စစ်ဘေးရှောင် စစ်တွေသားတစ်ဦး၏ အိမ်ပြန်ခရီး

 528

ကျွန်းသားငမန်း (NP News) - အောက်တိုဘာ ၈

စာရေးသူကားစစ်တွေသားတစ်ဦးဖြစ်သည်။ သို့ ရာတွင် စစ်တွေသားစစ်စစ်တော့မဟုတ်ပါ။ လွတ် လပ်ရေးရပြီး ပြည်တွင်းစစ်ကာလ (၁၉၅၆) ခုနှစ်တွင် စစ်ဘေးရှောင်ရင်း စစ်တွေသို့ ရွှေ့ပြောင်းလာခဲ့ရသည့် ကျွန်းသား (ကျေးလက်တောရွာသား)တစ်ဦးသာ ဖြစ် သည်။ သို့ရာတွင် အသက် (၈၀)နီးပါးရှိမှ (၂၀၂၄) ခုနှစ်တွင် ရန်ကုန်သို့ စစ်ဘေးရှောင်ခဲ့ရပြန်သည်။ သည်လိုရှောင်ပြေးခဲ့သည်မှာ စစ်တွေတွင် စစ်ပွဲ များဖြစ်ပွားနေ၍မဟုတ်။ (၂၀၂၃) ခုနှစ် နိုဝင်ဘာလ (၁၃)ရက်က ပြန်လည်ဖြစ်ဖြစ်ပွားခဲ့သော AA နှင့် တပ်မတော်တို့စစ်ပွဲများကြောင့်ဖြစ်သည်။ သို့ရာတွင် (၂၀၂၅) ခုနှစ် ဧပြီလကုန်ခန့်ကစပြီး ရန်ကုန်ရောက် စစ်ဘေးရှောင်တို့ စစ်တွေပြန်တာ များလာသည်။ AA က ရခိုင်ပြည်နယ် မြို့နယ်အတော်များများကိုသိမ်းပိုက်ထားသော်လည်း စစ်တွေမြို့တွင်ကား စစ်ပွဲများမရှိ။ အေးငြိမ်းလျက်ရှိနေသည်။ လူတို့ အလုပ်မပျက်၊ အကိုင်မပျက်ကြ။ အစိုးရအုပ်ချုပ်ထား သည့်နယ်မြေဖြစ်သည့်အတွက် အပေါ်က လေယာဉ် ဖြင့်လာမည်ကိုလည်း မကြောက်ကြရ။
(၂၀၂၃) ခုနှစ်ကုန်ခါနီး စစ်တွေကထွက်လာ စဉ်ကတော့ အနီးအပါး ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်မြို့များကို ဗဗ ကသိမ်းယူခဲ့ရာ စစ်တွေ ကိုလည်း မကြာမီသိမ်းယူတော့မည်ဆိုသည့် ကောလာဟလသတင်းမှားများကြောင့်လည်းဖြစ်သည်။ ကောလာဟလ သတင်းဆိုသည်ကလည်း လူတို့၏ စိတ်ဓာတ်ကို ချောက်ချားကြောက်လန့်စေသည်။ စစ် တွေမြို့ခံအများအပြား ရန်ကုန်သို့ထွက်သွားကြသည်။လေယာဉ်လက်မှတ်လည်း လက်မလည်အောင် ရောင်းနေရသည်။ ကုန်သည်ပွဲစားများက စင်းလုံး ငှားလေယာဉ်စီစဉ်၍ ခရီးသည်များကိုပို့ဆောင် ကြသည်။
(၂၀၂၄) ခုနှစ် ပုံမှန်လေယာဉ်ခမှာ စစ်တွေ-ရန် ကုန်ခရီးစဉ်အတွက် (၂)သိန်းခွဲခန့် သာရှိသော်လည်း ထိုအချိန်က လက်မှတ်တစ်စောင် လျှင် (၅)သိန်းအထိ ဖြစ်သွားသည်။ အလျင်လို သူများအနေဖြင့် လေယာဉ် လက်မှတ်တစ်စောင်ကို (၈)သိန်းမှ (၁၂)သိန်း၊ (၁၅) သိန်းအထိပေးဝယ်ခဲ့ကြရ သည်။ ဒါတောင် လိုချင်သလိုပေးဝယ်၍မရ။ တစ်လခွဲဆယ်ရက်လောက်စောင့်ရသည်။ အချို့ ပွဲစားဆိုသူများ၏အလိမ်ကို ခံကြရသေးသည်။ သည်အထဲ စစ်တွေမြို့သို့လာရာ ကုန်းလမ်း၊ ရေလမ်းတွေ အဆက်အသွယ်ပြတ်ကုန်သည်။ နယ်ကျေးလက်က ကုန်ပစ္စည်းများမဝင်တော့။ ဆန်ကအစ စားသောက်ကုန်များ ရှားပါးလာသည်။
အထူးသဖြင့် ဆေးဝါးပြတ်လပ်မှုကိုကြုံကြရ သည်။ စာရေးသူတို့ဇနီးမောင်နှံကား အသက် (၈၀) အရွယ်ရောက်နေကြပြီ။ ကျန်းမာရေးအတွက် ဆေး ပြတ်လပ်ခြင်းကိုမလိုလားသဖြင့် ရန်ကုန်သို့ရောက် လာခဲ့သည်။ သို့ရာတွင် စာရေးသူ၏ဇနီးသည် မိနုနု မှာ (၂၀၂၄) ခုနှစ် ဧပြီလ (၄) ရက်တွင် ရန်ကုန် ှဃ ဆေးရုံကြီး၌ကွယ်လွန်ခဲ့ရှာသည်။ စစ်၏အနိဋ္ဌာ ရုံကို စာရေးသူ လက်တွေ့ခံစားလိုက်ရသည်။ နေအိမ် ကိုစွန့်ခွာခဲ့ရရုံသာမက အိမ်သူကိုပါလက်လွှတ်ခဲ့ရသည်။

စစ်တွေမြင်ကွင်း
စစ်တွေအခြေအနေ တည်ငြိမ်နေပြီဆိုတော့ စစ် တွေကလူတွေ အိမ်ပြန်တာများလာသည်။ စာရေးသူ လည်း အိမ်မှထွက်လာသည်မှာ ရက်ပေါင်း (၅၀ဝ) ကျော်ရှိလာသဖြင့် အခြားသူများနည်းတူ စစ်တွေသို့ ပြန်ဖြစ်သည်။ အပြန်ခရီးအတွက် လေယာဉ်လက်မှတ် ဝယ်ရာ အလာခရီးနည်းတူကြုံရပြန်သည်။ စစ်တွေသို့ အပြန်များသဖြင့် ရန်ကုန်-စစ်တွေ လေယာဉ်လက် မှတ်ခက (၅) သိန်းဝန်းကျင်၊ စစ်တွေ-ရန်ကုန်က တော့ (၃) သိန်းခွဲ၊ လေးသိန်းနီးပါး ဖြစ်နေပြန်သည်။အသွား တစ်ဈေး၊ အပြန်တစ်ဈေးဖြင့် စစ်တွေသားတို့ သွားနေ၊ လာနေကြရသည်။ မည်သို့ပင်ဆိုစေကာမူ ကိုယ့်မြို့ကိုယ်ရွာပြန်နိုင်ရန်သာအဓိကမို့ လေယာဉ်ခ ဈေးကြီးသည်ကိုမမှုဖြစ်ဘဲ စစ်တွေသို့ပြန်ဖြစ်သွား သည်။
မိမိဒေသ၊ မိမိရပ်ရွာ စစ်တွေကိုပြန်ရောက်သည် နှင့် စာရေးသူစွဲငြိတွယ်တာခဲ့သော ရခိုင်အငွေ့အ သက်များက စာရေးသူကိုဖမ်းစားလိုက်သည်။ ကျယ် ပြော၊ ကျယ်ပြန့်သည့်ပင်လယ်ပြင်မြင်ကွင်းများ၊ ပင် လယ်ရေပြင်ကို ဖြတ်သန်းတိုက်ခတ်လာသည့် ဆား ငွေ့နံ့သင်းသောလေကို အားရပါးရရှူရှိုက်ရခြင်းက အားအင်တို့ဖြစ်ထွန်းလာသည်ဟုခံစားရသည်။ သည် ခံစားမှုတို့ကိုခံစားရင်း အကြောင်းအမျိုးမျိုးကြောင့် စစ်တွေသို့ပြန်မလာဖြစ်ကြသေးသည့် မိတ်ဆွေများ ကိုလည်းသတိရဖြစ်သေးသည်။ တစ်ချိန်က ရှုခင်းသာ ကမ်းနားလမ်းမှာ ညနေခင်း လမ်းလျှောက်အပန်းဖြေ၊ အနားယူကြရင်း ထွေရာလေးပါး ပြောဆိုဖြစ်ခဲ့တာတို့ ကို အမှတ်ရဖြစ်နေသည်။
သို့ရာတွင် ယခင်နှင့်မတူတော့သည့်တစ်ခုက တော့ စစ်တွေမြစ်ဖြစ်သော ကုလားတန်မြစ်ပြင်တွင် မော်တော်၊ စက်လှေတို့ အသွားအလာရှိမနေခြင်းဖြစ် သည်။ လုံခြုံရေးအရ ငါးဖမ်းထွက်ခြင်းကိုတားမြစ်ထား သည်ဟုဆိုသည်။ ထို့ကြောင့် စစ်တွေတွင် ပင်လယ် စာ အသား၊ ငါး ရှားပါးနေသည်။ စစ်တွေသားတို့ စစ် တွေပြန်လာကြသည်ဆိုသော်လည်း စစ်တွေသားစစ် စစ်တွေကတော့ နည်းပါးနေဆဲဖြစ်သည်။ မြို့လယ်ရပ် ကွက်တွေဖြစ်သည့် အိုးတန်း၊ ကျေးပင်ကြီး၊ ရူပ မြောက်၊ လမ်းမကြီးနေရာတွေက အိမ်အများစုက တော့ အိမ်တံခါးတွေမဖွင့်နိုင်ကြသေး။ မည်သို့ဆိုစေ စစ်တွေတွင် လူစည်းကားစပြုလာသည်ဟုတော့ပြော ကြသည်။ အများစုကတော့ နယ်မှ စစ်ဘေးရှောင် မိသားစုများဖြစ်သည်။ ၎င်းတို့သည် စစ်ဘေးရှောင် စခန်းများတွင်နေထိုင်ကြရသူများဖြစ်ကြသည်။ လေ့ လာမိသလောက် စစ်တွေတွင် ရခိုင်စစ်ဘေးရှောင် စခန်း (၅၄) ခုခန့်ရှိကြောင်းသိရသည်။
