ထိုင်းအနုပညာလောကမှ ထိပ်တန်း ထိုင်း ကပြားမင်းသားများ

 2304

ဝတီ (NP News) - ဇွန် ၂၆
ထိုင်းအနုပညာလောကမှာ ကပြားတွေ အတော်နေရာယူ လွှမ်းမိုးထားပါတယ်။ ကပြားတွေဆိုတော့ အသားဖြူဖြူ၊ ထောင်ထောင်မောင်းမောင်း၊ ရုပ်ချောချောတွေ ဖြစ်တဲ့အပြင် ဘာသာစကားကလည်း နှစ်မျိုးအထက် တတ်ကြတယ်လေ။ ဒါကြောင့် ထိပ်တန်း ထိုင်း ကပြားမင်းသားတွေက ဘယ်သူတွေလဲ၊ သူတို့တွေ ဘာလူမျိုးနဲ့စပ်ထားတာလဲဆိုတွေကို ကြည့်လိုက်ကြရ အောင်ပါ။

zawgyi version
ထိုင္းအႏုပညာေလာကမွ ထိပ္တန္း ထိုင္း ကျပားမင္းသားမ်ား
ဝတီ (NP News) - ဇြန္ ၂၆

ထိုင္းအႏုပညာေလာကမွာ ကျပားေတြ အေတာ္ေနရာယူ လႊမ္းမိုးထားပါတယ္။ ကျပားေတြဆိုေတာ့ အသားျဖဴျဖဴ၊ ေထာင္ေထာင္ေမာင္းေမာင္း၊ ႐ုပ္ေခ်ာေခ်ာေတြ ျဖစ္တဲ့အျပင္ ဘာသာစကားကလည္း ႏွစ္မ်ိဳးအထက္ တတ္ၾကတယ္ေလ။ ဒါေၾကာင့္ ထိပ္တန္း ထိုင္း ကျပားမင္းသားေတြက ဘယ္သူေတြလဲ၊ သူတို႔ေတြ ဘာလူမ်ိဳးနဲ႔စပ္ထားတာလဲဆိုေတြကို ၾကည့္လိုက္ၾကရ ေအာင္ပါ။

ဆန်နီဆူဝန်မက်သွန်နွန် (Sunny Suwanmethanont)
မန်မာပရိသတ်တွေကြားထဲမှာ ဆန်နီလို့ လူသိများလှတဲ့ ဒီမင်းသားက တော့ ပြင်သစ်သွေးပါပါတယ်။ သူ့အမေက ပြင်သစ်သူလေ။ အသက် ၄၁ နှစ်ရှိပြီဆိုပေမယ့် အခုထက်ထိ နုပျိုခံ့ညားချောမောနေသေးတဲ့ ဒီမင်းသားဟာ အောင်မြင်တဲ့ ထိုင်းမင်းသားတစ်လက်အဖြစ် ရပ်တည်နေတာ ၁ဝ နှစ် ကျော်နေပါပြီ။ အတည်ပေါက် ဟာသကားတွေကြောင့် ပျိုပျိုမေတွေ ဝိုင်းဝိုင်းလည်နေတဲ့ ဒီမင်းသားဟာ ၂ဝဝ၅ ခုနှစ်မှာ ထွက်တဲ့ Dear Dakanda ဇာတ်ကားကြောင့် စပြီးလူသိများလာတာဖြစ်ပြီး သရုပ်ဆောင်ထူးချွန်ဆုတွေ အများကြီးဆွတ်ခူးထားပါတယ်။ သူက ဘာသာမဲ့ပါ။ အခုထက်ထိ လူပျိုကြီးဆိုတော့ ဆန်နီ့ကို ကြိုက်တဲ့ ပျိုပျိုမေတွေ ဆက်ပြီး စိတ်ကူးယဉ်လို့ ရပါသေးတယ်။ အင်မတန် နာမည်ကြီးပြီး ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ သူ့ဇာတ်ကား တချို့ကတော့ I Fine. Thank you ၊ Brother of the Year ဆိုတဲ့ဇာတ်ကားတွေပါပဲ။

