(၁၈)လတာကာလအတွင်း သံဃာတော်များအပါအဝင် ပညာရေးနှင့်ကျန်းမာရေးဝန်ထမ်း စုစုပေါင်း (၁ဝ၈)ဦး သတ်ဖြတ်ခံထားရ

2532

ယွန်း (NP News) - သြဂုတ် ၁၄
မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလစ၍ သံဃာတော်များ အပါအဝင် သီလရှင်၊ ပညာရေးဝန်ထမ်းများ နှင့် ကျန်းမာရေးဝန်ထမ်းများ စုစုပေါင်း (၁ဝ၈)ဦးသည် အကြောင်းမဲ့ သတ်ဖြတ်ခံထားရကြောင်း နစက၏စာရင်းများအရ သိရသည်။
၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ရက်မှစ၍ ယခုနှစ်(၂ဝ၂၂) သြဂုတ်လ ၈ ရက်အထိ နိုင်ငံ ရေးအကြပ်အတည်းကာလအတွင်း၌ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရသူမှာ စုစုပေါင်း (၁ဝ၈) ဦးအထိရှိနေပြီဖြစ်ကြောင်း နစကမှ ထုတ်ပြန်သော သတင်းအချက်အလက်များအရ သိရသည်။
သြဂုတ်လ ၈ ရက်အထိ အကြောင်းမဲ့သတ်ဖြတ်ခံခဲ့ရသော သံဃာတော်အပါးရေမှာ(၅၂)ပါးဖြစ်ပြီး သီလရှင်(၁)ပါး အပါအဝင် သာသနာ့ဝန်ထမ်း (၅၃)ပါးအသတ်ခံခဲ့ရကာ အများဆုံး သတ်ဖြတ်ခံရခြင်းမှာ စစ်ကိုင်းတိုင်းမှဖြစ်သည်။
“အပြစ်မဲ့ပြည်သူလူထုတွေကို နှစ်ဖက်စလုံးက ဘက်ပေါင်းစုံကနေ သတ်ဖြတ်နေကြတယ်။ လူသားမဆန်တဲ့ကိစ္စတွေ။ အဲ့တော့ ဖြစ်တဲ့ဖြစ်စဉ်တွေက ပထမပိုင်းမှာ တပ်မ တော်ဘက်က တော်တော်ဆိုးဆိုးဝါးဝါးဖြစ်ထားတယ်။ ဒုတိယပိုင်းမှာတော့ တပ်မတော်ကို မကျေနပ်လို့တော်လှန်ကြရင်းနဲ့ တော်လှန်ရေးသမားတွေက ငါနှင့်မတူငါရန်သူဆိုပြီးမှသတ်တာတော့ ဘုန်းကြီးတွေပါအပါ အပါး ၄ဝ ကျော်၊ ၅ဝ လောက်ရှိပြီ။ အဲ့တော့ ဒါတွေကိုဘယ်သူကမှ မပြောရဲကြဘူး” ဟု စစ်ကိုင်းမြို့ IBEC ဆရာတော်ဒေါက်တာအရှင်သောဘိတက မိန့်ကြားသည်။
အလားတူ ပညာရေးဝန်ထမ်းများလည်း အပြစ်မဲ့ သတ်ဖြတ်ခံနေရပြီး အမျိုးသား (၂၅)ဦးနှင့် အမျိုးသမီး (၂ဝ)ဦးအပါအဝင် ဆရာ/ဆရာမ (၄၅)ဦး အသတ်ပေးခဲ့ရပြီး လက်ရှိ အချိန်ထိလည်း စာဖြင့်ရော လူကိုယ်တိုင်ပါ ခြိမ်းခြောက်ခံနေရမှုများရှိကြောင်း သိရသည်။
ထို့အတူ ကျန်းမာရေးဝန်ထမ်း (၁ဝ)ဦးသည်လည်း အကြမ်းဖက်အဖွဲ့များကြောင့် သေ ဆုံးခဲ့ရပြီး အမျိုးသား(၃)ဦး၊ အမျိုးသမီး(၇)ဦးဖြစ်ကြောင်း စာရင်းအရသိရသည်။
လက်ရှိမြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော သေဆုံးမှုများမှာ စစ်ကိုင်းတိုင်းတွင် အများဆုံးဖြစ်ပွားနေပြီး ယခုအချိန်ထိလည်း သေဆုံးမှုများ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်းသိရသည်။
သတ်ဖြတ်မှုများနှင့် ပတ်သက်၍ IBEC ဆရာတော်မှ အကြမ်းဖက်လက်နက်ကိုင် အဖွဲ့များအား “ တစ်အူတုန်ဆင်းတို့မောင်နှမအရင်းတွေ လူသတ်ဝါဒတွေကို စွန့်လွှတ်ပြီးတော့ ကိုယ်လိုချင်တဲ့ဟာတွေကို အချင်းချင်းညှိပြီးတော့မှ ဖက်ဒရယ်နိုင်ငံတော်ကိုသွားဖို့အတွက် တိုက်တွန်းချင်တယ်” ဟု အကြံပေးပြောဆိုထားသည်။

