ဗင်နီဇွဲလားနိုင်ငံနဲ့ သံတမန်ရေးအရ ဆက်ဆံမှုတွေအားလုံးကို ဒေါ်နယ်ထရမ့် ရပ်ဆိုင်း

 310

Pika (NP News) - အောက်တိုဘာ ၇
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဗင်နီဇွဲလားနိုင်ငံနဲ့ သံတမန်ရေးအရ သဘောတူညီချက်ရရှိဖို့ ကြိုးပမ်းမှုတွေအားလုံးကို စွန့်လွှတ်လိုက်ပြီး သံတမန်ဆက်ဆံမှုအားလုံးကို ရပ်တန့်ဖို့ ၎င်းရဲ့အထူးသံတမန် ရစ်ချာ့ဒ်ဂရီနေးလ်ကို ပြောကြားခဲ့တယ်လို့ အမေရိကန်အကြီးတန်းအရာရှိတစ်ဦးက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ဗင်နီဇွဲလားနိုင်ငံအနီးမှာ မူးယစ်ဆေးဝါးသယ်ဆောင်လာတဲ့သင်္ဘောတွေကို အမေရိကန်က စစ်ရေးအရတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်ခဲ့ပြီးနောက် ယခုလိုပြောဆိုချက်တွေ ထွက်ပေါ်လာတာပဲဖြစ်ပါတယ်။
ဒါ့ပြင် အမေရိကန်နိုင်ငံဟာ မူးယစ်ဆေးဝါးဂိုဏ်းတွေနဲ့ နိုင်ငံတကာမဟုတ်တဲ့ လက်နက်ကိုင်ပဋိပက္ခမှာပါဝင်ပတ်သက်နေတယ်လို့ ဒေါ်နယ်ထရမ့်က အမေရိကန်လွှတ်တော်ကို ပြောကြားခဲ့တယ်လို့ သိရပါတယ်။
ဗင်နီဇွဲလားနိုင်ငံအတွင်းကို တိုက်ခိုက်မှုတွေလုပ်ဆောင်ဖို့ ဒေါ်နယ်ထရမ့်က စဉ်းစားနေတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေပေမယ့်လည်း စစ်ရေးလှုပ်ရှားမှုတွေကို ဒုတိယအဆင့်ကို တိုးမြှင့်ဖို့ ဒေါ်နယ်ထရမ့်က မဆုံးဖြတ်ရသေးဘူးလို့ အမေရိကန်အရာရှိတစ်ဦးက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
ဗင်နီဇွဲလားကမ်းလွန်မှာ မူးယစ်ဆေးဝါးသယ်ဆောင်လာတဲ့သင်္ဘောတွေကို အမေရိကန်ရဲ့တိုက်ခိုက်မှုတွေဟာ ပင်လယ်ရေကြောင်းကနေ မူးယစ်ဆေးဝါးစီးဆင်းမှုတွေကိုရပ်တန့်စေခဲ့ပြီး လက်ရှိအချိန်မှာ အမေရိကန်ဟာ မြေပြင်မှာရှာဖွေမှုတွေကို စတင်လုပ်ဆောင်ရလိမ့်မယ်လို့ ဒေါ်နယ်ထရမ့်က အမေရိကန်တပ်ဖွဲ့တွေကို ပြောကြားခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့လတွေအတွင်း ဗင်နီဇွဲလားကမ်းလွန်မှာ စစ်သင်္ဘောတွေကို အမေရိကန်က ဖြန့်ကျက်ချထားခဲ့ပြီးနောက် ဗင်နီဇွဲလားနဲ့ အမေရိကန်နိုင်ငံကြားတင်းမာမှုတွေ စတင်မြင့်တက်လာခဲ့တာလည်းဖြစ်ပါတယ်။

