ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်နှင့် လှိုင်သာယာလူသတ်မှုဖြစ်စဉ်ထဲမှ တရားခံနှစ်ဦးတို့ကို သေဒဏ်ကြိုးမိန့်ဖြင့် စီရင်လိုက်ကြောင်း နစက အတည်ပြု

 69079

Iris (NP News) - ဇွန် ၃
ကိုဂျင်မီ၊ ကိုဖြိုးဇေယျော်သော်အပါအဝင် လေးဦးကို ကြိုးမိန့်ဖြင့် သေဒဏ်ပေးအပ်မှုကို နစက မှအတည်ပြုလိုက်ပြီဖြစ်ကာ ယင်းသည် နှစ်ပေါင်း(၄၀)ကျော်အတွင်း ပထမဆုံးသော သေဒဏ်အမှန်တကယ်ပေးခံရမည့်အနေအထားမျိုးဖြစ်လာကြောင်း သတင်းရရှိသည်။

ဇွန်လ(၃)ရက် လူမှုကွန်ရက်တစ်ခွင်၌ လေးဦးသေဒဏ်ပေးပြီဖြစ်ကြောင်း ဖော်ပြမှုမျိုးစုံရှိခဲ့ပြီး ယင်းဖြစ်စဉ်အတွက် အတည်ပြုမှုလုပ်ဆောင်ရန် နစက၏ပြန်ကြားရေးခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းဆက်သွယ်မေးမြန်းချိန်၌ ၎င်းက အတည်ပြုခဲ့ခြင်းလည်း ဖြစ်သည်။ " သေဒဏ်အမိန့်က အတည်ပြုလိုက်ပါပြီ " ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက NP News ကို ဇွန်လ(၃)ရက် နေ့လယ်ပိုင်း၌ အတည်ပြုပြောကြားသည်။ ပြောကြားချက်အတွင်း၌ ကိုဖြိုးဇေယျာသော်သည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၄၉(က)အရ ရန်ကုန်ရှိနေရာပေါင်း(၄)ခုတွင် ထားရှိသော လက်နက်မျိုးစုံ အလက်(၂၀၀)ခန့်၊ ကျည်ဆံမျိုးစုံ(၆၀၀၀)ခန့်၊ ကုံးသီးမျိုးစုံ(၄၀)ခန့်၊ ရှေ့ထွက်မိုင်းများစွာအပြင် အခြားသော လက်နက်ပစ္စည်းမျိုးစုံကို သိမ်းဆည်းရရှိမှုဖြင့်လည်းကောင်း၊ လုပ်ကြံသတ်ဖြတ်မှုများအတွက် အကြမ်းဖက်သမားများကို ထောက်ပံ့ပေးခဲ့ခြင်းဖြင့်လည်းကောင်း၊ ပုဒ်မ ၅၀(ဈ)အရ အရေးယူနိုင်သည့် ရုံးလုပ်ငန်းအဆောက်အအုံပေါင်းများစွာကို ဖောက်ခွဲတိုက်ခိုက်မှုအကြိမ်ရေ(၈၀)ကျော်၊ အများပြည်သူနှင့်ဆိုင်သောနေရာများကို ဖောက်ခွဲဖျက်ဆီးမှုအကြိမ်ရေ(၆၀)ခန့်၊ ဘာသာရေးအဆောက်အအုံ(၂)ကြိမ်၊ စာသင်ကျောင်းများဖောက်ခွဲမှုတွင်(၃)ကြိမ်အပါအဝင် အခြားသောဖောက်ခွဲမှုများ၌ ကြံရာပါအဖြစ်လည်း ပါဝင်ခဲ့ခြင်းဖြင့်လည်းကောင်း၊ ပုဒ်မ ၅၀(ည)အရ အရေးယူနိုင်သော အကြမ်းဖက်မှုများနှင့် အကြမ်းဖက်သမားများအား ငွေကြေးဆိုင်ရာထောက်ပံ့မှုများ လုပ်ဆောင်ခဲ့ခြင်းဖြင့်လည်းကောင်း သေဒဏ်ပေးအပ်ခဲ့ခြင်းမျိုးဖြစ်ကြောင်း သိရသည်။ ကိုဂျင်မီသည်လည်း အလားတူပုဒ်မများဖြစ်သော ၄၉(က)၊ ၅၀(ဈ)၊ ၅၀(ည) တိုဖြင့် သေဒဏ်ချခံရခြင်းမျိုးဖြစ်ကြောင်းနှင့် ယင်းအတွက် သက်ဆိုင်ရာပုဂ္ဂိုလ်များဘက်က အသနားခံစာ တင်ခဲ့ဖူးကြောင်းလည်း သိရသည်။ " သေဒဏ်အမိန့် ချမှတ်တယ်ဆိုတာကို ဇန်နဝါရီလကတည်းက အမိန့်ချခဲ့ပြီးသား ကြေညာချက်ထုတ်ပြန်ခဲ့ပြီးသားပါ။ သို့သော်လည်း သေဒဏ်အမိန့်ချပြီးရင် တရားဥပဒေလုပ်ထုံးလုပ်နည်းအရ ပြင်ဆင်ချက်တက်ရတယ်။ ပြင်ဆင်မှု အသနားခံစာကို လက်မခံဘဲ ပလပ်လိုက်တယ်။ ယခင်တုန်းကတော့ သေဒဏ်အမှုကို လုပ်ထုံးလုပ်နည်းဆိုတာရှိတယ်။ ဆိုင်းငံ့ဆိုတာမျိုး လုပ်ခဲ့တယ်။ ဆိုင်းငံ့ဖြစ်သွားရင် တစ်သက်တစ်ကျွန်းပုံစံမျိုးတော့ ဖြစ်သွားတယ် " ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။ တရားစီရင်ရေးဘက်မှ ဆုံးဖြတ်အတည်ပြုချက်အရ သေဒဏ်ကို အမှန်တကယ်သေဒဏ်ပေးရန်သာ ရှိနေသည့်အတွက် အကျဉ်းထောင်လုပ်ထုံးလုပ်နည်းအတိုင်း စတင်စီစဉ်နေပြီဖြစ်ကြောင်းနှင့် သက်ဆိုင်ရာပုဂ္ဂိုလ်များကို ကျန်းမာရေးစစ်ဆေးမှုများပါ စတင်နေပြီဖြစ်ကြောင်း သိရသည်။

ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်အမှုအပြင် အခြားသောနှစ်ဦးအဖြစ် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၇)ရက်ကွက်၊ အောင်မေတ္တာလမ်းနေ (ကျောင်းဆရာမ) မဝင်းသန္တာဆွေဆိုသူအား ၂၀၂၁ ခုနှစ် မတ် ၁၅ ရက်က ဝိုင်းဝန်းသတ်ဖြတ်ခဲ့ကြသည့် လူအုပ်စုထဲမှ လှမျိုးအောင်နှင့် အောင်သူရဇော်ဆိုသူနှစ်ဦးကိုပါ သေဒဏ်ကြိုးမိန့် ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။ အဆိုပါနှစ်ဦးသည် မဝင်းသန္တာဆွေဆိုသော အမျိုးသမီးအား သူလျှို၊ ဒလန်၊ သတင်းပေးဟု စွပ်စွဲကာ သောင်ကြီးဘုန်းကြီးကျောင်းသို့ ခေါ်ယူစစ်ဆေးမေးမြန်းခြင်း၊ မဝင်းသန္တဆွေ၏ နေအိမ်အား အပြင်ဘက်မှသော့ပိတ်ကာ သော့နှင့် လက်ကိုင်ဖုန်း(၂)လုံးကို သိမ်းဆည်း၍ အုပ်စုဖွဲ့နှိပ်စက်အနိုင်ကျင့် သတ်ဖြတ်မှုများ လုပ်ဆောင်ခဲ့ခြင်းကြောင့် စစ်အုပ်ချုပ်ရေး (Martial Law)ဖြင့် စစ်ခုံရုံးဖွဲ့၍ စစ်ဆေးပြီးနောက် ရာဇသတ်ကြီး ပုဒ်မ ၃၀၂ (၁)(ခ)/၃၄ အရ ၂၀၂၁ ခုနှစ် ဧပြီ ၁၂ ရက်တွင် “ သေဒဏ် ” အမိန့်ချမှတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါအမှုနှင့်ဆက်စပ်သော အခြားသောဖမ်းဆီးရမိထားသူများကိုလည်း ထိရောက်ပြင်းထန်သော ထောင်ဒဏ်များကို ချမှတ်ခဲ့ကြောင်းလည်း သိရသည်။

ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ လှမျိုးအောင်နှင့် အောင်သူရဇော်တို့လေးဦးလုံးကို ကျန်းမာရေးစစ်ဆေးမှုလုပ်ဆောင်ခဲ့ပြီးနောက် မိသားစုဝင်များနှင့် တွေ့ဆုံခွင့်ပေးမည့်သဘောမျိုး ကြားသိခဲ့ရပြီး အမှန်တကယ်သေဒဏ်ပေးသည့်ရက်မှာလည်း ယနေ့(ဇွန်လ ၃ ရက်) ပင်ဖြစ်ကြောင်းလည်း သတင်းများ ကြားသိနေရသည်။

Zawgyi Version
ကိုဂ်င္မီ၊ ကိုၿဖိဳးေဇယ်ာေသာ္ႏွင့္ လႈိင္သာယာလူသတ္မႈျဖစ္စဥ္ထဲမွ တရားခံႏွစ္ဦးတို႔ကို ေသဒဏ္ႀကိဳးမိန႔္ျဖင့္ စီရင္လိုက္ေၾကာင္း နစက အတည္ျပဳ
Iris (NP News) - ဇြန္ ၃
ကိုဂ်င္မီ၊ ကိုၿဖိဳးေဇေယ်ာ္ေသာ္အပါအဝင္ ေလးဦးကို ႀကိဳးမိန႔္ျဖင့္ ေသဒဏ္ေပးအပ္မႈကို နစက မွအတည္ျပဳလိုက္ၿပီျဖစ္ကာ ယင္းသည္ ႏွစ္ေပါင္း(၄၀)ေက်ာ္အတြင္း ပထမဆုံးေသာ ေသဒဏ္အမွန္တကယ္ေပးခံရမည့္အေနအထားမ်ိဳးျဖစ္လာေၾကာင္း သတင္းရရွိသည္။

