ထိုင်းမှာ ဆေးခြောက်ပြစ်မှုနဲ့ ထောင်ကျသူအများစုကို လွတ်ငြိမ်းချမ်းသာခွင့်ပြု

884

ရောင်နီ (NP News) - ဇွန် ၉
ဆေးခြောက်ကို မူးယစ်ဆေးဝါးစာရင်းကနေ ပယ်ဖျက်လိုက်ပြီးနောက် နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား ၄၂ဝဝ ကျော်ဟာ ဇွန်လ ၉ ရက်၊ ကြသပတေးနေ့က လွတ်မြောက်ခွင့်ရခဲ့ကြ တယ်လို့ သိရပါတယ်။
သို့ပေမယ့်လည်း အခြားပြစ်မှုများအတွက် ပြစ်ဒဏ်ချမှတ်ခံရသူတွေကတော့ လွတ်မြောက်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။ ပြုပြင်ရေးဌာန လက်ထောက်ညွှန်ကြားရေးမှူးချုပ် သာဝက်ချိုင် ချိုင်ဝက်တ် က ဆေးခြောက်ပြစ်မှု အကျဉ်းသားတွေကို ပြစ်ဒဏ်ကနေ လွှတ်ပေးခြင်း (သို့မဟုတ်) ပြစ်ဒဏ်ပြောင်းလဲခြင်းဆိုင်ရာ အကူအညီများ ပေးအပ်ထားကြောင်း ပြောကြားခဲ့ပါတယ်။
စစ်တမ်းကောက်ယူပြီးတဲ့ အကျဉ်းသားစာရင်းတွေကို ၎င်းတို့လွတ်မြောက်ရေးအတွက် တရားရုံး အသီးသီးသို့ ပေးပို့ထားတယ်လို့ သိရပါတယ်။ ဆေးခြောက်ပြစ်မှုတစ်ခုတည်းနဲ့ ထောင်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား စုစုပေါင်း ၃ဝ၇၁ ဦးဟာ ဇွန်လ ၉ ရက်၊ ကြသပတေးနေ့မှာ နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များမှ လွတ်မြောက် လာမှာဖြစ်ကြောင်း မစ္စတာ သာဝတ်ချိုင် မှ ပြောကြားခဲ့ပါတယ်။
အဆိုပါဆေးခြောက်ကို မူးယစ်ဆေးဝါးစာရင်းမှ ဖယ်ရှားခြင်းဟာ ဇွန်လ ၉ ရက် ကြသပတေးနေ့မှာ စတင်မှာ ဖြစ်တယ်လို့ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ပါတယ်။ နန့်ခွန်းစဝမ် အကျဉ်းထောင် အကြီးအကဲ စူပချုပ် ခွန်းနျူချိုင် က အကျဉ်းထောင်ဟာ ဥပဒေသစ်အရ ဆေးခြောက်နဲ့ ဆက်နွှယ်တဲ့ ပြစ်ဒဏ် ကျခံနေရတဲ့ အကျဉ်းသားတွေလွတ်မြောက်မယ့်အရေအတွက်ကို ပြည်နယ်တရားရုံးနဲ့ ညှိနှိုင်းခဲ့ကြောင်း ဇွန်လ ၉ ရက်က ပြောကြားခဲ့ပါတယ်။
၎င်းတို့အကျဉ်းထောင်မှ ဆေးမှုနဲ့ အကျဉ်းသား ၁၇ ဦးရှိပြီး တစ်ဦးကို ဒဏ်ကြေးပေးဆောင်ဖို့ မကြာသေးမီက ဖူးခက်ပြည်နယ်သို့ပြောင်းရွှေ့ခဲ့ကာ အခြားခြောက်ဦးကို လွှတ်ပေးခဲ့ပါတယ်။ ဆေးခြောက်သုံးစွဲမှုနဲ့ ထောင်ဒဏ်ကျခံနေရတဲ့ နောက်ထပ် အကျဉ်းသား ၁ဝ ဦးကတော့ အခြားပြစ်မှုများ ပြစ်ဒဏ်စီရင်ခြင်း ခံရခြင်း ကြောင့် ၎င်းတို့ကို လွှတ်ပေးနိုင်ခြင်း မရှိသေးကြောင်း မစ္စတာ စူပချုပ် က ပြောကြားပါတယ်။