zawgyi version
ဆန္နီဆူဝန္မက္သြန္ႏြန္ (Sunny Suwanmethanont)
မန္မာပရိသတ္ေတြၾကားထဲမွာ ဆန္နီလို႔ လူသိမ်ားလွတဲ့ ဒီမင္းသားက ေတာ့ ျပင္သစ္ေသြးပါပါတယ္။ သူ႔အေမက ျပင္သစ္သူေလ။ အသက္ ၄၁ ႏွစ္ရွိၿပီဆိုေပမယ့္ အခုထက္ထိ ႏုပ်ိဳခံ့ညားေခ်ာေမာေနေသးတဲ့ ဒီမင္းသားဟာ ေအာင္ျမင္တဲ့ ထိုင္းမင္းသားတစ္လက္အျဖစ္ ရပ္တည္ေနတာ ၁ဝ ႏွစ္ ေက်ာ္ေနပါၿပီ။ အတည္ေပါက္ ဟာသကားေတြေၾကာင့္ ပ်ိဳပ်ိဳေမေတြ ဝိုင္းဝိုင္းလည္ေနတဲ့ ဒီမင္းသားဟာ ၂ဝဝ၅ ခုႏွစ္မွာ ထြက္တဲ့ Dear Dakanda ဇာတ္ကားေၾကာင့္ စၿပီးလူသိမ်ားလာတာျဖစ္ၿပီး သ႐ုပ္ေဆာင္ထူးခြၽန္ဆုေတြ အမ်ားႀကီးဆြတ္ခူးထားပါတယ္။ သူက ဘာသာမဲ့ပါ။ အခုထက္ထိ လူပ်ိဳႀကီးဆိုေတာ့ ဆန္နီ႔ကို ႀကိဳက္တဲ့ ပ်ိဳပ်ိဳေမေတြ ဆက္ၿပီး စိတ္ကူးယဥ္လို႔ ရပါေသးတယ္။ အင္မတန္ နာမည္ႀကီးၿပီး ဝက္ဝက္ကြဲေအာင္ျမင္ခဲ့တဲ့ သူ႔ဇာတ္ကား တခ်ိဳ႕ကေတာ့ I Fine. Thank you ၊ Brother of the Year ဆိုတဲ့ဇာတ္ကားေတြပါပဲ။

မာရီယိုမော်ရာ (Mario Maurer)
Pee Mak မင်းသားရယ်လို့ အာရှတလွှား ဟုန်းဟုန်းတောက် နာမည်ကြီးသွားခဲ့တဲ့ ဒီမင်းသားချောကတော့ ထိုင်း၊ ဂျာမန် ကပြားပါတဲ့။ သူဟာ ၁၆ နှစ်သားအရွယ်ကတည်းက မော်ဒယ်စလုပ်ခဲ့ပါတယ်။ ၂ဝဝ၇ ခုနှစ်မှာတော့ Love of Siam ဆိုတဲ့ဇာတ်ကားမှာ ခေါင်းဆောင်မင်းသားနေရာက ပါဝင်ခွင့်ရခဲ့ပြီး နာမည်စကြီးလာပါတယ်။ ရုပ်လည်းချော၊ သရုပ်ဆောင်လည်းကောင်းဆိုတော့ သူဟာ အနုပညာအလုပ်တွေ လက်မလည်အောင် လုပ်ရပြီး ထိပ်တန်း ထိုင်းမင်းသားတစ်လက် ဖြစ်လာပါတော့တယ်။ သူဟာလည်း ထူးချွန်ဆုတွေ အများကြီး ရထားပါတယ်။

