အိန္ဒိယနိုင်ငံမှာ ရဟတ်ယာဉ်တစ်စင်းပျက်ကျခဲ့ပြီး လိုက်ပါသွားသူအားလုံး သေဆုံး

 853

Pika (NP News) - ဇွန် ၁၅

အိန္ဒိယနိုင်ငံမြောက်ပိုင်း Uttarakhand ပြည်နယ်မှာ လူ(၇)ဦးလိုက်ပါလာတဲ့ ရဟတ်ယာဉ်တစ်စင်းပျက်ကျခဲ့ပြီး လိုက်ပါသွားသူအားလုံး သေဆုံးသွားခဲ့တယ်လို့ တာဝန်ရှိသူတွေက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
အဲဒီရဟတ်ယာဉ်ဟာ နာမည်ကျော် ဟိန္ဒူဘုရားဖူးလမ်းကြောင်းမှာ ခရီးသည်တွေကို လိုက်ပါပို့ဆောင်ပေးနေစဉ်အချိန်အတွင်း ပျက်ကျသွားခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
ရဟတ်ယာဉ်ဟာ Guptkashi မြို့ကနေ Kedarnath မြို့ကို ဦးတည်သွားနေစဉ်အချိန်အတွင်း ယခုလိုပျက်ကျမှုဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ပြည်နယ်အစိုးရတာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် ဆိုးရွားတဲ့ရာသီဥတုကြောင့် ဘုရားဖူးခရီးသည်တွေပို့ဆောင်မှုကို ဇွန်လ(၁၆)ရက်မတိုင်ခင်အချိန်အထိ ရပ်ဆိုင်းထားဖို့ ရဟတ်ယာဉ်ဝန်ဆောင်မှုတွေကို Uttarakhand ပြည်နယ်အစိုးရတာဝန်ရှိသူတွေက အမိန့်ပေးခဲ့တယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့အချိန်(၁)လခွဲအတွင်း အဲဒီဘုရားဖူးလမ်းကြောင်းမှာ ရဟတ်ယာဉ် အရေးပေါ်ဆင်းသက်ခဲ့ရမှု(၃)ကြိမ်နဲ့ ပျက်ကျမှု(၂)ကြိမ်တို့ဖြစ်ပွားခဲ့တယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် ရဟတ်ယာဉ်ပျက်ကျရတဲ့ အကြောင်းအရင်းတွေကို စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်ဖို့ တာဝန်ရှိသူတွေကို အမိန့်ပေးထားတယ်လို့ ပြည်နယ်ဝန်ကြီးချုပ် Pushkar Singh Dhami က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ဇွန်လ(၁၂)ရက်က လန်ဒန်မြို့ကိုပျံသန်းမယ့် Air India လေကြောင်းလိုင်းက ခရီးသည်တင်လေယာဉ်တစ်စင်း ပျက်ကျကာ အနည်းဆုံးလူ(၂၉၀)ဦးသေဆုံးသွားခဲ့ပြီးနောက် ယခုလိုရဟတ်ယာဉ်ပျက်ကျမှု ထပ်မံဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။
ဒါပြင် အဲဒီခရီးသည်တင်လေယာဉ်ပျက်ကျမှုဟာ ဆယ်စုနှစ်များအတွင်း အဆိုးရွားဆုံးလေယာဉ်ပျက်ကျမှုတစ်ခုဖြစ်ခဲ့တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
အိႏၵိယႏိုင္ငံမွာ ရဟတ္ယာဥ္တစ္စင္းပ်က္က်ခဲ့ၿပီး လိုက္ပါသြားသူအားလုံး ေသဆုံး
Pika (NP News) - ဇြန္ ၁၅

အိႏၵိယႏိုင္ငံေျမာက္ပိုင္း Uttarakhand ျပည္နယ္မွာ လူ(၇)ဦးလိုက္ပါလာတဲ့ ရဟတ္ယာဥ္တစ္စင္းပ်က္က်ခဲ့ၿပီး လိုက္ပါသြားသူအားလုံး ေသဆုံးသြားခဲ့တယ္လို႔ တာဝန္ရွိသူေတြက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
အဲဒီရဟတ္ယာဥ္ဟာ နာမည္ေက်ာ္ ဟိႏၵဴဘုရားဖူးလမ္းေၾကာင္းမွာ ခရီးသည္ေတြကို လိုက္ပါပို႔ေဆာင္ေပးေနစဥ္အခ်ိန္အတြင္း ပ်က္က်သြားခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။
ရဟတ္ယာဥ္ဟာ Guptkashi ၿမိဳ႕ကေန Kedarnath ၿမိဳ႕ကို ဦးတည္သြားေနစဥ္အခ်ိန္အတြင္း ယခုလိုပ်က္က်မႈျဖစ္ပြားခဲ့တာျဖစ္တယ္လို႔ ျပည္နယ္အစိုးရတာဝန္ရွိသူေတြက ေျပာၾကားခဲ့ပါတယ္။
ဒါ့ျပင္ ဆိုး႐ြားတဲ့ရာသီဥတုေၾကာင့္ ဘုရားဖူးခရီးသည္ေတြပို႔ေဆာင္မႈကို ဇြန္လ(၁၆)ရက္မတိုင္ခင္အခ်ိန္အထိ ရပ္ဆိုင္းထားဖို႔ ရဟတ္ယာဥ္ဝန္ေဆာင္မႈေတြကို Uttarakhand ျပည္နယ္အစိုးရတာဝန္ရွိသူေတြက အမိန႔္ေပးခဲ့တယ္လို႔လည္း သိရပါတယ္။
ၿပီးခဲ့တဲ့အခ်ိန္(၁)လခြဲအတြင္း အဲဒီဘုရားဖူးလမ္းေၾကာင္းမွာ ရဟတ္ယာဥ္ အေရးေပၚဆင္းသက္ခဲ့ရမႈ(၃)ႀကိမ္နဲ႔ ပ်က္က်မႈ(၂)ႀကိမ္တို႔ျဖစ္ပြားခဲ့တယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ ရဟတ္ယာဥ္ပ်က္က်ရတဲ့ အေၾကာင္းအရင္းေတြကို စုံစမ္းစစ္ေဆးမႈေတြလုပ္ေဆာင္ဖို႔ တာဝန္ရွိသူေတြကို အမိန႔္ေပးထားတယ္လို႔ ျပည္နယ္ဝန္ႀကီးခ်ဳပ္ Pushkar Singh Dhami က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
ၿပီးခဲ့တဲ့ဇြန္လ(၁၂)ရက္က လန္ဒန္ၿမိဳ႕ကိုပ်ံသန္းမယ့္ Air India ေလေၾကာင္းလိုင္းက ခရီးသည္တင္ေလယာဥ္တစ္စင္း ပ်က္က်ကာ အနည္းဆုံးလူ(၂၉၀)ဦးေသဆုံးသြားခဲ့ၿပီးေနာက္ ယခုလိုရဟတ္ယာဥ္ပ်က္က်မႈ ထပ္မံျဖစ္ပြားခဲ့တာလည္းျဖစ္ပါတယ္။
ဒါျပင္ အဲဒီခရီးသည္တင္ေလယာဥ္ပ်က္က်မႈဟာ ဆယ္စုႏွစ္မ်ားအတြင္း အဆိုး႐ြားဆုံးေလယာဥ္ပ်က္က်မႈတစ္ခုျဖစ္ခဲ့တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.