မူးယစ်နှိမ်နင်းရေးဗျူရို ညွှန်ကြားရေးမှူး ဒုတိယရဲမှူးချုပ် ရွိင်းအင်းကာပိုင်ရိုက ဆေးခြောက်မှုနဲ့ အကျဉ်းကျနေတဲ့ အကျဉ်းသားပေါင်း ၄၂ဝဝ ကျော်ကိုလွှတ်ပေးဖို့ အရည်အချင်းပြည့်မီတယ်လို့ ပြောကြားခဲ့ပါတယ်။ ဆိုင်းငံ့ထားတဲ့အမှုများ စုံစမ်းစစ်ဆေးမှုတွေကနေ ဖယ်ရှားမှာဖြစ်ပြီး ဆေးခြောက်သုံးစွဲမှုအတွက် ဖမ်းဝရမ်း ထုတ်ထားမှုများကို ရုပ်သိမ်းမှာဖြစ်ကြောင်း ၎င်းက ဆိုပါတယ်။
ထိုင်းနိုင်ငံအတွက် အခုဆိုရင် Cannabis (ဆေးခြောက်) ဟာ တရားမဝင်ဆေးဝါး မဟုတ်တော့ဘူးလို့ သိရပါ တယ်။ ဖေဖော်ဝါရီ ၉ ရက် တော်ဝင်ဂေဇက်မှာ ထုတ်ပြန်တဲ့ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနရဲ့ကြေညာချက်အရ အဆိုပါဥပဒေဟာ ဇွန်လ ၉ ရက်မှာ စတင်အသက်ဝင်ခဲ့ပါတယ်။ ဆိုလိုတာကတော့ ကျန်းမာရေးနဲ့ ဆေးဘက် ဆိုင်ရာရည်ရွယ်ချက်အတွက် ဆေးခြောက်ထုတ်လုပ်ခြင်း၊ တင်သွင်းခြင်း၊ ဖြန့်ဖြူးခြင်း၊ သုံးစွဲခြင်းနဲ့ လက်ဝယ် ထားရှိခြင်းတို့ကို တရားဝင်ခွင့်ပြုထားပြီပဲ ဖြစ်ပါတယ်။
https://www.bangkokpost.com/thailand/general/2323118/thousands-of-cannabis-offenders-being-released-but-not-all

Zawgyi Version;
ထိုင္းမွာ ေဆးေျခာက္ျပစ္မႈနဲ႔ ေထာင္က်သူအမ်ားစုကို လြတ္ၿငိမ္းခ်မ္းသာခြင့္ျပဳ
ေရာင္နီ (NP News) - ဇြန္ ၉
ေဆးေျခာက္ကို မူးယစ္ေဆးဝါးစာရင္းကေန ပယ္ဖ်က္လိုက္ၿပီးေနာက္ ႏိုင္ငံတစ္ဝန္းရွိ အက်ဥ္းေထာင္မ်ားမွာ ျပစ္ဒဏ္က်ခံေနရတဲ့ အက်ဥ္းသား ၄၂ဝဝ ေက်ာ္ဟာ ဇြန္လ ၉ ရက္၊ ၾကသပေတးေန႔က လြတ္ေျမာက္ခြင့္ရခဲ့ၾက တယ္လို႔ သိရပါတယ္။
သို႔ေပမယ့္လည္း အျခားျပစ္မႈမ်ားအတြက္ ျပစ္ဒဏ္ခ်မွတ္ခံရသူေတြကေတာ့ လြတ္ေျမာက္ျခင္း မရွိေသးဘူးလို႔ သိရပါတယ္။ ျပဳျပင္ေရးဌာန လက္ေထာက္ၫႊန္ၾကားေရးမႉးခ်ဳပ္ သာဝက္ခ်ိဳင္ ခ်ိဳင္ဝက္တ္ က ေဆးေျခာက္ျပစ္မႈ အက်ဥ္းသားေတြကို ျပစ္ဒဏ္ကေန လႊတ္ေပးျခင္း (သို႔မဟုတ္) ျပစ္ဒဏ္ေျပာင္းလဲျခင္းဆိုင္ရာ အကူအညီမ်ား ေပးအပ္ထားေၾကာင္း ေျပာၾကားခဲ့ပါတယ္။
စစ္တမ္းေကာက္ယူၿပီးတဲ့ အက်ဥ္းသားစာရင္းေတြကို ၄င္းတို႔လြတ္ေျမာက္ေရးအတြက္ တရား႐ုံး အသီးသီးသို႔ ေပးပို႔ထားတယ္လို႔ သိရပါတယ္။ ေဆးေျခာက္ျပစ္မႈတစ္ခုတည္းနဲ႔ ေထာင္ဒဏ္က်ခံေနရတဲ့ အက်ဥ္းသား စုစုေပါင္း ၃ဝ၇၁ ဦးဟာ ဇြန္လ ၉ ရက္၊ ၾကသပေတးေန႔မွာ ႏိုင္ငံတစ္ဝန္းရွိ အက်ဥ္းေထာင္မ်ားမွ လြတ္ေျမာက္ လာမွာျဖစ္ေၾကာင္း မစၥတာ သာဝတ္ခ်ိဳင္ မွ ေျပာၾကားခဲ့ပါတယ္။
