အစ္စရေးက နိုင်ငံတကာထောက်ခံမှုတွေကို ဆုံးရှုံးနေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးပြော

 167

Pika (NP News) - အောက်တိုဘာ ၈

ဂါဇာကမ်းမြောင်ဒေသမှာဖြစ်ပွားနေတဲ့ စစ်ပွဲကြောင့် ကမ္ဘာတစ်ဝှမ်းမှာ အစ္စရေးရဲ့ပုံရိပ်ဟာ ကျဆင်းလာခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီအိုက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ အစ္စရေးဓါးစာခံများ ပြန်လွှတ်ပေးရေးဆိုင်ရာဆွေးနွေးညှိနှိုင်းမှုများ မအောင်မြင်ပါက အစ္စရေးစစ်တပ်ဟာ ဂါဇာကမ်းမြောင်ဒေသမှာ တိုက်ခိုက်မှုတွေကို ပြန်လည်လုပ်ဆောင်သွားမယ်လို့ အစ္စရေးစစ်တပ်အကြီးအကဲက သတိပေးပြောဆိုခဲ့ပြီးနောက် မာကိုရူဘီအိုရဲ့ပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
မာကိုရူဘီအိုက “ကျွန်တော်တို့ သဘောတူတာပဲဖြစ်ဖြစ် သဘောမတူတာပဲဖြစ်ဖြစ် ဗြိတိန်၊ ဩစတြေးလျ၊ ကနေဒါ နဲ့ အခြားနိုင်ငံတွေဟာ ပါလက်စတိုင်းနိုင်ငံကို ထောက်ခံကြောင်း ထုတ်ပြန်ကြေညာတာကို ကျွန်တော်တို့တွေ့မြင် ခဲ့ရပါတယ်။ ကျွန်တော်တို့ရဲ့ပြည်တွင်းနိုင်ငံရေးမှာတောင် အစ္စရေးအပေါ်တိုက်ခိုက်မှုအချို့ကို ကျွန်တော်တို့ တွေ့မြင်ခဲ့ရပါတယ်။ ဂါဇာစစ်ပွဲဟာ အစ္စရေးရဲ့ကမ္ဘာလုံးဆိုင်ရာရပ်တည်ချက်အပေါ်သက်ရောက်မှုတွေရှိတယ်ဆိုတာကို လျစ်လျူရှုထားလို့မရပါဘူး” လို့ ပြောခဲ့ပါတယ်။
ဂါဇာကမ်းမြောင်ဒေသ ငြိမ်းချမ်းရေးအဆိုပြုချက်ကို အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထုတ်ပြန်ကြေညာခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ မာကိုရူဘီအိုရဲ့ပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ အစ္စရေးနဲ့ ဟားမက်လက်နက်ကိုင်အဖွဲ့တို့ရဲ့ကိုယ်စားလှယ်တွေဟာ ဒေါ်နယ်ထရမ့်ရဲ့အဆိုပြုချက်နဲ့ပတ်သက်ပြီး ဆွေးနွေးမှုတွေကို စတင်လုပ်ဆောင်နေပေမယ့်လည်း ရလဒ်ထွက်ပေါ်လာတာမျိုးတော့ မရှိသေးဘူးလို့ သိရပါတယ်။

Zawgyi Version:
အစၥေရးက ႏိုင္ငံတကာေထာက္ခံမႈေတြကို ဆုံးရႈံးေနတယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးေျပာ
Pika (NP News) - ေအာက္တိုဘာ ၈
ဂါဇာကမ္းေျမာင္ေဒသမွာျဖစ္ပြားေနတဲ့ စစ္ပြဲေၾကာင့္ ကမာၻတစ္ဝွမ္းမွာ အစၥေရးရဲ႕ပုံရိပ္ဟာ က်ဆင္းလာခဲ့တယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး မာကို႐ူဘီအိုက ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ အစၥေရးဓါးစာခံမ်ား ျပန္လႊတ္ေပးေရးဆိုင္ရာေဆြးေႏြးညႇိႏႈိင္းမႈမ်ား မေအာင္ျမင္ပါက အစၥေရးစစ္တပ္ဟာ ဂါဇာကမ္းေျမာင္ေဒသမွာ တိုက္ခိုက္မႈေတြကို ျပန္လည္လုပ္ေဆာင္သြားမယ္လို႔ အစၥေရးစစ္တပ္အႀကီးအကဲက သတိေပးေျပာဆိုခဲ့ၿပီးေနာက္ မာကို႐ူဘီအိုရဲ႕ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။
မာကို႐ူဘီအိုက “ကြၽန္ေတာ္တို႔ သေဘာတူတာပဲျဖစ္ျဖစ္ သေဘာမတူတာပဲျဖစ္ျဖစ္ ၿဗိတိန္၊ ဩစေၾတးလ်၊ ကေနဒါ နဲ႔ အျခားႏိုင္ငံေတြဟာ ပါလက္စတိုင္းႏိုင္ငံကို ေထာက္ခံေၾကာင္း ထုတ္ျပန္ေၾကညာတာကို ကြၽန္ေတာ္တို႔ေတြ႕ျမင္ ခဲ့ရပါတယ္။ ကြၽန္ေတာ္တို႔ရဲ႕ျပည္တြင္းႏိုင္ငံေရးမွာေတာင္ အစၥေရးအေပၚတိုက္ခိုက္မႈအခ်ိဳ႕ကို ကြၽန္ေတာ္တို႔ ေတြ႕ျမင္ခဲ့ရပါတယ္။ ဂါဇာစစ္ပြဲဟာ အစၥေရးရဲ႕ကမာၻလုံးဆိုင္ရာရပ္တည္ခ်က္အေပၚသက္ေရာက္မႈေတြရွိတယ္ဆိုတာကို လ်စ္လ်ဴရႈထားလို႔မရပါဘူး” လို႔ ေျပာခဲ့ပါတယ္။
ဂါဇာကမ္းေျမာင္ေဒသ ၿငိမ္းခ်မ္းေရးအဆိုျပဳခ်က္ကို အေမရိကန္သမၼတေဒၚနယ္ထရမ့္က ထုတ္ျပန္ေၾကညာခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာမွာ မာကို႐ူဘီအိုရဲ႕ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။ အစၥေရးနဲ႔ ဟားမက္လက္နက္ကိုင္အဖြဲ႕တို႔ရဲ႕ကိုယ္စားလွယ္ေတြဟာ ေဒၚနယ္ထရမ့္ရဲ႕အဆိုျပဳခ်က္နဲ႔ပတ္သက္ၿပီး ေဆြးေႏြးမႈေတြကို စတင္လုပ္ေဆာင္ေနေပမယ့္လည္း ရလဒ္ထြက္ေပၚလာတာမ်ိဳးေတာ့ မရွိေသးဘူးလို႔ သိရပါတယ္။

Related news

© 2021. All rights reserved.