မြန်မာ့အရေး၌ Facebook ၏ ဝင်ရောက်စွက်ဖက်မှု ပိုမိုဆိုးရွားလာပြီး လွတ်လပ်သည့်သတင်းဌာနများကိုပါ ရန်လိုတိုက်ခိုက်မှုများရှိလာ

 1304

ထွန်း အမ်တီ (NP News) - ဩဂုတ် ၂
မြန်မာနိုင်ငံ၌ ဆယ်စုနှစ်တစ်ခုကျော် အခွန်ရှောင်ကာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးကဏ္ဍများတွင် အင်အားကောင်းစွာ ဝင်ရောက်ခြယ်လှယ်ခဲ့သည့် အမေရိကန်၏ အင် အားကြီးနည်းပညာကုမ္ပဏီ Facebook သည် ယနေ့အချိန်တွင် တစ်စတစ်စဆိုးရွားလာကာ မြန်မာပြည်သူများအကြား တစ်ဖက်သတ်အမုန်းတရားများ တိုးပွားစေလိုသည့် လုပ်ရပ်များကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေဆဲဖြစ်သည်။

မြန်မာ့နိုင်ငံရေးမတည်ငြိမ်မှုတွင် သတင်းမှား၊ သတင်းတုနှင့် ပြုပြင်ထားသည့်လုပ်ကြံသတင်းများကိုသာ ဦးစားပေးဖော်ပြခြင်း၊ report တင်သော်လည်း ဖြုတ်ချမှုမရှိခြင်း၊ လူသတ်ရန်လှုံ့ဆော်အားပေးသည့် ဆောင်းပါးများ၊ သတင်းများ၊ ဗီဒီယိုများ၊ ကာတွန်းများ ကျယ်ပြန့်စွာ ပျံ့နှံ့လျက်ရှိကာ နိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် မျှတသည့်သ တင်းများ၊ သတင်းသုံးသပ်ချက်များ၊ အသိပညာမျှဝေမှုများကိုမူ တစ်ဖက်သတ်ဖြုတ်ချလျက်ရှိသည်မှာ အတော်ကြာခဲ့ပြီဖြစ်သည်။

NP News (Neo Politics) သတင်းဌာန၏ Facebook စာမျက်နှာသည် တစ်နှစ်အတွင်း မြန်မာ-အင်္ဂလိပ် နှစ်ဘာသာဖော်ပြမှု စာမျက်နှာပေါင်း ၇ ကြိမ်ထက်မနည်း အကြိမ် ကြိမ် ဖြုတ်ချခံခဲ့ရပြီးဖြစ်ကာ လွန်ခဲ့သော ရက်ပိုင်းအတွင်းက ဖြစ်ပေါ်ခဲ့သော အခြေ အနေများသည် NP News ၏တည်ရှိမှုအပေါ် Facebook ၏ ရန်လိုမုန်းထားအငြိုးတကြီးဖြင့် လုပ်ဆောင်လာကြောင်းကို သိသာစေခဲ့သည်။

အကြောင်းမှာ NP News ၏ Facebook စာမျက်နှာတင်မကဘဲ NP News ၏ website link များကိုပါ ၎င်းတို့၏ ပလက်ဖောင်းပေါ် အတင်မခံနိုင်တော့သည့် အခြေအနေဖြစ်ခဲ့သည်။ NP News ၏ website link ကို share ထားမိသူများအားလုံးထံသို့ Community Standard ဖြင့် ငြိကြောင်း သတိပေးကာ လင့်ခ်အား ဖြုတ်ချမှုများဖြစ်ပေါ်ခဲ့သည်။ အမှန်စင်စစ်မှာ သတင်းလင့်ခ်ကိုသာ share ထားခြင်းဖြစ်ပြီး မည်သည့် လူမှုစံနှုန်းချိုးဖောက်မှုမမြောက်ကြောင်း ထင်ရှားလှသည်။