zawgyi version
မာရီယိုေမာ္ရာ (Mario Maurer)
Pee Mak မင္းသားရယ္လို႔ အာရွတလႊား ဟုန္းဟုန္းေတာက္ နာမည္ႀကီးသြားခဲ့တဲ့ ဒီမင္းသားေခ်ာကေတာ့ ထိုင္း၊ ဂ်ာမန္ ကျပားပါတဲ့။ သူဟာ ၁၆ ႏွစ္သားအ႐ြယ္ကတည္းက ေမာ္ဒယ္စလုပ္ခဲ့ပါတယ္။ ၂ဝဝ၇ ခုႏွစ္မွာေတာ့ Love of Siam ဆိုတဲ့ဇာတ္ကားမွာ ေခါင္းေဆာင္မင္းသားေနရာက ပါဝင္ခြင့္ရခဲ့ၿပီး နာမည္စႀကီးလာပါတယ္။ ႐ုပ္လည္းေခ်ာ၊ သ႐ုပ္ေဆာင္လည္းေကာင္းဆိုေတာ့ သူဟာ အႏုပညာအလုပ္ေတြ လက္မလည္ေအာင္ လုပ္ရၿပီး ထိပ္တန္း ထိုင္းမင္းသားတစ္လက္ ျဖစ္လာပါေတာ့တယ္။ သူဟာလည္း ထူးခြၽန္ဆုေတြ အမ်ားႀကီး ရထားပါတယ္။

နဒက် ကူဂျီမီယာ (Nadech Kugimiya)
ထိပ်တန်းထိုင်းမင်းသားတစ်လက်ဖြစ်တဲ့ နဒက်ကူဂျီမီယာကတော့ ထိုင်း၊ သြစတြေးလျ ကပြား ဖြစ်ပါတယ်။ သူဟာ Game Rai Game Rak ၊ The Rising Sun ဇာတ်လမ်းတွဲ ၊ The Crown Princess စတဲ့ဇာတ်ကားတွေနဲ့ နာမည်ကြီးပါတယ်။ သူ့အဒေါ်နဲ့ ဦးလေးက သူ့ကို မွေးစားထားတာဖြစ် ပါတယ်။ ဝင်ငွေအမြင့်ဆုံး ထိုင်းမင်းသားတွေထဲမှာ သူလည်း အပါအဝင်ပေါ့။ သူဟာ ကြော်ငြာတွေလည်း အများကြီး ရိုက်ရပါတယ်။

zawgyi version
နဒက္ ကူဂ်ီမီယာ (Nadech Kugimiya)
ထိပ္တန္းထိုင္းမင္းသားတစ္လက္ျဖစ္တဲ့ နဒက္ကူဂ်ီမီယာကေတာ့ ထိုင္း၊ ၾသစေၾတးလ် ကျပား ျဖစ္ပါတယ္။ သူဟာ Game Rai Game Rak ၊ The Rising Sun ဇာတ္လမ္းတြဲ ၊ The Crown Princess စတဲ့ဇာတ္ကားေတြနဲ႔ နာမည္ႀကီးပါတယ္။ သူ႔အေဒၚနဲ႔ ဦးေလးက သူ႔ကို ေမြးစားထားတာျဖစ္ ပါတယ္။ ဝင္ေငြအျမင့္ဆုံး ထိုင္းမင္းသားေတြထဲမွာ သူလည္း အပါအဝင္ေပါ့။ သူဟာ ေၾကာ္ျငာေတြလည္း အမ်ားႀကီး ႐ိုက္ရပါတယ္။

ဘရိုက်တ် ဗချီရာဝစ် (Bright Vachirawit)
ဆယ်ကျော်သက်လေးတွေကြား နာမည်ကြီးနေတဲ့ ဘရိုက်တ် ဗချီရာဝစ်ဟာ မင်းသားလည်းဖြစ်၊ အဆိုတော်လည်းဖြစ်၊ မော်ဒယ်လည်း ဖြစ်ပါတယ်။ သူက ထိုင်း၊ အမေရိကန်၊ တရုတ် ကပြားပါ။ ဒါကြောင့်လည်း သူ့ရုပ်ရည်သွင်ပြင်က ဒီလိုမျိုး ထူးထူးခြားခြား ချောမောနေတာဖြစ်ပါတယ်။ သရုပ်ဆောင်လည်းကောင်း၊ အသံလည်းကောင်း၊ ရုပ်လည်းချောဆိုတော့ သူ့လိုလူမျိုး ဝိုင်းဝိုင်းလည်နေတာ မဆန်းပါဘူး။ သူဟာ ဘန်ကောက်တက္ကသိုလ်မှာ မားကက်တင်းပညာ သင်ယူလေ့လာနေပါတယ်။

