မြန်မာတိုက်လေယာဉ်တွေ ကျူးကျော်ပျံသန်းလာမှုအပေါ် ထိုင်းစစ်တပ်က မှန်ကန်တဲ့ အလုပ်လုပ်ခဲ့ဟု ထိုင်းလေတပ်ဦးစီးချုပ်ဆို

3105

ဂျန်ဇက် (NP News) - ဇူလိုင် ၂
ထိုင်းနိုင်ငံဘက်ခြမ်းကို မြန်မာတိုက်လေယာဉ်တွေ ကျူးကျော်ဝင်ရောက်လာခဲ့ခြင်းနဲ့ပတ်သက်ပြီး ထိုင်းစစ်တပ်ဟာ မှန်ကန်တဲ့အလုပ်ကိုလုပ်ခဲ့ပြီး မိတ်ဆွေတစ်ဦးအပေါ် ပြုမူဆက်ဆံရမယ့်အခြေခံအချက်တွေအတိုင်း လုပ်ခဲ့ကြောင်း ထိုင်းလေတပ်ဦးစီးချုပ်ကထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
မြန်မာစစ်တပ်က တိုက်လေယာဉ် MiG-29 ဟာ ထိုင်း-မြန်မာနယ်စပ်ရှိ လက်နက်ကိုင်အဖွဲ့များကို လေကြောင်းမှတိုက်ခိုက်ရင်းထိုင်းဘက်ခြမ်းကို ကျူးကျော်ဝင်ရောက်လာခဲ့မှုအပေါ် ထိုင်းစစ်တပ်က တုံ့ပြန်မှုနှေးကွေးခဲ့ခြင်းနဲ့ပတ်သက်ပြီး ဝေဖန်မှုများရှိနေချိန်မှာ ထိုင်းလေတပ်ဦးစီးချုပ်ကအခုလိုမျိုးပြောခဲ့တာဖြစ်ပါတယ်။ ထိုင်းလေတပ်ဦးစီးချုပ် က "မြန်မာနိုင်ငံဟာ ကျွန်တော်တို့ရဲ့မိတ်ဆွေနိုင်ငံဖြစ်တယ်။ မိတ်ဆွေတစ်ဦးဟာ မြက် ခင်းတစ်ခုပေါ်မှာမှားယွင်းပြီး လမ်းလျှောက်မိခဲ့မယ်ဆိုရင် ကျွန်တော်တို့ဟာအဲဒီမိတ် ဆွေ သေဆုံးအောင်ပစ်သတ်သင့်သလား၊ ကျွန်တော်တို့မှန်ကန်တဲ့အလုပ်ကို လုပ်ခဲ့တယ်။ မိတ်ဆွေတစ်ဦးအပေါ်မှာ ပြုမူဆက်ဆံရမယ့် အချက်တွေကို အခြေခံပြီးလုပ်ခဲ့တာဖြစ်တယ်။ တစ်ဖက်မိတ်ဆွေကလည်းအမှားကို သိရှိသွားပြီလို့ယုံကြည်ပါတယ်" လို့ပြောပါတယ်။
ဒါ့ပြင်ထိုင်းလေတပ်ဦးစီးချုပ်က"ဇွန်လ ၃ဝ ရက်က ရာသီဥတုက တကယ်ဆိုးရွားခဲ့တယ်။ မြေပြင်အနေအထားနဲ့တွဲလျက် ကောင်းကင်မှတစ်စုံတစ်ဦးကို ကြည့်လိုက်ရင် နယ်စပ်ဒေသကိုကျူးကျော်ဖြတ်သန်းနေခဲ့သလားဆိုတာ ဖြတ်ကျော်သွားခြင်း ရှင်း လင်းစွာ မြင်နိုင်မှမာဟုတ်ဘူး"လို့ပြောပါတယ်။
ထိုင်းဝန်ကြီးချုပ် ချန်အိုချာကလည်း “မြန်မာဘက်က ပြန်တောင်းပန်ခဲ့ပါတယ်။ ဒီနေ့ခေတ်မှာ ကျွန်တော်တို့ဟာ မြန်မာနိုင်ငံနဲ့ အချင်းချင်းဆက်ဆံရေးကောင်းပြီးသားပါ။ အဲဒီတော့ ဆွေးနွေးစရာရှိတယ်။ အရေးကြီးဆုံးကတော့ ကျွန်တော်တို့ရဲ့အချုပ်အခြာ အာဏာကို ကာကွယ်ရန် စွမ်းရည်ရှိပါတယ်။ ဒါပေမယ့် အနာဂတ်မှာ လုံလောက်တဲ့ ကြံ့ခိုင်မှု ရှိ၊ မရှိကိုလည်း အနာဂတ်မှာ ကြည့်ရပါမယ်။ မြန်မာတိုက်လေယာဉ်များ ထိုင်းဘက်ခြမ်းကို ပျံသန်းလာမှုကကြီးကြီးမားမားတော့ မဟုတ်ပါဘူး"ဟုပြောကြားထား သည်။
https://www.thaipost.net/hi-light/172528/
https://www.matichon.co.th/politics/news_3430198