နယ် ကျေးလက်မှ စစ်ဘေးရှောင်ရင်း လုံခြုံမှုရှိ ရာ စစ်တွေသို့ရောက်ရှိလာကြခြင်းဖြစ်သည်။ စစ် ဘေးရှောင် (၈၀ဝဝ)ခန့်ရှိကြောင်းဆိုသည်။ စစ်ဘေး ရှောင်များမှာ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းမှ ဓမ္မာရုံ၊ သီလရှင်ဇရပ်၊ စာသင်ဆောင်များတွင် ဖြစ်သ လိုနေရာယူနေထိုင်ခဲ့ကြရသည်။ ယခုတော့ ရခိုင် ပြည်နယ်အစိုးရအဖွဲ့က ငွေကျပ် တစ်ဘီလျံ အကုန် အကျခံပြီး ယာယီတဲတန်းလျားတွေဆောက်လုပ်ပေး ခဲ့သည်ဖြစ်ခြင်းကြောင့် ကိုယ့်အခန်းလေးနှင့်ကိုယ် မိသားစုလိုက် နေထိုင်ခွင့်ရနေကြသည်။ စစ်ဘေး ရှောင်တို့အတွက် အစိုးရအဖွဲ့နှင့် ကြက်ခြေနီအသင်း တို့ပူးပေါင်းပြီး ဆန်၊ ဆီ၊ ဆား ဝေငှပေးခြင်းအပြင် တစ်လတစ်လေ ငွေသားထောက်ပံ့မှုများပြုလုပ်ပေး နေသည်။ နိုင်ငံတော်မှလည်း စစ်ဘေးရှောင်တစ်ဦး အတွက် ငွေ(၂၀ဝဝဝ)ကျပ်စီကို လစဉ် ထောက်ပံ့ပေး လျက်ရှိသည်။
စာရေးသူရောက်နေစဉ်ကတော့ (၃) လအတွက် ပေါင်းပြီး လူတစ်ဦး (၆၀ဝဝဝ) ကျပ်ကိုထောက်ပံ့ပေး နေကြောင်းတွေ့ခဲ့ရသည်။ ထို့အတူပင် ဇွန်လအတွင်း ကလည်း ကြက်ခြေနီအသင်းက လူတစ်ဦးလျှင် ငွေ (၅၀ဝဝဝ)ကျပ်စီထောက်ပံ့ပေးနေသည်ကိုတွေ့ခဲ့ရသည်။ စစ်ဘေးရှောင်ဒုက္ခသည်များ၏ဘဝမှာလည်း မလွယ်။ ဝင်ငွေရစရာအလုပ်အကိုင်အခွင့်အလမ်း တွေက ရှားပါးရှာကြသည်။

ကုန်ဈေးနှုန်းတွေကြီးမြင့်
ရခိုင်ပြည်နယ်၏အခြေခံစားသောက်ကုန်များ အတွက် ရိုးမအရှေ့ကိုသာ မှီခိုနေကြရခြင်းဖြစ်သည်။ ဆန်မှအပဖြစ်သော မီးဖိုချောင်သုံး အာလူး၊ ကြက် သွန်(ဖြူ/နီ)၊ စားသုံးဆီ၊ ပဲအမျိုးမျိုး၊ ချင်းတက်၊ နနွင်း၊ ငရုတ်သီးခြောက်၊ ဆား စသည်များ၊ အခြား စားသောက်ကုန်များဖြစ်သော ကြာဆံ၊ ဂျုံ၊ ကွမ်းသီး၊ ဆေးရွက်ကြီး၊ ဆေးပေါ့လိပ် စသည်များကို ရိုးမအ ရှေ့မှ မှာယူစားသုံးနေကြရသည်။ အထည်အလိပ်များ လည်းပါသည်။ (၂၀ဝ၄)ခုနှစ် ရန်ကုန်-စစ်တွေ ကား လမ်းကြောင်း ဖွင့်လှစ်ခြင်းမပြုမီအချိန်ထိ ရခိုင်ပြည် နယ်မြောက်ပိုင်းသို့ အဆိုပါပစ္စည်းများကို စက်လှေ များ၊ ကုန်တင်သင်္ဘောများဖြင့်သာ မှာယူတင်ပို့ ရောင်းချခဲ့ခြင်းဖြစ်သည်။ ရန်ကုန်-တောင်ကုတ်လမ်း ဖွင့်လှစ်နိုင်ပြီးနောက် တောင်ကုတ်သို့ ကုန်းလမ်းဖြင့် သယ်ယူပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းသို့ မော်တော်၊ စက်လှေများဖြင့်သယ်ပို့ခဲ့ကြသည်။ (၂၀ဝ၄) ခုနှစ် ရန်ကုန်-စစ်တွေ ကားလမ်းဖွင့်လှစ်နိုင်ပြီးနောက် မြန်မာနိုင်ငံအထက်ပိုင်း၊ အလယ်ပိုင်း၊ ရှမ်းပြည်နယ် စသည်များမှ အဆိုပါကုန်ပစ္စည်းများကို ကုန်တင်ကား ကြီးများဖြင့်သာ သယ်ယူပို့ဆောင်ခဲ့ကြခြင်းဖြစ်သည်။ ကားလမ်းဖြင့် ကုန်စိမ်းပစ္စည်းများဖြစ်သည့် ငရုတ်သီး စိမ်း၊ ကော်ဖီထုပ်၊ ဂေါ်ဖီပွင့်၊ ဖရဲသီးများကိုလည်း သယ်ယူရောင်းချခဲ့ကြသည်။ အသားစားကြက်များ၊ ကြက်ဥများပါ ရိုးမအရှေ့မှ မှာယူစားသောက်ခဲ့ကြရ သည်။
(၂၀၂၃) ခုနှစ် AA မှဖော်ဆောင်လာသည့်စစ်ပွဲ များနောက်ပိုင်း ကားလမ်းကြောင်းများ သွားလာနိုင် ခြင်းမရှိတော့သဖြင့် (၂၀ဝ၄) ခုနှစ်မတိုင်မီကာလသို့ ပြန်လည်ရောက်ရှိသွားခဲ့ကာ သင်္ဘောကြီးများဖြင့်သာ သယ်ယူနေကြရသည်။ သင်္ဘောများကိုသာ အားထား နေကြရသည်။
ရန်ကုန်-စစ်တွေ-ရန်ကုန် ကုန်တင်ပြေးဆွဲနေ သောသင်္ဘော (၁၈)စင်းခန့်ရှိသည်။ ကုန်တန်ချိန် အနည်းဆုံး (၂၅၀)တင်ဆောင်နိုင်သောသင်္ဘောမှ တန်ချိန်(၁၀ဝဝ)ခန့်အထိတင်ဆောင်နိုင်သော သင်္ဘောများပါရှိသည်။ ကုန်ပစ္စည်းများတင်ဆောင်ရာ တွင် ကုန်ကျစ် (ဆန်၊ သကြား) စသည် တစ်ပိဿာ လျှင် (၆၀ဝ)ကျပ်မှ (၁၈၀ဝ)ကျပ်၊ ကုန်ပွ တစ်ပိဿာ (၉၀ဝ)ကျပ်မှ(၁၅၀ဝ)ကျပ်အထိဈေးရှိကြောင်းဖြင့် လေ့လာသိရှိခဲ့ရသည်။ ငါးခြောက်၊ ငါးပိ၊ ငရုတ်သီး ခြောက် တစ်ပိဿာ(၁၀ဝဝ)၊ (၂၀ဝဝ)၊ (၂၅၀ဝ) အထိရှိနေသည်။ တချို့ကုန်ပစ္စည်းများဆိုလျှင် တစ် ပိဿာ (၁၅၀ဝ)၊ (၂၇၀ဝ)၊ (၃၀ဝဝ)အထိယူကြောင်း လည်းသိရသည်။ ပုံစံအားဖြင့် မုန့်ဖာမျိုးစုံတစ်ပိဿာ (၃၀ဝဝ)အထိပင်ယူနေကြောင်းလည်းသိရသည်။ ကုန်ဈေးနှုန်းကြီးမြင့်နေရသည်မှာ သင်္ဘောတင်ဆောင် ခဈေးကြီးမြင့်နေခြင်းကြောင့်ဟု ကုန်သည်တစ်ဦးက ထောက်ပြပြောဆိုသည်။
ယခုနောက်ပိုင်း ဆန်တစ်အိတ် (ပိဿာ-၃၀) (၄၅၀ဝဝ)ကျပ်ပေးနေရသည်။ ယခင်က စစ်တွေတွင် ပြည်နယ်ကုန်သည်ကြီးများအသင်း၊ ဆန်ကုန်သည် များအသင်း၊ ဆီကုန်သည်များအသင်း စသည်အားဖြင့် အသင်းများရှိခဲ့သော်လည်း ယခုအခါ အဆိုပါအသင်း များမှာ အသက်ဝင်ခြင်းမရှိတော့။ ယခင်က လုပ်ငန်း ရပ်များအတွက်လိုအပ်လျှင် လိုအပ်သလို အစိုးရအဖွဲ့ က သက်ဆိုင်ရာအသင်းများနှင့်ညှိနှိုင်းပြီး ကြီးကြပ် နိုင်ခဲ့သော်လည်း အသင်းအဖွဲ့များမရှိတော့ ကြီးကြပ် နိုင်မှုအားနည်းနေကာ ကုန်ပစ္စည်းများ ဈေးတက်နေရခြင်းဖြစ်သည်။
အထူးသဖြင့် သင်္ဘောအဝင်နည်းလျှင် ကုန် ပစ္စည်းဈေးတက်ကုန်သည်။ သင်္ဘော ပုံမှန်အဝင်အ ထွက်ရှိနေလျှင် ကုန်ပစ္စည်းဈေးနှုန်း ထိန်းနိုင်မည်ဖြစ် ကြောင်းသုံးသပ်ရသည်။ ရန်ကုန်-စစ်တွေသို့ ကုန် တင်သင်္ဘောများထွက်ခွာရေးဆိုသည်မှာလည်း အခက်အခဲများရှိနှင့်နေသည်။ တင်ဆောင်မည့်ကုန်ပစ္စည်းအရေအတွက်ကိုဖော်ပြပြီး တင်ဆောင်ခွင့်ပါ မစ်တွေ ခွင့်ပြုချက်တောင်းခံရသည်။ အဆင့်ဆင့်စိ စစ်ပြီး ခွင့်ပြုချက်ရပြီးမှ တင်ဆောင်၊ ထွက်ခွာရသဖြင့် ရန်ကုန်-စစ်တွေခရီး တစ်ခေါက်သုံးလလောက် အ ချိန်ကြာမြင့်ကြောင်းဆိုကြသည်။
