အီတလီမှာ အယ်လ်ပိုင်း ရေခဲတောင် ပြိုကျမှုကြောင့် လူ ၅ ဦး သေဆုံး

 704

ရောင်နီ (NP News) - ဇူလိုင် ၄
အီတလီနိုင်ငံ မြောက်ပိုင်းရှိ အယ်လ်ပိုင်း ရေခဲတောင်ကြီး ပြိုကျမှုဖြစ်ပွားခဲ့ပြီး တောင်စောင်းတစ်ခုမှ ရေခဲများ၊ ဆီးနှင်းများနဲ့ ကျောက်တုံးများ ပြိုကျလာကာ တောင်တက်သမားများ အနားယူရာလမ်းကြောင်းပေါ်သို့ တိုက်စား သွားတာကြောင့် အနည်းဆုံး လူ ၅ ဦး သေဆုံး၊ ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့ပါတယ်။

“ရေခဲတောင်ပြိုကျမှုကြောင့် ထိခိုက်ခဲ့ရသူတွေအတွက် ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေပါတယ်” လို့ တီရန်တိုပြည်နယ်အစိုးရက ဇူလိုင်လ ၃ ရက်၊ တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပါတယ်။

အီတလီ RAI အစိုးရပိုင်ရုပ်မြင်သံကြားရဲ့ပြောကြားချက်အရ သေဆုံးသူ ၆ ဦးအထိ ရှိတယ်လို့ ပမာဏ ခန့်မှန်းထား ကြပေမယ့်လည်း သေဆုံးသူအရေအတွက် အတိအကျကို ချက်ချင်းအတည်ပြုနိုင်ခြင်း မရှိသေးသလို တောင်တက် သမား မည်မျှ ပျောက်ဆုံးနေသလဲ ဆိုတာလည်း မသိရသေးဘူးလို့ သိရပါတယ်။

National Alpine နဲ့ Cave Rescue Corps မှ တာဝန်ရှိသူများက မာမိုလာဒါ တောင်ပေါ်ရှိ ထိခိုက်ခံစားခဲ့ရတဲ့ နေရာများကို ရှာဖွေဖို့အတွက် အနည်းဆုံး ရဟတ်ယာဉ် ၅ စင်းနဲ့ အနံ့ခံ ခွေးများစေလွှတ်ထားကြောင်း တွစ်တာမှာ ရေးသားဖော်ပြခဲ့ပါတယ်။

“ရေခဲပြိုကျမှုလမ်းကြောင်းမှာ ရှိနေခဲ့တဲ့ လူ ၅ ဦး သေဆုံးခဲ့ပါတယ်။ ဒဏ်ရာရသူ ၈ ဦးရှိပြီး နှစ်ဦးမှာ ဆိုးရွားတဲ့ အခြေအနေမှာ ရှိနေတယ်" လို့ အရေးပေါ်ဝန်ဆောင်မှုက ဆိုပါတယ်။ ရေခဲတောင်ပြိုကျမှုဖြစ်ခဲ့တဲ့ မာမိုလာ ဒါတောင်ဟာ အမြင့်ပေ ၃၃ဝဝ မီတာ (၁ဝ၈ဝဝ ပေ) မြင့်ပြီး ဒိုလိုမိုက် အရှေ့ပိုင်းရှိ အမြင့်ဆုံးတောင်ဖြစ်ပါတယ်။ အဲလ်ပိုင်း ကယ်ဆယ်ရေးဝန်ဆောင်မှုရဲ့ပြောကြားချက်အရ Punta Rocca (Rock Point) အနီး တောင်ထိပ်သို့ ရောက်ရှိဖို့ ပုံမှန်အားဖြင့် အသုံးပြုရတဲ့လမ်းကြောင်းမှာ အပိုင်းပိုင်း ကွဲသွားခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

အဆိုပါ ရေခဲတောင် ပြိုကျမှုဖြစ်ရခြင်းမှာ ဇွန်လနှောင်းပိုင်းက ကျရောက်ခဲ့တဲ့ ပြင်းထန်တဲ့ အပူလှိုင်းများကြောင့် ဖြစ်တယ်လို့ အဲလ်ပိုင်းကယ်ဆယ်ရေးဌာနပြောရေးဆိုခွင့်ရှိသူ ဝေါတာ မီလန်က ပြောခဲ့ပါတယ်။

မကြာသေးမီရက်များအတွင်း တောင်ထွတ်ပေါ်ရှိ အပူချိန်ဟာ ၁ဝ ဒီဂရေ စင်တီဂရိတ် (၅ဝ ဒီဂရီ ဖာရင်ဟိုက်) ထိ မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။

https://www.aljazeera.com/news/2022/7/3/alpine-glacier-collapses-italy-kills-several-people?sf167007047=1

