ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်း-ဂွ ကားလမ်းတွင် ဝါးစည်းများဖြင့်ဖုံးကာ လိုက်ပါလာသည့် ခိုးဝင်ဘင်္ဂါလီ (၅၁) ဦးထပ်မံဖမ်းမိ

 1966

ဟိန်း(NP News) - ဇူလိုင် ၁ဝ
ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြိုနယ်၊ ငါးသိုင်းချောင်း-ဂွ ကားလမ်းတွင် ဝါးစည်းများဖြင့်ဖုံးကာ လိုက်ပါလာသည့် ခိုးဝင်ဘင်္ဂါလီ ၅၁ ဦး ထပ်မံဖမ်းမိကြောင်း သတင်းရရှိသည်။

၎င်းတို့ကို ရေကြည်မြိုနယ်၊ မိဿလင်ကျေးရွာအုပ်စု၊ စာဥစမ်းကျေးရွာအနီး၌ ဇူလိုင်လ ၉ ရက်၊ နံနက် ၈ နာရီခန့်က ဖမ်းဆီးရမိခြင်းဖြစ်သည်။

“စာဥစမ်းရွာမှာ ဖမ်းမိတာ။ လူတွေက အောက်မှာ၊ အပေါ်က ဝါးတွေကို တင်ပြီး‌တော့ ဖုံးပြီး သယ်လာတာ ” ဟု ငါးသိုင်းချောင်းမြို့နယ် ရဲစခန်းမှ ရဲအရာရှိတစ်ဦးက NP News ကို ပြောသည်။

ငါးသိုင်းချောင်း-ဂွ ကားလမ်းပေါ်ရှိ ဗေဒါစစ်ဆေးရေးဂိတ်၌ အဆိုပါကားအား စစ်ဆေးရာတွင် ရပ်တန့်မှုမရှိဘဲ ထွက်ပြေးမောင်းနှင်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အဲဒီကားရှေ့မှာ Lexus ကားတစ်စီးပါတယ်။ Lexus ကားက အစစ်ခံနေတဲ့အချိန်မှာ နောက်ကဝါးတွေတင်လာတဲ့ကားက ကျော်မောင်းပြီး ထွက်ပြေးသွားတာ။ တကယ်တော့ အဲဒီကားနှစ်စီးက တူတူပဲ။ တစ်ဖွဲ့တည်း။ အဲဒီလိုမောင်းပြေးသွားတော့ အဲဒီကားနောက်ကိုပဲ လိုက်ကြတာပေါ့။ မိလို့မေးတော့မှ Lexus ကားနဲ့က တစ်ဖွဲ့တည်းဆိုတာသိတော့ အဲဒီ Lexus ကားနောက်ကို ပြန်လိုက်ကြတာပေါ့။ အဲဒီမှာ Lexus ကားက ရပ်ထားခဲ့ပြီး လူတွေကမရှိတော့ဘူး။ ကားပဲမိတော့တယ်”ဟု အဆိုပါ ရဲအရာရှိက ဆက်လက်ပြောသည်။

လက်ရှိတွင် အဆိုပါဖမ်းမိဘင်္ဂါလီများအား အသုတ်မြို့ရဲစခန်းတွင် စစ်ဆေးမှုများ ပြု လုပ်ရန်ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ ၂၇ ရက်ကလည်း အဆိုပါ ငါးသိုင်းချောင်း-ဂွ ကားလမ်းပေါ်တွင် ၆ ဘီးကား (၃)စီးဖြင့် လိုက်ပါလာသည့် ခိုးဝင်ဘင်္ဂါလီ (၁ဝဝ)ကျော်အား ဖမ်းဆီးရမိခဲ့ပြီး ရေကြည်မြို့နယ်တရားရုံးက မှတ်ပုံတင် အက်ဥပဒေ ၆(၃)ဖြင့် အမိန့်ချမှတ် အရေးယူမှုများပြုလုပ်ခဲ့ကာ လက်ရှိတွင် အမိန့်ချမှတ်ရန် ၁ဝ ဦးကျန်ရှိနေကြောင်းနှင့် လာမည့် ဇူလိုင်လ ၁၁ ရက်တွင် အမိန့်ချမှတ်သွားမည်ဖြစ်ကြောင်း သိရသည်။

https://npnewsmm.com/news/62ca7f1c8b77f26d9b17de36

zawgyi version
ေရၾကည္ၿမိဳ႕နယ္၊ ငါးသိုင္းေခ်ာင္း-ဂြ ကားလမ္းတြင္ ဝါးစည္းမ်ားျဖင့္ဖုံးကာ လိုက္ပါလာသည့္ ခိုးဝင္ဘဂၤါလီ (၅၁) ဦးထပ္မံဖမ္းမိ
ဟိန္း(NP News) - ဇူလိုင္ ၁ဝ

