပ်စွဲသိမ်းပိုက်လာမယ့် အနေအထား ရှိနေပါတယ်။
ပိတ်ဆို့ခံထားရတဲ့ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်နိုင်ဖို့အတွက် သမ္မတထရမ့်ဟာ နိုင်ငံတကာ ရေတပ် ညွန့်ပေါင်းအဖွဲ့တစ်ခုကို ဖွဲ့စည်းဖို့ ကြိုးပမ်းနေပါတယ်သမ္မတထရမ့်က ဗြိတိန်၊ ပြင်သစ်၊ တရုတ်၊ ဂျပန်နဲ့ တောင်ကိုရီးယား အစရှိတဲ့နိုင်ငံတွေကို စစ်သင်္ဘောတွေ စေလွှတ်ဖို့ လူမှုကွန်ရက်ကနေတစ်ဆင့် တောင်းဆိုထား ပေမယ့် ပူးပေါင်းပါဝင်ဖို့ ကတိပြုထားတဲ့ နိုင်ငံ မရှိသေးပါဘူး။

Zawgyi Version;
အီရန္ရဲ႕အသက္ေသြးေၾကာ ခတ္ကြၽန္းကို သိမ္းပိုက္ဖို႔ အေမရိကန္ေျမျပင္တပ္မ်ား ေစလႊတ္ဖြယ္ရွိေန
ဂ်န္ဇက္ (NP News) - မတ္ ၁၆
အီရန္ႏိုင္ငံရဲ႕ အဓိကေရနံတင္ပို႔ရာ ခတ္ကြၽန္းကို တိုက္ခိုက္ သိမ္းပိုက္ရန္ အေမရိကန္ေျမျပင္တပ္ဖြဲ႕မ်ား ေစလႊတ္ဖို႔ အေမရိကန္သမၼတထရမ့္က စဥ္းစားေနေၾကာင္း သိရပါတယ္။ အီရန္ဘက္က ေရလက္ၾကားကို ပိတ္ဆို႔ထားမႈ ေၾကာင့္ ကမာၻ႔ေရနံေထာက္ပံ့မႈ ကြင္းဆက္ ျပတ္ေတာက္ေနခ်ိန္မွာ အေမရိကန္အစိုးရက အဲဒီျပႆနာကို ေျဖရွင္းဖို႔ ေျမျပင္တပ္ဖြဲ႕ေတြ အသုံးျပဳလာႏိုင္ေျခ ရွိေနတာမ်ိဳးျဖစ္ပါတယ္။
ခတ္ကြၽန္းေလးဟာ အီရန္ႏိုင္ငံရဲ႕ေရနံထုတ္လုပ္မႈနဲ႔တင္ပို႔မႈ စုစုေပါင္းရဲ႕ ၉၀ ရာခိုင္ႏႈန္းေက်ာ္ကို ကိုင္တြယ္ ေျဖရွင္း ေပးေနတဲ့အီရန္စီးပြားေရးရဲ႕အသက္ေသြးေၾကာျဖစ္ေနတယ္လို႔ သိရပါတယ္။ ၿပီးခဲ့တဲ့ရက္ပိုင္းက အေမရိကန္ဟာ ဒီကြၽန္းေပၚရွိ စစ္ေရးပစ္မွတ္မ်ားကို ေလေၾကာင္းမွ ျပင္းျပင္းထန္ထန္ ဗုံးႀကဲတိုက္ခိုက္ခဲ့ေပမယ့္ ေရနံအေျခခံ အေဆာက္အအုံမ်ားကို ခ်န္လွပ္ထားခဲ့ၿပီးပင္လယ္ေကြ႕ထဲမွာ သေဘၤာေတြ ဆက္ပိတ္မိေနမယ္ဆိုရင္ေတာ့ ကြၽန္းကိုပါ တပ္စြဲသိမ္းပိုက္လာမယ့္ အေနအထား ရွိေနပါတယ္။
ပိတ္ဆို႔ခံထားရတဲ့ေဟာ္မုဇ္ေရလက္ၾကားကို ျပန္လည္ဖြင့္လွစ္ႏိုင္ဖို႔အတြက္ သမၼတထရမ့္ဟာ ႏိုင္ငံတကာ ေရတပ္ ၫြန႔္ေပါင္းအဖြဲ႕တစ္ခုကို ဖြဲ႕စည္းဖို႔ ႀကိဳးပမ္းေနပါတယ္သမၼတထရမ့္က ၿဗိတိန္၊ ျပင္သစ္၊ တ႐ုတ္၊ ဂ်ပန္နဲ႔ ေတာင္ကိုရီးယား အစရွိတဲ့ႏိုင္ငံေတြကို စစ္သေဘၤာေတြ ေစလႊတ္ဖို႔ လူမႈကြန္ရက္ကေနတစ္ဆင့္ ေတာင္းဆိုထား ေပမယ့္ ပူးေပါင္းပါဝင္ဖို႔ ကတိျပဳထားတဲ့ ႏိုင္ငံ မရွိေသးပါဘူး။