ကုန်ပစ္စည်းတင်ဆောင်ခွင့်ရရှိရေးအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့သို့ တင်ဆောင်မည့်ကုန်ပစ္စည်း အရေအတွက် တင်ပြခွင့်ပြုချက်တောင်းခံရသည်။ ခွင့်ပြုချက်ရရှိပါက ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ထံဆက်လက်တင်ပြပြီး ယင်းမှတစ်ဆင့် ကာ ကွယ်ရေးဦးစီးဌာနသို့ ဆက်လက်တင်ပြ ခွင့်ပြုချက် ရယူရသည်ဟုဆိုသည်။ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ခွင့်ပြုပြီးနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရသို့ ပြန် လည်ပေးပို့ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ခွင့်ပြု ချက်ရှိပြီးမှသာ သက်ဆိုင်ရာဌာနအသီးသီးသို့တင်ပြ၍ မိမိတို့ခွင့်ပြုချက်ရသောပစ္စည်းများကို သင်္ဘောတင် ဆောင် အစစ်ဆေးခံပြီး ရန်ကုန်မှစစ်တွေသို့ဆက်လက်ထွက်ခွာရခြင်းဖြစ်သည်။
မိုးတွင်းရာသီတွင် တစ်ခါတလေ ရာသီဥတု ဆိုး ရွားနေပါက စောင့်ဆိုင်းရသေးရာ ပိုမိုကြန့်ကြာရသေး သည်။ သည်လိုစောင့်ဆိုင်းရသဖြင့် ကြက်သွန်လို ကုန်ပစ္စည်း၊ ကြက်ဥလိုပစ္စည်းတွေ ပျက်စီးခဲ့ရတာတွေ ရှိကြောင်းလည်းသိရသည်။ ဤသို့ဖြင့် စာရေးသူတို့မှာ စစ်တွေသို့အပြန်ခရီးသာ ဈေးကြီးသည်မဟုတ်၊ စစ် တွေတွင် အသားငါးတွေလည်း ဈေးကြီးမြင့်နေသည်။ ဝက်သား၊ အမဲသား၊ ငါး စသည်တို့ လေယာဉ်ဖြင့် သယ်ပို့ရောင်းချနေကြရသည်။ ဆန်ဈေးလည်းကြီးမြင့် သည်။ စစ်တွေတွင် ဆန်ကြမ်းဈေး တစ်အိတ် (၁၄၀ဝဝဝိ)၊ (၁၅၀ဝဝဝိ) ခန့်ရှိနေပြီး ဆန်ချောဈေး မှာ (၂၄၀ဝဝဝိ)၊ (၂၅၀ဝဝဝိ) ခန့်အထိရှိနေသည် ကိုတွေ့ရသည်။ ကြက်သွန်၊ ငရုတ်သီးခြောက်ကအစ ဈေးကြီးသည်။ စက်တင်ဘာလဆန်းပိုင်းကစ၍ စင်း လုံးငှားလေယာဉ်များ ပြေးဆွဲခြင်းမရှိတော့သဖြင့် စစ် တွေသို့ပို့သည့်ကုန်ပစ္စည်းများ ပိုဈေးတက်ကုန်သည်။ ကွမ်းရွက်တစ်ပိဿာ (၁၀ဝဝဝ)အထိ ဖြစ်သွားသည် တဲ့။ ရန်ကုန်ကပို့နေကျ အမဲသား၊ ငါး မရောက်သဖြင့် အစားအသောက်ရှားပါးပြတ်လပ်ကုန်သည်။ စစ်တွေ ကအပြန်ခရီးသည် နည်းပါးလာသဖြင့် လေယာဉ်ခရီး စဉ်တွေလည်း လျှော့ချထားကြောင်းသိရပြန်သည်။
စစ်တွေတွင် လျှပ်စစ်မီးကမရ။ သို့ရာတွင် ပြည် နယ်အစိုးရအဖွဲ့၏အစီအစဉ်ဖြင့် ဆိုလာစနစ်ဖြင့် လမ်းမီးများပေးထားသည်။ ဘာသာရေးအဆောက် အအုံများ၊ အစိုးရဌာနဆိုင်ရာများအားလုံးလိုလို ဆို လာမီးတွေ တပ်ဆင်အသုံးပြုအဆင်ပြေလျက်ရှိ သည်။ သို့ရာတွင် ဆိုလာတင်သွင်းခွင့်က ကန့်သတ် ထားရာ သာမန်ပြည်သူတွေ အဝယ်ရခက်နေသည်။ဆိုလာမီးတွေ တရားဝင်တင်သွင်းရောင်းချခွင့်ပြု လိုက်လျှင် ပြည်သူတို့အတွက် ညရေးညတာ မီးအ လင်းရောင်ရရှိရေးအဆင်ပြေနိုင်မည်။ တယ်လီဖုန်း တွေ အားသွင်းရလွယ်ကူသွားမည်။ ထို့အတူ ထင်း၊ မီးသွေးအခက်အခဲလည်းရှိနေပြန်သည်။တချို့သစ် ပင်ကြီးတွေကို ခုတ်လှဲ ထင်းအဖြစ်အသုံးပြုကြသည်။ မြို့အစွန်နေရာများရှိနေအိမ်များမှ နေရပ်စွ့န်ခွာသူ တွေအဖို့ အစောင့်မရှိ သည်အတိုင်းပစ်ထားခဲ့ရာ မသ မာသူများက သစ်သားအိမ်များကိုဖျက်ဆီးပြီး ထင်း အဖြစ်ရောင်းချနေကြရသည်။ မြို့ထဲတွင် ထင်းလှည်း များကိုမြင်တော့ ထင်းလှည်းများပေါ်မှာ သင်္ဘောဆေး မပြယ်သေးသည့်သစ်သားစများကို တွေ့ရသည်။ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ထင်း၊ မီးသွေး ရရှိ ရေးအတွက်လည်း တတ်နိုင်သလောက်ဖြေရှင်းပေး နိုင်ရန်ကြိုးစားနေကြောင်းတော့ သိခဲ့ရသည်။
စစ်တွေတွင် အစားအသောက်၊ ထင်းမီးသာမက ဆေးဝါးများပါ ပြတ်လပ်လျက်ရှိသည်။ နာတာရှည်လူ နာများ၊ အသက်ကြီးသူများအတွက် ဆေးဝါး အဝယ် ခက်နေသည်။ သက်ဆိုင်ရာမှ ဆေးဝါးဝယ်ယူခွင့် ခွင့် ပြုချက်ပေးသည်ဆိုသော်လည်း ပုဂ္ဂလိကဆေရုံများ၊ အစိုးရဆေးရုံများအတွက်ကိုသာ ခွင့်ပြုကြောင်းဖြင့် လည်းသိရသည်။ ပုဂ္ဂလိက သာမန်ဆေးခန်းများတွင် လည်း ဆေးဝါးပြတ်လပ်ကုန်သည်။ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကတော့ သည်ကိစ္စကိုဖြေရှင်းနိုင်ရန်အ တွက် ဆေးရုံတာဝန်ရှိသူများပါဝင်သည့် ဆေးကြီး ကြပ်ရေးကော်မတီဖြင့်စိစစ်ပြီး ဆေးအရောင်းဆိုင် များ၊ ဆေးခန်းဆရာဝန်များနှင့်ညှိနှိုင်းကာ ဆေးဝါးသယ် ယူခွင့်ပြုနိုင်လျှင် အဆင်ပြေကောင်းပြေနိုင်ပေလိမ့မည်။
ကုန်ဈေးနှုန်းကြီးမြင့်ခြင်းဒဏ်ကို စစ်ဘေးရှောင် များသာမက ဝန်ထမ်းမိသားစုများလည်း ခံစားနေကြရ သည်။ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှာ ဝန်ထမ်းများသို့ လစဉ် ဆန်အခမဲ့ထောက်ပံ့ပေးခြင်း၊ စားသုံးဆီရောင်း ချပေးခြင်း၊ စက်သုံးဆီ(ဓာတ်ဆီ)ရောင်းချပေးခြင်း ဖြင့် ပံ့ပိုးပေးလျက်ရှိသလို ပင်စင်စားဝန်ထမ်းများသို့ ဆန်၊ ခေါက်ဆွဲခြောက် စသည်များကို လစဉ် အခမဲ့ ထောက်ပံ့ပေးခြင်း၊ အခမဲ့ဆေးစစ်ပေးခြင်းများ ပြု လုပ်ဆောင်ရွက်ပေးနေသည်။

စစ်တွေမြို့မှ သာသနာ့မြင်ကွင်း
