မူဆယ်-မန္တလေးရထားလမ်းသစ်စီမံကိန်းတွင် တည်ဆောက်မည့်တံတား (၁၂၄) ခုအနက် ရွှေလီမြစ်ကူးတံတား ကို (၂၆) လခန့် အချိန်ယူတည်ဆောက်မည်

 7459

မျိုးကြီး (NP News) - ဇွန် ၂ဝ
မူဆယ်-မန္တလေးရထားလမ်းသစ်ဖောက်လုပ်ရေးစီမံကိန်းတွင် တည်ဆောက်ရန်ရှိသော တံတား (၁၂၄) ခုအနက် ရွှေလီမြစ်ကူးတံတားကို (၂၆) လခန့် အချိန်ယူတည်ဆောက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ရရှိသော မူဆယ်-မန္တလေးရထားလမ်း တစ်လျှောက်တံတားများနှင့် ရေနုတ်မြောင်းများအတွက် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု လေ့လာဆန်းစစ်ခြင်း အနှစ်ချုပ်အစီရင်ခံစာတွင် အထက်ပါကဲ့သို့ ထည့်သွင်းဖော်ပြထားခြင်းဖြစ်သည်။

၎င်းရထားလမ်းစီမံကိန်းတွင် တံတား ၁၂၄ စင်းတည်ဆောက်ခြင်း၊ ဥမင်လှိုဏ်ခေါင်း ၆ဝ ခု တည်ဆောက်ခြင်းတို့ ပါဝင်ပြီး ဓာတ်အားခွဲရုံများတည်ဆောက်ခြင်း၊ လျှပ်စစ်ဓာတ်အားလိုင်းသွယ်တန်းခြင်းတို့လည်း ပါဝင်ကြောင်း သိရသည်။

အဆိုပါရထားလမ်းစီမံကိန်းတွင် တံတားအသစ် ၁၂၄ စင်းတည်ဆောက်မည်ဖြစ်ကာ ရထားလမ်း၏ ၁၆ ဒသမ ၉ ရာခိုင်နှုန်းရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

၎င်းတံတားအသစ် ၁၂၄ စင်းအနက် ရထားလမ်းစီမံကိန်းတွင် ရွှေလီမြစ်တံတား၊ နမ်မမြစ်တံတား၊ နမ်တူ မြစ်ငယ်တံတားနှင့် ဂုတ်ထပ်နမ်ဘန်တန်နှစ်လမ်းသွားတံတားတို့မှာ အဓိကမဟာတံတားကြီးများအဖြစ် ပေါ်ပေါက်လာမည်ဖြစ်ကြောင်း သိရ သည်။

ရွှေလီမြစ်နှစ်လမ်းသွားတံတားကို အချိန်(၂၆) လ၊ နမ်မမြစ်တံတားကို (၂၄) လ၊ နမ်တူမြစ်ငယ်တံတားကို (၂၃) လနှင့် ဂုတ်ထိပ်နမ်ဘန်တန်နှစ်လမ်းသွားတံတားကို (၄၈) လ အချိန်ယူကာ တည်ဆောက်သွားမည်ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော် ပြထားသည်။

ဆက်လက်ပြီး ရထားလမ်းစီမံကိန်းတွင် တည်ဆောက်မည့် အဓိကတံတားဆောက်လုပ်ရေးနည်းလမ်းများမှာ သံမဏိဒိုင်း ခွေမုခ်ခုံးတံတားနှင့် ကြိုးတံတားတို့ဖြစ်ကြောင်း အစီရင်ခံစာအရ သိရသည်။

မူဆယ်-မန္တလေးရထားလမ်းသစ်ဖောက်လုပ်ရေးစီမံကိန်းတွင် ရထားလမ်း၏ အရှည်မှာ ၄ဝ၉ ဒသမ ၆၉ ကီလို မီတာ အရှည်ရှိကြောင်း သိရသည်။

Zawgyi Version;
မူဆယ္-မႏၲေလးရထားလမ္းသစ္စီမံကိန္းတြင္ တည္ေဆာက္မည့္တံတား (၁၂၄) ခုအနက္ ေ႐ႊလီျမစ္ကူးတံတား ကို (၂၆) လခန႔္ အခ်ိန္ယူတည္ေဆာက္မည္
မ်ိဳးႀကီး (NP News) - ဇြန္ ၂ဝ
မူဆယ္-မႏၲေလးရထားလမ္းသစ္ေဖာက္လုပ္ေရးစီမံကိန္းတြင္ တည္ေဆာက္ရန္ရွိေသာ တံတား (၁၂၄) ခုအနက္ ေ႐ႊလီျမစ္ကူးတံတားကို (၂၆) လခန႔္ အခ်ိန္ယူတည္ေဆာက္မည္ျဖစ္ေၾကာင္း သတင္းရရွိသည္။

