မန္တလေးတိုင်းဒေသကြီးတွင် အမျိုးသားနှစ်ဦးမှ ပစ္စည်းပို့သမားအဖြစ်ဟန်ဆောင်ကာ ကျပ်သိန်း (၂၀၀)ကျော်နှင့် ရွှေထည်ပစ္စည်းများဓါးပြတိုက်မှုဖြစ်ပွား

 399

ထိုက်စံ (NP News) - မတ် ၁၆
မန္တလေးတိုင်းဒေသကြီးတွင် အမျိုးသားနှစ်ဦးမှ ပစ္စည်းပို့သူအဖြစ်ဟန်ဆောင်ကာ ကျပ်သိန်း (၂၀၀)ကျော်နှင့် ရွှေထည်ပစ္စည်းများဓါးပြတိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယန်မန်နေ့ (မတ် ၁၅)ရက်၊ ညနေပိုင်း(၄)နာရီ အချိန်ခန့်က မန္တလေးတိုင်းဒေသကြီး ၊ အောင်မြေသာစံမြို့နယ်၊အမရဌာနီအရှေ့ရပ်ကွက်၊ အကွက်(၂၂)၊၇၆×၇၈လမ်းကြား၊၈×၉လမ်းရှိနေအိမ်တွင် မနှင်းနုခိုင်သည် နေအိမ်အိပ်ခန်းအတွင်း၌ အဝတ်အစားများအား မီးပူတိုက်နေပြီး သမီး ဖြစ်သူ (၈)နှစ်အရွယ် မသဉ္ဇာနွယ်မှာ နေအိမ်ဘေး အဖီအောက်တွင် တစ်ဦးတည်းရှိနေစဉ် အိမ်ခြံဝင်း တံခါးပေါက်မှ“လူကြီးမင်းတို့” ဟု အော်ခေါ်သံ ကြားခဲ့သဖြင့် မိခင်အားသွားရောက်အသိပေးခဲ့ကြောင်း သိရသည်။
ထို့နောက် မိခင်ဖြစ်သူမှအပြင်သို့ထွက်ကြည့်ရာ အမျိုးသား (၂)ဦး မှ အဝါရောင်တိပ်ဖြင့် ပတ်ထားသည့် အထုပ် (၁)ထုပ်အား ပြသ၍ ပစ္စည်းလာပို့ သည်ဟုပြောဆိုကာ ခြံဝင်းတံခါးအား ဖွင့်ပေးရန် ပြောသဖြင့် ခြံဝင်းတံခါးအား ဖွင့်ပေးခဲ့ရာ ၎င်းအမျိုးသား(၂)ဦးမှ နေအိမ်ခြံဝင်းအတွင်းသို့ ဝင်ရောက်လာကြပြီး နေအိမ်ဘေး အဖီတဲအောက်ရှိ ခုံတန်းလျားတွင် ထိုင်မလိုဟန် ပြုလုပ်ပြီးနောက် အမျိုးသား(၁)ဦးမှ သမီးဖြစ်သူ မသဉ္ဇာနွယ်အား သိုင်းချုပ်၍ လက်နှစ်ဖက်အား တိပ်ဖြင့် ပတ်ထားပြီး ကပ်ကြေး (၁)လက်ဖြင့် ခြိမ်းခြောက်ပြောဆိုကာ နေအိမ်အိပ်ခန်းအတွင်းသို့ ဆွဲခေါ် ခဲ့ကြောင်း သိရသည်။
ထို့နောက် အမျိုးသား (၂)ဦးမှ နေအိမ် အိပ်ခန်းအရောက်တွင် ပစ္စည်းများအား ထုတ်ခိုင်းခဲ့ပြီး အိပ်ခန်း နံရံတွင် ချိတ်ဆွဲထားသည့် သံသေတ္တာ သော့အား ဖြုတ်ယူ၍ သံသေတ္တာအားဖွင့်ကာ အပြာရောင် ခရီးဆောင်အိတ်အတွင်းထည့်လျက် သိမ်းဆည်း ထားသော မြန်မာငွေစက္ကူ ကျပ်သိန်း (၂၂၀)ကျပ်ခန့် ၊ ရွှေငါးကျပ်သား(၂) တုံး၊လက်ဝတ်လက်စားရွှေထည်(၆)မျိုး၊သွေးပြီးသားကျောက်စိမ်းပွင့် (၅၀)ခန့် နှင့် Redmi အမျိုးအစား အနက်ရောင် ဖုန်း (၁)လုံးတို့အားယူဆောင်ထွက်‌ပြေးသွားခဲ့ကြောင်း သိရသည်။
အဆိုပါကျူးလွန်သူ အသက်(၃၀)ဝန်းကျင်ခန့်အရွယ်ရှိကြသည့် အမျိုးသား(၂)ဦးတို့အား ဥပဒေအရ အရေးယူနိုင်ရန် သက်ဆိုင်ရာမှ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Zawgyi Version:
မႏၲေလးတိုင္းေဒသႀကီးတြင္ အမ်ိဳးသားႏွစ္ဦးမွ ပစၥည္းပို႔သမားအျဖစ္ဟန္ေဆာင္ကာ က်ပ္သိန္း (၂၀၀)ေက်ာ္ႏွင့္ ေ႐ႊထည္ပစၥည္းမ်ားဓါးျပတိုက္မႈျဖစ္ပြား
ထိုက္စံ (NP News) - မတ္ ၁၆
မႏၲေလးတိုင္းေဒသႀကီးတြင္ အမ်ိဳးသားႏွစ္ဦးမွ ပစၥည္းပို႔သူအျဖစ္ဟန္ေဆာင္ကာ က်ပ္သိန္း (၂၀၀)ေက်ာ္ႏွင့္ ေ႐ႊထည္ပစၥည္းမ်ားဓါးျပတိုက္မႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ ယန္မန္ေန႔ (မတ္ ၁၅)ရက္၊ ညေနပိုင္း(၄)နာရီ အခ်ိန္ခန႔္က မႏၲေလးတိုင္းေဒသႀကီး ၊ ေအာင္ေျမသာစံၿမိဳ႕နယ္၊အမရဌာနီအေရွ႕ရပ္ကြက္၊ အကြက္(၂၂)၊၇၆×၇၈လမ္းၾကား၊၈×၉လမ္းရွိေနအိမ္တြင္ မႏွင္းႏုခိုင္သည္ ေနအိမ္အိပ္ခန္းအတြင္း၌ အဝတ္အစားမ်ားအား မီးပူတိုက္ေနၿပီး သမီး ျဖစ္သူ (၈)ႏွစ္အ႐ြယ္ မသၪၨာႏြယ္မွာ ေနအိမ္ေဘး အဖီေအာက္တြင္ တစ္ဦးတည္းရွိေနစဥ္ အိမ္ၿခံဝင္း တံခါးေပါက္မွ“လူႀကီးမင္းတို႔” ဟု ေအာ္ေခၚသံ ၾကားခဲ့သျဖင့္ မိခင္အားသြားေရာက္အသိေပးခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ မိခင္ျဖစ္သူမွအျပင္သို႔ထြက္ၾကည့္ရာ အမ်ိဳးသား (၂)ဦး မွ အဝါေရာင္တိပ္ျဖင့္ ပတ္ထားသည့္ အထုပ္ (၁)ထုပ္အား ျပသ၍ ပစၥည္းလာပို႔ သည္ဟုေျပာဆိုကာ ၿခံဝင္းတံခါးအား ဖြင့္ေပးရန္ ေျပာသျဖင့္ ၿခံဝင္းတံခါးအား ဖြင့္ေပးခဲ့ရာ ၎အမ်ိဳးသား(၂)ဦးမွ ေနအိမ္ၿခံဝင္းအတြင္းသို႔ ဝင္ေရာက္လာၾကၿပီး ေနအိမ္ေဘး အဖီတဲေအာက္ရွိ ခုံတန္းလ်ားတြင္ ထိုင္မလိုဟန္ ျပဳလုပ္ၿပီးေနာက္ အမ်ိဳးသား(၁)ဦးမွ သမီးျဖစ္သူ မသၪၨာႏြယ္အား သိုင္းခ်ဳပ္၍ လက္ႏွစ္ဖက္အား တိပ္ျဖင့္ ပတ္ထားၿပီး ကပ္ေၾကး (၁)လက္ျဖင့္ ၿခိမ္းေျခာက္ေျပာဆိုကာ ေနအိမ္အိပ္ခန္းအတြင္းသို႔ ဆြဲေခၚ ခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ အမ်ိဳးသား (၂)ဦးမွ ေနအိမ္ အိပ္ခန္းအေရာက္တြင္ ပစၥည္းမ်ားအား ထုတ္ခိုင္းခဲ့ၿပီး အိပ္ခန္း နံရံတြင္ ခ်ိတ္ဆြဲထားသည့္ သံေသတၱာ ေသာ့အား ျဖဳတ္ယူ၍ သံေသတၱာအားဖြင့္ကာ အျပာေရာင္ ခရီးေဆာင္အိတ္အတြင္းထည့္လ်က္ သိမ္းဆည္း ထားေသာ ျမန္မာေငြစကၠဴ က်ပ္သိန္း (၂၂၀)က်ပ္ခန႔္ ၊ ေ႐ႊငါးက်ပ္သား(၂) တုံး၊လက္ဝတ္လက္စားေ႐ႊထည္(၆)မ်ိဳး၊ေသြးၿပီးသားေက်ာက္စိမ္းပြင့္ (၅၀)ခန႔္ ႏွင့္ Redmi အမ်ိဳးအစား အနက္ေရာင္ ဖုန္း (၁)လုံးတို႔အားယူေဆာင္ထြက္‌ေျပးသြားခဲ့ေၾကာင္း သိရသည္။
အဆိုပါက်ဴးလြန္သူ အသက္(၃၀)ဝန္းက်င္ခန႔္အ႐ြယ္ရွိၾကသည့္ အမ်ိဳးသား(၂)ဦးတို႔အား ဥပေဒအရ အေရးယူႏိုင္ရန္ သက္ဆိုင္ရာမွ ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.