စာရေးသူ စစ်တွေတွင်နေခဲ့စဉ်က ရင်းနှီးကျွမ်း ဝင်ခဲ့ရာ ဆရာဒကာအဖြစ် ဆည်းကပ်ကိုးကွယ်ခဲ့ သော ဘုန်းတော်ကြီးကျောင်းအချို့သို့ရောက်ဖြစ်ခဲ့ သည်။ အများအားဖြင့်တော့ ဆရာတော်ကြီးများမရှိ ကြတော့။ ကျန်းမာရေးအကြောင်းပြပြီး ရန်ကုန်နှင့် အခြား သင့်တော်ရာဒေသများသို့ ယာယီကြွသွား တော်မူကြသည်။ ပထမတော့ တစ်ဝါဆိုမည်ပေါ့။ အခု တော့ နှစ်ဝါဖြစ်လာခဲ့ပြီ။ ဆရာတော်ကြီးများ ကြွသွား ခဲ့သည်မှာလည်း မှားသည်ဟုမဆိုသာ။ ကျောင်းကို ပစ္စည်းလေးပါးဖြင့် လှူဒါန်းထောက်ပံ့နေကြသည့် ဒကာရင်းများမှာလည်း စစ်တွေတွင်မရှိကြတော့။ ရန် ကုန်လို တည်ငြိမ်အေးချမ်းရာနေရာသို့ ရှောင်တိမ်း ရောက်ရှိနေကြသည်ဖြစ်ရာ ဆရာတော်ကြီးအချို့တို့ မှာလည်း ပစ္စည်းလေးပါး ချို့တဲ့နွမ်းပါးလာရခြင်း ကြောင့်လည်းပါသည်။ စစ်တွေမြို့ပေါ်ရှိ ဘုန်းတော် ကြီးကျောင်းအများစုတို့မှာ ဒါယကာ၊ ဒါယိကာမတို့၏နေ့စဉ်ပို့ဆွမ်းအလှူဖြင့်ရှင်သန်နေခြင်းဖြစ်သည်။
ယခင်က ကျောင်းတိုက်ရှိ ဆရာတော်၊ သံဃာ တော်များအတွက် နေ့စဉ် စေတနာပို့ဆွမ်းဖြင့်လုံ လောက်သည်။ ကျောင်းတိုက်ကြီးများဆိုလျှင် နေ့စဉ် စေတနာပို့ဆွမ်းအုပ်(ဆွမ်းချိုင့်) (၂၀)၊ (၃၀)ခန့်ရှိ တတ်သည်။ ကျောင်းတိုက်ငယ်များမှာလည်း နေ့စဉ် ဆွမ်းအုပ် (၆)အုပ်၊ (၇)အုပ်ခန့်ရှိတတ်သည်။ ဝါဆို လအကြို ဝါဆိုသင်္ကန်းကပ်လှူခြင်းကလည်း များပြား သည်။ ဆရာတော်ကြီးများဆို တစ်နေ့ (၃)အိမ်၊ (၄)အိမ်ကြွပြီး ဝါဆိုသင်္ကန်းအလှူခံရရှိတတ်သည်။ ယခုနှစ်တွင်တော့ မရှိသလောက်ဖြစ်သွားပြီဟု ဆရာ တော်တစ်ပါးကမိန့်သည်။ ကျောင်းများတွင်လည်း စာသင်သားရဟန်းတော်များနည်းပါးကုန်သည်။ ပစ္စည်း လေးပါးအထောက်အပံ့ နည်းပါးလာသည်နှင့်အမျှ စာသင်သားလည်း နည်းပါးလာခြင်းဖြစ်သည်။
စစ်တွေမြို့တွင် ဝါတွင်းကာလများ၌ ဥပုသ်သီ တင်းဆောက်တည်ရန်လာကြသည့် ဥပုသ်သည်များ အား နေ့ဆွမ်းလှူဒါန်းခြင်းကို ဝါတွင်း ဥပုသ်နေ့တိုင်း ကျွေးမွေးလှူဒါန်းလေ့ရှိတတ်သော်လည်း ယခုနှစ် တွင်ကား ဥပုသ်ဆွမ်းကျွေးသူ မရှိသလောက်ပင်ဖြစ် ခဲ့လေပြီ။ ထို့ကြောင့် ဝါတွင်းဥပုသ်နေ့အခါ၌ ကျောင်း များ ခြောက်ကပ်နေသလိုခံစားလာရသည်။ စစ်တွေ မြို့၏ သာသနာမြင်ကွင်းကိုတွေ့ရှိရပြီး သာသနာ တော်အတွက်ရင်လေးမိသည်။ အခြားနေရာတွေမှာ ကော။ အထူးသဖြင့် ဝါတွင်းသုံးလကာလမှာ သာသ နာတော်အတွက်ရော၊ ဗုဒ္ဓဘာသာဝင်များအတွက်ပါ အလေးအမြတ်ထားရှိကြသည့် အချိန်ကာလလည်း ဖြစ်လေရာ ဤကာလ၏မြင်ကွင်းများက လက်ရှိ သာ သနာတော်၏မြင်ကွင်းကို ဖော်ပြနေခြင်းလည်းဖြစ် သည်။
စစ်ဘေးရှောင် ရာဇဝတ်သား
စာရေးသူ စစ်တွေသို့သွားရောက်ခဲ့ခြင်းမှာ အိမ် အလွမ်းပြေသွားရောက်ခဲ့ခြင်းဖြစ်သည်။ အထူးသဖြင့် မိမိကျန်းမာရေးအတွက် ဆေးဝါးဓာတ်စာကလည်း ဝယ်ရမလွယ်သဖြင့် ရက် (၇၀)ခန့်နေပြီး ပြန်လာခဲ့ရ သည်။ စစ်တွေတွင်ရှိနေစဉ်ကာလအတွင်း စစ်၏အ ငွေ့အသက်ကို မတွေ့မကြုံခဲ့ရသော်လည်း စစ်ပွဲ၏ ရိုက်ခတ်ချက် ဘေးထွက်ဆိုးကျိုးများကိုတွေ့ခဲ့ရသည်။ စစ်ပွဲများမရှိသဖြင့် မြို့သည် အေးချမ်းနေသည်။ အေးအေးဆေးအနားယူနိုင်ခဲ့သည်။ ခေါင်းပြား အောင်အိပ်စက်နေနိုင်ခဲ့သည်။ ဤကား စစ်တွေ မ သက်ရောက်ခြင်း၏အကျိုးဆက်လည်းဖြစ်သည်။ ရန်ကုန်ကဲ့သို့ဒေသသို့ရောက်နေသည့် စာရေးသူလို စစ် ဘေးရှောင်တွေလည်း စစ်တွေသို့ ပြန်လာနေကြပြီ။ ပြန်လာချင်နေကြပြီ။ ကုန်ဈေးနှုန်းသက်သာလာလျှင် နေရပ်ပြန်သူ ပိုများပြားလာမည်။
ရန်ကုန်နေစစ်ဘေးရှောင်တို့ဘဝကလည်း လွယ်သည်မဟုတ်။ အိမ်ငှားရမ်းခက တစ်လ နှစ် သိန်းလောက်ဖြစ်သည်။ အိမ်ငှားရာတွင်ပင် လူဘယ် နှယောက်မှ၊ သက်ကြီးသူမပါရ၊ ကလေးမပါရ ဆို သည့် ကန့်သတ်ချက်များကလည်းပါသည်။ (၃) လ (၆) လစေ့မြောက်ပြီး ဆက်လက်အိမ်ငှားတော့ ဈေး ပိုတောင်းတာနှင့် အိမ်ငှားခ ပွဲစားခကိုလည်း တစ်လစာပေးရတာနှင့်မလွယ်ဘူးဖြစ်နေသည်။ ဧည့်စာရင်း တိုင်ရာတွင်ပင် ခြေချုပ်နှင့်နေရသလိုဖြစ်နေသည်။ဤရပ်ကွက်အတွင်း (၃)လ၊ (၆)လ နေထိုင်မည်ဖြစ် ကြောင်း အိမ်ငှားထားပါလျက် ယာယီ ခေတ္တခဏ ည အိပ်လာရောက်ပြီးတည်းခိုသလို တစ်ပတ်တစ်ခါ ဧည့် စာရင်းတိုင်နေရသည်ကတော့ ခြေချုပ်နှင့်နယ်နှင်ခံရ သည့်ရာဇဝတ်သားနှယ်ဖြစ်နေသည်ဟု ခံစားနေရ သည်။ မှန်ပါသည်။ မိမိတို့မှာ စစ်ဘေးရှောင်ရာဇဝတ် သားတွေပါပဲ။

မျှော်လင့်ချက်အိမ်ပြန်ခရီး
စာရေးသူအပါအဝင် စစ်ဘေးရှောင်ပြည်သူများ မှာ မိမိရပ်၊ မိမိရွာ မိမိဒေသသို့ပြန်ချင်နေကြပြီ။ တည် ငြိမ်အေးချမ်းမှုကို လိုလားတောင့်တနေကြသည်။တိုင်းပြည်တည်ငြိမ်အေးချမ်းပြီး အများပြည်သူတို့လို လားသော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ထူ ထောင်နိုင်ရေး မကြာမီကျင်းပတော့မည့်ရွေးကောက် ပွဲမှတစ်ဆင့် ပေါ်ထွန်းလာမည့်လွှတ်တော်များက ဆွေးနွေးအကောင်အထည်ဖော်နိုင်ကြမည်ဟု မျှော် လင့်ရသည်။ ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲ၌ပါဝင် အရွေးခံမည့်နိုင်ငံရေးပါတီ (၇)ပါတီခန့်ရှိကြောင်းသိရ သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ရခိုင်တိုင်း ရင်းသားပါတီ၊ ရခိုင့်ဦးဆောင်ပါတီနှင့် ရခိုင်တိုင်း လူ မျိုးစုပါတီငယ်နှစ်ခုတို့ဖြစ်ကြသည်။ ရွေးကောက်ပွဲ တွင် နိုင်ငံသားဖြစ်ခွင့်ရနေသောဘင်္ဂါလီများလည်း ပုဂ္ဂလိကအနေဖြင့် ပါဝင်လာနိုင်သေးသည်။ အရွေးချယ်ခံရသောကိုယ်စားလှယ်များသည် တိုင်းရင်းသား ပြည်သူတို့၏လိုလားချက်ကို လွှတ်တော်မှတစ်ဆင့် တင်ပြတောင်းဆိုဆွေးနွေးနိုင်ကြမည်။ သည်လိုအ ခွင့်အရေးကို တိုင်းရင်းသားပြည်သူတို့ အရယူနိုင် ကြရန်လိုအပ်မည်။ စာရေးသူသည် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့်ပါတီအချို့၏ လှုပ်ရှားမှုသတင်း များ၊ မြင်ကွင်းများကိုအကောင်းမြင်စိတ်ဖြင့်ကြည့်ကာ စစ်ဘေးရှောင်နေရခြင်းဘဝမှလွတ်ကင်းပြီး အပြီးပိုင် မိမိနေရပ်သို့ပြန်နိုင်ရေး မျှော်လင့်အားတက်ဖြစ်ခဲ့ရ သည်။