ဇြန္လ(၃)ရက္ လူမႈကြန္ရက္တစ္ခြင္၌ ေလးဦးေသဒဏ္ေပးၿပီျဖစ္ေၾကာင္း ေဖာ္ျပမႈမ်ိဳးစုံရွိခဲ့ၿပီး ယင္းျဖစ္စဥ္အတြက္ အတည္ျပဳမႈလုပ္ေဆာင္ရန္ နစက၏ျပန္ၾကားေရးေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းဆက္သြယ္ေမးျမန္းခ်ိန္၌ ၎က အတည္ျပဳခဲ့ျခင္းလည္း ျဖစ္သည္။ " ေသဒဏ္အမိန႔္က အတည္ျပဳလိုက္ပါၿပီ " ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက NP News ကို ဇြန္လ(၃)ရက္ ေန႔လယ္ပိုင္း၌ အတည္ျပဳေျပာၾကားသည္။ ေျပာၾကားခ်က္အတြင္း၌ ကိုၿဖိဳးေဇယ်ာေသာ္သည္ အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဥပေဒ ပုဒ္မ ၄၉(က)အရ ရန္ကုန္ရွိေနရာေပါင္း(၄)ခုတြင္ ထားရွိေသာ လက္နက္မ်ိဳးစုံ အလက္(၂၀၀)ခန႔္၊ က်ည္ဆံမ်ိဳးစုံ(၆၀၀၀)ခန႔္၊ ကုံးသီးမ်ိဳးစုံ(၄၀)ခန႔္၊ ေရွ႕ထြက္မိုင္းမ်ားစြာအျပင္ အျခားေသာ လက္နက္ပစၥည္းမ်ိဳးစုံကို သိမ္းဆည္းရရွိမႈျဖင့္လည္းေကာင္း၊ လုပ္ႀကံသတ္ျဖတ္မႈမ်ားအတြက္ အၾကမ္းဖက္သမားမ်ားကို ေထာက္ပံ့ေပးခဲ့ျခင္းျဖင့္လည္းေကာင္း၊ ပုဒ္မ ၅၀(ဈ)အရ အေရးယူႏိုင္သည့္ ႐ုံးလုပ္ငန္းအေဆာက္အအုံေပါင္းမ်ားစြာကို ေဖာက္ခြဲတိုက္ခိုက္မႈအႀကိမ္ေရ(၈၀)ေက်ာ္၊ အမ်ားျပည္သူႏွင့္ဆိုင္ေသာေနရာမ်ားကို ေဖာက္ခြဲဖ်က္ဆီးမႈအႀကိမ္ေရ(၆၀)ခန႔္၊ ဘာသာေရးအေဆာက္အအုံ(၂)ႀကိမ္၊ စာသင္ေက်ာင္းမ်ားေဖာက္ခြဲမႈတြင္(၃)ႀကိမ္အပါအဝင္ အျခားေသာေဖာက္ခြဲမႈမ်ား၌ ႀကံရာပါအျဖစ္လည္း ပါဝင္ခဲ့ျခင္းျဖင့္လည္းေကာင္း၊ ပုဒ္မ ၅၀(ည)အရ အေရးယူႏိုင္ေသာ အၾကမ္းဖက္မႈမ်ားႏွင့္ အၾကမ္းဖက္သမားမ်ားအား ေငြေၾကးဆိုင္ရာေထာက္ပံ့မႈမ်ား လုပ္ေဆာင္ခဲ့ျခင္းျဖင့္လည္းေကာင္း ေသဒဏ္ေပးအပ္ခဲ့ျခင္းမ်ိဳးျဖစ္ေၾကာင္း သိရသည္။ ကိုဂ်င္မီသည္လည္း အလားတူပုဒ္မမ်ားျဖစ္ေသာ ၄၉(က)၊ ၅၀(ဈ)၊ ၅၀(ည) တိုျဖင့္ ေသဒဏ္ခ်ခံရျခင္းမ်ိဳးျဖစ္ေၾကာင္းႏွင့္ ယင္းအတြက္ သက္ဆိုင္ရာပုဂၢိဳလ္မ်ားဘက္က အသနားခံစာ တင္ခဲ့ဖူးေၾကာင္းလည္း သိရသည္။ " ေသဒဏ္အမိန႔္ ခ်မွတ္တယ္ဆိုတာကို ဇန္နဝါရီလကတည္းက အမိန႔္ခ်ခဲ့ၿပီးသား ေၾကညာခ်က္ထုတ္ျပန္ခဲ့ၿပီးသားပါ။ သို႔ေသာ္လည္း ေသဒဏ္အမိန႔္ခ်ၿပီးရင္ တရားဥပေဒလုပ္ထုံးလုပ္နည္းအရ ျပင္ဆင္ခ်က္တက္ရတယ္။ ျပင္ဆင္မႈ အသနားခံစာကို လက္မခံဘဲ ပလပ္လိုက္တယ္။ ယခင္တုန္းကေတာ့ ေသဒဏ္အမႈကို လုပ္ထုံးလုပ္နည္းဆိုတာရွိတယ္။ ဆိုင္းငံ့ဆိုတာမ်ိဳး လုပ္ခဲ့တယ္။ ဆိုင္းငံ့ျဖစ္သြားရင္ တစ္သက္တစ္ကြၽန္းပုံစံမ်ိဳးေတာ့ ျဖစ္သြားတယ္ " ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။ တရားစီရင္ေရးဘက္မွ ဆုံးျဖတ္အတည္ျပဳခ်က္အရ ေသဒဏ္ကို အမွန္တကယ္ေသဒဏ္ေပးရန္သာ ရွိေနသည့္အတြက္ အက်ဥ္းေထာင္လုပ္ထုံးလုပ္နည္းအတိုင္း စတင္စီစဥ္ေနၿပီျဖစ္ေၾကာင္းႏွင့္ သက္ဆိုင္ရာပုဂၢိဳလ္မ်ားကို က်န္းမာေရးစစ္ေဆးမႈမ်ားပါ စတင္ေနၿပီျဖစ္ေၾကာင္း သိရသည္။

