ထိုင်းတွင် အနှိပ်ခန်းတစ်ခုမှ လာဘ်စားမှုနဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦးအား ထောင်ဒဏ် နှစ် ၅ဝ ချမှတ်

953

ရောင်နီ (NP News) - ဇွန် ၁၁
ထိုင်းနိုင်ငံမှာ အနှိပ်ခန်းတစ်ခုမှ လာဘ်ယူမှုနဲ့ တရားရုံးရဲတပ်ဖွဲ့ဝင်တစ်ဦးအား အကျင့်ပျက်ခြစားမှု စွဲချက်များနဲ့ ထောင်ဒဏ် နှစ် ၅ဝ ချမှတ်ခဲ့တယ်လို့ ဘန်ကောက်ပို့စ်ရဲ့ သတင်းဖော်ပြချက်အရသိရပါတယ်။
မြို့တော်ရဲဗျူရို စုံစမ်းစစ်ဆေးရေးဌာနခွဲနဲ့ ချိတ် ဆက်ထားတဲ့ ရဲတပ် သားဟာ လာဘ်ပေးလာဘ်ယူမှုနဲ့ အပြစ်ရှိကြောင်း ပြီးခဲ့သည့်လက ထုတ်ပြန်ခဲ့တဲ့ ပြည်သူ့ကဏ္ဍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မ ရှင် (PACC)ရဲ့ သတင်းစာစောင်မှာ ဖော်ပြထားပါတယ်။ PACC ဟာ အဆိုပါကိစ္စနဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်များကို ယမန်(ဇွန်လ ၁ဝ ရက်)နေ့က ထုတ်ပြန်ခဲ့ပါတယ်။
PACC ရဲ့ အဆိုအရ အကြီးတန်း ရဲတပ်ကြပ်ကြီးဟာ လာဘ်ပေးလာဘ်ယူမှု ၆၅ မှုနဲ့ စွဲချက်တင်ခံထားရပြီး ဘတ်ငွေ ၆၄၁ဝဝဝ ကို ၂ဝ၁၆ ခုနှစ်အတွင်းက ဝင်ရောက်စီးနင်းခဲ့တဲ့ Ratchadaphisek လမ်းရှိ အနှိပ်ခန်းတစ်ခုဖြစ်သည့် Nataree Entertainment ထံမှရယူခဲ့တယ်လို့ ဆိုပါတယ်။ ၎င်းရဲ့စီရင်ချက်မှာ တရားခံအား လာဘ်ပေးလာဘ်ယူမှု တိုက်ဖျက်ရေးဥပဒေအား ချိုးဖောက်မှုနဲ့ အပြစ်ရှိကြောင်း တွေ့ရှိခဲ့ပြီး ကနဦးမှာ အမှု ၆၅ ခုကို ထောင်ဒဏ် ၅ နှစ်စီနဲ့ စုစုပေါင်း ထောင်ဒဏ် ၃၂၅ နှစ် ချမှတ်ရမှာဖြစ်သော်လည်း ဥပဒေအရ အကျဉ်းထောင်ထဲမှာ အများဆုံး နှစ် ၅ဝ သာနေနိုင်ပါတယ်။
Nataree Entertainment က လူငါးဦးကို ပြည့်တန်ဆာအဖြစ် အရွယ်မရောက်သေးသူများနဲ့ ရွှေ့ပြောင်းအခြေချသူများကို ဝယ်ယူမှုနဲ့ ရာဇဝတ်တရားရုံးက ထောင်ဒဏ် ၁၃ နှစ်အထိ ချမှတ်ခဲ့ပြီး ၎င်းပိုင်ရှင်ဖြစ်သူ Prasert "Kolak" Sukkhee (၆၃) နှစ်ဟာ အရွယ်မရောက်သေးသူများ လူကုန်ကူးမှုတွင် ပါဝင်ပတ်သက်မှုဖြင့် ပြီးခဲ့သည့်နှစ်က အောက်တိုဘာ လမှာ ဘန်ကောက်မှာ ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။
https://www.bangkokpost.com/thailand/general/2323968/cop-jailed-for-50-years-over-massage-parlour-bribes?