zawgyi version
ဘ႐ိုက္တ္ ဗခ်ီရာဝစ္ Bright Vachirawit)
ဆယ္ေက်ာ္သက္ေလးေတြၾကား နာမည္ႀကီးေနတဲ့ ဘ႐ိုက္တ္ ဗခ်ီရာဝစ္ဟာ မင္းသားလည္းျဖစ္၊ အဆိုေတာ္လည္းျဖစ္၊ ေမာ္ဒယ္လည္း ျဖစ္ပါတယ္။ သူက ထိုင္း၊ အေမရိကန္၊ တ႐ုတ္ ကျပားပါ။ ဒါေၾကာင့္လည္း သူ႔႐ုပ္ရည္သြင္ျပင္က ဒီလိုမ်ိဳး ထူးထူးျခားျခား ေခ်ာေမာေနတာျဖစ္ပါတယ္။ သ႐ုပ္ေဆာင္လည္းေကာင္း၊ အသံလည္းေကာင္း၊ ႐ုပ္လည္းေခ်ာဆိုေတာ့ သူ႔လိုလူမ်ိဳး ဝိုင္းဝိုင္းလည္ေနတာ မဆန္းပါဘူး။ သူဟာ ဘန္ေကာက္တကၠသိုလ္မွာ မားကက္တင္းပညာ သင္ယူေလ့လာေနပါတယ္။

မိုက်ခ် သွန်ရာယာ (Mik Thongraya)
မော်ဒယ်လည်းလုပ်၊ မင်းသားလည်းလုပ်တဲ့ မိုက်ခ်သွန်ရာယာကတော့ ထိုင်း၊ ဒိန်းမတ် ကပြားပါ။ သူဟာ ၂ဝဝ၈ ခုနှစ်မှာ Dream Star Search ဆိုတဲ့ ဇာတ်ကားနဲ့ အနုပညာလောကထဲစဝင်ခဲ့ပြီး အဲဒီဇာတ်ကားနဲ့ပဲ သရုပ်ဆောင်ထူးချွန်ဆု ရသွားခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ သူဟာ ခေါင်းဆောင်မင်းသားနေရာကရော ဇာတ်ပို့မင်းသားနေရာကပါ ဇာတ် ကားတွေ အများကြီး ရိုက်လာရပါတော့တယ်။

zawgyi version
မိုက္ခ္ သြန္ရာယာ (Mik Thongraya)
ေမာ္ဒယ္လည္းလုပ္၊ မင္းသားလည္းလုပ္တဲ့ မိုက္ခ္သြန္ရာယာကေတာ့ ထိုင္း၊ ဒိန္းမတ္ ကျပားပါ။ သူဟာ ၂ဝဝ၈ ခုႏွစ္မွာ Dream Star Search ဆိုတဲ့ ဇာတ္ကားနဲ႔ အႏုပညာေလာကထဲစဝင္ခဲ့ၿပီး အဲဒီဇာတ္ကားနဲ႔ပဲ သ႐ုပ္ေဆာင္ထူးခြၽန္ဆု ရသြားခဲ့ပါတယ္။ အဲဒီေနာက္ပိုင္းမွာေတာ့ သူဟာ ေခါင္းေဆာင္မင္းသားေနရာကေရာ ဇာတ္ပို႔မင္းသားေနရာကပါ ဇာတ္ ကားေတြ အမ်ားႀကီး ႐ိုက္လာရပါေတာ့တယ္။