ကိုဂ်င္မီ၊ ကိုၿဖိဳးေဇယ်ာေသာ္အမႈအျပင္ အျခားေသာႏွစ္ဦးအျဖစ္ လႈိင္သာယာ(အေရွ႕ပိုင္း)ၿမိဳ႕နယ္၊ အမွတ္(၇)ရက္ကြက္၊ ေအာင္ေမတၱာလမ္းေန (ေက်ာင္းဆရာမ) မဝင္းသႏၲာေဆြဆိုသူအား ၂၀၂၁ ခုႏွစ္ မတ္ ၁၅ ရက္က ဝိုင္းဝန္းသတ္ျဖတ္ခဲ့ၾကသည့္ လူအုပ္စုထဲမွ လွမ်ိဳးေအာင္ႏွင့္ ေအာင္သူရေဇာ္ဆိုသူႏွစ္ဦးကိုပါ ေသဒဏ္ႀကိဳးမိန႔္ ေပးလိုက္ၿပီျဖစ္ေၾကာင္း သိရသည္။ အဆိုပါႏွစ္ဦးသည္ မဝင္းသႏၲာေဆြဆိုေသာ အမ်ိဳးသမီးအား သူလွ်ိဳ၊ ဒလန္၊ သတင္းေပးဟု စြပ္စြဲကာ ေသာင္ႀကီးဘုန္းႀကီးေက်ာင္းသို႔ ေခၚယူစစ္ေဆးေမးျမန္းျခင္း၊ မဝင္းသႏၲေဆြ၏ ေနအိမ္အား အျပင္ဘက္မွေသာ့ပိတ္ကာ ေသာ့ႏွင့္ လက္ကိုင္ဖုန္း(၂)လုံးကုိ သိမ္းဆည္း၍ အုပ္စုဖြဲ႔ႏွိပ္စက္အႏုိင္က်င့္ သတ္ျဖတ္မႈမ်ား လုပ္ေဆာင္ခဲ့ျခင္းေၾကာင့္ စစ္အုပ္ခ်ဳပ္ေရး (Martial Law)ျဖင့္ စစ္ခုံ႐ုံးဖြဲ႕၍ စစ္ေဆးျပီးေနာက္ ရာဇသတ္ႀကီး ပုဒ္မ ၃၀၂ (၁)(ခ)/၃၄ အရ ၂၀၂၁ ခုႏွစ္ ဧၿပီ ၁၂ ရက္တြင္ “ ေသဒဏ္ ” အမိန႔္ခ်မွတ္လုိက္ျခင္းျဖစ္ေၾကာင္း သိရသည္။ အဆုိပါအမႈႏွင့္ဆက္စပ္ေသာ အျခားေသာဖမ္းဆီးရမိထားသူမ်ားကုိလည္း ထိေရာက္ျပင္းထန္ေသာ ေထာင္ဒဏ္မ်ားကုိ ခ်မွတ္ခဲ့ေၾကာင္းလည္း သိရသည္။

ကုိဂ်င္မီ၊ ကုိျဖိဳးေဇယ်ာေသာ္၊ လွမ်ဳိးေအာင္ႏွင့္ ေအာင္သူရေဇာ္တုိ႔ေလးဦးလုံးကုိ က်န္းမာေရးစစ္ေဆးမႈလုပ္ေဆာင္ခဲ့ျပီးေနာက္ မိသားစု၀င္မ်ားႏွင့္ ေတြ႔ဆုံခြင့္ေပးမည့္သေဘာမ်ဳိး ၾကားသိခဲ့ရျပီး အမွန္တကယ္ေသဒဏ္ေပးသည့္ရက္မွာလည္း ယေန႔(ဇြန္လ ၃ ရက္) ပင္ျဖစ္ေၾကာင္းလည္း သတင္းမ်ား ၾကားသိေနရသည္။

Picture

Mr. Win

03/06/2022 17:20

တကယ်​​သေပြီလား။

Picture

MAJOR PHYO MIN THANT

03/06/2022 17:33

သေပြီအေးတာပဲ

Picture

Ko Latt

03/06/2022 15:47

ဒဏ္ရာေတြမက်က္ေသးေတာ့ ပိုလို႔နာရတယ္ ဘာေၾကာင့္လည္ ေသေနတဲ့ျမန္မာျပည္ဖြားေတြရဲ႕အသက္က ေစ်းေပါလိုက္တာ

Picture

Myitzu Aye

03/06/2022 15:21

ဒီေန႔ တကယ္ႀကိဳးးေပးလိုက္ၿပီေပါ့...

Picture

ချင်းတွင်း သူဇာ

03/06/2022 16:29

မမပန်ဆယ်လိုရဲ့ပူးပေါင်းကူညီမှုမှတ်တိုင်တစ်ခု

Related news

© 2021. All rights reserved.