Zawgyi Version:
စစ္ေဘးေရွာင္ စစ္ေတြသားတစ္ဦး၏ အိမ္ျပန္ခရီး
ကြၽန္းသားငမန္း (NP News) - ေအာက္တိုဘာ ၈
စာေရးသူကားစစ္ေတြသားတစ္ဦးျဖစ္သည္။ သို႔ ရာတြင္ စစ္ေတြသားစစ္စစ္ေတာ့မဟုတ္ပါ။ လြတ္ လပ္ေရးရၿပီး ျပည္တြင္းစစ္ကာလ (၁၉၅၆) ခုႏွစ္တြင္ စစ္ေဘးေရွာင္ရင္း စစ္ေတြသို႔ ေ႐ႊ႕ေျပာင္းလာခဲ့ရသည့္ ကြၽန္းသား (ေက်းလက္ေတာ႐ြာသား)တစ္ဦးသာ ျဖစ္ သည္။ သို႔ရာတြင္ အသက္ (၈၀)နီးပါးရွိမွ (၂၀၂၄) ခုႏွစ္တြင္ ရန္ကုန္သို႔ စစ္ေဘးေရွာင္ခဲ့ရျပန္သည္။ သည္လိုေရွာင္ေျပးခဲ့သည္မွာ စစ္ေတြတြင္ စစ္ပြဲ မ်ားျဖစ္ပြားေန၍မဟုတ္။ (၂၀၂၃) ခုႏွစ္ ႏိုဝင္ဘာလ (၁၃)ရက္က ျပန္လည္ျဖစ္ျဖစ္ပြားခဲ့ေသာ AA ႏွင့္ တပ္မေတာ္တို႔စစ္ပြဲမ်ားေၾကာင့္ျဖစ္သည္။ သို႔ရာတြင္ (၂၀၂၅) ခုႏွစ္ ဧၿပီလကုန္ခန႔္ကစၿပီး ရန္ကုန္ေရာက္ စစ္ေဘးေရွာင္တို႔ စစ္ေတြျပန္တာ မ်ားလာသည္။ AA က ရခိုင္ျပည္နယ္ ၿမိဳ႕နယ္အေတာ္မ်ားမ်ားကိုသိမ္းပိုက္ထားေသာ္လည္း စစ္ေတြၿမိဳ႕တြင္ကား စစ္ပြဲမ်ားမရွိ။ ေအးၿငိမ္းလ်က္ရွိေနသည္။ လူတို႔ အလုပ္မပ်က္၊ အကိုင္မပ်က္ၾက။ အစိုးရအုပ္ခ်ဳပ္ထား သည့္နယ္ေျမျဖစ္သည့္အတြက္ အေပၚက ေလယာဥ္ ျဖင့္လာမည္ကိုလည္း မေၾကာက္ၾကရ။
(၂၀၂၃) ခုႏွစ္ကုန္ခါနီး စစ္ေတြကထြက္လာ စဥ္ကေတာ့ အနီးအပါး ေပါက္ေတာ၊ ပုဏၰားကြၽန္း၊ ရေသ့ေတာင္ၿမိဳ႕မ်ားကို ဗဗ ကသိမ္းယူခဲ့ရာ စစ္ေတြ ကိုလည္း မၾကာမီသိမ္းယူေတာ့မည္ဆိုသည့္ ေကာလာဟလသတင္းမွားမ်ားေၾကာင့္လည္းျဖစ္သည္။ ေကာလာဟလ သတင္းဆိုသည္ကလည္း လူတို႔၏ စိတ္ဓာတ္ကို ေခ်ာက္ခ်ားေၾကာက္လန႔္ေစသည္။ စစ္ ေတြၿမိဳ႕ခံအမ်ားအျပား ရန္ကုန္သို႔ထြက္သြားၾကသည္။ေလယာဥ္လက္မွတ္လည္း လက္မလည္ေအာင္ ေရာင္းေနရသည္။ ကုန္သည္ပြဲစားမ်ားက စင္းလုံး ငွားေလယာဥ္စီစဥ္၍ ခရီးသည္မ်ားကိုပို႔ေဆာင္ ၾကသည္။
(၂၀၂၄) ခုႏွစ္ ပုံမွန္ေလယာဥ္ခမွာ စစ္ေတြ-ရန္ ကုန္ခရီးစဥ္အတြက္ (၂)သိန္းခြဲခန႔္ သာရွိေသာ္လည္း ထိုအခ်ိန္က လက္မွတ္တစ္ေစာင္ လွ်င္ (၅)သိန္းအထိ ျဖစ္သြားသည္။ အလ်င္လို သူမ်ားအေနျဖင့္ ေလယာဥ္ လက္မွတ္တစ္ေစာင္ကို (၈)သိန္းမွ (၁၂)သိန္း၊ (၁၅) သိန္းအထိေပးဝယ္ခဲ့ၾကရ သည္။ ဒါေတာင္ လိုခ်င္သလိုေပးဝယ္၍မရ။ တစ္လခြဲဆယ္ရက္ေလာက္ေစာင့္ရသည္။ အခ်ိဳ႕ ပြဲစားဆိုသူမ်ား၏အလိမ္ကို ခံၾကရေသးသည္။ သည္အထဲ စစ္ေတြၿမိဳ႕သို႔လာရာ ကုန္းလမ္း၊ ေရလမ္းေတြ အဆက္အသြယ္ျပတ္ကုန္သည္။ နယ္ေက်းလက္က ကုန္ပစၥည္းမ်ားမဝင္ေတာ့။ ဆန္ကအစ စားေသာက္ကုန္မ်ား ရွားပါးလာသည္။
အထူးသျဖင့္ ေဆးဝါးျပတ္လပ္မႈကိုႀကဳံၾကရ သည္။ စာေရးသူတို႔ဇနီးေမာင္ႏွံကား အသက္ (၈၀) အ႐ြယ္ေရာက္ေနၾကၿပီ။ က်န္းမာေရးအတြက္ ေဆး ျပတ္လပ္ျခင္းကိုမလိုလားသျဖင့္ ရန္ကုန္သို႔ေရာက္ လာခဲ့သည္။ သို႔ရာတြင္ စာေရးသူ၏ဇနီးသည္ မိႏုႏု မွာ (၂၀၂၄) ခုႏွစ္ ဧၿပီလ (၄) ရက္တြင္ ရန္ကုန္ ွဃ ေဆး႐ုံႀကီး၌ကြယ္လြန္ခဲ့ရွာသည္။ စစ္၏အနိ႒ာ ႐ုံကို စာေရးသူ လက္ေတြ႕ခံစားလိုက္ရသည္။ ေနအိမ္ ကိုစြန႔္ခြာခဲ့ရ႐ုံသာမက အိမ္သူကိုပါလက္လႊတ္ခဲ့ရသည္။

စစ္ေတြျမင္ကြင္း
စစ္ေတြအေျခအေန တည္ၿငိမ္ေနၿပီဆိုေတာ့ စစ္ ေတြကလူေတြ အိမ္ျပန္တာမ်ားလာသည္။ စာေရးသူ လည္း အိမ္မွထြက္လာသည္မွာ ရက္ေပါင္း (၅၀ဝ) ေက်ာ္ရွိလာသျဖင့္ အျခားသူမ်ားနည္းတူ စစ္ေတြသို႔ ျပန္ျဖစ္သည္။ အျပန္ခရီးအတြက္ ေလယာဥ္လက္မွတ္ ဝယ္ရာ အလာခရီးနည္းတူႀကဳံရျပန္သည္။ စစ္ေတြသို႔ အျပန္မ်ားသျဖင့္ ရန္ကုန္-စစ္ေတြ ေလယာဥ္လက္ မွတ္ခက (၅) သိန္းဝန္းက်င္၊ စစ္ေတြ-ရန္ကုန္က ေတာ့ (၃) သိန္းခြဲ၊ ေလးသိန္းနီးပါး ျဖစ္ေနျပန္သည္။အသြား တစ္ေဈး၊ အျပန္တစ္ေဈးျဖင့္ စစ္ေတြသားတို႔ သြားေန၊ လာေနၾကရသည္။ မည္သို႔ပင္ဆိုေစကာမူ ကိုယ့္ၿမိဳ႕ကိုယ္႐ြာျပန္ႏိုင္ရန္သာအဓိကမို႔ ေလယာဥ္ခ ေဈးႀကီးသည္ကိုမမႈျဖစ္ဘဲ စစ္ေတြသို႔ျပန္ျဖစ္သြား သည္။
မိမိေဒသ၊ မိမိရပ္႐ြာ စစ္ေတြကိုျပန္ေရာက္သည္ ႏွင့္ စာေရးသူစြဲၿငိတြယ္တာခဲ့ေသာ ရခိုင္အေငြ႕အ သက္မ်ားက စာေရးသူကိုဖမ္းစားလိုက္သည္။ က်ယ္ ေျပာ၊ က်ယ္ျပန႔္သည့္ပင္လယ္ျပင္ျမင္ကြင္းမ်ား၊ ပင္ လယ္ေရျပင္ကို ျဖတ္သန္းတိုက္ခတ္လာသည့္ ဆား ေငြ႕နံ႔သင္းေသာေလကို အားရပါးရရႉရႈိက္ရျခင္းက အားအင္တို႔ျဖစ္ထြန္းလာသည္ဟုခံစားရသည္။ သည္ ခံစားမႈတို႔ကိုခံစားရင္း အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ စစ္ေတြသို႔ျပန္မလာျဖစ္ၾကေသးသည့္ မိတ္ေဆြမ်ား ကိုလည္းသတိရျဖစ္ေသးသည္။ တစ္ခ်ိန္က ရႈခင္းသာ ကမ္းနားလမ္းမွာ ညေနခင္း လမ္းေလွ်ာက္အပန္းေျဖ၊ အနားယူၾကရင္း ေထြရာေလးပါး ေျပာဆိုျဖစ္ခဲ့တာတို႔ ကို အမွတ္ရျဖစ္ေနသည္။
သို႔ရာတြင္ ယခင္ႏွင့္မတူေတာ့သည့္တစ္ခုက ေတာ့ စစ္ေတြျမစ္ျဖစ္ေသာ ကုလားတန္ျမစ္ျပင္တြင္ ေမာ္ေတာ္၊ စက္ေလွတို႔ အသြားအလာရွိမေနျခင္းျဖစ္ သည္။ လုံၿခဳံေရးအရ ငါးဖမ္းထြက္ျခင္းကိုတားျမစ္ထား သည္ဟုဆိုသည္။ ထို႔ေၾကာင့္ စစ္ေတြတြင္ ပင္လယ္ စာ အသား၊ ငါး ရွားပါးေနသည္။ စစ္ေတြသားတို႔ စစ္ ေတြျပန္လာၾကသည္ဆိုေသာ္လည္း စစ္ေတြသားစစ္ စစ္ေတြကေတာ့ နည္းပါးေနဆဲျဖစ္သည္။ ၿမိဳ႕လယ္ရပ္ ကြက္ေတြျဖစ္သည့္ အိုးတန္း၊ ေက်းပင္ႀကီး၊ ႐ူပ ေျမာက္၊ လမ္းမႀကီးေနရာေတြက အိမ္အမ်ားစုက ေတာ့ အိမ္တံခါးေတြမဖြင့္ႏိုင္ၾကေသး။ မည္သို႔ဆိုေစ စစ္ေတြတြင္ လူစည္းကားစျပဳလာသည္ဟုေတာ့ေျပာ ၾကသည္။ အမ်ားစုကေတာ့ နယ္မွ စစ္ေဘးေရွာင္ မိသားစုမ်ားျဖစ္သည္။ ၎တို႔သည္ စစ္ေဘးေရွာင္ စခန္းမ်ားတြင္ေနထိုင္ၾကရသူမ်ားျဖစ္ၾကသည္။ ေလ့ လာမိသေလာက္ စစ္ေတြတြင္ ရခိုင္စစ္ေဘးေရွာင္ စခန္း (၅၄) ခုခန႔္ရွိေၾကာင္းသိရသည္။
