အမေရိကန်၏စစ်လက်နက်ပစ္စည်းများ ယူကရိန်းထံ လွှဲပြောင်းပေးမည့် အစီအစဉ် ဆိုင်းငံ့ဖွယ်ရှိနေ

48

ဂျန်ဇက် (NP News) - အောက်တိုဘာ ၅
အမေရိကန်အစိုးရ၏လုပ်ငန်းဆောင်ရွက်မှုများ ဆိုင်းငံ့လိုက်ခြင်းကြောင့် ယူကရိန်းနိုင်ငံသို့ အမေရိကန်နိုင်ငံ၏ စစ်ရေးအကူညီပေးမည့် အစီအစဉ်ရပ်တန့်ဖွယ်ရှိနေပြီး အမေရိကန်ထုတ် လက်နက်များလွှဲပြောင်းပေးခြင်းကို သက် ရောက်မှုရှိလာနိုင်ကြောင်း The Telegraph သတင်းဌာနက ဖော်ပြထားသည်။ အမေရိကန်နိုင်ငံတွင် ပြီးခဲ့သော ရက်ပိုင်းက လွှတ်တော်နှင့်အစိုးရကြား အငြင်းပွား မှုများဖြစ်လာခဲ့ပြီးနောက် အမေရိကန်အစိုးရက လုပ်ငန်းများကို ဆိုင်းငံ့လိုက်ကြောင်းသတင်းများ ထွက်ပေါ်ခဲ့သည်။
အဆိုပါသတင်းစာက “ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်ပြီး စစ်လက်နက်ပစ္စည်းများ လွှဲပြောင်းရေး အနာဂတ်နဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့တာတွေအတွက် စိုးရိမ်ရမယ့်အခြေနေမျိုးရှိနေတယ်။ ပင်တဂွန်စစ်ဌာန ချုပ်ကလူတွေကြောင့် ယူကရိန်းကို စစ်လက်နက် ပစ္စည်းများလွှဲပြောင်းပေးရေးက ထိခိုက်လာဖွယ်ရှိပါတယ်။ ယူကရိန်းနဲ့အမေရိကန်စစ်တပ် တာဝန်ရှိသူတွေ ကြားဆွေးနွေးရာမှာ ဒရုန်းနည်းပညာ လွှဲပြောင်းပေးရေး အစီစဉ်ကလည်း မတင်မကျ ဖြစ်နေတယ်။ လာမယ့်သီတင်းပတ်တွေအတွင်း ယူကရိန်းအစိုးရ တာဝန်ရှိသူတွေဟာ အမေရိကန် နိုင်ငံကို ထပ်သွားပြီး ဆွေးနွေးရမယ့်အခြေနေမျိုးရှိနေပါတယ်” ဟု ယူကရိန်းအစိုးရတာဝန်ရှိသူတစ်ဦး၏ပြောဆိုချက်ကို ကိုး ကားပြီးဖော်ပြ ထားသည်။
အမေရိကန်အခြေစိုက်သတင်းဌာနဖြစ်သော The Wall Street Journal က လည်း ယူကရိန်းအစိုးရကိုယ်စား လှယ်အဖွဲ့သည် ဒရုန်းနည်းပညာ လွှဲပြောင်းပေးရေးနှင့်ပတ်သက်ပြီး အမေရိကန်အစိုးရတာဝန်ရှိသူများနှင့် ဆွေးနွေး ဖွယ်ရှိနေကြောင်း ဖော်ပြထားသည်။
ဒရုန်းနည်းပညာလွှဲပြောင်းပေးရေးနှင့်ပတ်သက်ပြီး အမေရိကန်နှင့်ယူကရိန်းနိုင်ငံကြား အလုံး စုံသဘောတူညီ ချက်ရရှိရေးက လအတန်ကြာဖွယ်ရှိနေကြောင်း The Wall Street Journal က ဖော်ပြထားသည်။ အမေရိကန်လွှတ် တော်သည် ဘဏ္ဍာနှစ်အသစ်အတွက် ဘတ်ဂျက်ကိုခွင့်ပြုပေးရန် ပျက်ကွက်ခဲ့ပြီးနောက် အမေရိကန်အစိုးရနှင့်လွှတ် တော်ကြား အငြင်းပွားမှုများဖြစ်လာခဲ့ပြီး အောက်တိုဘာ (၁)ရက်၌ အမေရိကန်အစိုးရ၏လုပ်ငန်းများ ဆိုင်းငံ့လိုက် ကြောင်းသိရသည်။
အမေရိကန်အစိုးရသည် လက်ရှိအချိန်တွင် ယူကရိန်းနှင့် ရုရှားနိုင်ငံကြား ဖြစ်ပွားနေသော ဂါဇာစစ်ပွဲကို ကြားဝင် စေ့စပ်ပေးနေသော်လည်း အခြားတစ်ဖက်တွင် ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ ကူညီဆောင်ရွက်ပေးရန် စီစဉ် လျက်ရှိနေကြောင်း သတင်းများထွက်ပေါ်နေသည်။