Zawgyi Version;
အီတလီမွာ အယ္လ္ပိုင္း ေရခဲေတာင္ ၿပိဳက်မႈေၾကာင့္ လူ ၅ ဦး ေသဆုံး
ေရာင္နီ (NP News) - ဇူလိုင္ ၄
အီတလီႏိုင္ငံ ေျမာက္ပိုင္းရွိ အယ္လ္ပိုင္း ေရခဲေတာင္ႀကီး ၿပိဳက်မႈျဖစ္ပြားခဲ့ၿပီး ေတာင္ေစာင္းတစ္ခုမွ ေရခဲမ်ား၊ ဆီးႏွင္းမ်ားနဲ႔ ေက်ာက္တုံးမ်ား ၿပိဳက်လာကာ ေတာင္တက္သမားမ်ား အနားယူရာလမ္းေၾကာင္းေပၚသို႔ တိုက္စား သြားတာေၾကာင့္ အနည္းဆုံး လူ ၅ ဦး ေသဆုံး၊ ၈ ဦး ဒဏ္ရာရရွိခဲ့ေၾကာင္း အာဏာပိုင္မ်ားက ေျပာၾကားခဲ့ပါတယ္။

“ေရခဲေတာင္ၿပိဳက်မႈေၾကာင့္ ထိခိုက္ခဲ့ရသူေတြအတြက္ ကယ္ဆယ္ေရးလုပ္ငန္းေတြ လုပ္ေဆာင္ေနပါတယ္” လို႔ တီရန္တိုျပည္နယ္အစိုးရက ဇူလိုင္လ ၃ ရက္၊ တနဂၤေႏြေန႔မွာ ေျပာၾကားခဲ့ပါတယ္။

အီတလီ RAI အစိုးရပိုင္႐ုပ္ျမင္သံၾကားရဲ႕ေျပာၾကားခ်က္အရ ေသဆုံးသူ ၆ ဦးအထိ ရွိတယ္လို႔ ပမာဏ ခန္႔မွန္းထား ၾကေပမယ့္လည္း ေသဆုံးသူအေရအတြက္ အတိအက်ကို ခ်က္ခ်င္းအတည္ျပဳႏိုင္ျခင္း မရွိေသးသလို ေတာင္တက္ သမား မည္မွ် ေပ်ာက္ဆုံးေနသလဲ ဆိုတာလည္း မသိရေသးဘူးလို႔ သိရပါတယ္။

National Alpine နဲ႔ Cave Rescue Corps မွ တာဝန္ရွိသူမ်ားက မာမိုလာဒါ ေတာင္ေပၚရွိ ထိခိုက္ခံစားခဲ့ရတဲ့ ေနရာမ်ားကို ရွာေဖြဖို႔အတြက္ အနည္းဆုံး ရဟတ္ယာဥ္ ၅ စင္းနဲ႔ အနံ႔ခံ ေခြးမ်ားေစလႊတ္ထားေၾကာင္း တြစ္တာမွာ ေရးသားေဖာ္ျပခဲ့ပါတယ္။

“ေရခဲၿပိဳက်မႈလမ္းေၾကာင္းမွာ ရွိေနခဲ့တဲ့ လူ ၅ ဦး ေသဆုံးခဲ့ပါတယ္။ ဒဏ္ရာရသူ ၈ ဦးရွိၿပီး ႏွစ္ဦးမွာ ဆိုး႐ြားတဲ့ အေျခအေနမွာ ရွိေနတယ္" လို႔ အေရးေပၚဝန္ေဆာင္မႈက ဆိုပါတယ္။ ေရခဲေတာင္ၿပိဳက်မႈျဖစ္ခဲ့တဲ့ မာမိုလာ ဒါေတာင္ဟာ အျမင့္ေပ ၃၃ဝဝ မီတာ (၁ဝ၈ဝဝ ေပ) ျမင့္ၿပီး ဒိုလိုမိုက္ အေရွ႕ပိုင္းရွိ အျမင့္ဆုံးေတာင္ျဖစ္ပါတယ္။ အဲလ္ပိုင္း ကယ္ဆယ္ေရးဝန္ေဆာင္မႈရဲ႕ေျပာၾကားခ်က္အရ Punta Rocca (Rock Point) အနီး ေတာင္ထိပ္သို႔ ေရာက္ရွိဖို႔ ပုံမွန္အားျဖင့္ အသုံးျပဳရတဲ့လမ္းေၾကာင္းမွာ အပိုင္းပိုင္း ကြဲသြားခဲ့တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

အဆိုပါ ေရခဲေတာင္ ၿပိဳက်မႈျဖစ္ရျခင္းမွာ ဇြန္လေႏွာင္းပိုင္းက က်ေရာက္ခဲ့တဲ့ ျပင္းထန္တဲ့ အပူလႈိင္းမ်ားေၾကာင့္ ျဖစ္တယ္လို႔ အဲလ္ပိုင္းကယ္ဆယ္ေရးဌာနေျပာေရးဆိုခြင့္ရွိသူ ေဝါတာ မီလန္က ေျပာခဲ့ပါတယ္။

မၾကာေသးမီရက္မ်ားအတြင္း ေတာင္ထြတ္ေပၚရွိ အပူခ်ိန္ဟာ ၁ဝ ဒီဂေရ စင္တီဂရိတ္ (၅ဝ ဒီဂရီ ဖာရင္ဟိုက္) ထိ ျမင့္တက္ခဲ့တယ္လို႔ သိရပါတယ္။

https://www.aljazeera.com/news/2022/7/3/alpine-glacier-collapses-italy-kills-several-people?sf167007047=1

Related news

© 2021. All rights reserved.