နယ္ ေက်းလက္မွ စစ္ေဘးေရွာင္ရင္း လုံၿခဳံမႈရွိ ရာ စစ္ေတြသို႔ေရာက္ရွိလာၾကျခင္းျဖစ္သည္။ စစ္ ေဘးေရွာင္ (၈၀ဝဝ)ခန႔္ရွိေၾကာင္းဆိုသည္။ စစ္ေဘး ေရွာင္မ်ားမွာ ဘုန္းေတာ္ႀကီးေက်ာင္းဝင္းအတြင္းမွ ဓမၼာ႐ုံ၊ သီလရွင္ဇရပ္၊ စာသင္ေဆာင္မ်ားတြင္ ျဖစ္သ လိုေနရာယူေနထိုင္ခဲ့ၾကရသည္။ ယခုေတာ့ ရခိုင္ ျပည္နယ္အစိုးရအဖြဲ႕က ေငြက်ပ္ တစ္ဘီလ်ံ အကုန္ အက်ခံၿပီး ယာယီတဲတန္းလ်ားေတြေဆာက္လုပ္ေပး ခဲ့သည္ျဖစ္ျခင္းေၾကာင့္ ကိုယ့္အခန္းေလးႏွင့္ကိုယ္ မိသားစုလိုက္ ေနထိုင္ခြင့္ရေနၾကသည္။ စစ္ေဘး ေရွာင္တို႔အတြက္ အစိုးရအဖြဲ႕ႏွင့္ ၾကက္ေျခနီအသင္း တို႔ပူးေပါင္းၿပီး ဆန္၊ ဆီ၊ ဆား ေဝငွေပးျခင္းအျပင္ တစ္လတစ္ေလ ေငြသားေထာက္ပံ့မႈမ်ားျပဳလုပ္ေပး ေနသည္။ ႏိုင္ငံေတာ္မွလည္း စစ္ေဘးေရွာင္တစ္ဦး အတြက္ ေငြ(၂၀ဝဝဝ)က်ပ္စီကို လစဥ္ ေထာက္ပံ့ေပး လ်က္ရွိသည္။
စာေရးသူေရာက္ေနစဥ္ကေတာ့ (၃) လအတြက္ ေပါင္းၿပီး လူတစ္ဦး (၆၀ဝဝဝ) က်ပ္ကိုေထာက္ပံ့ေပး ေနေၾကာင္းေတြ႕ခဲ့ရသည္။ ထို႔အတူပင္ ဇြန္လအတြင္း ကလည္း ၾကက္ေျခနီအသင္းက လူတစ္ဦးလွ်င္ ေငြ (၅၀ဝဝဝ)က်ပ္စီေထာက္ပံ့ေပးေနသည္ကိုေတြ႕ခဲ့ရသည္။ စစ္ေဘးေရွာင္ဒုကၡသည္မ်ား၏ဘဝမွာလည္း မလြယ္။ ဝင္ေငြရစရာအလုပ္အကိုင္အခြင့္အလမ္း ေတြက ရွားပါးရွာၾကသည္။

ကုန္ေဈးႏႈန္းေတြႀကီးျမင့္
ရခိုင္ျပည္နယ္၏အေျခခံစားေသာက္ကုန္မ်ား အတြက္ ႐ိုးမအေရွ႕ကိုသာ မွီခိုေနၾကရျခင္းျဖစ္သည္။ ဆန္မွအပျဖစ္ေသာ မီးဖိုေခ်ာင္သုံး အာလူး၊ ၾကက္ သြန္(ျဖဴ/နီ)၊ စားသုံးဆီ၊ ပဲအမ်ိဳးမ်ိဳး၊ ခ်င္းတက္၊ နႏြင္း၊ င႐ုတ္သီးေျခာက္၊ ဆား စသည္မ်ား၊ အျခား စားေသာက္ကုန္မ်ားျဖစ္ေသာ ၾကာဆံ၊ ဂ်ဳံ၊ ကြမ္းသီး၊ ေဆး႐ြက္ႀကီး၊ ေဆးေပါ့လိပ္ စသည္မ်ားကို ႐ိုးမအ ေရွ႕မွ မွာယူစားသုံးေနၾကရသည္။ အထည္အလိပ္မ်ား လည္းပါသည္။ (၂၀ဝ၄)ခုႏွစ္ ရန္ကုန္-စစ္ေတြ ကား လမ္းေၾကာင္း ဖြင့္လွစ္ျခင္းမျပဳမီအခ်ိန္ထိ ရခိုင္ျပည္ နယ္ေျမာက္ပိုင္းသို႔ အဆိုပါပစၥည္းမ်ားကို စက္ေလွ မ်ား၊ ကုန္တင္သေဘၤာမ်ားျဖင့္သာ မွာယူတင္ပို႔ ေရာင္းခ်ခဲ့ျခင္းျဖစ္သည္။ ရန္ကုန္-ေတာင္ကုတ္လမ္း ဖြင့္လွစ္ႏိုင္ၿပီးေနာက္ ေတာင္ကုတ္သို႔ ကုန္းလမ္းျဖင့္ သယ္ယူၿပီး ရခိုင္ျပည္နယ္ေျမာက္ပိုင္းသို႔ ေမာ္ေတာ္၊ စက္ေလွမ်ားျဖင့္သယ္ပို႔ခဲ့ၾကသည္။ (၂၀ဝ၄) ခုႏွစ္ ရန္ကုန္-စစ္ေတြ ကားလမ္းဖြင့္လွစ္ႏိုင္ၿပီးေနာက္ ျမန္မာႏိုင္ငံအထက္ပိုင္း၊ အလယ္ပိုင္း၊ ရွမ္းျပည္နယ္ စသည္မ်ားမွ အဆိုပါကုန္ပစၥည္းမ်ားကို ကုန္တင္ကား ႀကီးမ်ားျဖင့္သာ သယ္ယူပို႔ေဆာင္ခဲ့ၾကျခင္းျဖစ္သည္။ ကားလမ္းျဖင့္ ကုန္စိမ္းပစၥည္းမ်ားျဖစ္သည့္ င႐ုတ္သီး စိမ္း၊ ေကာ္ဖီထုပ္၊ ေဂၚဖီပြင့္၊ ဖရဲသီးမ်ားကိုလည္း သယ္ယူေရာင္းခ်ခဲ့ၾကသည္။ အသားစားၾကက္မ်ား၊ ၾကက္ဥမ်ားပါ ႐ိုးမအေရွ႕မွ မွာယူစားေသာက္ခဲ့ၾကရ သည္။
(၂၀၂၃) ခုႏွစ္ AA မွေဖာ္ေဆာင္လာသည့္စစ္ပြဲ မ်ားေနာက္ပိုင္း ကားလမ္းေၾကာင္းမ်ား သြားလာႏိုင္ ျခင္းမရွိေတာ့သျဖင့္ (၂၀ဝ၄) ခုႏွစ္မတိုင္မီကာလသို႔ ျပန္လည္ေရာက္ရွိသြားခဲ့ကာ သေဘၤာႀကီးမ်ားျဖင့္သာ သယ္ယူေနၾကရသည္။ သေဘၤာမ်ားကိုသာ အားထား ေနၾကရသည္။
ရန္ကုန္-စစ္ေတြ-ရန္ကုန္ ကုန္တင္ေျပးဆြဲေန ေသာသေဘၤာ (၁၈)စင္းခန႔္ရွိသည္။ ကုန္တန္ခ်ိန္ အနည္းဆုံး (၂၅၀)တင္ေဆာင္ႏိုင္ေသာသေဘၤာမွ တန္ခ်ိန္(၁၀ဝဝ)ခန႔္အထိတင္ေဆာင္ႏိုင္ေသာ သေဘၤာမ်ားပါရွိသည္။ ကုန္ပစၥည္းမ်ားတင္ေဆာင္ရာ တြင္ ကုန္က်စ္ (ဆန္၊ သၾကား) စသည္ တစ္ပိႆာ လွ်င္ (၆၀ဝ)က်ပ္မွ (၁၈၀ဝ)က်ပ္၊ ကုန္ပြ တစ္ပိႆာ (၉၀ဝ)က်ပ္မွ(၁၅၀ဝ)က်ပ္အထိေဈးရွိေၾကာင္းျဖင့္ ေလ့လာသိရွိခဲ့ရသည္။ ငါးေျခာက္၊ ငါးပိ၊ င႐ုတ္သီး ေျခာက္ တစ္ပိႆာ(၁၀ဝဝ)၊ (၂၀ဝဝ)၊ (၂၅၀ဝ) အထိရွိေနသည္။ တခ်ိဳ႕ကုန္ပစၥည္းမ်ားဆိုလွ်င္ တစ္ ပိႆာ (၁၅၀ဝ)၊ (၂၇၀ဝ)၊ (၃၀ဝဝ)အထိယူေၾကာင္း လည္းသိရသည္။ ပုံစံအားျဖင့္ မုန႔္ဖာမ်ိဳးစုံတစ္ပိႆာ (၃၀ဝဝ)အထိပင္ယူေနေၾကာင္းလည္းသိရသည္။ ကုန္ေဈးႏႈန္းႀကီးျမင့္ေနရသည္မွာ သေဘၤာတင္ေဆာင္ ခေဈးႀကီးျမင့္ေနျခင္းေၾကာင့္ဟု ကုန္သည္တစ္ဦးက ေထာက္ျပေျပာဆိုသည္။
ယခုေနာက္ပိုင္း ဆန္တစ္အိတ္ (ပိႆာ-၃၀) (၄၅၀ဝဝ)က်ပ္ေပးေနရသည္။ ယခင္က စစ္ေတြတြင္ ျပည္နယ္ကုန္သည္ႀကီးမ်ားအသင္း၊ ဆန္ကုန္သည္ မ်ားအသင္း၊ ဆီကုန္သည္မ်ားအသင္း စသည္အားျဖင့္ အသင္းမ်ားရွိခဲ့ေသာ္လည္း ယခုအခါ အဆိုပါအသင္း မ်ားမွာ အသက္ဝင္ျခင္းမရွိေတာ့။ ယခင္က လုပ္ငန္း ရပ္မ်ားအတြက္လိုအပ္လွ်င္ လိုအပ္သလို အစိုးရအဖြဲ႕ က သက္ဆိုင္ရာအသင္းမ်ားႏွင့္ညႇိႏႈိင္းၿပီး ႀကီးၾကပ္ ႏိုင္ခဲ့ေသာ္လည္း အသင္းအဖြဲ႕မ်ားမရွိေတာ့ ႀကီးၾကပ္ ႏိုင္မႈအားနည္းေနကာ ကုန္ပစၥည္းမ်ား ေဈးတက္ေနရျခင္းျဖစ္သည္။
အထူးသျဖင့္ သေဘၤာအဝင္နည္းလွ်င္ ကုန္ ပစၥည္းေဈးတက္ကုန္သည္။ သေဘၤာ ပုံမွန္အဝင္အ ထြက္ရွိေနလွ်င္ ကုန္ပစၥည္းေဈးႏႈန္း ထိန္းႏိုင္မည္ျဖစ္ ေၾကာင္းသုံးသပ္ရသည္။ ရန္ကုန္-စစ္ေတြသို႔ ကုန္ တင္သေဘၤာမ်ားထြက္ခြာေရးဆိုသည္မွာလည္း အခက္အခဲမ်ားရွိႏွင့္ေနသည္။ တင္ေဆာင္မည့္ကုန္ပစၥည္းအေရအတြက္ကိုေဖာ္ျပၿပီး တင္ေဆာင္ခြင့္ပါ မစ္ေတြ ခြင့္ျပဳခ်က္ေတာင္းခံရသည္။ အဆင့္ဆင့္စိ စစ္ၿပီး ခြင့္ျပဳခ်က္ရၿပီးမွ တင္ေဆာင္၊ ထြက္ခြာရသျဖင့္ ရန္ကုန္-စစ္ေတြခရီး တစ္ေခါက္သုံးလေလာက္ အ ခ်ိန္ၾကာျမင့္ေၾကာင္းဆိုၾကသည္။
