တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းကို ဇွန်လ(၁၇)ရက်တွင် ကြေညာမည်

 5562

အေဝိုင်အီး (NP News) - ဇွန် ၁၅
တက္ကသိုလ်ဝင်တန်း(ဆယ်တန်း) အောင်စာရင်းများကို ဇွန်လ(၁၇)ရက် နံနက်(၄)နာရီမှစတင်၍ သက်ဆိုင်ရာဒေသအသီးသီး၏ စာစစ်ဌာနကျောင်းများတွင် ကြေညာပေးတော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ ဇွန်လ(၁၅)ရက် အသိပေးလာသော သတင်းထုတ်ပြန်ချက်တစ်စောင်တွင် ဖော်ပြထားခြင်းဖြစ်ပြီး ဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။ ထုတ်ပြန်ချက်အတွင်း၌ သက်ဆိုင်ရာမြို့နယ်အသီးသီးရှိစာစစ်ဌာနကျောင်းများတွင် ဇွန်လ(၁၇)ရက် နံနက်(၆)နာရီမှစ၍ တစ်ချိန်တည်း ကပ်ထားပေးမည်ဖြစ်ပြီး နံနက်(၄)နာရီကတည်းက ဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်တွင်ဝင်ရောက်ကြည့်ရှုနိုင်ခြင်းမျိုးဖြစ်ကြောင်းလည်း ဆိုသည်။ ယင်းအပြင် ဝေးလံခေါင်သီသောဒေသများ၊ အင်တာနက်အဆက်အသွယ်ကောင်းစွာမရရှိသေးသောဒေသများနှင့် လုံခြုံမှုနည်းပါးနေသေးသော ဒေသများအတွက် မြန်မာ့အသံရေဒီယိုမှတစ်ဆင့် အောင်စာရင်းထွက်သည့်နေ့တွင် ဆက်တိုက်အသိပေးကြေညာနေမည်ဖြစ်ကြောင်းလည်း သိရသည်။ အထူးသဖြင့် သက်ဆိုင်ရာဒေသအသီးသီး၏ စာမေးပွဲအောင်စာရင်းများကို အချိန်နှင့်တပြေးညီ တစ်နိုင်ငံလုံးတစ်ပြိုင်တည်း သိစေရန် စီစဉ်ပေးခြင်းမျိုးဖြစ်ပြီး ကျောင်းသားကျောင်းသူတိုင်းလိုလိုက တက္ကသိုလ်ဝင်တန်းအောင်မြင်ခြင်းရှိမရှိကို စောင့်ဆိုင်းနားထောင်ပေးစေလိုကြောင်းလည်း ဆိုသည်။ စာစစ်ဌာနကျောင်းများသို့ တိုက်ရိုက်သွားရောက်ကြည့်ရှုကြမည်ဖြစ်သော မိဘဆွေမျိုးမောင်နှမများနှင့် ကျောင်းသားကျောင်းသူများအနေဖြင့် ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများအတိုင်း(လူ ၅၀၀ ထက်မပိုစေဘဲ) လိုက်နာခြင်းဖြင့် ကူညီပေးကြစေလိုကြောင်းလည်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ အဆိုပါ အောင်စာရင်းထုတ်ပြန်ကြေညာမည့်လုပ်ငန်းစဉ်နှင့်ပတ်သက်၍လည်း မရှင်းလင်းသောအချက်များရှိနေပါက ဇွန်လ(၁၇)ရက်မှစ၍ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနသို့ တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်သော ဖုန်းနံပါတ်များအဖြစ် 01-653509 ၊ 0943140226 ကို အသိပေးလိုကြောင်းလည် ဆိုသည်။

ယခင်ပညာသင်နှစ်များ၏ ထက်ဝက်ခန့်သာ တက်ရောက်သင်ကြားဖြေဆိုမှုရှိခဲ့သော ၂၀၂၁-၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းကို ယခင်က ဇွန်လ(၁၂)ရက်တွင် ကြေညာမည်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း ပညာရေးကဏ္ဍထိပ်ပိုင်းတာဝန်ရှိသူများဘက်က ပြန်လည်စဉ်းစားဆင်ခြင်ပြင်ဆင်စရာများ ရှိခဲ့သည့်အတွက် ဇွန်လ(၁၇)ရက်မှသာ ကြေညာနိုင်ခြင်းမျိုးဖြစ်ကြောင်း သိရသည်။

Zawgyi Version
တကၠသုိလ္၀င္တန္းစာေမးပြဲ ေအာင္စာရင္းကုိ ဇြန္လ(၁၇)ရက္တြင္ ေၾကညာမည္
ေအ၀ုိင္အီး (NP News) - ဇြန္ ၁၅
တကၠသုိလ္၀င္တန္း(ဆယ္တန္း) ေအာင္စာရင္းမ်ားကုိ ဇြန္လ(၁၇)ရက္ နံနက္(၄)နာရီမွစတင္၍ သက္ဆုိင္ရာေဒသအသီးသီး၏ စာစစ္ဌာနေက်ာင္းမ်ားတြင္ ေၾကညာေပးေတာ့မည္ျဖစ္ေၾကာင္း သတင္းရရွိသည္။