အဆိုပါေဆးေျခာက္ကို မူးယစ္ေဆးဝါးစာရင္းမွ ဖယ္ရွားျခင္းဟာ ဇြန္လ ၉ ရက္ ၾကသပေတးေန႔မွာ စတင္မွာ ျဖစ္တယ္လို႔ ျပည္သူ႔က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ေၾကညာခဲ့ပါတယ္။ နန္႔ခြန္းစ၀မ္ အက်ဥ္းေထာင္ အႀကီးအကဲ စူပခ်ဳပ္ ခြန္းန်ဴခ်ိဳင္ က အက်ဥ္းေထာင္ဟာ ဥပေဒသစ္အရ ေဆးေျခာက္နဲ႔ ဆက္ႏႊယ္တဲ့ ျပစ္ဒဏ္ က်ခံေနရတဲ့ အက်ဥ္းသားေတြလြတ္ေျမာက္မယ့္အေရအတြက္ကို ျပည္နယ္တရား႐ုံးနဲ႔ ညႇိႏႈိင္းခဲ့ေၾကာင္း ဇြန္လ ၉ ရက္က ေျပာၾကားခဲ့ပါတယ္။
၄င္းတို႔အက်ဥ္းေထာင္မွ ေဆးမႈနဲ႔ အက်ဥ္းသား ၁၇ ဦးရွိၿပီး တစ္ဦးကို ဒဏ္ေၾကးေပးေဆာင္ဖို႔ မၾကာေသးမီက ဖူးခက္ျပည္နယ္သို႔ေျပာင္းေ႐ႊ႕ခဲ့ကာ အျခားေျခာက္ဦးကို လႊတ္ေပးခဲ့ပါတယ္။ ေဆးေျခာက္သုံးစြဲမႈနဲ႔ ေထာင္ဒဏ္က်ခံေနရတဲ့ ေနာက္ထပ္ အက်ဥ္းသား ၁ဝ ဦးကေတာ့ အျခားျပစ္မႈမ်ား ျပစ္ဒဏ္စီရင္ျခင္း ခံရျခင္း ေၾကာင့္ ၎တို႔ကို လႊတ္ေပးႏိုင္ျခင္း မရွိေသးေၾကာင္း မစၥတာ စူပခ်ဳပ္ က ေျပာၾကားပါတယ္။
မူးယစ္ႏွိမ္နင္းေရးဗ်ဴ႐ို ၫႊန္ၾကားေရးမႉး ဒုတိယရဲမႉးခ်ဳပ္ ႐ြိင္းအင္းကာပိုင္႐ိုက ေဆးေျခာက္မႈနဲ႔ အက်ဥ္းက်ေနတဲ့ အက်ဥ္းသားေပါင္း ၄၂ဝဝ ေက်ာ္ကိုလႊတ္ေပးဖို႔ အရည္အခ်င္းျပည့္မီတယ္လို႔ ေျပာၾကားခဲ့ပါတယ္။ ဆိုင္းငံ့ထားတဲ့အမႈမ်ား စုံစမ္းစစ္ေဆးမႈေတြကေန ဖယ္ရွားမွာျဖစ္ၿပီး ေဆးေျခာက္သုံးစြဲမႈအတြက္ ဖမ္းဝရမ္း ထုတ္ထားမႈမ်ားကို ႐ုပ္သိမ္းမွာျဖစ္ေၾကာင္း ၎က ဆိုပါတယ္။
ထိုင္းႏိုင္ငံအတြက္ အခုဆိုရင္ Cannabis (ေဆးေျခာက္) ဟာ တရားမဝင္ေဆးဝါး မဟုတ္ေတာ့ဘူးလို႔ သိရပါ တယ္။ ေဖေဖာ္ဝါရီ ၉ ရက္ ေတာ္ဝင္ေဂဇက္မွာ ထုတ္ျပန္တဲ့ ျပည္သူ႔က်န္းမာေရးဝန္ႀကီးဌာနရဲ႕ေၾကညာခ်က္အရ အဆိုပါဥပေဒဟာ ဇြန္လ ၉ ရက္မွာ စတင္အသက္ဝင္ခဲ့ပါတယ္။ ဆိုလိုတာကေတာ့ က်န္းမာေရးနဲ႔ ေဆးဘက္ ဆိုင္ရာရည္႐ြယ္ခ်က္အတြက္ ေဆးေျခာက္ထုတ္လုပ္ျခင္း၊ တင္သြင္းျခင္း၊ ျဖန႔္ျဖဴးျခင္း၊ သုံးစြဲျခင္းနဲ႔ လက္ဝယ္ ထားရွိျခင္းတို႔ကို တရားဝင္ခြင့္ျပဳထားၿပီပဲ ျဖစ္ပါတယ္။
https://www.bangkokpost.com/thailand/general/2323118/thousands-of-cannabis-offenders-being-released-but-not-all