ပြည်တွင်း၌ လုပ်သားအင်အား ၃ဝဝ နှင့် ၅ဝဝ ကြားခန့်ထားနိုင်သည့်အထည်စက်ရုံများ တစ်လလျှင် (၅) ရုံခန့်ဖွင့်လှစ်နေ

6147

မျိုးကြီး (NP News) - ဇွန် ၈
မြန်မာနိုင်ငံရှိ အထည်ချုပ်လုပ်ငန်းကဏ္ဍတွင် တရုတ်၊ ထိုင်ဝမ်နှင့် ကိုရီးယားနိုင်ငံတို့က အများဆုံးလုပ်ကိုင်နေပြီး တစ်လလျှင် စက်ရုံ(၅)ရုံခန့် အသစ်ဖွင့်လှစ်လုပ်ကိုင်ဆောင်ရွက်နေကြောင်း အလုပ်သမားဝန်ကြီး ဌာနက ပြောသည်။
မြန်မာတစ်နိုင်ငံလုံးရှိ အထည်ချုပ်စက်ရုံလုပ်ငန်းများ၌ လက်ရှိတွင် မြန် မာအလုပ်သမား သုံးသိန်းခန့်ကို အလုပ်အကိုင်များပေးလျက်ရှိကြောင်း အလုပ်သမားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်ဦးညွန့်ဝင်းက NP News ကို ပြောသည်။
“ကျွန်တော်တို့ ဆီမှာ တက်လာတဲ့ စာရင်းဇယားတွေအရကတော့ တစ်လ၊ တစ်လကို အနည်းဆုံး စက်ရုံ ၅ ရုံနဲ့ ၁ဝ ကြားလောက် လုပ်ငန်းအသစ်တွေ ဖွင့်နေတယ်။ ဖွင့်ပြီဆိုရင် အနည်းဆုံးအလုပ်သမားက ရာကျော်တွေချည်ပဲဖြစ်ပါတယ်။ ပုံမှန် အားဖြင့် ၃ဝဝ၊ ၅ဝဝ တစ်ချို့စက်ရုံတွေဆိုရင် တစ်ထောင်လောက်ရှိတယ်။ ဖွင့်နေပါတယ်ဗျ။ ပြောချင်တာက ရှင်းရှင်းပြောရရင် သူတို့လည်း စီးပွားရေးတွက်ခြေကိုက်လို့ လာဖွင့်တယ်။ နောက် ဒီအထည်ချုပ်နဲ့ပတ်သက်တဲ့ အလုပ်သမားရနိုင်တဲ့ အနေအထားရှိလို့ ဖွင့်နေကြတာဖြစ်ပါတယ်” ဟု ဦးညွန့်ဝင်းက ပြောသည်။
လက်ရှိ အထည်ချုပ်လုပ်ငန်းများတွင် တရုတ်၊ ထိုင်ဝမ်နှင့် ကိုရီးယားနိုင် ငံတို့မှ အဓိကအများလုပ်ကိုင်လျက်ရှိပြီး ထိုင်းနိုင်ငံ နှင့် ဂျပန်နိုင်ငံတို့မှလည်း ရင်းနှီးမြှုပ်နှံလုပ်ကိုင်မှုများကြောင်း ၎င်းက ဆက်လက်ပြော သည်။
“စက်ရုံတွေ တိုးလာတယ်။ တစ်လ တစ်လကို အနည်းဆုံး ငါးရုံလောက်ကတော့ ရှိတယ်ဗျ။ အနည်းဆုံးတော့ ငါးရုံလောက်က ဖွင့်နေတာပဲ။ လုပ်ငန်းတွေကောင်းပါတယ်။ အော်ဒါတွေလည်း ပြန်ရတယ်ကြားပါတယ်။ ယာယီပိတ်ထားတဲ့ စက်ရုံတွေလည်း ပြန်ဖွင့်နေတာရှိပါတယ်” ဟု အမြဲတမ်းအတွင်းဝန်ဦးညွန့်ဝင်းက ဆိုသည်။
ပြီးခဲ့သော ကာလများက ကိုဗစ်ကပ်ရောဂါကူးစက်ပြန့်ပွားမှုဖြစ်ချိန်တွင် မြန်မာနိုင်ငံ၏အထည်ချုပ်လုပ်ငန်းများ၌ ထိခိုက်မှုများရှိခဲ့ပြီး အထည်ချုပ်လုပ်သားများမှာလည်း အလုပ်အကိုင်ဆုံးရှုံးမှုများရှိခဲ့သည်။
https://npnewsmm.com/news/62a0548f4be6c966c071cc25

