မြောက်ကိုရီးယားမှာ ကိုဗစ်ကို တိုက်ဖျက်နေရတဲ့ကြားက အူလမ်းကြောင်းကူးစက်ရောဂါတစ်ခု ပြန့်ပွားနေ

 768

ရောင်နီ (NP News) - ဇွန် ၁၆
မြောက်ကိုရီးယားဟာ ကြသပတေးနေ့မှာ လယ်ယာစိုက်ပျိုးရေးဒေသမှ အမည်မသိ အူလမ်းကြောင်း ကူးစက် ရောဂါတစ်ခုဖြစ်ပွားနေကြောင်း အစီရင်ခံတင်ပြခဲ့ပြီး ၎င်းဟာ နာတာရှည်အစားအစာပြတ်လပ်မှုနဲ့ ကိုဗစ်-၁၉ ကူးစက်မှုလှိုင်းတို့ကိုတိုက်ဖျက်နေတဲ့ သီးခြားနိုင်ငံအပေါ် စိန်ခေါ်မှု ပိုမိုပြင်းထန်လာစေပါတယ်။

ခေါင်းဆောင်ကင်ဂျုံအမ် ဟာ "ပြင်းထန်တဲ့ အန်တာရစ် (အစာအိမ်နဲ့ အူလမ်းကြောင်းကူးစက်ရောဂါ) ခံစားနေရ သူလူနာများကို ကူညီဖို့အတွက် ဇွန်လ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့မှာ အနောက်ဆိပ်ကမ်းမြို့ ဟေဂျူသို့ ဆေးဝါးများ ပေးပို့ခဲ့တယ်" လို့ နိုင်ငံပိုင်သတင်းဌာန KCNA က ပြောကြားခဲ့ပါတယ်။

ကင် ဟာ သံသယရှိလူနာများကို နှိုက်နှိုက်ချွတ်ချွတ်ထိန်းချုပ်ဖို့၊ ကူးစက်ရောဂါစစ်ဆေးဖို့နဲ့ သိပ္ပံနည်းကျ စစ်ဆေး မှုတွေကနေတစ်ဆင့် ရောဂါဖြစ်ပွားမှု အတည်ပြုဖို့အတွက် သံသယရှိလူနာများကို သီးသန့်ခွဲထုတ်ခြင်းဖြင့် ကပ်ရောဂါထိန်းချုပ်နိုင်မှာဖြစ်ကြောင်း အလေးပေးပြောကြားခဲ့ပါတယ်။ ကာလဝမ်း (သို့မဟုတ်) အူရောင်ငန်း ဖျားသံသယရှိတဲ့ရောဂါဖြစ်ပွားမှုကို အစိုးရက စောင့်ကြည့်နေပြီး မြောက်ကိုရီးယားမှာ ပထမဆုံး ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုကို ကိုင်တွယ်ဖြေရှင်းနေစဉ်မှာပဲ အဆိုပါရောဂါဖြစ်ပွားမှု ထွက်ပေါ်လာတာဖြစ်ပါတယ်။

ကိုဗစ်ကာကွယ်ဆေးနဲ့ ဆေးဘက်ဆိုင်ရာအထောက်အပံ့တွေ ပြတ်တောက်မှုအပေါ် စိုးရိမ်မှုများကြား ပြီးခဲ့တဲ့လ က ဆိုရင် တစ်နိုင်ငံလုံးအရေးပေါ်အခြေအနေ ကြေညာခဲ့ရပါတယ်။ တောင်ကိုးရီးယားထောက်လှမ်းရေး အေဂျင်စီကတော့ ကိုရိုနာဗိုင်းရပ်ဖြစ်ပွားမှုကို မကြေညာမီကတည်းက မြောက်ကိုရီးယားမှာ အူရောင်ငန်းဖျား ကဲ့သို့သော ရေကနေ ကူးစက်တဲ့ရောဂါတွေပျံ့န့ှံနေပြီဖြစ်တယ်လို့ ဆိုပါတယ်။

"တိုက်ဖွိက်နဲ့ shigellosis ကဲ့သို့သော အူလမ်းကြောင်းဆိုင်ရာရောဂါတွေဟာ မြောက်ကိုရီးယားမှာ အထူး အဆန်း မဟုတ်ပေမယ့်လည်း နိုင်ငံအနေနဲ့ ကိုဗစ်-၁၉ ကြောင့် ရုန်းကန်နေရတဲ့အချိန်မှာ အဆိုပါရောဂါများ ရောက်ရှိလာခြင်းမှာ စိတ်ရှုပ်စရာဖြစ်တယ်" လို့ ဟန်ရန်းတက္ကသိုလ်ဆေးကောလိပ်မှ ပါမောက္ခ ရှင်းယောင်းဂျွန် က ပြောကြားခဲ့ပါတယ်။