zawgyi version
ထိုင္းတြင္ အႏွိပ္ခန္းတစ္ခုမွ လာဘ္စားမႈနဲ႔ ရဲတပ္ဖြဲ႕ဝင္တစ္ဦးအား ေထာင္ဒဏ္ ႏွစ္ ၅ဝ ခ်မွတ္
ေရာင္နီ (NP News) - ဇြန္ ၁၁
ထိုင္းႏိုင္ငံမွာ အႏွိပ္ခန္းတစ္ခုမွ လာဘ္ယူမႈနဲ႔ တရား႐ုံးရဲတပ္ဖြဲ႕ဝင္တစ္ဦးအား အက်င့္ပ်က္ျခစားမႈ စြဲခ်က္မ်ားနဲ႔ ေထာင္ဒဏ္ ႏွစ္ ၅ဝ ခ်မွတ္ခဲ့တယ္လို႔ ဘန္ေကာက္ပို႔စ္ရဲ႕ သတင္းေဖာ္ျပခ်က္အရသိရပါတယ္။
ၿမိဳ႕ေတာ္ရဲဗ်ဴ႐ို စုံစမ္းစစ္ေဆးေရးဌာနခြဲနဲ႔ ခ်ိတ္ ဆက္ထားတဲ့ ရဲတပ္ သားဟာ လာဘ္ေပးလာဘ္ယူမႈနဲ႔ အျပစ္ရွိေၾကာင္း ၿပီးခဲ့သည့္လက ထုတ္ျပန္ခဲ့တဲ့ ျပည္သူ႔က႑ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးေကာ္မ ရွင္ (PACC)ရဲ႕ သတင္းစာေစာင္မွာ ေဖာ္ျပထားပါတယ္။ PACC ဟာ အဆိုပါကိစၥနဲ႔ပတ္သက္ၿပီး အေသးစိတ္အခ်က္အလက္မ်ားကို ယမန္(ဇြန္လ ၁ဝ ရက္)ေန႔က ထုတ္ျပန္ခဲ့ပါတယ္။
PACC ရဲ႕ အဆိုအရ အႀကီးတန္း ရဲတပ္ၾကပ္ႀကီးဟာ လာဘ္ေပးလာဘ္ယူမႈ ၆၅ မႈနဲ႔ စြဲခ်က္တင္ခံထားရၿပီး ဘတ္ေငြ ၆၄၁ဝဝဝ ကို ၂ဝ၁၆ ခုႏွစ္အတြင္းက ဝင္ေရာက္စီးနင္းခဲ့တဲ့ Ratchadaphisek လမ္းရွိ အႏွိပ္ခန္းတစ္ခုျဖစ္သည့္ Nataree Entertainment ထံမွရယူခဲ့တယ္လို႔ ဆိုပါတယ္။ ၎ရဲ႕စီရင္ခ်က္မွာ တရားခံအား လာဘ္ေပးလာဘ္ယူမႈ တိုက္ဖ်က္ေရးဥပေဒအား ခ်ိဳးေဖာက္မႈနဲ႔ အျပစ္ရွိေၾကာင္း ေတြ႕ရွိခဲ့ၿပီး ကနဦးမွာ အမႈ ၆၅ ခုကို ေထာင္ဒဏ္ ၅ ႏွစ္စီနဲ႔ စုစုေပါင္း ေထာင္ဒဏ္ ၃၂၅ ႏွစ္ ခ်မွတ္ရမွာျဖစ္ေသာ္လည္း ဥပေဒအရ အက်ဥ္းေထာင္ထဲမွာ အမ်ားဆုံး ႏွစ္ ၅ဝ သာေနႏိုင္ပါတယ္။
Nataree Entertainment က လူငါးဦးကို ျပည့္တန္ဆာအျဖစ္ အ႐ြယ္မေရာက္ေသးသူမ်ားနဲ႔ ေ႐ႊ႕ေျပာင္းအေျခခ်သူမ်ားကို ဝယ္ယူမႈနဲ႔ ရာဇဝတ္တရား႐ုံးက ေထာင္ဒဏ္ ၁၃ ႏွစ္အထိ ခ်မွတ္ခဲ့ၿပီး ၎ပိုင္ရွင္ျဖစ္သူ Prasert "Kolak" Sukkhee (၆၃) ႏွစ္ဟာ အ႐ြယ္မေရာက္ေသးသူမ်ား လူကုန္ကူးမႈတြင္ ပါဝင္ပတ္သက္မႈျဖင့္ ၿပီးခဲ့သည့္ႏွစ္က ေအာက္တိုဘာ လမွာ ဘန္ေကာက္မွာ ဖမ္းဆီးခံခဲ့ရတယ္လို႔ သိရပါတယ္။
https://www.bangkokpost.com/thailand/general/2323968/cop-jailed-for-50-years-over-massage-parlour-bribes?