ယူကရိန်းစစ်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့သည့် ရုရှားရုပ်သံသတင်းဌာနမှ အမျိုးသမီး ဖမ်းဆီးခံရပြီးနောက် ပြန်လွတ်မြောက်
837
ဖြိုးခန့် (NP News) - ဇူလိုင် ၁၉
ရုရှားနိုင်ငံပိုင်ရုပ်မြင်သံကြားသတင်းဌာနတစ်ခုမှ တိုက်ရိုက်ထုတ်လွှင့်မှုတွင် ရုရှားနှင့်ယူကရိန်းစစ်ပွဲကို ရှုတ်ချခဲ့ သော ရုရှားအမျိုးသမီးတစ်ဦးကို ကရင်မလင်နန်းတော်မှ ၎င်း၏လုပ်ရပ်နှင့်ပတ်သက်ပြီး “ရမ်းကားမှု” ဟု ရှုတ်ချခဲ့ ပြီးနောက် မတ်လ (၁၅)ရက်နေ့တွင် ဒဏ်ငွေ ရူဘယ်(၃ဝဝဝဝ) ပေးဆောင်စေခဲ့ကြောင်း တရားရုံးတစ်ခုမှ ပြောကြားခဲ့သည်။
ရုရှားနိုင်ငံပိုင် ချန်နယ်ဝမ်း ရုပ်သံဌာန၏ဝန်ထမ်းတစ်ဦးဖြစ်သည့် မာရီနာအော့ဆေးယမ်နီကိုဗာ သည် ဥပဒေကို ချိုးဖောက်ကာ ဆန္ဒပြမှုအတွက် အပြစ်ရှိကြောင်း တွေ့ရှိခဲ့သည်ဟု တရားရုံးကပြောကြားခဲ့သည်၊
၎င်းကို အခြားပြင်းထန်သောစွပ်စွဲချက်များနှင့် ရင်ဆိုင်ရခြင်းရှိ၊ မရှိဆိုသည်ကိုတော့ လက်ရှိအချိန်ထိ မသိရသေး ကြောင်း ၄င်း၏ရှေ့နေကိုလည်း ထင်မြင်ချက်များပေးရန်အတွက် ဆက်သွယ်၍မရရှိသေးကြောင်း သိရသည်၊၊
မာရီနာအော့ဆေးယမ်နီကိုဗာ သည် ချန်နယ်ဝမ်းရုပ်သံဌာနတွင် သတင်းတင်ဆက်ချိန်အတွင်း နောက်ဖက်တွင် ယူကရိန်းနှင့် ရုရှားစစ်ပွဲ ဆန့်ကျင်ရေးဆိုင်းဘုတ်ထောင်ကာ ဆန့်ကျင်ခဲ့သလို ဖေဖော်ဝါရီ(၂၄)ရက်နေ့တွင် ရုရှား၏ ယူကရိန်းအပေါ် ကျူးကျော်မှုကိုရှုတ်ချသည့် ကြွေးကြော်သံများ ကြွေးကြော်ခဲ့ကြောင်းသိရသည်။
အင်္ဂလိပ်နှင့် ရုရှားဘာသာဖြင့် ရေးထားသော ဆိုင်းဘုတ်မှာ “ စစ်ပွဲကိုအလိုမရှိ။ စစ်ပွဲကိုရပ်ပါ။ ဝါဒဖြန့်မှုတွေကို မယုံပါနဲ့၊၊ ရုရှားက ဒီနေရာမှာ လူတွေကိုညာနေပါတယ်၊” ဟု ရေးထားခြင်းဖြစ်ကြောင်း သိရသည်။
ရုရှားအစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်ကော့ဗ်က "ဒီအမျိုးသမီးရဲ့လုပ်ရပ်နဲ့ပတ်သက်ပြီး ပြောရမယ်ဆို ရင် ရမ်းကားမှုတစ်ခုသာဖြစ်တယ်" ဟု ဆိုသည်။
အဆိုပါကြားနာမှုအပြီးတွင် ရုရှားတရားရုံးသည် မာရီနာအော့ဆေးယမ်နီကိုဗာ ကို ဒဏ်ရိုက်ကာပြန်လွှတ်ပေးခဲ့ ကြောင်း သိရသည်။ မာရီနာအော့ဆေးယမ်နီကိုဗာ က (၁၄) နာရီကျော်ကြာ မေးမြန်းစစ်ဆေးခြင်းခံခဲ့ရသော ကြောင့် မောပန်းနွမ်းနယ်နေကြောင်း ၎င်း၏ဆွေမျိုးများနှင့်စကားပြောဆိုခွင့်မရခဲ့သလို ဥပဒေဆိုင်ရာအကူအညီ များလည်း မရရှိခဲ့ကြောင်း ဆိုခဲ့သည်။
မာရီနာအော့ဆေးယမ်နီကိုဗာသည် လက်ရှိအချိန်တွင် အနားယူရန်လိုအပ်နေကြောင်း ပြောကြားခဲ့သည်ဟု သိရ သည်။
https://www.channelnewsasia.com/world/court-slaps-fine-russian-woman-after-air-tv-protest-against-ukraine-invasion-2566821
Zawgyi Version;