နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုကြောင့် ဘင်္ဂလား-ရခိုင် ကူးသန်းရောင်းဝယ်မှုပိုမိုဖြစ်ထွန်းရေးကို အတားအဆီးဖြစ်လာနိုင်ဟု ရခိုင့်ဦးဆောင်ပါတီ သတိပေး

837

မျိုးကြီး (NP News) - ဇွန် ၂၅
နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများကြောင့် ဘင်္ဂလားဒေ့ရှ်-ရခိုင်ပြည်နယ် ကူးသန်းရောင်းဝယ်မှုပိုမိုဖြစ်ထွန်းရေးကို အတားအဆီးဖြစ်လာနိုင်ခြေရှိကြောင်း ရခိုင့်ဦးဆောင်ပါတီက သတိပေးထားသည်။
ယမန်နေ့ (ဇွန်လ ၂၄ ရက်)က ရခိုင်ပြည်နယ်ရှိ ဘင်္ဂလားဒေ့ရှ် ကောင် စစ်ဝန်ရုံးတွင် ၎င်းရုံး၏ အကြီးအကဲဖြစ်သူ မစ္စတာဂျာကီးအာမတ်နှင့် ရခိုင့်ဦးဆောင်ပါတီ ဒုဥက္ကဋ္ဌ ဦးကျော်ဇောဦး ဦးဆောင်သောအဖွဲ့တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပါတီဘက်က သတင်းထုတ်ပြန်ရာတွင် အထက်ပါကဲ့သို့ ထည့်သွင်း သတိပေးထားခြင်းဖြစ်သည်။
ပြီးခဲ့သောရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့သော ရခိုင်ပညာရေးဝန်ထမ်းဖြစ်သူ ဆရာဦးဘိုဝင်းနှင့် ဆရာမဒေါ်ဥမ္မာကျော်တို့ ပြန်ပေးဆွဲခံရမှုသည် နယ် စပ်ဖြတ်ကျော်ရာဇဝတ်မှုခင်းဖြစ်ကြောင်း ရခိုင့်ဦးဆောင်ပါတီက ထောက်ပြခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံသား ဆရာနှစ်ဦးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ပြန်ပေးဆွဲခဲ့သောဖြစ်ရပ်မှာ မြန်မာလုံခြုံရေးတပ်ဖွဲ့များအတွက်သာမက ဘင်္ဂလားဒေ့ရှ်လုံခြုံရေးတပ်ဖွဲ့များအတွက်ပါ ရှက်စရာကောင်းသောဖြစ်ရပ်တစ်ခုအဖြစ် အများပြည်သူက မှတ်ယူနေကြကြောင်း တင်ပြဆွေးနွေးခဲ့သည်ဟု ပါတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
နှစ်နိုင်ငံ နယ်ခြားကို တင်းကြပ်အောင် လုံခြုံရေးယူထားသည်ဟုပြောဆို နေသော်လည်း နယ်စပ်ဒိုးယိုပေါက်ဖြစ်နေသည်ကို အချက်အလက်တစ်ခုအဖြစ် ပေါ်လွင်နေကြောင်း ရခိုင့်ဦးဆောင်ပါတီက ဆိုသည်။
ထို့ကြောင့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများသည် ဘင်္ဂလား-ရခိုင် နှစ်ဘက်ပိုမိုလွတ်လပ်စွာကူးသန်းရောင်းဝယ်ဖောက်ကားမှုများ ဖြစ်ထွန်းလာရေးကို အတားအဆီးများသဖွယ်ဖြစ်လာနိုင်ခြေရှိကြောင်း ပါတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပညာရေးဝန်ထမ်းနှစ်ဦးမှာ မောင်တောမြို့နယ်မှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ပြန်ပေးဆွဲခေါ်ဆောင်ခံရပြီး ပြန်ပေးသမားအဖွဲ့အား ငွေကျပ် ၁ဝ၄၁ သိန်းလွှဲပေးပြီးမှသာ ရခိုင်ပြည်နယ်ဘက်သို့ ပြန်လည်ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
https://npnewsmm.com/news/62b6d07316222801ca488fe8