သယံဇာတႏွင့္သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာနမွ ရရွိေသာ မူဆယ္-မႏၲေလးရထားလမ္း တစ္ေလွ်ာက္တံတားမ်ားႏွင့္ ေရႏုတ္ေျမာင္းမ်ားအတြက္ သဘာဝပတ္ဝန္းက်င္ထိခိုက္မႈ ေလ့လာဆန္းစစ္ျခင္း အႏွစ္ခ်ဳပ္အစီရင္ခံစာတြင္ အထက္ပါကဲ့သို႔ ထည့္သြင္းေဖာ္ျပထားျခင္းျဖစ္သည္။

၎ရထားလမ္းစီမံကိန္းတြင္ တံတား ၁၂၄ စင္းတည္ေဆာက္ျခင္း၊ ဥမင္လႈိဏ္ေခါင္း ၆ဝ ခု တည္ေဆာက္ျခင္းတို႔ ပါဝင္ၿပီး ဓာတ္အားခြဲ႐ုံမ်ားတည္ေဆာက္ျခင္း၊ လွ်ပ္စစ္ဓာတ္အားလိုင္းသြယ္တန္းျခင္းတို႔လည္း ပါဝင္ေၾကာင္း သိရသည္။

အဆိုပါရထားလမ္းစီမံကိန္းတြင္ တံတားအသစ္ ၁၂၄ စင္းတည္ေဆာက္မည္ျဖစ္ကာ ရထားလမ္း၏ ၁၆ ဒသမ ၉ ရာခိုင္ႏႈန္းရွိေၾကာင္း အစီရင္ခံစာတြင္ ေဖာ္ျပထားသည္။

၎တံတားအသစ္ ၁၂၄ စင္းအနက္ ရထားလမ္းစီမံကိန္းတြင္ ေ႐ႊလီျမစ္တံတား၊ နမ္မျမစ္တံတား၊ နမ္တူ ျမစ္ငယ္တံတားႏွင့္ ဂုတ္ထပ္နမ္ဘန္တန္ႏွစ္လမ္းသြားတံတားတို႔မွာ အဓိကမဟာတံတားႀကီးမ်ားအျဖစ္ ေပၚေပါက္လာမည္ျဖစ္ေၾကာင္း သိရ သည္။

ေ႐ႊလီျမစ္ႏွစ္လမ္းသြားတံတားကို အခ်ိန္(၂၆) လ၊ နမ္မျမစ္တံတားကို (၂၄) လ၊ နမ္တူျမစ္ငယ္တံတားကို (၂၃) လႏွင့္ ဂုတ္ထိပ္နမ္ဘန္တန္ႏွစ္လမ္းသြားတံတားကို (၄၈) လ အခ်ိန္ယူကာ တည္ေဆာက္သြားမည္ျဖစ္ေၾကာင္း အစီရင္ခံစာတြင္ ေဖာ္ ျပထားသည္။

ဆက္လက္ၿပီး ရထားလမ္းစီမံကိန္းတြင္ တည္ေဆာက္မည့္ အဓိကတံတားေဆာက္လုပ္ေရးနည္းလမ္းမ်ားမွာ သံမဏိဒိုင္း ေခြမုခ္ခုံးတံတားႏွင့္ ႀကိဳးတံတားတို႔ျဖစ္ေၾကာင္း အစီရင္ခံစာအရ သိရသည္။

မူဆယ္-မႏၲေလးရထားလမ္းသစ္ေဖာက္လုပ္ေရးစီမံကိန္းတြင္ ရထားလမ္း၏ အရွည္မွာ ၄ဝ၉ ဒသမ ၆၉ ကီလို မီတာ အရွည္ရွိေၾကာင္း သိရသည္။

Picture

Kyaw Kyaw

20/06/2022 17:26

လွ်င္ျမန္ေစာစြာၿပီးစီးပါေစ ။

Related news

© 2021. All rights reserved.