အဘယ့်ကြောင့် လွတ်လပ်စွာရပ်တည်နေသော သတင်းဌာန၏ website link ကိုပင် ကန့်သတ်တားမြစ်နေရပါသနည်း။ လွတ်လပ်စွာရပ်တည်နေသော သတင်းဌာန၏ ရေး သားဖော်ပြမှုများကို မပြန့်ပွားလိုခြင်း၊ သတင်းမှန်များကို တင်ဆက်ပေးခြင်းဖြင့် ပြည်သူ လူထုအနေဖြင့် မြေပြင်သတင်းမှန်ကိုသိရှိကာ ဆုံးဖြတ်ချက်နှင့် တွေးခေါ်မှု မှန်ကန်၍ တိုင်းပြည်တည်ငြိမ်အေးချမ်းမှု အမြန်ဆုံးပြန်လည်ရရှိစေရန် ဆောင်ရွက်နေခြင်းကို ရန် လို မနှစ်သက် တိုက်ခိုက်နေခြင်းများသည် တိုင်းပြည်ပျက်စီး၍ မြန်မာပြည်နှင့် မြန်မာပြည်သူများ မျိုးသုဉ်းပျောက်ကွယ်စေရန် လုပ်ဆောင်နေခြင်းပါလော။ ဖြေစရာမလိုသည့် မေးခွန်းများစွာရှိပါသည်။

၎င်းတို့ပိုင်သည့် Social platform ပေါ်မှ ၎င်းတို့ဖြုတ်ချခြင်းကို စောဒကတက်စရာမ ဟုတ်သော်လည်း ယင်းဆောင်ရွက်ချက်သည် Facebook နှင့် အမေရိကန်က အမြဲတ စေ ကြွေးကြော်နေသည့် အမုန်းတရားမပြန့်ပွားရေး၊ လူ့အခွင့်အရေး၊ တန်းတူညီမျှမှုရှိရေး၊ လွတ်လပ်စွာ ထုတ်ဖော်ရေးသား ပြောဆိုခွင့်ဆိုသည့် လစ်ဘရယ်သကာရည်စံနှုန်းများကို ၎င်းတို့ကိုယ်တိုင် မျက်နှာပြောင်စွာ ချိုးဖောက်နေကြောင်းပင်ဖြစ်သည်။

ယင်းချိုးဖောက်မှုသည်လည်း အမေရိကန်ကုမ္ပဏီ၏ ၎င်းတို့ပိုင်သည့် Social platform ပေါ် လုပ်ဆောင်ခြင်းပင်ဖြစ်သော်လည်း အကျိုးဆက်အားဖြင့် ယင်း Social platform အား နှစ်ခြိုက်စွာသုံးစွဲနေကြသည့် မြန်မာလူထုအကြား သွေးကွဲမှု၊ အမုန်းတရား ပြန့် ပွားမှု၊ ငြိမ်းချမ်းရေး ပျက်ပြားစေမှု၏ အကြောင်းရင်းခံများထဲမှ တစ်ချက်ဖြစ်လာခဲ့သည်။

တစ်နည်းအားဖြင့်ဆိုရလျှင် Facebook ၏ မြန်မာ့နိုင်ငံရေး မတည်ငြိမ်မှု၌ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်နေခြင်းပင်ဖြစ်သည်။

လွန်ခဲ့သော အစိုးရလက်ထက်များကတည်းက ၎င်းတို့၏ လူမှုကွန်ယက်ပလက်ဖောင်း၌ ဗုဒ္ဓဘာသာကို စိတ်ကြိုက်စော်ကားခွင့်ပြုထားခြင်း၊ မြန်မာ့လူမှုစံနှုန်းများ၊ ဘာသာရေးတန်ဖိုးများ၊ ယဉ်ကျေးမှု ဓလေ့စရိုက်များကို သပ်လျှိုသွေးခွဲ၍ ဇာတိစိတ်ဓါတ်ပျက်ပြားစေခြင်းတို့ကို စနစ်တကျ လုပ်ဆောင်နေခြင်းကို မြန်မာပြည်သူများအနေဖြင့် အသိ၊ သတိဖြင့် သတိမူသင့်ကြပြီဖြစ်ပါသည်။

အမေရိကန်ကုမ္ပဏီ Facebook ၏ ယခုကဲ့သို့ ရန်လိုဆောင်ရွက်ချက်နှင့် ပတ်သက်၍ ယူကေနိုင်ငံတွင် လက်ရှိနေထိုင်လျက်ရှိပြီး IT ကဏ္ဍတွင် တာဝန်ထမ်းဆောင်နေသူ မြန်မာအမျိုးသမီးဖြစ်သူက ဤကဲ့သို့ သုံးသပ်ပြောကြားပါသည်။

