ဥဇဘတ်ကစ်စတန် ဆူပူအုံကြွမှုအတွင်း အနည်းဆုံး ၁၈ ဦး သေဆုံး၊ ရာနဲ့ချီ ဒဏ်ရာရ

 793

ရောင်နီ (NP News) - ဇူလိုင် ၅
ဥဇဘတ်ကစ်စတန်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ် ကာရာကဲလ်ပက်စတန်မှာ ပြီးခဲ့တဲ့သီတင်းပတ်ကုန်က မငြိမ်သက်မှုများအတွင်း အနည်းဆုံး လူ ၁၈ ဦး သေဆုံးပြီး ၂၄၃ ဦး ဒဏ်ရာရခဲ့ကြောင်း အာဏာပိုင်များက ပြောကြားလာပါတယ်။

ကာရာကဲလ်ပက်စတန်ရဲ့အဆင့်အတန်းကို ထိခိုက်စေနိုင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ အပြောင်းအလဲများကြောင့် မငြိမ်သက်မှုတွေဖြစ်ပွားနေပြီး သမ္မတ ရှာဗ်ခက် မီရာဇ်ရိုရဇ် ရဲ့ အုပ်ချုပ်မှုအောက် နှစ်ရှည်လများ တာဝန်ထမ်းဆောင်ခဲ့တဲ့ နည်းပြ အစ္စလာမ်မစ် ကာရီမို သေဆုံးပြီးနောက် ၂ဝ၁၆ ခုနှစ်မှာ သမ္မတရဲ့အုပ်ချုပ်ရေးအပေါ် ပိုမိုထင်ရှားတဲ့စိန်ခေါ်မှုများ ဖြစ်လာခဲ့ပါတယ်။

မီရာဇ်ရိုရဇ် ဟာ ကာရာကဲလ်ပက်စတန်ပြည်နယ်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ခွဲထွက်ခွင့်နဲ့ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပါပုဒ်မများကို ပြင်ဆင်ဖို့အစီအစဉ်ကို ဇူလိုင်လ ၂ ရက်၊ စနေနေ့က ပယ်ချခဲ့ပြီးနောက် နှစ် ၂ နီးပါးကြား အဆိုးရွားဆုံး အကြမ်းဖက်မှုအတွက် ဆန္ဒပြမှုများ ရှိလာခဲ့ပါတယ်။

ဒါကြောင့် ဥဇဘတ် ထက် ကာဇက်ခါ နဲ့ ပိုနီးစပ်တဲ့ လူမျိုးစု ကာရာကဲလ်ပက်တို့နေထိုင်ရာ အနောက် မြောက်ပိုင်းပြည်နယ်မှာ တစ်လကြာ အရေးပေါ်အခြေအနေကြေညာထားကာ "အုပ်ချုပ်ရေးစင်တာ Nukus မှာ ပြင်းထန်တဲ့ဒဏ်ရာများကြောင့် လူ ၁၈ ဦး သေဆုံးခဲ့ကြောင်း သတင်းအေဂျင်စီ Ria Novosti က ဇူလိုင်လ ၄ ရက်၊ တနင်္လာနေ့မှာ ပြည်နယ်အစိုးရရှေ့နေရုံးကို ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁ ရက်၊ သောကြာနေ့က ဆန္ဒပြသူတွေကို လူစုခွဲရာမှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက လူ ၅၁၆ ဦးကို ဖမ်းဆီးထားခဲ့ပေမယ့် အများစုကိုတော့ ပြန်လွှတ်ပေးခဲ့တယ်လို့ အမျိုးသားအစောင့်တပ်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဇူလိုင် ၃ ရက်၊ တနင်္ဂနွေနေ့က အွန်လိုင်းမှာ တင်ထားတဲ့ကြေညာချက်တစ်ခုမှာ ဆူပူအကြမ်းဖက်သူ များဟာ Nukus မြို့မှာ “အပျက်အစီးများ” လုပ်ဆောင်ခဲ့ကြပြီး ကျောက်ခဲများဖြင့် ပစ်ပေါက်ခြင်း၊ ပစ်ခတ်ခြင်းနဲ့ ရဲများကို တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

https://www.aljazeera.com/news/2022/7/4/at-least-18-killed-hundreds-injured-in-uzbekistan-unrest?utm_campaign=trueAnthem%3A+Trending+Content&utm_medium=trueAnthem&utm_source=facebook

Zawgyi Version;
ဥဇဘတ္ကစ္စတန္ ဆူပူအုံႂကြမႈအတြင္း အနည္းဆုံး ၁၈ ဦး ေသဆုံး၊ ရာနဲ႔ခ်ီ ဒဏ္ရာရ
ေရာင္နီ (NP News) - ဇူလိုင္ ၅
ဥဇဘတ္ကစ္စတန္၊ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရျပည္နယ္ ကာရာကဲလ္ပက္စတန္မွာ ၿပီးခဲ့တဲ့သီတင္းပတ္ကုန္က မၿငိမ္သက္မႈမ်ားအတြင္း အနည္းဆုံး လူ ၁၈ ဦး ေသဆုံးၿပီး ၂၄၃ ဦး ဒဏ္ရာရခဲ့ေၾကာင္း အာဏာပိုင္မ်ားက ေျပာၾကားလာပါတယ္။

