ထိုင်းဘုရင်မွေးနေ့အထိမ်းအမှတ်အဖြစ် အကျဉ်းသားပေါင်း (၁)သိန်းကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေး

 1446

ဂျန်ဇက် (NP News) - ဩဂုတ် ၁၄
ထိုင်းနိုင်ငံမှာအကျဉ်းသားပေါင်း (၁)သိန်းကျော်ကို လွတ်ငြိမ်းချမ်းသာခွင့် နဲ့ ပြစ်ဒဏ်လျောပေါ့ခြင်းများကို ဩဂုတ်လ ၁၃ ရက်ကပြုလုပ်ပေးခဲ့ကြောင်းသိရပါတယ်။

ထိုင်းဘုရင်ရဲ့အသက် (၇ဝ)ပြည့်မွေးနေ့ နဲ့ ထိုင်းဘုရင့် မယ်တော်ရဲ့အသက် (၉ဝ) ပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ် နိုင်ငံတဝှမ်းရှိအကျဉ်းသားတွေကိုလွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တာဖြစ်ကြောင်း ထိုင်းသတင်းတွေမှာဖော်ပြထားပါတယ်။

ထိုင်းဘုရင်ဟာ အကျဉ်းသားတွေကို လူအဖွဲ့အစည်းအတွင်းကောင်းမွန်တဲ့ နိုင်ငံသားများအဖြစ် ပြန်ပါဝင်ခွင့်ရဖို့ ရည်ရွယ်ချက်နဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တာဖြစ်တယ်လို့ ထိုင်းဘုရင် တော်ဝင်နန်းတော်က သတင်းထုတ်ပြန်ထားပါတယ်။

ထိုင်း အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Ayuth Sintoppant က ထိုင်းဘုရင်ရဲ့လွတ်ငြိမ်းချမ်းသာခွင့်ပေးမယ့်အစီအစဉ်အရ အကျဉ်းသား ၁ဝ၃၆၁၃ ဦး အကျုံးဝင်ခံစားခွင့်ရမှာဖြစ်ကြောင်း ဆိုပါတယ်။ အကျဉ်းသား ၈ဝ၇၉၁ ဦးကိုတော့ ပြစ်ဒဏ်လျော့ပေါ့ပေးသွားမှာဖြစ်ကြောင်း၊ ထောင်သက်တမ်း အနည်းသာကျန်ရှိနေသူများအတွက်တော့ လွတ်ငြိမ်းသာချမ်းသာခွင့်ရမှာဖြစ်ကြောင်း သိရပါတယ်။ ထောင်စည်းကမ်းအတိုင်းကောင်းမွန်စွာနေထိုင်သူများဟာ ပြစ်ဒဏ်လျော့ပေါ့ပေးခံရတဲ့ စာရင်းထဲပါဝင်လာမှာဖြစ်ကြောင်း သိရပါတယ်။

ထိုင်းအစိုးရ ဆန်စပါးဝယ်ယူရေးအစီအစဉ်နဲ့ပတ်သက်ပြီး လာဘ်ပေးလာဘ်ယူမှုလုပ်ခဲ့တဲ့ ထိုင်းကုန်သွယ်ရေးဝန်ကြီးဟောင်း Boonsong Teriyapirom ဟာ လွတ်ငြိမ်းချမ်း သာခွင့်ပေးမယ့် စာရင်းထဲအကျုံးဝင်ခံစားရမှာဖြစ်တယ်လို့ ဆိုပါတယ်။ ထိုင်းဘုရင်ရဲ့လွတ်ငြိမ်းချမ်းသာခွင့်ပေးမယ့် အစီအစဉ်အရ သေဒဏ်ကျခံရသူများကို တစ်သက်တစ် ကျွန်းပြစ်ဒဏ်ကို ပြောင်းလဲပေးခဲ့ကြောင်းသိရပါတယ်။

https://www.nst.com.my/world/region/2022/08/821881/royal-pardons-conjunction-thai-kings-birthday

zawgyi version
ထိုင္းဘုရင္ေမြးေန႔အထိမ္းအမွတ္အျဖစ္ အက်ဥ္းသားေပါင္း (၁)သိန္းေက်ာ္ကို လြတ္ၿငိမ္းခ်မ္းသာခြင့္ေပး
ဂ်န္ဇက္ (NP News) - ဩဂုတ္ ၁၄

