ဝဇီရာ ရုပ်ရှင်ရုံကို ဂုဏ်ပြုခံ ကဇာတ်ရုံအဖြစ် အဆင့်မြှင့်တင်နိုင်ရေး ပြင်ဆင်ဆောင်ရွက်နေ

1351

ရဲပြည့် (NP News) - ဇွန် ၂၆
ဝဇီရာရုပ်ရှင်ရုံအား ဂုဏ်ပြုခံ ကဇာတ်ရုံ (Red Carpet Theatre) အဖြစ် အဆင့်မြှင့်တင်နိုင်ရေး ပြင်ဆင်ဆောင်ရွက်နေကြောင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
ဝဇီရာရုပ်ရှင်ရုံသည် ရှေးဟောင်းသမိုင်းဝင်အဆောက်အအုံဖြစ်ပြီး ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်တွင် တည်ဆောက်ထားသည့် အလျား ၁၁၅ ပေခန့်၊ အနံပေ ၁၄ဝ ခန့်ဖြင့် တည်ဆောက်ထား အ ဆောက်အအုံဖြစ်သည်။
ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းကလည်း ပြီးခဲ့သည့် ဇွန်လ (၂၄)ရက်က အဆိုပါ ရှေးဟောင်းသမိုင်းဝင် ဝဇီရာ ရုပ်ရှင်ရုံသို့သွား ရောက်ကြည့်ရှုခဲ့ကြောင်းသိရသည်။
"ရုပ်ရှင်ရုံကို ပြင်ဆင်ရာမှာ သာမန်အဆောက်အဦးတွေလိုမျိုးပုံစံနဲ့မတူဘဲ ရှေးဟောင်းအဆောက်အအုံတွေကို ပြင်ဆင်တဲ့နေရာမှာ လိုက်နာရမယ့် စည်းကမ်းတွေအတိုင်း စနစ်တကျဆောင်ရွက်ဖို့လိုတယ်။ ဝဇီရာရုပ်ရှင်ရုံကြီး ကို ပြင်ဆင်ထိန်းသိမ်းပြီးရင် စာပေ၊ ရုပ်ရှင်၊ ဂီတ၊ သဘင် နယ်ပယ်အသီးသီးက ပွဲလမ်းသဘင်တွေကို စီစဉ် ကျင်းပနိုင်တော့မှာဖြစ်ပါတယ်။ ရှေးဟောင်းရုပ်ရှင်ရုံဖြစ်တဲ့အတွက် ဖျော်ဖြေမှုတွေကို အဆင့်အတန်းမြင့်မြင့် လုပ်ဆောင်ရမှာဖြစ်တယ်"ဟု ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြောသည်။
ယခုပြင်ဆင်နေသည့် ဝဇီရာရုပ်ရှင်ရုံအား ရုပ်ရှင်ရုံအဖြစ်သာမက ပြဇာတ်၊ ဇာတ်သဘင်၊ ရုပ်သေး၊ အက၊ ဂီတပွဲ၊ ဆွေးနွေးပွဲ၊ အစည်းအဝေးပွဲများ ကျင်းပနိုင်ပြီး သင်တန်း ကျောင်း၊ စတူဒီယိုနှင့် အနုပညာ ဖန်တီးနိုင်သည့် နေရာ အဖြစ်လည်းကောင်း၊ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်များ၊ ရုပ်ရှင်နှင့်ပတ်သက်သည့် အမှတ်တရပွဲများ၊ Memory Film Festival