ကာရာကဲလ္ပက္စတန္ရဲ႕အဆင့္အတန္းကို ထိခိုက္ေစႏိုင္တဲ့ ဖြဲ႕စည္းပုံအေျခခံဥပေဒ အေျပာင္းအလဲမ်ားေၾကာင့္ မၿငိမ္သက္မႈေတြျဖစ္ပြားေနၿပီး သမၼတ ရွာဗ္ခက္ မီရာဇ္႐ိုရဇ္ ရဲ႕ အုပ္ခ်ဳပ္မႈေအာက္ ႏွစ္ရွည္လမ်ား တာဝန္ထမ္းေဆာင္ခဲ့တဲ့ နည္းျပ အစၥလာမ္မစ္ ကာရီမို ေသဆုံးၿပီးေနာက္ ၂ဝ၁၆ ခုႏွစ္မွာ သမၼတရဲ႕အုပ္ခ်ဳပ္ေရးအေပၚ ပိုမိုထင္ရွားတဲ့စိန္ေခၚမႈမ်ား ျဖစ္လာခဲ့ပါတယ္။

မီရာဇ္႐ိုရဇ္ ဟာ ကာရာကဲလ္ပက္စတန္ျပည္နယ္ကို ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္၊ ခြဲထြက္ခြင့္နဲ႔ပတ္သက္ၿပီး ဖြဲ႕စည္းပုံအေျခခံဥပေဒပါပုဒ္မမ်ားကို ျပင္ဆင္ဖို႔အစီအစဥ္ကို ဇူလိုင္လ ၂ ရက္၊ စေနေန႔က ပယ္ခ်ခဲ့ၿပီးေနာက္ ႏွစ္ ၂ နီးပါးၾကား အဆိုး႐ြားဆုံး အၾကမ္းဖက္မႈအတြက္ ဆႏၵျပမႈမ်ား ရွိလာခဲ့ပါတယ္။

ဒါေၾကာင့္ ဥဇဘတ္ ထက္ ကာဇက္ခါ နဲ႔ ပိုနီးစပ္တဲ့ လူမ်ိဳးစု ကာရာကဲလ္ပက္တို႔ေနထိုင္ရာ အေနာက္ ေျမာက္ပိုင္းျပည္နယ္မွာ တစ္လၾကာ အေရးေပၚအေျခအေနေၾကညာထားကာ "အုပ္ခ်ဳပ္ေရးစင္တာ Nukus မွာ ျပင္းထန္တဲ့ဒဏ္ရာမ်ားေၾကာင့္ လူ ၁၈ ဦး ေသဆုံးခဲ့ေၾကာင္း သတင္းေအဂ်င္စီ Ria Novosti က ဇူလိုင္လ ၄ ရက္၊ တနလၤာေန႔မွာ ျပည္နယ္အစိုးရေရွ႕ေန႐ုံးကို ေျပာၾကားခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ဇူလိုင္လ ၁ ရက္၊ ေသာၾကာေန႔က ဆႏၵျပသူေတြကို လူစုခြဲရာမွာ လုံၿခဳံေရး တပ္ဖြဲ႕ဝင္ေတြက လူ ၅၁၆ ဦးကို ဖမ္းဆီးထားခဲ့ေပမယ့္ အမ်ားစုကိုေတာ့ ျပန္လႊတ္ေပးခဲ့တယ္လို႔ အမ်ိဳးသားအေစာင့္တပ္က သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။

ဇူလိုင္ ၃ ရက္၊ တနဂၤေႏြေန႔က အြန္လိုင္းမွာ တင္ထားတဲ့ေၾကညာခ်က္တစ္ခုမွာ ဆူပူအၾကမ္းဖက္သူ မ်ားဟာ Nukus ၿမိဳ႕မွာ “အပ်က္အစီးမ်ား” လုပ္ေဆာင္ခဲ့ၾကၿပီး ေက်ာက္ခဲမ်ားျဖင့္ ပစ္ေပါက္ျခင္း၊ ပစ္ခတ္ျခင္းနဲ႔ ရဲမ်ားကို တိုက္ခိုက္ျခင္းမ်ား ျပဳလုပ္ခဲ့ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

https://www.aljazeera.com/news/2022/7/4/at-least-18-killed-hundreds-injured-in-uzbekistan-unrest?utm_campaign=trueAnthem%3A+Trending+Content&utm_medium=trueAnthem&utm_source=facebook

Related news

© 2021. All rights reserved.