zawgyi version
ျမန္မာတိုက္ေလယာဥ္ေတြ က်ဴးေက်ာ္ပ်ံသန္းလာမႈအေပၚ ထိုင္းစစ္တပ္က မွန္ကန္တဲ့ အလုပ္လုပ္ခဲ့ဟု ထိုင္းေလတပ္ဦးစီးခ်ဳပ္ဆို
ဂ်န္ဇက္ (NP News) - ဇူလိုင္ ၂
ထိုင္းႏိုင္ငံဘက္ျခမ္းကို ျမန္မာတိုက္ေလယာဥ္ေတြ က်ဴးေက်ာ္ဝင္ေရာက္လာခဲ့ျခင္းနဲ႔ပတ္သက္ၿပီး ထိုင္းစစ္တပ္ဟာ မွန္ကန္တဲ့အလုပ္ကိုလုပ္ခဲ့ၿပီး မိတ္ေဆြတစ္ဦးအေပၚ ျပဳမူဆက္ဆံရမယ့္အေျခခံအခ်က္ေတြအတိုင္း လုပ္ခဲ့ေၾကာင္း ထိုင္းေလတပ္ဦးစီးခ်ဳပ္ကထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။
ျမန္မာစစ္တပ္က တိုက္ေလယာဥ္ MiG-29 ဟာ ထိုင္း-ျမန္မာနယ္စပ္ရွိ လက္နက္ကိုင္အဖြဲ႕မ်ားကို ေလေၾကာင္းမွတိုက္ခိုက္ရင္းထိုင္းဘက္ျခမ္းကို က်ဴးေက်ာ္ဝင္ေရာက္လာခဲ့မႈအေပၚ ထိုင္းစစ္တပ္က တုံ႔ျပန္မႈေႏွးေကြးခဲ့ျခင္းနဲ႔ပတ္သက္ၿပီး ေဝဖန္မႈမ်ားရွိေနခ်ိန္မွာ ထိုင္းေလတပ္ဦးစီးခ်ဳပ္ကအခုလိုမ်ိဳးေျပာခဲ့တာျဖစ္ပါတယ္။ ထိုင္းေလတပ္ဦးစီးခ်ဳပ္ က "ျမန္မာႏိုင္ငံဟာ ကြၽန္ေတာ္တို႔ရဲ႕မိတ္ေဆြႏိုင္ငံျဖစ္တယ္။ မိတ္ေဆြတစ္ဦးဟာ ျမက္ ခင္းတစ္ခုေပၚမွာမွားယြင္းၿပီး လမ္းေလွ်ာက္မိခဲ့မယ္ဆိုရင္ ကြၽန္ေတာ္တို႔ဟာအဲဒီမိတ္ ေဆြ ေသဆုံးေအာင္ပစ္သတ္သင့္သလား၊ ကြၽန္ေတာ္တို႔မွန္ကန္တဲ့အလုပ္ကို လုပ္ခဲ့တယ္။ မိတ္ေဆြတစ္ဦးအေပၚမွာ ျပဳမူဆက္ဆံရမယ့္ အခ်က္ေတြကို အေျခခံၿပီးလုပ္ခဲ့တာျဖစ္တယ္။ တစ္ဖက္မိတ္ေဆြကလည္းအမွားကို သိရွိသြားၿပီလို႔ယုံၾကည္ပါတယ္" လို႔ေျပာပါတယ္။
ဒါ့ျပင္ထိုင္းေလတပ္ဦးစီးခ်ဳပ္က"ဇြန္လ ၃ဝ ရက္က ရာသီဥတုက တကယ္ဆိုး႐ြားခဲ့တယ္။ ေျမျပင္အေနအထားနဲ႔တြဲလ်က္ ေကာင္းကင္မွတစ္စုံတစ္ဦးကို ၾကည့္လိုက္ရင္ နယ္စပ္ေဒသကိုက်ဴးေက်ာ္ျဖတ္သန္းေနခဲ့သလားဆိုတာ ျဖတ္ေက်ာ္သြားျခင္း ရွင္း လင္းစြာ ျမင္ႏိုင္မွမာဟုတ္ဘူး"လို႔ေျပာပါတယ္။
ထိုင္းဝန္ႀကီးခ်ဳပ္ ခ်န္အိုခ်ာကလည္း “ျမန္မာဘက္က ျပန္ေတာင္းပန္ခဲ့ပါတယ္။ ဒီေန႔ေခတ္မွာ ကြၽန္ေတာ္တို႔ဟာ ျမန္မာႏိုင္ငံနဲ႔ အခ်င္းခ်င္းဆက္ဆံေရးေကာင္းၿပီးသားပါ။ အဲဒီေတာ့ ေဆြးေႏြးစရာရွိတယ္။ အေရးႀကီးဆုံးကေတာ့ ကြၽန္ေတာ္တို႔ရဲ႕အခ်ဳပ္အျခာ အာဏာကို ကာကြယ္ရန္ စြမ္းရည္ရွိပါတယ္။ ဒါေပမယ့္ အနာဂတ္မွာ လုံေလာက္တဲ့ ႀကံ့ခိုင္မႈ ရွိ၊ မရွိကိုလည္း အနာဂတ္မွာ ၾကည့္ရပါမယ္။ ျမန္မာတိုက္ေလယာဥ္မ်ား ထိုင္းဘက္ျခမ္းကို ပ်ံသန္းလာမႈကႀကီးႀကီးမားမားေတာ့ မဟုတ္ပါဘူး"ဟုေျပာၾကားထား သည္။
https://www.thaipost.net/hi-light/172528/
https://www.matichon.co.th/politics/news_3430198