တောင်ကိုးရီးယားဟာ ရောဂါဖြစ်ပွားမှုကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် မြောက်ကိုရီးယားနဲ့ပူးပေါင်းဖို့ ဆန္ဒရှိသော် လည်း ဆိုးလ်ရဲ့ကိုဗစ်ကာကွယ်ဆေးတွေပေးဆောင်ဖို့ အဆိုပြုချက်အပါအဝင် ဆွေးနွေးမှုတွေအတွက် ကမ်းလှမ်းမှုများကို မြောက်ကိုရီးယားက တုံ့ပြန်မှု မရှိသေးဘူးလို့ သိရပါတယ်။ ပြုံးယမ်းဟာ စမ်းသပ်ကိရိယာများ ချို့တဲ့မှုကြောင့် ဖျားနာတဲ့လူနာအရေအတွက်ကို ကိုဗစ်လူနာများအဖြစ်မသတ်မှတ်ဘဲ ရိုးရိုးလူနာများအဖြစ်သာ နေ့စဉ် ထုတ်ပြန်ကြေညာခဲ့ပါတယ်။

မြောက်ကိုရီးယားမှာ ဧပြီလနှောင်းပိုင်းမှစတင်ပြီး နိုင်ငံတစ်ဝန်း ဖျားနာလူနာ စုစုပေါင်း ၄ ဒသမ ၅၆ သန်းနီးပါး ရှိခဲ့ပြီး ဇွန်လ ၁၆ ရက်၊ ကြသပတေးနေ့မှာ အဖျားရောဂါလက္ခဏာရှိသူ ၂၆ဝ၁ဝ ဦး ထပ်မံတွေ့ရှိခဲ့ကာ ရောဂါ ဖြစ်ပွားမှုနဲ့ ဆက်စပ်သေဆုံးသူ ၇၃ ဦး ရှိခဲ့ပါတယ်။

https://www.reuters.com/world/asia-pacific/nkorea-reports-another-infectious-disease-outbreak-amid-battle-against-covid-2022-06-16/?utm_campaign=trueAnthem%3A+Trending+Content&utm_medium=trueAnthem&utm_source=facebook

Zawgyi Version;
ေျမာက္ကိုရီးယားမွာ ကိုဗစ္ကို တိုက္ဖ်က္ေနရတဲ့ၾကားက အူလမ္းေၾကာင္းကူးစက္ေရာဂါတစ္ခု ျပန႔္ပြားေန
ေရာင္နီ (NP News) - ဇြန္ ၁၆
ေျမာက္ကိုရီးယားဟာ ၾကသပေတးေန႔မွာ လယ္ယာစိုက္ပ်ိဳးေရးေဒသမွ အမည္မသိ အူလမ္းေၾကာင္း ကူးစက္ ေရာဂါတစ္ခုျဖစ္ပြားေနေၾကာင္း အစီရင္ခံတင္ျပခဲ့ၿပီး ၎ဟာ နာတာရွည္အစားအစာျပတ္လပ္မႈနဲ႔ ကိုဗစ္-၁၉ ကူးစက္မႈလႈိင္းတို႔ကိုတိုက္ဖ်က္ေနတဲ့ သီးျခားႏိုင္ငံအေပၚ စိန္ေခၚမႈ ပိုမိုျပင္းထန္လာေစပါတယ္။

ေခါင္းေဆာင္ကင္ဂ်ဳံအမ္ ဟာ "ျပင္းထန္တဲ့ အန္တာရစ္ (အစာအိမ္နဲ႔ အူလမ္းေၾကာင္းကူးစက္ေရာဂါ) ခံစားေနရ သူလူနာမ်ားကို ကူညီဖို႔အတြက္ ဇြန္လ ၁၅ ရက္၊ ဗုဒၶဟူးေန႔မွာ အေနာက္ဆိပ္ကမ္းၿမိဳ႕ ေဟဂ်ဴသို႔ ေဆးဝါးမ်ား ေပးပို႔ခဲ့တယ္" လို႔ ႏိုင္ငံပိုင္သတင္းဌာန KCNA က ေျပာၾကားခဲ့ပါတယ္။

ကင္ ဟာ သံသယရွိလူနာမ်ားကို ႏႈိက္ႏႈိက္ခြၽတ္ခြၽတ္ထိန္းခ်ဳပ္ဖို႔၊ ကူးစက္ေရာဂါစစ္ေဆးဖို႔နဲ႔ သိပၸံနည္းက် စစ္ေဆး မႈေတြကေနတစ္ဆင့္ ေရာဂါျဖစ္ပြားမႈ အတည္ျပဳဖို႔အတြက္ သံသယရွိလူနာမ်ားကို သီးသန႔္ခြဲထုတ္ျခင္းျဖင့္ ကပ္ေရာဂါထိန္းခ်ဳပ္ႏိုင္မွာျဖစ္ေၾကာင္း အေလးေပးေျပာၾကားခဲ့ပါတယ္။ ကာလဝမ္း (သို႔မဟုတ္) အူေရာင္ငန္း ဖ်ားသံသယရွိတဲ့ေရာဂါျဖစ္ပြားမႈကို အစိုးရက ေစာင့္ၾကည့္ေနၿပီး ေျမာက္ကိုရီးယားမွာ ပထမဆုံး ကိုဗစ္-၁၉ ကူးစက္ျဖစ္ပြားမႈကို ကိုင္တြယ္ေျဖရွင္းေနစဥ္မွာပဲ အဆိုပါေရာဂါျဖစ္ပြားမႈ ထြက္ေပၚလာတာျဖစ္ပါတယ္။