ကုန္ပစၥည္းတင္ေဆာင္ခြင့္ရရွိေရးအတြက္ ရခိုင္ျပည္နယ္အစိုးရအဖြဲ႕သို႔ တင္ေဆာင္မည့္ကုန္ပစၥည္း အေရအတြက္ တင္ျပခြင့္ျပဳခ်က္ေတာင္းခံရသည္။ ခြင့္ျပဳခ်က္ရရွိပါက ရန္ကုန္တိုင္းေဒသႀကီး အစိုးရ အဖြဲ႕ထံဆက္လက္တင္ျပၿပီး ယင္းမွတစ္ဆင့္ ကာ ကြယ္ေရးဦးစီးဌာနသို႔ ဆက္လက္တင္ျပ ခြင့္ျပဳခ်က္ ရယူရသည္ဟုဆိုသည္။ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ ခြင့္ျပဳၿပီးေနာက္ ရန္ကုန္တိုင္းေဒသႀကီးအစိုးရသို႔ ျပန္ လည္ေပးပို႔ၿပီး ရန္ကုန္တိုင္းေဒသႀကီးအစိုးရ၏ခြင့္ျပဳ ခ်က္ရွိၿပီးမွသာ သက္ဆိုင္ရာဌာနအသီးသီးသို႔တင္ျပ၍ မိမိတို႔ခြင့္ျပဳခ်က္ရေသာပစၥည္းမ်ားကို သေဘၤာတင္ ေဆာင္ အစစ္ေဆးခံၿပီး ရန္ကုန္မွစစ္ေတြသို႔ဆက္လက္ထြက္ခြာရျခင္းျဖစ္သည္။
မိုးတြင္းရာသီတြင္ တစ္ခါတေလ ရာသီဥတု ဆိုး ႐ြားေနပါက ေစာင့္ဆိုင္းရေသးရာ ပိုမိုၾကန႔္ၾကာရေသး သည္။ သည္လိုေစာင့္ဆိုင္းရသျဖင့္ ၾကက္သြန္လို ကုန္ပစၥည္း၊ ၾကက္ဥလိုပစၥည္းေတြ ပ်က္စီးခဲ့ရတာေတြ ရွိေၾကာင္းလည္းသိရသည္။ ဤသို႔ျဖင့္ စာေရးသူတို႔မွာ စစ္ေတြသို႔အျပန္ခရီးသာ ေဈးႀကီးသည္မဟုတ္၊ စစ္ ေတြတြင္ အသားငါးေတြလည္း ေဈးႀကီးျမင့္ေနသည္။ ဝက္သား၊ အမဲသား၊ ငါး စသည္တို႔ ေလယာဥ္ျဖင့္ သယ္ပို႔ေရာင္းခ်ေနၾကရသည္။ ဆန္ေဈးလည္းႀကီးျမင့္ သည္။ စစ္ေတြတြင္ ဆန္ၾကမ္းေဈး တစ္အိတ္ (၁၄၀ဝဝဝိ)၊ (၁၅၀ဝဝဝိ) ခန႔္ရွိေနၿပီး ဆန္ေခ်ာေဈး မွာ (၂၄၀ဝဝဝိ)၊ (၂၅၀ဝဝဝိ) ခန႔္အထိရွိေနသည္ ကိုေတြ႕ရသည္။ ၾကက္သြန္၊ င႐ုတ္သီးေျခာက္ကအစ ေဈးႀကီးသည္။ စက္တင္ဘာလဆန္းပိုင္းကစ၍ စင္း လုံးငွားေလယာဥ္မ်ား ေျပးဆြဲျခင္းမရွိေတာ့သျဖင့္ စစ္ ေတြသို႔ပို႔သည့္ကုန္ပစၥည္းမ်ား ပိုေဈးတက္ကုန္သည္။ ကြမ္း႐ြက္တစ္ပိႆာ (၁၀ဝဝဝ)အထိ ျဖစ္သြားသည္ တဲ့။ ရန္ကုန္ကပို႔ေနက် အမဲသား၊ ငါး မေရာက္သျဖင့္ အစားအေသာက္ရွားပါးျပတ္လပ္ကုန္သည္။ စစ္ေတြ ကအျပန္ခရီးသည္ နည္းပါးလာသျဖင့္ ေလယာဥ္ခရီး စဥ္ေတြလည္း ေလွ်ာ့ခ်ထားေၾကာင္းသိရျပန္သည္။
စစ္ေတြတြင္ လွ်ပ္စစ္မီးကမရ။ သို႔ရာတြင္ ျပည္ နယ္အစိုးရအဖြဲ႕၏အစီအစဥ္ျဖင့္ ဆိုလာစနစ္ျဖင့္ လမ္းမီးမ်ားေပးထားသည္။ ဘာသာေရးအေဆာက္ အအုံမ်ား၊ အစိုးရဌာနဆိုင္ရာမ်ားအားလုံးလိုလို ဆို လာမီးေတြ တပ္ဆင္အသုံးျပဳအဆင္ေျပလ်က္ရွိ သည္။ သို႔ရာတြင္ ဆိုလာတင္သြင္းခြင့္က ကန႔္သတ္ ထားရာ သာမန္ျပည္သူေတြ အဝယ္ရခက္ေနသည္။ဆိုလာမီးေတြ တရားဝင္တင္သြင္းေရာင္းခ်ခြင့္ျပဳ လိုက္လွ်င္ ျပည္သူတို႔အတြက္ ညေရးညတာ မီးအ လင္းေရာင္ရရွိေရးအဆင္ေျပႏိုင္မည္။ တယ္လီဖုန္း ေတြ အားသြင္းရလြယ္ကူသြားမည္။ ထို႔အတူ ထင္း၊ မီးေသြးအခက္အခဲလည္းရွိေနျပန္သည္။တခ်ိဳ႕သစ္ ပင္ႀကီးေတြကို ခုတ္လွဲ ထင္းအျဖစ္အသုံးျပဳၾကသည္။ ၿမိဳ႕အစြန္ေနရာမ်ားရွိေနအိမ္မ်ားမွ ေနရပ္စြ႕န္ခြာသူ ေတြအဖို႔ အေစာင့္မရွိ သည္အတိုင္းပစ္ထားခဲ့ရာ မသ မာသူမ်ားက သစ္သားအိမ္မ်ားကိုဖ်က္ဆီးၿပီး ထင္း အျဖစ္ေရာင္းခ်ေနၾကရသည္။ ၿမိဳ႕ထဲတြင္ ထင္းလွည္း မ်ားကိုျမင္ေတာ့ ထင္းလွည္းမ်ားေပၚမွာ သေဘၤာေဆး မျပယ္ေသးသည့္သစ္သားစမ်ားကို ေတြ႕ရသည္။ ျပည္နယ္အစိုးရအဖြဲ႕အေနျဖင့္ ထင္း၊ မီးေသြး ရရွိ ေရးအတြက္လည္း တတ္ႏိုင္သေလာက္ေျဖရွင္းေပး ႏိုင္ရန္ႀကိဳးစားေနေၾကာင္းေတာ့ သိခဲ့ရသည္။
စစ္ေတြတြင္ အစားအေသာက္၊ ထင္းမီးသာမက ေဆးဝါးမ်ားပါ ျပတ္လပ္လ်က္ရွိသည္။ နာတာရွည္လူ နာမ်ား၊ အသက္ႀကီးသူမ်ားအတြက္ ေဆးဝါး အဝယ္ ခက္ေနသည္။ သက္ဆိုင္ရာမွ ေဆးဝါးဝယ္ယူခြင့္ ခြင့္ ျပဳခ်က္ေပးသည္ဆိုေသာ္လည္း ပုဂၢလိကေဆ႐ုံမ်ား၊ အစိုးရေဆး႐ုံမ်ားအတြက္ကိုသာ ခြင့္ျပဳေၾကာင္းျဖင့္ လည္းသိရသည္။ ပုဂၢလိက သာမန္ေဆးခန္းမ်ားတြင္ လည္း ေဆးဝါးျပတ္လပ္ကုန္သည္။ ရခိုင္ျပည္နယ္ အစိုးရအဖြဲ႕ကေတာ့ သည္ကိစၥကိုေျဖရွင္းႏိုင္ရန္အ တြက္ ေဆး႐ုံတာဝန္ရွိသူမ်ားပါဝင္သည့္ ေဆးႀကီး ၾကပ္ေရးေကာ္မတီျဖင့္စိစစ္ၿပီး ေဆးအေရာင္းဆိုင္ မ်ား၊ ေဆးခန္းဆရာဝန္မ်ားႏွင့္ညႇိႏႈိင္းကာ ေဆးဝါးသယ္ ယူခြင့္ျပဳႏိုင္လွ်င္ အဆင္ေျပေကာင္းေျပႏိုင္ေပလိမ့မည္။
ကုန္ေဈးႏႈန္းႀကီးျမင့္ျခင္းဒဏ္ကို စစ္ေဘးေရွာင္ မ်ားသာမက ဝန္ထမ္းမိသားစုမ်ားလည္း ခံစားေနၾကရ သည္။ ရခိုင္ျပည္နယ္အစိုးရအဖြဲ႕မွာ ဝန္ထမ္းမ်ားသို႔ လစဥ္ ဆန္အခမဲ့ေထာက္ပံ့ေပးျခင္း၊ စားသုံးဆီေရာင္း ခ်ေပးျခင္း၊ စက္သုံးဆီ(ဓာတ္ဆီ)ေရာင္းခ်ေပးျခင္း ျဖင့္ ပံ့ပိုးေပးလ်က္ရွိသလို ပင္စင္စားဝန္ထမ္းမ်ားသို႔ ဆန္၊ ေခါက္ဆြဲေျခာက္ စသည္မ်ားကို လစဥ္ အခမဲ့ ေထာက္ပံ့ေပးျခင္း၊ အခမဲ့ေဆးစစ္ေပးျခင္းမ်ား ျပဳ လုပ္ေဆာင္႐ြက္ေပးေနသည္။

စစ္ေတြၿမိဳ႕မွ သာသနာ့ျမင္ကြင္း
စာေရးသူ စစ္ေတြတြင္ေနခဲ့စဥ္က ရင္းႏွီးကြၽမ္း ဝင္ခဲ့ရာ ဆရာဒကာအျဖစ္ ဆည္းကပ္ကိုးကြယ္ခဲ့ ေသာ ဘုန္းေတာ္ႀကီးေက်ာင္းအခ်ိဳ႕သို႔ေရာက္ျဖစ္ခဲ့ သည္။ အမ်ားအားျဖင့္ေတာ့ ဆရာေတာ္ႀကီးမ်ားမရွိ ၾကေတာ့။ က်န္းမာေရးအေၾကာင္းျပၿပီး ရန္ကုန္ႏွင့္ အျခား သင့္ေတာ္ရာေဒသမ်ားသို႔ ယာယီႂကြသြား ေတာ္မူၾကသည္။ ပထမေတာ့ တစ္ဝါဆိုမည္ေပါ့။ အခု ေတာ့ ႏွစ္ဝါျဖစ္လာခဲ့ၿပီ။ ဆရာေတာ္ႀကီးမ်ား ႂကြသြား ခဲ့သည္မွာလည္း မွားသည္ဟုမဆိုသာ။ ေက်ာင္းကို ပစၥည္းေလးပါးျဖင့္ လႉဒါန္းေထာက္ပံ့ေနၾကသည့္ ဒကာရင္းမ်ားမွာလည္း စစ္ေတြတြင္မရွိၾကေတာ့။ ရန္ ကုန္လို တည္ၿငိမ္ေအးခ်မ္းရာေနရာသို႔ ေရွာင္တိမ္း ေရာက္ရွိေနၾကသည္ျဖစ္ရာ ဆရာေတာ္ႀကီးအခ်ိဳ႕တို႔ မွာလည္း ပစၥည္းေလးပါး ခ်ိဳ႕တဲ့ႏြမ္းပါးလာရျခင္း ေၾကာင့္လည္းပါသည္။ စစ္ေတြၿမိဳ႕ေပၚရွိ ဘုန္းေတာ္ ႀကီးေက်ာင္းအမ်ားစုတို႔မွာ ဒါယကာ၊ ဒါယိကာမတို႔၏ေန႔စဥ္ပို႔ဆြမ္းအလႉျဖင့္ရွင္သန္ေနျခင္းျဖစ္သည္။