ထိုင္းႏိုင္ငံမွာအက်ဥ္းသားေပါင္း (၁)သိန္းေက်ာ္ကို လြတ္ၿငိမ္းခ်မ္းသာခြင့္ နဲ႔ ျပစ္ဒဏ္ေလ်ာေပါ့ျခင္းမ်ားကို ဩဂုတ္လ ၁၃ ရက္ကျပဳလုပ္ေပးခဲ့ေၾကာင္းသိရပါတယ္။

ထိုင္းဘုရင္ရဲ႕အသက္ (၇ဝ)ျပည့္ေမြးေန႔ နဲ႔ ထိုင္းဘုရင့္ မယ္ေတာ္ရဲ႕အသက္ (၉ဝ) ျပည့္ေမြးေန႔အထိမ္းအမွတ္အျဖစ္ ႏိုင္ငံတဝွမ္းရွိအက်ဥ္းသားေတြကိုလြတ္ၿငိမ္းခ်မ္းသာခြင့္ေပးခဲ့တာျဖစ္ေၾကာင္းထိုင္းသတင္းေတြမွာေဖာ္ျပထားပါတယ္။

ထိုင္းဘုရင္ ဟာအက်ဥ္းသားေတြကို လူအဖြဲ႕အစည္းအတြင္းေကာင္းမြန္တဲ့ ႏိုင္ငံသားမ်ားအျဖစ္ ျပန္ပါဝင္ခြင့္ရဖို႔ ရည္႐ြယ္ခ်က္နဲ႔ လြတ္ၿငိမ္းခ်မ္းသာခြင့္ေပးခဲ့တာျဖစ္တယ္လို႔ ထိုင္းဘုရင္ ေတာ္ဝင္နန္းေတာ္က သတင္းထုတ္ျပန္ထားပါတယ္။

ထိုင္းအက်ဥ္းဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ Ayuth Sintoppant က ထိုင္းဘုရင္ရဲ႕လြတ္ၿငိမ္းခ်မ္းသာခြင့္ေပးမယ့္အစီအစဥ္အရ အက်ဥ္းသား ၁ဝ၃၆၁၃ ဦး အက်ဳံးဝင္ခံစားခြင့္ရမွာျဖစ္ေၾကာင္း ဆိုပါတယ္။ အက်ဥ္းသား ၈ဝ၇၉၁ ဦးကိုေတာ့ ျပစ္ဒဏ္ေလ်ာ့ေပါ့ေပးသြားမွာျဖစ္ေၾကာင္း၊ ေထာင္သက္တမ္း အနည္းငယ္သာက်န္ရွိေနသူမ်ားအတြက္ေတာ့ လြတ္ၿငိမ္းသာခ်မ္းသာခြင့္ရမွာျဖစ္ေၾကာင္း သိရပါတယ္။ ေထာင္စည္းကမ္းအ တိုင္းေကာင္းမြန္စြာေနထိုင္သူမ်ားဟာ ျပစ္ဒဏ္ေလ်ာ့ေပါ့ေပးခံရတဲ့ စာရင္းထဲပါဝင္လာမွာျဖစ္ေၾကာင္း သိရပါတယ္။

ထိုင္းအစိုးရ ဆန္စပါးဝယ္ယူေရးအစီအစဥ္နဲ႔ပတ္သက္ၿပီး လာဘ္ေပးလာဘ္ယူမႈလုပ္ခဲ့တဲ့ ထိုင္းကုန္သြယ္ေရးဝန္ႀကီးေဟာင္း Boonsong Teriyapirom ဟာ လြတ္ၿငိမ္းခ်မ္း သာခြင့္ေပးမယ့္ စာရင္းထဲအက်ဳံးဝင္ခံစားရမွာျဖစ္တယ္လို႔ ဆိုပါတယ္။ ထိုင္းဘုရင္ရဲ႕လြတ္ၿငိမ္းခ်မ္းသာခြင့္ေပးမယ့္ အစီအစဥ္အရ ေသဒဏ္က်ခံရသူမ်ားကို တစ္သက္တစ္ ကြၽန္းျပစ္ဒဏ္ကို ေျပာင္းလဲေပးခဲ့ေၾကာင္းသိရပါတယ္။

https://www.nst.com.my/world/region/2022/08/821881/royal-pardons-conjunction-thai-kings-birthday

Picture

Ko Moe

14/08/2022 11:34

မတလ မြို့မှာတော့ ပီကယ် တွေ ငွေညစ်နေတယ်လို့ အတိအလင်းကြားနေရတယ်ဗျာ။လိုင်စင်စစ်တာမဟုတ်ဘူး ငွေ သီးသန့်တောင်းစားနေတာပါတဲ့ဗျာ

Related news

© 2021. All rights reserved.