ကိုဗစ္ကာကြယ္ေဆးနဲ႔ ေဆးဘက္ဆိုင္ရာအေထာက္အပံ့ေတြ ျပတ္ေတာက္မႈအေပၚ စိုးရိမ္မႈမ်ားၾကား ၿပီးခဲ့တဲ့လ က ဆိုရင္ တစ္ႏိုင္ငံလုံးအေရးေပၚအေျခအေန ေၾကညာခဲ့ရပါတယ္။ ေတာင္ကိုးရီးယားေထာက္လွမ္းေရး ေအဂ်င္စီကေတာ့ ကို႐ိုနာဗိုင္းရပ္ျဖစ္ပြားမႈကို မေၾကညာမီကတည္းက ေျမာက္ကိုရီးယားမွာ အူေရာင္ငန္းဖ်ား ကဲ့သို႔ေသာ ေရကေန ကူးစက္တဲ့ေရာဂါေတြပ်ံ႕ႏ႔ွံေနၿပီျဖစ္တယ္လို႔ ဆိုပါတယ္။

"တိုက္ဖြိက္နဲ႔ shigellosis ကဲ့သို႔ေသာ အူလမ္းေၾကာင္းဆိုင္ရာေရာဂါေတြဟာ ေျမာက္ကိုရီးယားမွာ အထူး အဆန္း မဟုတ္ေပမယ့္လည္း ႏိုင္ငံအေနနဲ႔ ကိုဗစ္-၁၉ ေၾကာင့္ ႐ုန္းကန္ေနရတဲ့အခ်ိန္မွာ အဆိုပါေရာဂါမ်ား ေရာက္ရွိလာျခင္းမွာ စိတ္ရႈပ္စရာျဖစ္တယ္" လို႔ ဟန္ရန္းတကၠသိုလ္ေဆးေကာလိပ္မွ ပါေမာကၡ ရွင္းေယာင္းဂြၽန္ က ေျပာၾကားခဲ့ပါတယ္။

ေတာင္ကိုးရီးယားဟာ ေရာဂါျဖစ္ပြားမႈကို ကိုင္တြယ္ေျဖရွင္းဖို႔အတြက္ ေျမာက္ကိုရီးယားနဲ႔ပူးေပါင္းဖို႔ ဆႏၵရွိေသာ္ လည္း ဆိုးလ္ရဲ႕ကိုဗစ္ကာကြယ္ေဆးေတြေပးေဆာင္ဖို႔ အဆိုျပဳခ်က္အပါအဝင္ ေဆြးေႏြးမႈေတြအတြက္ ကမ္းလွမ္းမႈမ်ားကို ေျမာက္ကိုရီးယားက တုံ႔ျပန္မႈ မရွိေသးဘူးလို႔ သိရပါတယ္။ ၿပဳံးယမ္းဟာ စမ္းသပ္ကိရိယာမ်ား ခ်ဳိ႕တဲ့မႈေၾကာင့္ ဖ်ားနာတဲ့လူနာအေရအတြက္ကို ကိုဗစ္လူနာမ်ားအျဖစ္မသတ္မွတ္ဘဲ ႐ိုး႐ိုးလူနာမ်ားအျဖစ္သာ ေန႔စဥ္ ထုတ္ျပန္ေၾကညာခဲ့ပါတယ္။

ေျမာက္ကိုရီးယားမွာ ဧၿပီလေႏွာင္းပိုင္းမွစတင္ၿပီး ႏိုင္ငံတစ္ဝန္း ဖ်ားနာလူနာ စုစုေပါင္း ၄ ဒသမ ၅၆ သန္းနီးပါး ရွိခဲ့ၿပီး ဇြန္လ ၁၆ ရက္၊ ၾကသပေတးေန႔မွာ အဖ်ားေရာဂါလကၡဏာရွိသူ ၂၆ဝ၁ဝ ဦး ထပ္မံေတြ႕ရွိခဲ့ကာ ေရာဂါ ျဖစ္ပြားမႈနဲ႔ ဆက္စပ္ေသဆုံးသူ ၇၃ ဦး ရွိခဲ့ပါတယ္။

https://www.reuters.com/world/asia-pacific/nkorea-reports-another-infectious-disease-outbreak-amid-battle-against-covid-2022-06-16/?utm_campaign=trueAnthem%3A+Trending+Content&utm_medium=trueAnthem&utm_source=facebook

Picture

SON son

18/06/2022 16:40

အင်း...ကမ္ဘာ့နိုင်ငံအရေးကိစ္စတွေကတော့ ကပ်ကြီး ၃ ပါး ကမ္ဘာကြီးကို စပြီးမွှေလာနေပြီ....လို့ ယူဆရတဲ့အခြေရောက်လာနေပြီ။

Related news

© 2021. All rights reserved.