အလက်ဇန်းဒါးရန်ဒဲလ် (Alexander Rendell)
ဒီမင်းသားကတော့ ထိုင်း၊ အင်္ဂလိပ် ကပြားပါ။ သူက မင်းသားလည်း လုပ်၊ အဆိုတော်လည်း လုပ်ပါတယ်။ ဒီမင်းသားဟာ ဘောလုံးကန်ရတာ ကိုလည်း အင်မတန် ဝါသနာကြီးပါတယ်။ သူက မန်ယူပရိသတ်ပါတဲ့။

zawgyi version
အလက္ဇန္းဒါးရန္ဒဲလ္ (Alexander Rendell)
ဒီမင္းသားကေတာ့ ထိုင္း၊ အဂၤလိပ္ ကျပားပါ။ သူက မင္းသားလည္း လုပ္၊ အဆိုေတာ္လည္း လုပ္ပါတယ္။ ဒီမင္းသားဟာ ေဘာလုံးကန္ရတာ ကိုလည္း အင္မတန္ ဝါသနာႀကီးပါတယ္။ သူက မန္ယူပရိသတ္ပါတဲ့။

အနန်ဒါ မက်သူးအဲဗားရင်းဟမ် (Ananda Matthew Everingham)
သူကတော့ ထိုင်း၊ သြစတြေးလျ ကပြားမင်းသားပါ။ သူ့အဖေက အောင် မြင်ကျော်ကြားတဲ့ သြစတြေးလျ သတင်းဓာတ်ပုံဆရာ ဂျွန်အဲဗားရင်းဟမ် ( ၏John Everingham ၏) ဖြစ်ပါတယ်။ ဒီမင်းသားဟာ ၂ဝဝ၄ ခုနှစ်မှာ ထွက်တဲ့ Shutter ဆိုတဲ့ ဇာတ်ကားနဲ့ နာမည်ကြီးလာတာပါ။

zawgyi version
အနန္ဒါ မက္သူးအဲဗားရင္းဟမ္ (Ananda Matthew Everingham)
သူကေတာ့ ထိုင္း၊ ၾသစေၾတးလ် ကျပားမင္းသားပါ။ သူ႔အေဖက ေအာင္ ျမင္ေက်ာ္ၾကားတဲ့ ၾသစေၾတးလ် သတင္းဓာတ္ပုံဆရာ ဂြၽန္အဲဗားရင္းဟမ္ ( ၏John Everingham ၏) ျဖစ္ပါတယ္။ ဒီမင္းသားဟာ ၂ဝဝ၄ ခုႏွစ္မွာ ထြက္တဲ့ Shutter ဆိုတဲ့ ဇာတ္ကားနဲ႔ နာမည္ႀကီးလာတာပါ။

နခွန်စခရီယန် (Nakhun Screaigh)
ငယ်ငယ်ချောချော ဒီမင်းသားလေးကတော့ ထိုင်း၊ သြစတြေးလျ ကပြားပါ။ သူဟာ ထိုင်း၊ အင်္ဂလိပ်၊ ဂျပန် ဘာသာစကားတွေကို ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်ပါတယ်။ သူဟာ ၂ဝ၂ဝ ခုနှစ်မှာ My Engineer ဆိုတဲ့ ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး အဲဒီဇာတ်ကားထဲက ဇာတ်ရုပ်နဲ့ ချက်ချင်း ပေါက်သွားပါတော့တယ်။ ၂ဝ၂၁ ခုနှစ်ထဲမှာတော့ သူဟာ Y destiny ဆိုတဲ့ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

zawgyi version
နခြန္စခရီယန္ (Nakhun Screaigh)
ငယ္ငယ္ေခ်ာေခ်ာ ဒီမင္းသားေလးကေတာ့ ထိုင္း၊ ၾသစေၾတးလ် ကျပားပါ။ သူဟာ ထိုင္း၊ အဂၤလိပ္၊ ဂ်ပန္ ဘာသာစကားေတြကို ကြၽမ္းကြၽမ္းက်င္က်င္ ေျပာတတ္ပါတယ္။ သူဟာ ၂ဝ၂ဝ ခုႏွစ္မွာ My Engineer ဆိုတဲ့ ဇာတ္ကားမွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့ၿပီး အဲဒီဇာတ္ကားထဲက ဇာတ္႐ုပ္နဲ႔ ခ်က္ခ်င္း ေပါက္သြားပါေတာ့တယ္။ ၂ဝ၂၁ ခုႏွစ္ထဲမွာေတာ့ သူဟာ Y destiny ဆိုတဲ့ဇာတ္ကားမွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့ပါတယ္။

Related news

© 2021. All rights reserved.