“ဒါဟာ လူအုပ်စုနဲ့ ဆောင်ရွက်တာဖြစ်တယ်။ လူအုပ်စုလိုက် report ဝိုင်းထုခြင်း၊ သို့မ ဟုတ် NP News ၏ website link ကို Facebook ရဲ့ AI သို့မဟုတ် Algorithm ထဲမှာ blacklist ဖြစ်သွားအောင် အတင်းဝိုင်းလုပ်ကြတာဖြစ်နိုင်ပါတယ်။ ဒီအတွက် သူတို့ဘက်က လူ ၅ဝဝ၊ ၆ဝဝ လောက် အသုံးပြုဖွယ်ရှိပါတယ်။ နောက်ပြီး Facebook Myanmar policy team က လူတွေကလည်း ပူးပေါင်းဆောင်ရွက်ကြတာလို့ ကျွန်မယူဆပါတယ်။ ဒီလိုလုပ်ရပ်ဟာ နည်းပညာအသိုင်းအဝိုင်းမှာဆိုရင်တော့ သူတို့ချမှတ်ထားတဲ့ စံနှုန်းတွေကို သူတို့ကိုယ်တိုင် ပြန်ပြီးချိုးဖောက်တာပါပဲ။ သတင်းလွတ်လပ်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ရေးသားခွင့်တွေကို ရည်ရွယ်ချက်ရှိရှိ စော်ကားတာပဲဖြစ်ပါတယ်” လို့ သုံးသပ်ပြောကြားပါသည်။

လွတ်လပ်သည့် သတင်းဌာနများကို အုပ်စုဖွဲ့ရန်လိုမှုများ၌ အမေရိကန်ကုမ္ပဏီ Facebook ကိုယ်တိုင် ပူးပေါင်းကျူးလွန်နေသကဲ့သို့ တဖက်တွင်လည်း သတင်းဌာနအမည်ခံ စာမျက်နှာများက ဖော်ပြသော တန်ဖိုးနိမ့်သတင်းများ၊ လူထုကို အကြောက်တရားနှင့် စိုးရိမ်မှု၊ မလုံခြုံမှုများအောက် အတင်းသွပ်သွင်းကာ ရုတ်ရင်းကြမ်းတမ်းမှုနှင့် သတ်ဖြတ်လိုစိတ်များ နှိုးဆွသော သတင်းအမည်ခံ စာပေများ၊ အကြမ်းဖက်အားပေး သတင်းများ၊ လူသတ်ဝါဒအားပေး ဆောင်းပါးများကိုတော့ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေပေးလျက်ရှိသည်။

ကလေးများနှင့် ထေကြီးဝါကြီးဘုန်းကြီးများကိုပင် သတ်ဖြတ်ရန် ဆော်ဩသော အထင် ကရပုဂ္ဂိုလ်များ၏ ဗီဒီယိုနှင့် ရေးသားဖော်ပြမှုများကိုလည်း ခွင့်ပြုထားသည်။

၂ဝ၂၁ ခုနှစ်အတွင်းကလည်း ပြည်တွင်းမီဒီယာတစ်ခုဖြစ်သော People Media အားလည်း Facebook ပလက်ဖောင်းပေါ်မှ အပြီးတိုင်ပျောက်ကွယ်စေရန် လုပ်ဆောင်ခဲ့သေးသည်။

zawgyi version
ျမန္မာ့အေရး၌ Facebook ၏ ဝင္ေရာက္စြက္ဖက္မႈ ပိုမိုဆိုး႐ြားလာၿပီး လြတ္လပ္သည့္သတင္းဌာနမ်ားကိုပါ ရန္လိုတိုက္ခိုက္မႈမ်ားရွိလာ
ထြန္း အမ္တီ (NP News) - ဩဂုတ္ ၂

ျမန္မာႏိုင္ငံ၌ ဆယ္စုႏွစ္တစ္ခုေက်ာ္ အခြန္ေရွာင္ကာ လူမႈေရး၊ စီးပြားေရး၊ ႏိုင္ငံေရးက႑မ်ားတြင္ အင္အားေကာင္းစြာ ဝင္ေရာက္ျခယ္လွယ္ခဲ့သည့္ အေမရိကန္၏ အင္ အားႀကီးနည္းပညာကုမၸဏီ Facebook သည္ ယေန႔အခ်ိန္တြင္ တစ္စတစ္စဆိုး႐ြားလာကာ ျမန္မာျပည္သူမ်ားအၾကား တစ္ဖက္သတ္အမုန္းတရားမ်ား တိုးပြားေစလိုသည့္ လုပ္ရပ္မ်ားကို အရွိန္အဟုန္ျဖင့္ ေဆာင္႐ြက္ေနဆဲျဖစ္သည္။