ကဲ့သို့ ပွဲတော်များ ကျင်းပရန်နေရာအဖြစ်လည်းကောင်း လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် ပြည်ပခရီးသွား ဧည့်သည်များ၊ ရှေးဟောင်းအမွေအနှစ် ပြတိုက်တစ်ခုအဖြစ် လည်ပတ်နိုင်သည့် နေရာတစ်ခုအဖြစ် ဖန်တီး၍ စနေ၊ တနင်္ဂနွေနေ့များတွင် ရှေးဟောင်း ဇာတ်ကားများ ပြသခြင်း၊ ရုပ်သေးပွဲများ ပြသခြင်း၊ ရုပ်ရှင်နှင့်ပတ်သက်သည့် ပြခန်းများ ပြုလုပ်နိုင်ရန် ရည်ရွယ်၍ အဆင့်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
ဝဇီရာရုပ်ရှင်ရုံသည် ၁၉၂ဝ ပြည့်နှစ်တွင်တည်ဆောက်ခဲ့ပြီး မြန်မာ နိုင်ငံ၌ ရှေးအကျဆုံး ရုပ်ရှင်ပြဇာတ်ရုံဖြစ်ကာ မူလအမည်သည် Excelsior (အိတ်ဆဲစီယာရုံ)ဖြစ်သည်။ ထို့နောက် ၁၉၄၂ ခုနှစ်တွင် “အေဝမ်းရုပ်ရှင်ရုံ” ဟူ၍လည်းကောင်း၊ ၁၉၆၈ ခုနှစ်တွင် “ဝဇီရာ” ဟူ၍လည်းကောင်း အမည်ပြောင်းခဲ့ကြောင်း သိရသည်။
https://npnewsmm.com/news/62b7e6106513e43acd238083

zawgyi version
ဝဇီရာ ႐ုပ္ရွင္႐ုံကို ဂုဏ္ျပဳခံ ကဇာတ္႐ုံအျဖစ္ အဆင့္ျမႇင့္တင္ႏိုင္ေရး ျပင္ဆင္ေဆာင္႐ြက္ေန
ရဲျပည့္ (NP News) - ဇြန္ ၂၆
ဝဇီရာ႐ုပ္ရွင္႐ုံအား ဂုဏ္ျပဳခံ ကဇာတ္႐ုံ (Red Carpet Theatre) အျဖစ္ အဆင့္ျမႇင့္တင္ႏိုင္ေရး ျပင္ဆင္ေဆာင္႐ြက္ေနေၾကာင္း ျပန္ၾကားေရးႏွင့္ ျပည္သူ႔ဆက္ဆံေရးဦးစီးဌာနမွ သိရသည္။
ဝဇီရာ႐ုပ္ရွင္႐ုံသည္ ေရွးေဟာင္းသမိုင္းဝင္အေဆာက္အအုံျဖစ္ၿပီး ရန္ကုန္ၿမိဳ႕ ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္းမေပၚတြင္ တည္ေဆာက္ထားသည့္ အလ်ား ၁၁၅ ေပခန႔္၊ အနံေပ ၁၄ဝ ခန႔္ျဖင့္ တည္ေဆာက္ထား အ ေဆာက္အအုံျဖစ္သည္။
ျပည္ေထာင္စုဝန္ႀကီး ဦးေမာင္ေမာင္အုန္းကလည္း ၿပီးခဲ့သည့္ ဇြန္လ (၂၄)ရက္က အဆိုပါ ေရွးေဟာင္းသမိုင္းဝင္ ဝဇီရာ ႐ုပ္ရွင္႐ုံသို႔သြား ေရာက္ၾကည့္ရႈခဲ့ေၾကာင္းသိရသည္။
