လောင်းလုံမြို့နယ်ရှိ မြန်မာစာကထိကနှင့် မြို့နယ်ထွေအုပ်စာရေး သေနတ်ဖြင့်ပစ်သတ်ခံရ

 1238

NP News - ဇွန် ၁၄
တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်တွင် မြန်မာစာကထိကနှင့် မြို့နယ်ထွေအုပ်စာရေးတစ်ဦးတို့အား လက်နက်ကိုင်ဆောင်လာသူ များက သေနတ်ဖြင့်ပစ်သတ်မှုဖြစ်ပွားခဲ့ကြောင်း နစက၏ဇွန်လ (၁၃) ရက်၊ ညပိုင်းထုတ်ပြန်ချက်အရ သိရသည်။

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ ပန်းတင်အင်းကျေးရွာသို့ ဇွန်လ ၁၂ ရက်နေ့ ည ၆ နာရီခွဲခန့်တွင် လက်နက်ငယ်များကိုင်ဆောင် ထားသူများဝင်ရောက်လာပြီး အဆိုပါကျေးရွာနေ ထားဝယ်တက္ကသိုလ်၊ မြန်မာစာဌာနမှ ကထိကဖြစ်သူ ဒေါက်တာဝင်းဗိုလ်(၄၃)နှစ် နှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်ကွက်/ကျေးရွာစာရေးဖြစ်သူ ဒေါ်မြတ်မြတ်မိုး (၄၅)နှစ်တို့အား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သ ဖြင့် ကျည်ထိမှန်ဒဏ်ရာများရရှိကာ ၎င်းတို့သည်အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း နစကဘက်မှထုတ်ပြန်သည်။

၎င်းတို့(၂)ဦးသည် လက်ရှိတွင် တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

လက်ရှိတွင် ပြစ်မှုကျူးလွန်ခဲ့သူ သေနတ်သမားများအား ဖမ်းဆီးရမိရေးအတွက်ဆက်လက်ဆောင်ရွက်နေကြောင်း နစကမှထုတ်ပြန်ထား သည်။

https://npnewsmm.com/news/62a837a0b5e8b93d451ef1cc

zawgyi version
ေလာင္းလုံၿမိဳ႕နယ္ရွိ ျမန္မာစာကထိကႏွင့္ ၿမိဳ႕နယ္ေထြအုပ္စာေရး ေသနတ္ျဖင့္ပစ္သတ္ခံရ
NP News - ဇြန္ ၁၄

တနသၤာရီတိုင္းေဒသႀကီး၊ ေလာင္းလုံးၿမိဳ႕နယ္တြင္ ျမန္မာစာကထိကႏွင့္ ၿမိဳ႕နယ္ေထြအုပ္စာေရးတစ္ဦးတို႔အား လက္နက္ကိုင္ေဆာင္လာသူ မ်ားက ေသနတ္ျဖင့္ပစ္သတ္မႈျဖစ္ပြားခဲ့ေၾကာင္း နစက၏ဇြန္လ (၁၃) ရက္၊ ညပိုင္းထုတ္ျပန္ခ်က္အရ သိရသည္။

တနသၤာရီတိုင္းေဒသႀကီး၊ ေလာင္းလုံးၿမိဳ႕နယ္၊ ပန္းတင္အင္းေက်း႐ြာသို႔ ဇြန္လ ၁၂ ရက္ေန႔ ည ၆ နာရီခြဲခန႔္တြင္ လက္နက္ငယ္မ်ားကိုင္ေဆာင္ ထားသူမ်ားဝင္ေရာက္လာၿပီး အဆိုပါေက်း႐ြာေန ထားဝယ္တကၠသိုလ္၊ ျမန္မာစာဌာနမွ ကထိကျဖစ္သူ ေဒါက္တာဝင္းဗိုလ္(၄၃)ႏွစ္ ႏွင့္ ၿမိဳ႕နယ္အေထြေထြ အုပ္ခ်ဳပ္ေရးဦးစီးဌာနမွ ရပ္ကြက္/ေက်း႐ြာစာေရးျဖစ္သူ ေဒၚျမတ္ျမတ္မိုး (၄၅)ႏွစ္တို႔အား ေသနတ္ျဖင့္ ပစ္ခတ္သတ္ျဖတ္ခဲ့သ ျဖင့္ က်ည္ထိမွန္ဒဏ္ရာမ်ားရရွိကာ ၎တို႔သည္အခင္းျဖစ္ေနရာတြင္ ေသဆုံးသြားခဲ့ျခင္းျဖစ္ေၾကာင္း နစကဘက္မွထုတ္ျပန္သည္။

၎တို႔(၂)ဦးသည္ လက္ရွိတြင္ တာဝန္ထမ္းေဆာင္ေနၾကသည့္ ဝန္ထမ္းမ်ားျဖစ္ေၾကာင္းလည္း ထုတ္ျပန္ခ်က္တြင္ေဖာ္ျပထားသည္။

လက္ရွိတြင္ ျပစ္မႈက်ဴးလြန္ခဲ့သူ ေသနတ္သမားမ်ားအား ဖမ္းဆီးရမိေရးအတြက္ဆက္လက္ေဆာင္႐ြက္ေနေၾကာင္း နစကမွထုတ္ျပန္ထား သည္။

https://npnewsmm.com/news/62a837a0b5e8b93d451ef1cc

Picture

win myint soe

14/06/2022 20:11

အကြမ်းဖက်မှုအားရှုံ့ချပါတယ်

Related news

© 2021. All rights reserved.