နျူကလီးယားလက်နက်တွေကို လက်ခံသွားမှာမဟုတ်ဘူးလို့ နော်ဝေးဝန်ကြီးချုပ်ပြော

 237

Pika (NP News) - မတ် ၁၆

နော်ဝေးနိုင်ငံရဲ့လုံခြုံရေးဟာ နေတိုးအဖွဲ့ရဲ့မဟာဗျူဟာမြောက် တားဆီးကာကွယ်ရေးအပေါ် အခြေခံထား ပေမယ့်လည်း နော်ဝေးက ၎င်းရဲ့နယ်မြေအတွင်းမှာ နျူကလီးယားလက်နက်တွေကို လက်ခံသွားမှာမဟုတ်ဘူးလို့ နော်ဝေးဝန်ကြီးချုပ်ဂျိုးနက်စ်ဂါဟာစတိုးက ပြောကြားခဲ့ပါတယ်။
ဒါပေမယ့်လည်း ဆွီဒင်နဲ့ဒိန်းမတ်တို့ကတော့ နျူကလီးယားလက်နက်တွေ ချထားမှုကို လက်ခံသွားမယ်လို့ ဆွီဒင်နဲ့ ဒိန်းမတ်တို့ရဲ့ထိပ်တန်းကာကွယ်ရေးအရာရှိတွေက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
နျူကလီးယားလက်နက်ဆိုင်ရာစည်းမျဉ်းတွေကို ဖြေလျှော့ပေးမှုဆိုင်ရာ ဆွေးနွေးမှုတွေ စတင်တာနဲ့ပတ်သက်ပြီး သတင်းထောက်တွေရဲ့မေးခွန်းတွေကို ဂျိုးနက်စ်ဂါဟာစတိုးက တုံ့ပြန်ဖြေကြားခဲ့တယ်လို့လည်း သိရပါတယ်။
ဂျိုးနက်စ်ဂါဟာစတိုးက “ကျွန်တော်တို့က ဥပဒေပြုရေးကို‌ ပြောင်းလဲနေတာမဟုတ်ပါဘူး။ အဲဒီလိုမျိုး ပြောင်းလဲဖို့ လည်း မလိုအပ်ပါဘူး။ ကျွန်တော်တို့မှာ ရှင်းလင်းတဲ့ မူဝါဒတစ်ခုက ရှိပြီးသားပါ။ နော်ဝေးက ဘယ်တော့မှ နျူကလီးယားလက်နက်တွေချထားမှာကို လက်ခံသွားမှာ မဟုတ်ပါဘူး” လို့ ပြောခဲ့ပါတယ်။
ဒါပေမယ့်လည်း နေတိုးအဖွဲ့ဝင်အခြားနိုင်ငံတွေရဲ့နယ်မြေတွေမှာ နျူကလီးယားလက်နက်တွေချထားဖို့ ပြောဆိုခဲ့ တဲ့ ပြင်သစ်သမ္မတမက်ခရွန်နဲ့ အလားအလာရှိတဲ့ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာဆွေးနွေးပွဲ တွေအတွက် နော်ဝေးက အဆင်သင့်ရှိနေတယ်လို့လည်း ဂျိုးနက်စ်ဂါဟာစတိုးက ပြောကြားခဲ့ပါတယ်။ ဒါ့ပြင် ဘယ်လိုအစီအစဉ်အသစ်မျိုးကမဆို နေတိုးအဖွဲ့ရဲ့လက်ရှိနျူကလီးယားမူဝါဒကို အားနည်းစေလိမ့်မှာမဟုတ်ဘူးလို့ လည်း ဂျိုးနက်စ်ဂါဟာစတိုးက ပြောကြားခဲ့ပါတယ်။