ဧရာဝတီတိုင္းေဒသႀကီး၊ ေရၾကည္ၿမိဳနယ္၊ ငါးသိုင္းေခ်ာင္း-ဂြ ကားလမ္းတြင္ ဝါးစည္းမ်ားျဖင့္ဖုံးကာ လိုက္ပါလာသည့္ ခိုးဝင္ဘဂၤါလီ ၅၁ ဦး ထပ္မံဖမ္းမိေၾကာင္း သတင္းရရွိသည္။

၎တို႔ကို ေရၾကည္ၿမိဳနယ္၊ မိႆလင္ေက်း႐ြာအုပ္စု၊ စာဥစမ္းေက်း႐ြာအနီး၌ ဇူလိုင္လ ၉ ရက္၊ နံနက္ ၈ နာရီခန႔္က ဖမ္းဆီးရမိျခင္းျဖစ္သည္။

“စာဥစမ္း႐ြာမွာ ဖမ္းမိတာ။ လူေတြက ေအာက္မွာ၊ အေပၚက ဝါးေတြကို တင္ၿပီး‌ေတာ့ ဖုံးၿပီး သယ္လာတာ ” ဟု ငါးသိုင္းေခ်ာင္းၿမိဳ႕နယ္ ရဲစခန္းမွ ရဲအရာရွိတစ္ဦးက NP News ကို ေျပာသည္။

ငါးသိုင္းေခ်ာင္း-ဂြ ကားလမ္းေပၚရွိ ေဗဒါစစ္ေဆးေရးဂိတ္၌ အဆိုပါကားအား စစ္ေဆးရာတြင္ ရပ္တန႔္မႈမရွိဘဲ ထြက္ေျပးေမာင္းႏွင္သြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“အဲဒီကားေရွ႕မွာ Lexus ကားတစ္စီးပါတယ္။ Lexus ကားက အစစ္ခံေနတဲ့အခ်ိန္မွာ ေနာက္ကဝါးေတြတင္လာတဲ့ကားက ေက်ာ္ေမာင္းၿပီး ထြက္ေျပးသြားတာ။ တကယ္ေတာ့ အဲဒီကားႏွစ္စီးက တူတူပဲ။ တစ္ဖြဲ႕တည္း။ အဲဒီလိုေမာင္းေျပးသြားေတာ့ အဲဒီကားေနာက္ကိုပဲ လိုက္ၾကတာေပါ့။ မိလို႔ေမးေတာ့မွ Lexus ကားနဲ႔က တစ္ဖြဲ႕တည္းဆိုတာသိေတာ့ အဲဒီ Lexus ကားေနာက္ကို ျပန္လိုက္ၾကတာေပါ့။ အဲဒီမွာ Lexus ကားက ရပ္ထားခဲ့ၿပီး လူေတြကမရွိေတာ့ဘူး။ ကားပဲမိေတာ့တယ္”ဟု အဆိုပါ ရဲအရာရွိက ဆက္လက္ေျပာသည္။

လက္ရွိတြင္ အဆိုပါဖမ္းမိဘဂၤါလီမ်ားအား အသုတ္ၿမိဳ႕ရဲစခန္းတြင္ စစ္ေဆးမႈမ်ား ျပဳ လုပ္ရန္ဖမ္းဆီးထိန္းသိမ္းထားေၾကာင္း သိရသည္။

ၿပီးခဲ့သည့္ ေမလ ၂၇ ရက္ကလည္း အဆိုပါ ငါးသိုင္းေခ်ာင္း-ဂြ ကားလမ္းေပၚတြင္ ၆ ဘီးကား (၃)စီးျဖင့္ လိုက္ပါလာသည့္ ခိုးဝင္ဘဂၤါလီ (၁ဝဝ)ေက်ာ္အား ဖမ္းဆီးရမိခဲ့ၿပီး ေရၾကည္ၿမိဳ႕နယ္တရား႐ုံးက မွတ္ပုံတင္ အက္ဥပေဒ ၆(၃)ျဖင့္ အမိန႔္ခ်မွတ္ အေရးယူမႈမ်ားျပဳလုပ္ခဲ့ကာ လက္ရွိတြင္ အမိန႔္ခ်မွတ္ရန္ ၁ဝ ဦးက်န္ရွိေနေၾကာင္းႏွင့္ လာမည့္ ဇူလိုင္လ ၁၁ ရက္တြင္ အမိန႔္ခ်မွတ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

https://npnewsmm.com/news/62ca7f1c8b77f26d9b17de36

Picture

Kyaw Kyaw

10/07/2022 14:24

BMW ဆိုင္ကယ္ေတြ နဲ႔

Picture

Ko Moe

10/07/2022 15:44

သနားရမလား ကြောက်ရမလား မသိတဲ့ လူစိမ်းတွေ

Related news

© 2021. All rights reserved.