ျမန္မာ့ႏိုင္ငံေရးမတည္ၿငိမ္မႈတြင္ သတင္းမွား၊ သတင္းတုႏွင့္ ျပဳျပင္ထားသည့္လုပ္ႀကံသတင္းမ်ားကိုသာ ဦးစားေပးေဖာ္ျပျခင္း၊ report တင္ေသာ္လည္း ျဖဳတ္ခ်မႈမရွိျခင္း၊ လူသတ္ရန္လႈံ႕ေဆာ္အားေပးသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ား၊ ဗီဒီယိုမ်ား၊ ကာတြန္းမ်ား က်ယ္ျပန႔္စြာ ပ်ံ႕ႏွံ႔လ်က္ရွိကာ ႏိုင္ငံတည္ၿငိမ္ေအးခ်မ္းေရးအတြက္ မွ်တသည့္သ တင္းမ်ား၊ သတင္းသုံးသပ္ခ်က္မ်ား၊ အသိပညာမွ်ေဝမႈမ်ားကိုမူ တစ္ဖက္သတ္ျဖဳတ္ခ်လ်က္ရွိသည္မွာ အေတာ္ၾကာခဲ့ၿပီျဖစ္သည္။

NP News (Neo Politics) သတင္းဌာန၏ Facebook စာမ်က္ႏွာသည္ တစ္ႏွစ္အတြင္း ျမန္မာ-အဂၤလိပ္ ႏွစ္ဘာသာေဖာ္ျပမႈ စာမ်က္ႏွာေပါင္း ၇ ႀကိမ္ထက္မနည္း အႀကိမ္ ႀကိမ္ ျဖဳတ္ခ်ခံခဲ့ရၿပီးျဖစ္ကာ လြန္ခဲ့ေသာ ရက္ပိုင္းအတြင္းက ျဖစ္ေပၚခဲ့ေသာ အေျခ အေနမ်ားသည္ NP News ၏တည္ရွိမႈအေပၚ Facebook ၏ ရန္လိုမုန္းထားအၿငိဳးတႀကီးျဖင့္ လုပ္ေဆာင္လာေၾကာင္းကို သိသာေစခဲ့သည္။

အေၾကာင္းမွာ NP News ၏ Facebook စာမ်က္ႏွာတင္မကဘဲ NP News ၏ website link မ်ားကိုပါ ၎တို႔၏ ပလက္ေဖာင္းေပၚ အတင္မခံႏိုင္ေတာ့သည့္ အေျခအေနျဖစ္ခဲ့သည္။ NP News ၏ website link ကို share ထားမိသူမ်ားအားလုံးထံသို႔ Community Standard ျဖင့္ ၿငိေၾကာင္း သတိေပးကာ လင့္ခ္အား ျဖဳတ္ခ်မႈမ်ားျဖစ္ေပၚခဲ့သည္။ အမွန္စင္စစ္မွာ သတင္းလင့္ခ္ကိုသာ share ထားျခင္းျဖစ္ၿပီး မည္သည့္ လူမႈစံႏႈန္းခ်ိဳးေဖာက္မႈမေျမာက္ေၾကာင္း ထင္ရွားလွသည္။

အဘယ့္ေၾကာင့္ လြတ္လပ္စြာရပ္တည္ေနေသာ သတင္းဌာန၏ website link ကိုပင္ ကန႔္သတ္တားျမစ္ေနရပါသနည္း။ လြတ္လပ္စြာရပ္တည္ေနေသာ သတင္းဌာန၏ ေရး သားေဖာ္ျပမႈမ်ားကို မျပန႔္ပြားလိုျခင္း၊ သတင္းမွန္မ်ားကို တင္ဆက္ေပးျခင္းျဖင့္ ျပည္သူ လူထုအေနျဖင့္ ေျမျပင္သတင္းမွန္ကိုသိရွိကာ ဆုံးျဖတ္ခ်က္ႏွင့္ ေတြးေခၚမႈ မွန္ကန္၍ တိုင္းျပည္တည္ၿငိမ္ေအးခ်မ္းမႈ အျမန္ဆုံးျပန္လည္ရရွိေစရန္ ေဆာင္႐ြက္ေနျခင္းကို ရန္ လို မႏွစ္သက္ တိုက္ခိုက္ေနျခင္းမ်ားသည္ တိုင္းျပည္ပ်က္စီး၍ ျမန္မာျပည္ႏွင့္ ျမန္မာျပည္သူမ်ား မ်ိဳးသုဥ္းေပ်ာက္ကြယ္ေစရန္ လုပ္ေဆာင္ေနျခင္းပါေလာ။ ေျဖစရာမလိုသည့္ ေမးခြန္းမ်ားစြာရွိပါသည္။