ယခင္က ေက်ာင္းတိုက္ရွိ ဆရာေတာ္၊ သံဃာ ေတာ္မ်ားအတြက္ ေန႔စဥ္ ေစတနာပို႔ဆြမ္းျဖင့္လုံ ေလာက္သည္။ ေက်ာင္းတိုက္ႀကီးမ်ားဆိုလွ်င္ ေန႔စဥ္ ေစတနာပို႔ဆြမ္းအုပ္(ဆြမ္းခ်ိဳင့္) (၂၀)၊ (၃၀)ခန႔္ရွိ တတ္သည္။ ေက်ာင္းတိုက္ငယ္မ်ားမွာလည္း ေန႔စဥ္ ဆြမ္းအုပ္ (၆)အုပ္၊ (၇)အုပ္ခန႔္ရွိတတ္သည္။ ဝါဆို လအႀကိဳ ဝါဆိုသကၤန္းကပ္လႉျခင္းကလည္း မ်ားျပား သည္။ ဆရာေတာ္ႀကီးမ်ားဆို တစ္ေန႔ (၃)အိမ္၊ (၄)အိမ္ႂကြၿပီး ဝါဆိုသကၤန္းအလႉခံရရွိတတ္သည္။ ယခုႏွစ္တြင္ေတာ့ မရွိသေလာက္ျဖစ္သြားၿပီဟု ဆရာ ေတာ္တစ္ပါးကမိန႔္သည္။ ေက်ာင္းမ်ားတြင္လည္း စာသင္သားရဟန္းေတာ္မ်ားနည္းပါးကုန္သည္။ ပစၥည္း ေလးပါးအေထာက္အပံ့ နည္းပါးလာသည္ႏွင့္အမွ် စာသင္သားလည္း နည္းပါးလာျခင္းျဖစ္သည္။
စစ္ေတြၿမိဳ႕တြင္ ဝါတြင္းကာလမ်ား၌ ဥပုသ္သီ တင္းေဆာက္တည္ရန္လာၾကသည့္ ဥပုသ္သည္မ်ား အား ေန႔ဆြမ္းလႉဒါန္းျခင္းကို ဝါတြင္း ဥပုသ္ေန႔တိုင္း ေကြၽးေမြးလႉဒါန္းေလ့ရွိတတ္ေသာ္လည္း ယခုႏွစ္ တြင္ကား ဥပုသ္ဆြမ္းေကြၽးသူ မရွိသေလာက္ပင္ျဖစ္ ခဲ့ေလၿပီ။ ထို႔ေၾကာင့္ ဝါတြင္းဥပုသ္ေန႔အခါ၌ ေက်ာင္း မ်ား ေျခာက္ကပ္ေနသလိုခံစားလာရသည္။ စစ္ေတြ ၿမိဳ႕၏ သာသနာျမင္ကြင္းကိုေတြ႕ရွိရၿပီး သာသနာ ေတာ္အတြက္ရင္ေလးမိသည္။ အျခားေနရာေတြမွာ ေကာ။ အထူးသျဖင့္ ဝါတြင္းသုံးလကာလမွာ သာသ နာေတာ္အတြက္ေရာ၊ ဗုဒၶဘာသာဝင္မ်ားအတြက္ပါ အေလးအျမတ္ထားရွိၾကသည့္ အခ်ိန္ကာလလည္း ျဖစ္ေလရာ ဤကာလ၏ျမင္ကြင္းမ်ားက လက္ရွိ သာ သနာေတာ္၏ျမင္ကြင္းကို ေဖာ္ျပေနျခင္းလည္းျဖစ္ သည္။
စစ္ေဘးေရွာင္ ရာဇဝတ္သား
စာေရးသူ စစ္ေတြသို႔သြားေရာက္ခဲ့ျခင္းမွာ အိမ္ အလြမ္းေျပသြားေရာက္ခဲ့ျခင္းျဖစ္သည္။ အထူးသျဖင့္ မိမိက်န္းမာေရးအတြက္ ေဆးဝါးဓာတ္စာကလည္း ဝယ္ရမလြယ္သျဖင့္ ရက္ (၇၀)ခန႔္ေနၿပီး ျပန္လာခဲ့ရ သည္။ စစ္ေတြတြင္ရွိေနစဥ္ကာလအတြင္း စစ္၏အ ေငြ႕အသက္ကို မေတြ႕မႀကဳံခဲ့ရေသာ္လည္း စစ္ပြဲ၏ ႐ိုက္ခတ္ခ်က္ ေဘးထြက္ဆိုးက်ိဳးမ်ားကိုေတြ႕ခဲ့ရသည္။ စစ္ပြဲမ်ားမရွိသျဖင့္ ၿမိဳ႕သည္ ေအးခ်မ္းေနသည္။ ေအးေအးေဆးအနားယူႏိုင္ခဲ့သည္။ ေခါင္းျပား ေအာင္အိပ္စက္ေနႏိုင္ခဲ့သည္။ ဤကား စစ္ေတြ မ သက္ေရာက္ျခင္း၏အက်ိဳးဆက္လည္းျဖစ္သည္။ ရန္ကုန္ကဲ့သို႔ေဒသသို႔ေရာက္ေနသည့္ စာေရးသူလို စစ္ ေဘးေရွာင္ေတြလည္း စစ္ေတြသို႔ ျပန္လာေနၾကၿပီ။ ျပန္လာခ်င္ေနၾကၿပီ။ ကုန္ေဈးႏႈန္းသက္သာလာလွ်င္ ေနရပ္ျပန္သူ ပိုမ်ားျပားလာမည္။
ရန္ကုန္ေနစစ္ေဘးေရွာင္တို႔ဘဝကလည္း လြယ္သည္မဟုတ္။ အိမ္ငွားရမ္းခက တစ္လ ႏွစ္ သိန္းေလာက္ျဖစ္သည္။ အိမ္ငွားရာတြင္ပင္ လူဘယ္ ႏွေယာက္မွ၊ သက္ႀကီးသူမပါရ၊ ကေလးမပါရ ဆို သည့္ ကန႔္သတ္ခ်က္မ်ားကလည္းပါသည္။ (၃) လ (၆) လေစ့ေျမာက္ၿပီး ဆက္လက္အိမ္ငွားေတာ့ ေဈး ပိုေတာင္းတာႏွင့္ အိမ္ငွားခ ပြဲစားခကိုလည္း တစ္လစာေပးရတာႏွင့္မလြယ္ဘူးျဖစ္ေနသည္။ ဧည့္စာရင္း တိုင္ရာတြင္ပင္ ေျခခ်ဳပ္ႏွင့္ေနရသလိုျဖစ္ေနသည္။ဤရပ္ကြက္အတြင္း (၃)လ၊ (၆)လ ေနထိုင္မည္ျဖစ္ ေၾကာင္း အိမ္ငွားထားပါလ်က္ ယာယီ ေခတၱခဏ ည အိပ္လာေရာက္ၿပီးတည္းခိုသလို တစ္ပတ္တစ္ခါ ဧည့္ စာရင္းတိုင္ေနရသည္ကေတာ့ ေျခခ်ဳပ္ႏွင့္နယ္ႏွင္ခံရ သည့္ရာဇဝတ္သားႏွယ္ျဖစ္ေနသည္ဟု ခံစားေနရ သည္။ မွန္ပါသည္။ မိမိတို႔မွာ စစ္ေဘးေရွာင္ရာဇဝတ္ သားေတြပါပဲ။

ေမွ်ာ္လင့္ခ်က္အိမ္ျပန္ခရီး
စာေရးသူအပါအဝင္ စစ္ေဘးေရွာင္ျပည္သူမ်ား မွာ မိမိရပ္၊ မိမိ႐ြာ မိမိေဒသသို႔ျပန္ခ်င္ေနၾကၿပီ။ တည္ ၿငိမ္ေအးခ်မ္းမႈကို လိုလားေတာင့္တေနၾကသည္။တိုင္းျပည္တည္ၿငိမ္ေအးခ်မ္းၿပီး အမ်ားျပည္သူတို႔လို လားေသာ ဖက္ဒရယ္ဒီမိုကေရစီႏိုင္ငံေတာ္ထူ ေထာင္ႏိုင္ေရး မၾကာမီက်င္းပေတာ့မည့္ေ႐ြးေကာက္ ပြဲမွတစ္ဆင့္ ေပၚထြန္းလာမည့္လႊတ္ေတာ္မ်ားက ေဆြးေႏြးအေကာင္အထည္ေဖာ္ႏိုင္ၾကမည္ဟု ေမွ်ာ္ လင့္ရသည္။ ရခိုင္ျပည္နယ္တြင္ ေ႐ြးေကာက္ပြဲ၌ပါဝင္ အေ႐ြးခံမည့္ႏိုင္ငံေရးပါတီ (၇)ပါတီခန႔္ရွိေၾကာင္းသိရ သည္။
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ၊ တိုင္းရင္းသားစည္းလုံးညီၫြတ္ေရးပါတီ၊ ရခိုင္တိုင္း ရင္းသားပါတီ၊ ရခိုင့္ဦးေဆာင္ပါတီႏွင့္ ရခိုင္တိုင္း လူ မ်ိဳးစုပါတီငယ္ႏွစ္ခုတို႔ျဖစ္ၾကသည္။ ေ႐ြးေကာက္ပြဲ တြင္ ႏိုင္ငံသားျဖစ္ခြင့္ရေနေသာဘဂၤါလီမ်ားလည္း ပုဂၢလိကအေနျဖင့္ ပါဝင္လာႏိုင္ေသးသည္။ အေ႐ြးခ်ယ္ခံရေသာကိုယ္စားလွယ္မ်ားသည္ တိုင္းရင္းသား ျပည္သူတို႔၏လိုလားခ်က္ကို လႊတ္ေတာ္မွတစ္ဆင့္ တင္ျပေတာင္းဆိုေဆြးေႏြးႏိုင္ၾကမည္။ သည္လိုအ ခြင့္အေရးကို တိုင္းရင္းသားျပည္သူတို႔ အရယူႏိုင္ ၾကရန္လိုအပ္မည္။ စာေရးသူသည္ ေ႐ြးေကာက္ပြဲတြင္ ပါဝင္ယွဥ္ၿပိဳင္ၾကမည့္ပါတီအခ်ိဳ႕၏ လႈပ္ရွားမႈသတင္း မ်ား၊ ျမင္ကြင္းမ်ားကိုအေကာင္းျမင္စိတ္ျဖင့္ၾကည့္ကာ စစ္ေဘးေရွာင္ေနရျခင္းဘဝမွလြတ္ကင္းၿပီး အၿပီးပိုင္ မိမိေနရပ္သို႔ျပန္ႏိုင္ေရး ေမွ်ာ္လင့္အားတက္ျဖစ္ခဲ့ရ သည္။

Related news

© 2021. All rights reserved.