"႐ုပ္ရွင္႐ုံကို ျပင္ဆင္ရာမွာ သာမန္အေဆာက္အဦးေတြလိုမ်ိဳးပုံစံနဲ႔မတူဘဲ ေရွးေဟာင္းအေဆာက္အအုံေတြကို ျပင္ဆင္တဲ့ေနရာမွာ လိုက္နာရမယ့္ စည္းကမ္းေတြအတိုင္း စနစ္တက်ေဆာင္႐ြက္ဖို႔လိုတယ္။ ဝဇီရာ႐ုပ္ရွင္႐ုံႀကီး ကို ျပင္ဆင္ထိန္းသိမ္းၿပီးရင္ စာေပ၊ ႐ုပ္ရွင္၊ ဂီတ၊ သဘင္ နယ္ပယ္အသီးသီးက ပြဲလမ္းသဘင္ေတြကို စီစဥ္ က်င္းပႏိုင္ေတာ့မွာျဖစ္ပါတယ္။ ေရွးေဟာင္း႐ုပ္ရွင္႐ုံျဖစ္တဲ့အတြက္ ေဖ်ာ္ေျဖမႈေတြကို အဆင့္အတန္းျမင့္ျမင့္ လုပ္ေဆာင္ရမွာျဖစ္တယ္"ဟု ျပည္ေထာင္စုဝန္ႀကီး ဦးေမာင္ေမာင္အုန္းက ေျပာသည္။
ယခုျပင္ဆင္ေနသည့္ ဝဇီရာ႐ုပ္ရွင္႐ုံအား ႐ုပ္ရွင္႐ုံအျဖစ္သာမက ျပဇာတ္၊ ဇာတ္သဘင္၊ ႐ုပ္ေသး၊ အက၊ ဂီတပြဲ၊ ေဆြးေႏြးပြဲ၊ အစည္းအေဝးပြဲမ်ား က်င္းပႏိုင္ၿပီး သင္တန္း ေက်ာင္း၊ စတူဒီယိုႏွင့္ အႏုပညာ ဖန္တီးႏိုင္သည့္ ေနရာ အျဖစ္လည္းေကာင္း၊ ႏိုင္ငံတကာ ႐ုပ္ရွင္ပြဲေတာ္မ်ား၊ ႐ုပ္ရွင္ႏွင့္ပတ္သက္သည့္ အမွတ္တရပြဲမ်ား၊ Memory Film Festival ကဲ့သို႔ ပြဲေတာ္မ်ား က်င္းပရန္ေနရာအျဖစ္လည္းေကာင္း လ်ာထားေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
ထို႔ျပင္ ျပည္ပခရီးသြား ဧည့္သည္မ်ား၊ ေရွးေဟာင္းအေမြအႏွစ္ ျပတိုက္တစ္ခုအျဖစ္ လည္ပတ္ႏိုင္သည့္ ေနရာတစ္ခုအျဖစ္ ဖန္တီး၍ စေန၊ တနဂၤေႏြေန႔မ်ားတြင္ ေရွးေဟာင္း ဇာတ္ကားမ်ား ျပသျခင္း၊ ႐ုပ္ေသးပြဲမ်ား ျပသျခင္း၊ ႐ုပ္ရွင္ႏွင့္ပတ္သက္သည့္ ျပခန္းမ်ား ျပဳလုပ္ႏိုင္ရန္ ရည္႐ြယ္၍ အဆင့္ျမႇင့္တင္ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္းလည္း သိရသည္။
ဝဇီရာ႐ုပ္ရွင္႐ုံသည္ ၁၉၂ဝ ျပည့္ႏွစ္တြင္တည္ေဆာက္ခဲ့ၿပီး ျမန္မာ ႏိုင္ငံ၌ ေရွးအက်ဆုံး ႐ုပ္ရွင္ျပဇာတ္႐ုံျဖစ္ကာ မူလအမည္သည္ Excelsior (အိတ္ဆဲစီယာ႐ုံ)ျဖစ္သည္။ ထို႔ေနာက္ ၁၉၄၂ ခုႏွစ္တြင္ “ေအဝမ္း႐ုပ္ရွင္႐ုံ” ဟူ၍လည္းေကာင္း၊ ၁၉၆၈ ခုႏွစ္တြင္ “ဝဇီရာ” ဟူ၍လည္းေကာင္း အမည္ေျပာင္းခဲ့ေၾကာင္း သိရသည္။
https://npnewsmm.com/news/62b7e6106513e43acd238083