၎တို႔ပိုင္သည့္ Social platform ေပၚမွ ၎တို႔ျဖဳတ္ခ်ျခင္းကို ေစာဒကတက္စရာမ ဟုတ္ေသာ္လည္း ယင္းေဆာင္႐ြက္ခ်က္သည္ Facebook ႏွင့္ အေမရိကန္က အၿမဲတ ေစ ေႂကြးေၾကာ္ေနသည့္ အမုန္းတရားမျပန႔္ပြားေရး၊ လူ႔အခြင့္အေရး၊ တန္းတူညီမွ်မႈရွိေရး၊ လြတ္လပ္စြာ ထုတ္ေဖာ္ေရးသား ေျပာဆိုခြင့္ဆိုသည့္ လစ္ဘရယ္သကာရည္စံႏႈန္းမ်ားကို ၎တို႔ကိုယ္တိုင္ မ်က္ႏွာေျပာင္စြာ ခ်ိဳးေဖာက္ေနေၾကာင္းပင္ျဖစ္သည္။

ယင္းခ်ိဳးေဖာက္မႈသည္လည္း အေမရိကန္ကုမၸဏီ၏ ၎တို႔ပိုင္သည့္ Social platform ေပၚ လုပ္ေဆာင္ျခင္းပင္ျဖစ္ေသာ္လည္း အက်ိဳးဆက္အားျဖင့္ ယင္း Social platform အား ႏွစ္ၿခိဳက္စြာသုံးစြဲေနၾကသည့္ ျမန္မာလူထုအၾကား ေသြးကြဲမႈ၊ အမုန္းတရား ျပန႔္ ပြားမႈ၊ ၿငိမ္းခ်မ္းေရး ပ်က္ျပားေစမႈ၏ အေၾကာင္းရင္းခံမ်ားထဲမွ တစ္ခ်က္ျဖစ္လာခဲ့သည္။

တစ္နည္းအားျဖင့္ဆိုရလွ်င္ Facebook ၏ ျမန္မာ့ႏိုင္ငံေရး မတည္ၿငိမ္မႈ၌ ထဲထဲဝင္ဝင္ ပါဝင္ပတ္သက္ေနျခင္းပင္ျဖစ္သည္။

လြန္ခဲ့ေသာ အစိုးရလက္ထက္မ်ားကတည္းက ၎တို႔၏ လူမႈကြန္ယက္ပလက္ေဖာင္း၌ ဗုဒၶဘာသာကို စိတ္ႀကိဳက္ေစာ္ကားခြင့္ျပဳထားျခင္း၊ ျမန္မာ့လူမႈစံႏႈန္းမ်ား၊ ဘာသာေရးတန္ဖိုးမ်ား၊ ယဥ္ေက်းမႈ ဓေလ့စ႐ိုက္မ်ားကို သပ္လွ်ိဳေသြးခြဲ၍ ဇာတိစိတ္ဓါတ္ပ်က္ျပားေစျခင္းတို႔ကို စနစ္တက် လုပ္ေဆာင္ေနျခင္းကို ျမန္မာျပည္သူမ်ားအေနျဖင့္ အသိ၊ သတိျဖင့္ သတိမူသင့္ၾကၿပီျဖစ္ပါသည္။

အေမရိကန္ကုမၸဏီ Facebook ၏ ယခုကဲ့သို႔ ရန္လိုေဆာင္႐ြက္ခ်က္ႏွင့္ ပတ္သက္၍ ယူေကႏိုင္ငံတြင္ လက္ရွိေနထိုင္လ်က္ရွိၿပီး IT က႑တြင္ တာဝန္ထမ္းေဆာင္ေနသူ ျမန္မာအမ်ိဳးသမီးျဖစ္သူက ဤကဲ့သို႔ သုံးသပ္ေျပာၾကားပါသည္။