ပညာေရး၀န္ၾကီးဌာန၊ ျမန္မာႏုိင္ငံစာစစ္ဦးစီးဌာန၏ ဇြန္လ(၁၅)ရက္ အသိေပးလာေသာ သတင္းထုတ္ျပန္ခ်က္တစ္ေစာင္တြင္ ေဖာ္ျပထားျခင္းျဖစ္ျပီး ၀န္ၾကီးဌာန၏ ၀က္ဘ္ဆုိက္တြင္လည္း ၀င္ေရာက္ၾကည့္ရႈနုိင္ေၾကာင္း သိရသည္။ ထုတ္ျပန္ခ်က္အတြင္း၌ သက္ဆုိင္ရာျမိဳ႕နယ္အသီးသီးရွိစာစစ္ဌာနေက်ာင္းမ်ားတြင္ ဇြန္လ(၁၇)ရက္ နံနက္(၆)နာရီမွစ၍ တစ္ခ်ိန္တည္း ကပ္ထားေပးမည္ျဖစ္ျပီး နံနက္(၄)နာရီကတည္းက ၀န္ၾကီးဌာန၏ ၀က္ဘ္ဆုိက္တြင္၀င္ေရာက္ၾကည့္ရႈႏုိင္ျခင္းမ်ဳိးျဖစ္ေၾကာင္းလည္း ဆိုသည္။ ယင္းအျပင္ ေ၀းလံေခါင္သီေသာေဒသမ်ား၊ အင္တာနက္အဆက္အသြယ္ေကာင္းစြာမရရွိေသးေသာေဒသမ်ားႏွင့္ လုံျခဳံမႈနည္းပါးေနေသးေသာ ေဒသမ်ားအတြက္ ျမန္မာ့အသံေရဒီယုိမွတစ္ဆင့္ ေအာင္စာရင္းထြက္သည့္ေန႔တြင္ ဆက္တုိက္အသိေပးေၾကညာေနမည္ျဖစ္ေၾကာင္းလည္း သိရသည္။ အထူးသျဖင့္ သက္ဆုိင္ရာေဒသအသီးသီး၏ စာေမးပြဲေအာင္စာရင္းမ်ားကုိ အခ်ိန္ႏွင့္တေျပးညီ တစ္ႏုိင္ငံလုံးတစ္ျပိဳင္တည္း သိေစရန္ စီစဥ္ေပးျခင္းမ်ဳိးျဖစ္ျပီး ေက်ာင္းသားေက်ာင္းသူတုိင္းလုိလုိက တကၠသုိလ္၀င္တန္းေအာင္ျမင္ျခင္းရွိမရွိကုိ ေစာင့္ဆုိင္းနားေထာင္ေပးေစလုိေၾကာင္းလည္း ဆုိသည္။ စာစစ္ဌာနေက်ာင္းမ်ားသုိ႔ တုိက္ရုိက္သြားေရာက္ၾကည့္ရႈၾကမည္ျဖစ္ေသာ မိဘေဆြမ်ဳိးေမာင္ႏွမမ်ားႏွင့္ ေက်ာင္းသားေက်ာင္းသူမ်ားအေနျဖင့္ ကုိဗစ္ကာကြယ္ထိန္းခ်ဳပ္ေရးဆုိင္ရာ စည္းမ်ဥ္းစည္းကမ္းမ်ားအတုိင္း(လူ ၅၀၀ ထက္မပုိေစဘဲ) လုိက္နာျခင္းျဖင့္ ကူညီေပးၾကေစလုိေၾကာင္းလည္း ပညာေရး၀န္ၾကီးဌာနက ထုတ္ျပန္ထားသည္။ အဆုိပါ ေအာင္စာရင္းထုတ္ျပန္ေၾကညာမည့္လုပ္ငန္းစဥ္ႏွင့္ပတ္သက္၍လည္း မရွင္းလင္းေသာအခ်က္မ်ားရွိေနပါက ဇြန္လ(၁၇)ရက္မွစ၍ ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနသုိ႔ တုိက္ရုိက္ဆက္သြယ္ေမးျမန္းႏုိင္ေသာ ဖုန္းနံပါတ္မ်ားအျဖစ္ 01-653509 ၊ 0943140226 ကုိ အသိေပးလုိေၾကာင္းလည္ ဆုိသည္။

ယခင္ပညာသင္ႏွစ္မ်ား၏ ထက္၀က္ခန္႔သာ တက္ေရာက္သင္ၾကားေျဖဆုိမႈရွိခဲ့ေသာ ၂၀၂၁-၂၂ ပညာသင္ႏွစ္ တကၠသုိလ္၀င္တန္းစာေမးပြဲေအာင္စာရင္းကုိ ယခင္က ဇြန္လ(၁၂)ရက္တြင္ ေၾကညာမည္ဟု သတင္းမ်ားထြက္ေပၚခဲ့ေသာ္လည္း ပညာေရးက႑ထိပ္ပုိင္းတာ၀န္ရွိသူမ်ားဘက္က ျပန္လည္စဥ္းစားဆင္ျခင္ျပင္ဆင္စရာမ်ား ရွိခဲ့သည့္အတြက္ ဇြန္လ(၁၇)ရက္မွသာ ေၾကညာႏုိင္ျခင္းမ်ဳိးျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.