Zawgyi Version:
ဗင္နီဇြဲလားႏိုင္ငံနဲ႔ သံတမန္ေရးအရ ဆက္ဆံမႈေတြအားလုံးကို ေဒၚနယ္ထရမ့္ ရပ္ဆိုင္း
Pika (NP News) - ေအာက္တိုဘာ ၇
အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ဟာ ဗင္နီဇြဲလားႏိုင္ငံနဲ႔ သံတမန္ေရးအရ သေဘာတူညီခ်က္ရရွိဖို႔ ႀကိဳးပမ္းမႈေတြအားလုံးကို စြန႔္လႊတ္လိုက္ၿပီး သံတမန္ဆက္ဆံမႈအားလုံးကို ရပ္တန႔္ဖို႔ ၎ရဲ႕အထူးသံတမန္ ရစ္ခ်ာ့ဒ္ဂရီေနးလ္ကို ေျပာၾကားခဲ့တယ္လို႔ အေမရိကန္အႀကီးတန္းအရာရွိတစ္ဦးက ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။
ဗင္နီဇြဲလားႏိုင္ငံအနီးမွာ မူးယစ္ေဆးဝါးသယ္ေဆာင္လာတဲ့သေဘၤာေတြကို အေမရိကန္က စစ္ေရးအရတိုက္ခိုက္မႈေတြ ဆက္တိုက္လုပ္ေဆာင္ခဲ့ၿပီးေနာက္ ယခုလိုေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာပဲျဖစ္ပါတယ္။
ဒါ့ျပင္ အေမရိကန္ႏိုင္ငံဟာ မူးယစ္ေဆးဝါးဂိုဏ္းေတြနဲ႔ ႏိုင္ငံတကာမဟုတ္တဲ့ လက္နက္ကိုင္ပဋိပကၡမွာပါဝင္ပတ္သက္ေနတယ္လို႔ ေဒၚနယ္ထရမ့္က အေမရိကန္လႊတ္ေတာ္ကို ေျပာၾကားခဲ့တယ္လို႔ သိရပါတယ္။
ဗင္နီဇြဲလားႏိုင္ငံအတြင္းကို တိုက္ခိုက္မႈေတြလုပ္ေဆာင္ဖို႔ ေဒၚနယ္ထရမ့္က စဥ္းစားေနတယ္ဆိုတဲ့သတင္းေတြထြက္ေပၚေနေပမယ့္လည္း စစ္ေရးလႈပ္ရွားမႈေတြကို ဒုတိယအဆင့္ကို တိုးျမႇင့္ဖို႔ ေဒၚနယ္ထရမ့္က မဆုံးျဖတ္ရေသးဘူးလို႔ အေမရိကန္အရာရွိတစ္ဦးက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
ဗင္နီဇြဲလားကမ္းလြန္မွာ မူးယစ္ေဆးဝါးသယ္ေဆာင္လာတဲ့သေဘၤာေတြကို အေမရိကန္ရဲ႕တိုက္ခိုက္မႈေတြဟာ ပင္လယ္ေရေၾကာင္းကေန မူးယစ္ေဆးဝါးစီးဆင္းမႈေတြကိုရပ္တန႔္ေစခဲ့ၿပီး လက္ရွိအခ်ိန္မွာ အေမရိကန္ဟာ ေျမျပင္မွာရွာေဖြမႈေတြကို စတင္လုပ္ေဆာင္ရလိမ့္မယ္လို႔ ေဒၚနယ္ထရမ့္က အေမရိကန္တပ္ဖြဲ႕ေတြကို ေျပာၾကားခဲ့တယ္လို႔ သိရပါတယ္။
ၿပီးခဲ့တဲ့လေတြအတြင္း ဗင္နီဇြဲလားကမ္းလြန္မွာ စစ္သေဘၤာေတြကို အေမရိကန္က ျဖန႔္က်က္ခ်ထားခဲ့ၿပီးေနာက္ ဗင္နီဇြဲလားနဲ႔ အေမရိကန္ႏိုင္ငံၾကားတင္းမာမႈေတြ စတင္ျမင့္တက္လာခဲ့တာလည္းျဖစ္ပါတယ္။

Related news

© 2021. All rights reserved.