Zawgyi Version;
န်ဴကလီးယားလက္နက္ေတြကို လက္ခံသြားမွာမဟုတ္ဘူးလို႔ ေနာ္ေဝးဝန္ႀကီးခ်ဳပ္ေျပာ
Pika (NP News) - မတ္ ၁၆
ေနာ္ေဝးႏိုင္ငံရဲ႕လုံၿခဳံေရးဟာ ေနတိုးအဖြဲ႕ရဲ႕မဟာဗ်ဴဟာေျမာက္ တားဆီးကာကြယ္ေရးအေပၚ အေျခခံထား ေပမယ့္လည္း ေနာ္ေဝးက ၎ရဲ႕နယ္ေျမအတြင္းမွာ န်ဴကလီးယားလက္နက္ေတြကို လက္ခံသြားမွာမဟုတ္ဘူးလို႔ ေနာ္ေဝးဝန္ႀကီးခ်ဳပ္ဂ်ိဳးနက္စ္ဂါဟာစတိုးက ေျပာၾကားခဲ့ပါတယ္။
ဒါေပမယ့္လည္း ဆြီဒင္နဲ႔ဒိန္းမတ္တို႔ကေတာ့ န်ဴကလီးယားလက္နက္ေတြ ခ်ထားမႈကို လက္ခံသြားမယ္လို႔ ဆြီဒင္နဲ႔ ဒိန္းမတ္တို႔ရဲ႕ထိပ္တန္းကာကြယ္ေရးအရာရွိေတြက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
န်ဴကလီးယားလက္နက္ဆိုင္ရာစည္းမ်ဥ္းေတြကို ေျဖေလွ်ာ့ေပးမႈဆိုင္ရာ ေဆြးေႏြးမႈေတြ စတင္တာနဲ႔ပတ္သက္ၿပီး သတင္းေထာက္ေတြရဲ႕ေမးခြန္းေတြကို ဂ်ိဳးနက္စ္ဂါဟာစတိုးက တုံ႔ျပန္ေျဖၾကားခဲ့တယ္လို႔လည္း သိရပါတယ္။
ဂ်ိဳးနက္စ္ဂါဟာစတိုးက “ကြၽန္ေတာ္တို႔က ဥပေဒျပဳေရးကို‌ ေျပာင္းလဲေနတာမဟုတ္ပါဘူး။ အဲဒီလိုမ်ိဳး ေျပာင္းလဲဖို႔ လည္း မလိုအပ္ပါဘူး။ ကြၽန္ေတာ္တို႔မွာ ရွင္းလင္းတဲ့ မူဝါဒတစ္ခုက ရွိၿပီးသားပါ။ ေနာ္ေဝးက ဘယ္ေတာ့မွ န်ဴကလီးယားလက္နက္ေတြခ်ထားမွာကို လက္ခံသြားမွာ မဟုတ္ပါဘူး” လို႔ ေျပာခဲ့ပါတယ္။
ဒါေပမယ့္လည္း ေနတိုးအဖြဲ႕ဝင္အျခားႏိုင္ငံေတြရဲ႕နယ္ေျမေတြမွာ န်ဴကလီးယားလက္နက္ေတြခ်ထားဖို႔ ေျပာဆိုခဲ့ တဲ့ ျပင္သစ္သမၼတမက္ခ႐ြန္နဲ႔ အလားအလာရွိတဲ့ မဟာဗ်ဴဟာေျမာက္ ပူးေပါင္းေဆာင္႐ြက္မႈဆိုင္ရာေဆြးေႏြးပြဲ ေတြအတြက္ ေနာ္ေဝးက အဆင္သင့္ရွိေနတယ္လို႔လည္း ဂ်ိဳးနက္စ္ဂါဟာစတိုးက ေျပာၾကားခဲ့ပါတယ္။ ဒါ့ျပင္ ဘယ္လိုအစီအစဥ္အသစ္မ်ိဳးကမဆို ေနတိုးအဖြဲ႕ရဲ႕လက္ရွိန်ဴကလီးယားမူဝါဒကို အားနည္းေစလိမ့္မွာမဟုတ္ဘူးလို႔ လည္း ဂ်ိဳးနက္စ္ဂါဟာစတိုးက ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.