Zawgyi Version:
အေမရိကန္၏စစ္လက္နက္ပစၥည္းမ်ား ယူကရိန္းထံ လႊဲေျပာင္းေပးမည့္ အစီအစဥ္ ဆိုင္းငံ့ဖြယ္ရွိေန
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာ ၅
အေမရိကန္အစိုးရ၏လုပ္ငန္းေဆာင္႐ြက္မႈမ်ား ဆိုင္းငံ့လိုက္ျခင္းေၾကာင့္ ယူကရိန္းႏိုင္ငံသို႔ အေမရိကန္ႏိုင္ငံ၏ စစ္ေရးအကူညီေပးမည့္ အစီအစဥ္ရပ္တန႔္ဖြယ္ရွိေနၿပီး အေမရိကန္ထုတ္ လက္နက္မ်ားလႊဲေျပာင္းေပးျခင္းကို သက္ ေရာက္မႈရွိလာႏိုင္ေၾကာင္း The Telegraph သတင္းဌာနက ေဖာ္ျပထားသည္။ အေမရိကန္ႏိုင္ငံတြင္ ၿပီးခဲ့ေသာ ရက္ပိုင္းက လႊတ္ေတာ္ႏွင့္အစိုးရၾကား အျငင္းပြား မႈမ်ားျဖစ္လာခဲ့ၿပီးေနာက္ အေမရိကန္အစိုးရက လုပ္ငန္းမ်ားကို ဆိုင္းငံ့လိုက္ေၾကာင္းသတင္းမ်ား ထြက္ေပၚခဲ့သည္။
အဆိုပါသတင္းစာက “ယူကရိန္းစစ္ပြဲနဲ႔ ပတ္သက္ၿပီး စစ္လက္နက္ပစၥည္းမ်ား လႊဲေျပာင္းေရး အနာဂတ္နဲ႔ ပတ္သက္ၿပီး ေဆြးေႏြးခဲ့တာေတြအတြက္ စိုးရိမ္ရမယ့္အေျခေနမ်ိဳးရွိေနတယ္။ ပင္တဂြန္စစ္ဌာန ခ်ဳပ္ကလူေတြေၾကာင့္ ယူကရိန္းကို စစ္လက္နက္ ပစၥည္းမ်ားလႊဲေျပာင္းေပးေရးက ထိခိုက္လာဖြယ္ရွိပါတယ္။ ယူကရိန္းနဲ႔အေမရိကန္စစ္တပ္ တာဝန္ရွိသူေတြ ၾကားေဆြးေႏြးရာမွာ ဒ႐ုန္းနည္းပညာ လႊဲေျပာင္းေပးေရး အစီစဥ္ကလည္း မတင္မက် ျဖစ္ေနတယ္။ လာမယ့္သီတင္းပတ္ေတြအတြင္း ယူကရိန္းအစိုးရ တာဝန္ရွိသူေတြဟာ အေမရိကန္ ႏိုင္ငံကို ထပ္သြားၿပီး ေဆြးေႏြးရမယ့္အေျခေနမ်ိဳးရွိေနပါတယ္” ဟု ယူကရိန္းအစိုးရတာဝန္ရွိသူတစ္ဦး၏ေျပာဆိုခ်က္ကို ကိုး ကားၿပီးေဖာ္ျပ ထားသည္။
အေမရိကန္အေျခစိုက္သတင္းဌာနျဖစ္ေသာ The Wall Street Journal က လည္း ယူကရိန္းအစိုးရကိုယ္စား လွယ္အဖြဲ႕သည္ ဒ႐ုန္းနည္းပညာ လႊဲေျပာင္းေပးေရးႏွင့္ပတ္သက္ၿပီး အေမရိကန္အစိုးရတာဝန္ရွိသူမ်ားႏွင့္ ေဆြးေႏြး ဖြယ္ရွိေနေၾကာင္း ေဖာ္ျပထားသည္။
ဒ႐ုန္းနည္းပညာလႊဲေျပာင္းေပးေရးႏွင့္ပတ္သက္ၿပီး အေမရိကန္ႏွင့္ယူကရိန္းႏိုင္ငံၾကား အလုံး စုံသေဘာတူညီ ခ်က္ရရွိေရးက လအတန္ၾကာဖြယ္ရွိေနေၾကာင္း The Wall Street Journal က ေဖာ္ျပထားသည္။ အေမရိကန္လႊတ္ ေတာ္သည္ ဘ႑ာႏွစ္အသစ္အတြက္ ဘတ္ဂ်က္ကိုခြင့္ျပဳေပးရန္ ပ်က္ကြက္ခဲ့ၿပီးေနာက္ အေမရိကန္အစိုးရႏွင့္လႊတ္ ေတာ္ၾကား အျငင္းပြားမႈမ်ားျဖစ္လာခဲ့ၿပီး ေအာက္တိုဘာ (၁)ရက္၌ အေမရိကန္အစိုးရ၏လုပ္ငန္းမ်ား ဆိုင္းငံ့လိုက္ ေၾကာင္းသိရသည္။
အေမရိကန္အစိုးရသည္ လက္ရွိအခ်ိန္တြင္ ယူကရိန္းႏွင့္ ႐ုရွားႏိုင္ငံၾကား ျဖစ္ပြားေနေသာ ဂါဇာစစ္ပြဲကို ၾကားဝင္ ေစ့စပ္ေပးေနေသာ္လည္း အျခားတစ္ဖက္တြင္ ယူကရိန္းကို စစ္လက္နက္ပစၥည္းမ်ား ကူညီေဆာင္႐ြက္ေပးရန္ စီစဥ္ လ်က္ရွိေနေၾကာင္း သတင္းမ်ားထြက္ေပၚေနသည္။