zawgyi version
ျပည္တြင္း၌ လုပ္သားအင္အား ၃ဝဝ ႏွင့္ ၅ဝဝ ၾကားခန႔္ထားႏိုင္သည့္အထည္စက္႐ုံမ်ား တစ္လလွ်င္ (၅) ႐ုံခန႔္ဖြင့္လွစ္ေန
မ်ိဳးႀကီး (NP News) - ဇြန္ ၈
ျမန္မာႏိုင္ငံရွိ အထည္ခ်ဳပ္လုပ္ငန္းက႑တြင္ တ႐ုတ္၊ ထိုင္ဝမ္ႏွင့္ ကိုရီးယားႏိုင္ငံတို႔က အမ်ားဆုံးလုပ္ကိုင္ေနၿပီး တစ္လလွ်င္ စက္႐ုံ(၅)႐ုံခန႔္ အသစ္ဖြင့္လွစ္လုပ္ကိုင္ေဆာင္႐ြက္ေနေၾကာင္း အလုပ္သမားဝန္ႀကီး ဌာနက ေျပာသည္။
ျမန္မာတစ္ႏိုင္ငံလုံးရွိ အထည္ခ်ဳပ္စက္႐ုံလုပ္ငန္းမ်ား၌ လက္ရွိတြင္ ျမန္ မာအလုပ္သမား သုံးသိန္းခန႔္ကို အလုပ္အကိုင္မ်ားေပးလ်က္ရွိေၾကာင္း အလုပ္သမားဝန္ႀကီးဌာနမွ အၿမဲတမ္းအတြင္းဝန္ဦးၫြန႔္ဝင္းက NP News ကို ေျပာသည္။
“ကြၽန္ေတာ္တို႔ ဆီမွာ တက္လာတဲ့ စာရင္းဇယားေတြအရကေတာ့ တစ္လ၊ တစ္လကို အနည္းဆုံး စက္႐ုံ ၅ ႐ုံနဲ႔ ၁ဝ ၾကားေလာက္ လုပ္ငန္းအသစ္ေတြ ဖြင့္ေနတယ္။ ဖြင့္ၿပီဆိုရင္ အနည္းဆုံးအလုပ္သမားက ရာေက်ာ္ေတြခ်ည္ပဲျဖစ္ပါတယ္။ ပုံမွန္ အားျဖင့္ ၃ဝဝ၊ ၅ဝဝ တစ္ခ်ိဳ႕စက္႐ုံေတြဆိုရင္ တစ္ေထာင္ေလာက္ရွိတယ္။ ဖြင့္ေနပါတယ္ဗ်။ ေျပာခ်င္တာက ရွင္းရွင္းေျပာရရင္ သူတို႔လည္း စီးပြားေရးတြက္ေျခကိုက္လို႔ လာဖြင့္တယ္။ ေနာက္ ဒီအထည္ခ်ဳပ္နဲ႔ပတ္သက္တဲ့ အလုပ္သမားရႏိုင္တဲ့ အေနအထားရွိလို႔ ဖြင့္ေနၾကတာျဖစ္ပါတယ္” ဟု ဦးၫြန႔္ဝင္းက ေျပာသည္။
လက္ရွိ အထည္ခ်ဳပ္လုပ္ငန္းမ်ားတြင္ တ႐ုတ္၊ ထိုင္ဝမ္ႏွင့္ ကိုရီးယားႏိုင္ ငံတို႔မွ အဓိကအမ်ားလုပ္ကိုင္လ်က္ရွိၿပီး ထိုင္းႏိုင္ငံ ႏွင့္ ဂ်ပန္ႏိုင္ငံတို႔မွလည္း ရင္းႏွီးျမႇဳပ္ႏွံလုပ္ကိုင္မႈမ်ားေၾကာင္း ၎က ဆက္လက္ေျပာ သည္။
“စက္႐ုံေတြ တိုးလာတယ္။ တစ္လ တစ္လကို အနည္းဆုံး ငါး႐ုံေလာက္ကေတာ့ ရွိတယ္ဗ်။ အနည္းဆုံးေတာ့ ငါး႐ုံေလာက္က ဖြင့္ေနတာပဲ။ လုပ္ငန္းေတြေကာင္းပါတယ္။ ေအာ္ဒါေတြလည္း ျပန္ရတယ္ၾကားပါတယ္။ ယာယီပိတ္ထားတဲ့ စက္႐ုံေတြလည္း ျပန္ဖြင့္ေနတာရွိပါတယ္” ဟု အၿမဲတမ္းအတြင္းဝန္ဦးၫြန႔္ဝင္းက ဆိုသည္။
ၿပီးခဲ့ေသာ ကာလမ်ားက ကိုဗစ္ကပ္ေရာဂါကူးစက္ျပန႔္ပြားမႈျဖစ္ခ်ိန္တြင္ ျမန္မာႏိုင္ငံ၏အထည္ခ်ဳပ္လုပ္ငန္းမ်ား၌ ထိခိုက္မႈမ်ားရွိခဲ့ၿပီး အထည္ခ်ဳပ္လုပ္သားမ်ားမွာလည္း အလုပ္အကိုင္ဆုံးရႈံးမႈမ်ားရွိခဲ့သည္။
https://npnewsmm.com/news/62a0548f4be6c966c071cc25