zawgyi version
နယ္စပ္ျဖတ္ေက်ာ္ရာဇဝတ္မႈေၾကာင့္ ဘဂၤလား-ရခိုင္ ကူးသန္းေရာင္းဝယ္မႈပိုမိုျဖစ္ထြန္းေရးကို အတားအဆီးျဖစ္လာႏိုင္ဟု ရခိုင့္ဦးေဆာင္ပါတီ သတိေပး
မ်ိဳးႀကီး (NP News) - ဇြန္ ၂၅
နယ္စပ္ျဖတ္ေက်ာ္ရာဇဝတ္မႈမ်ားေၾကာင့္ ဘဂၤလားေဒ့ရွ္-ရခိုင္ျပည္နယ္ ကူးသန္းေရာင္းဝယ္မႈပိုမိုျဖစ္ထြန္းေရးကို အတားအဆီးျဖစ္လာႏိုင္ေျခရွိေၾကာင္း ရခိုင့္ဦးေဆာင္ပါတီက သတိေပးထားသည္။
ယမန္ေန႔ (ဇြန္လ ၂၄ ရက္)က ရခိုင္ျပည္နယ္ရွိ ဘဂၤလားေဒ့ရွ္ ေကာင္ စစ္ဝန္႐ုံးတြင္ ၎႐ုံး၏ အႀကီးအကဲျဖစ္သူ မစၥတာဂ်ာကီးအာမတ္ႏွင့္ ရခိုင့္ဦးေဆာင္ပါတီ ဒုဥကၠ႒ ဦးေက်ာ္ေဇာဦး ဦးေဆာင္ေသာအဖြဲ႕တို႔ ေတြ႕ဆုံေဆြးေႏြးၿပီးေနာက္ ပါတီဘက္က သတင္းထုတ္ျပန္ရာတြင္ အထက္ပါကဲ့သို႔ ထည့္သြင္း သတိေပးထားျခင္းျဖစ္သည္။
ၿပီးခဲ့ေသာရက္ပိုင္းအတြင္း ျဖစ္ပြားခဲ့ေသာ ရခိုင္ပညာေရးဝန္ထမ္းျဖစ္သူ ဆရာဦးဘိုဝင္းႏွင့္ ဆရာမေဒၚဥမၼာေက်ာ္တို႔ ျပန္ေပးဆြဲခံရမႈသည္ နယ္ စပ္ျဖတ္ေက်ာ္ရာဇဝတ္မႈခင္းျဖစ္ေၾကာင္း ရခိုင့္ဦးေဆာင္ပါတီက ေထာက္ျပခဲ့သည္။
ထို႔ျပင္ ျမန္မာႏိုင္ငံသား ဆရာႏွစ္ဦးကို ဘဂၤလားေဒ့ရွ္ႏိုင္ငံဘက္သို႔ ျပန္ေပးဆြဲခဲ့ေသာျဖစ္ရပ္မွာ ျမန္မာလုံၿခဳံေရးတပ္ဖြဲ႕မ်ားအတြက္သာမက ဘဂၤလားေဒ့ရွ္လုံၿခဳံေရးတပ္ဖြဲ႕မ်ားအတြက္ပါ ရွက္စရာေကာင္းေသာျဖစ္ရပ္တစ္ခုအျဖစ္ အမ်ားျပည္သူက မွတ္ယူေနၾကေၾကာင္း တင္ျပေဆြးေႏြးခဲ့သည္ဟု ပါတီ၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
ႏွစ္ႏိုင္ငံ နယ္ျခားကို တင္းၾကပ္ေအာင္ လုံၿခဳံေရးယူထားသည္ဟုေျပာဆို ေနေသာ္လည္း နယ္စပ္ဒိုးယိုေပါက္ျဖစ္ေနသည္ကို အခ်က္အလက္တစ္ခုအျဖစ္ ေပၚလြင္ေနေၾကာင္း ရခိုင့္ဦးေဆာင္ပါတီက ဆိုသည္။
ထို႔ေၾကာင့္ နယ္စပ္ျဖတ္ေက်ာ္ ရာဇဝတ္မႈမ်ားသည္ ဘဂၤလား-ရခိုင္ ႏွစ္ဘက္ပိုမိုလြတ္လပ္စြာကူးသန္းေရာင္းဝယ္ေဖာက္ကားမႈမ်ား ျဖစ္ထြန္းလာေရးကို အတားအဆီးမ်ားသဖြယ္ျဖစ္လာႏိုင္ေျခရွိေၾကာင္း ပါတီ၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
ပညာေရးဝန္ထမ္းႏွစ္ဦးမွာ ေမာင္ေတာၿမိဳ႕နယ္မွတစ္ဆင့္ ဘဂၤလားေဒ့ရွ္ႏိုင္ငံဘက္သို႔ ျပန္ေပးဆြဲေခၚေဆာင္ခံရၿပီး ျပန္ေပးသမားအဖြဲ႕အား ေငြက်ပ္ ၁ဝ၄၁ သိန္းလႊဲေပးၿပီးမွသာ ရခိုင္ျပည္နယ္ဘက္သို႔ ျပန္လည္ေရာက္ရွိလာခဲ့ျခင္းျဖစ္သည္။
https://npnewsmm.com/news/62b6d07316222801ca488fe8