“ဒါဟာ လူအုပ္စုနဲ႔ ေဆာင္႐ြက္တာျဖစ္တယ္။ လူအုပ္စုလိုက္ report ဝိုင္းထုျခင္း၊ သို႔မ ဟုတ္ NP News ၏ website link ကို Facebook ရဲ႕ AI သို႔မဟုတ္ Algorithm ထဲမွာ blacklist ျဖစ္သြားေအာင္ အတင္းဝိုင္းလုပ္ၾကတာျဖစ္ႏိုင္ပါတယ္။ ဒီအတြက္ သူတို႔ဘက္က လူ ၅ဝဝ၊ ၆ဝဝ ေလာက္ အသုံးျပဳဖြယ္ရွိပါတယ္။ ေနာက္ၿပီး Facebook Myanmar policy team က လူေတြကလည္း ပူးေပါင္းေဆာင္႐ြက္ၾကတာလို႔ ကြၽန္မယူဆပါတယ္။ ဒီလိုလုပ္ရပ္ဟာ နည္းပညာအသိုင္းအဝိုင္းမွာဆိုရင္ေတာ့ သူတို႔ခ်မွတ္ထားတဲ့ စံႏႈန္းေတြကို သူတို႔ကိုယ္တိုင္ ျပန္ၿပီးခ်ိဳးေဖာက္တာပါပဲ။ သတင္းလြတ္လပ္ခြင့္၊ လြတ္လပ္စြာ ထုတ္ေဖာ္ေရးသားခြင့္ေတြကို ရည္႐ြယ္ခ်က္ရွိရွိ ေစာ္ကားတာပဲျဖစ္ပါတယ္” လို႔ သုံးသပ္ေျပာၾကားပါသည္။

လြတ္လပ္သည့္ သတင္းဌာနမ်ားကို အုပ္စုဖြဲ႕ရန္လိုမႈမ်ား၌ အေမရိကန္ကုမၸဏီ Facebook ကိုယ္တိုင္ ပူးေပါင္းက်ဴးလြန္ေနသကဲ့သို႔ တဖက္တြင္လည္း သတင္းဌာနအမည္ခံ စာမ်က္ႏွာမ်ားက ေဖာ္ျပေသာ တန္ဖိုးနိမ့္သတင္းမ်ား၊ လူထုကို အေၾကာက္တရားႏွင့္ စိုးရိမ္မႈ၊ မလုံၿခဳံမႈမ်ားေအာက္ အတင္းသြပ္သြင္းကာ ႐ုတ္ရင္းၾကမ္းတမ္းမႈႏွင့္ သတ္ျဖတ္လိုစိတ္မ်ား ႏႈိးဆြေသာ သတင္းအမည္ခံ စာေပမ်ား၊ အၾကမ္းဖက္အားေပး သတင္းမ်ား၊ လူသတ္ဝါဒအားေပး ေဆာင္းပါးမ်ားကိုေတာ့ က်ယ္က်ယ္ျပန႔္ျပန႔္ ျဖန႔္ေဝေပးလ်က္ရွိသည္။

ကေလးမ်ားႏွင့္ ေထႀကီးဝါႀကီးဘုန္းႀကီးမ်ားကိုပင္ သတ္ျဖတ္ရန္ ေဆာ္ဩေသာ အထင္ ကရပုဂၢိဳလ္မ်ား၏ ဗီဒီယိုႏွင့္ ေရးသားေဖာ္ျပမႈမ်ားကိုလည္း ခြင့္ျပဳထားသည္။

၂ဝ၂၁ ခုႏွစ္အတြင္းကလည္း ျပည္တြင္းမီဒီယာတစ္ခုျဖစ္ေသာ People Media အားလည္း Facebook ပလက္ေဖာင္းေပၚမွ အၿပီးတိုင္ေပ်ာက္ကြယ္ေစရန္ လုပ္ေဆာင္ခဲ့ေသးသည္။

Picture

စိုင်း လွင်ဟိန်း

02/08/2022 20:41

တရုတ်လိုပိတ်လိုက်ပါ ပြည်တွင်းဖြစ် social media လုပ်နိုင်အောင် တွန်အားပေးပါ ....တရုတ်ကအကုန်ရှိတယ်

Picture

Thet Lwin

05/08/2022 03:55

မြန်မာကမလုပ်ရဲပါဘူး

Picture

Pyinnyar Nanda

02/08/2022 20:05

မြန်မာပြည်မှာ facebook ကို သုံးမရ​အောင် ဥပ​ဒေပြဋ္ဌာန်းသင့်ပြီ

Picture

san yuko

02/08/2022 18:58

မှန်တယ်ဗျာ ။ သတင်းလွတ်လပ်ခွင့်တဲ့ ။ ဘယ်မလဲဗျာ။ အမုန်းတရားပဲဖြန့်ဝေနေတယ်

Picture

Pho Htaung

02/08/2022 20:17

ဘယ်လိုပြန်ဆော်ရမလဲ

Related news

© 2021. All rights reserved.