zawgyi version
(၁၈)လတာကာလအတြင္း သံဃာေတာ္မ်ားအပါအဝင္ ပညာေရးႏွင့္က်န္းမာေရးဝန္ထမ္း စုစုေပါင္း (၁ဝ၈)ဦး သတ္ျဖတ္ခံထားရ
ယြန္း (NP News) - ၾသဂုတ္ ၁၄
ျမန္မာႏိုင္ငံတြင္ ေဖေဖာ္ဝါရီလစ၍ သံဃာေတာ္မ်ား အပါအဝင္ သီလရွင္၊ ပညာေရးဝန္ထမ္းမ်ား ႏွင့္ က်န္းမာေရးဝန္ထမ္းမ်ား စုစုေပါင္း (၁ဝ၈)ဦးသည္ အေၾကာင္းမဲ့ သတ္ျဖတ္ခံထားရေၾကာင္း နစက၏စာရင္းမ်ားအရ သိရသည္။
၂ဝ၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလ ၁ရက္မွစ၍ ယခုႏွစ္(၂ဝ၂၂) ၾသဂုတ္လ ၈ ရက္အထိ ႏိုင္ငံ ေရးအၾကပ္အတည္းကာလအတြင္း၌ အၾကမ္းဖက္သတ္ျဖတ္ခံခဲ့ရသူမွာ စုစုေပါင္း (၁ဝ၈) ဦးအထိရွိေနၿပီျဖစ္ေၾကာင္း နစကမွ ထုတ္ျပန္ေသာ သတင္းအခ်က္အလက္မ်ားအရ သိရသည္။
ၾသဂုတ္လ ၈ ရက္အထိ အေၾကာင္းမဲ့သတ္ျဖတ္ခံခဲ့ရေသာ သံဃာေတာ္အပါးေရမွာ(၅၂)ပါးျဖစ္ၿပီး သီလရွင္(၁)ပါး အပါအဝင္ သာသနာ့ဝန္ထမ္း (၅၃)ပါးအသတ္ခံခဲ့ရကာ အမ်ားဆုံး သတ္ျဖတ္ခံရျခင္းမွာ စစ္ကိုင္းတိုင္းမွျဖစ္သည္။
“အျပစ္မဲ့ျပည္သူလူထုေတြကို ႏွစ္ဖက္စလုံးက ဘက္ေပါင္းစုံကေန သတ္ျဖတ္ေနၾကတယ္။ လူသားမဆန္တဲ့ကိစၥေတြ။ အဲ့ေတာ့ ျဖစ္တဲ့ျဖစ္စဥ္ေတြက ပထမပိုင္းမွာ တပ္မ ေတာ္ဘက္က ေတာ္ေတာ္ဆိုးဆိုးဝါးဝါးျဖစ္ထားတယ္။ ဒုတိယပိုင္းမွာေတာ့ တပ္မေတာ္ကို မေက်နပ္လို႔ေတာ္လွန္ၾကရင္းနဲ႔ ေတာ္လွန္ေရးသမားေတြက ငါႏွင့္မတူငါရန္သူဆိုၿပီးမွသတ္တာေတာ့ ဘုန္းႀကီးေတြပါအပါ အပါး ၄ဝ ေက်ာ္၊ ၅ဝ ေလာက္ရွိၿပီ။ အဲ့ေတာ့ ဒါေတြကိုဘယ္သူကမွ မေျပာရဲၾကဘူး” ဟု စစ္ကိုင္းၿမိဳ႕ IBEC ဆရာေတာ္ေဒါက္တာအရွင္ေသာဘိတက မိန႔္ၾကားသည္။
အလားတူ ပညာေရးဝန္ထမ္းမ်ားလည္း အျပစ္မဲ့ သတ္ျဖတ္ခံေနရၿပီး အမ်ိဳးသား (၂၅)ဦးႏွင့္ အမ်ိဳးသမီး (၂ဝ)ဦးအပါအဝင္ ဆရာ/ဆရာမ (၄၅)ဦး အသတ္ေပးခဲ့ရၿပီး လက္ရွိ အခ်ိန္ထိလည္း စာျဖင့္ေရာ လူကိုယ္တိုင္ပါ ၿခိမ္းေျခာက္ခံေနရမႈမ်ားရွိေၾကာင္း သိရသည္။
ထို႔အတူ က်န္းမာေရးဝန္ထမ္း (၁ဝ)ဦးသည္လည္း အၾကမ္းဖက္အဖြဲ႕မ်ားေၾကာင့္ ေသ ဆုံးခဲ့ရၿပီး အမ်ိဳးသား(၃)ဦး၊ အမ်ိဳးသမီး(၇)ဦးျဖစ္ေၾကာင္း စာရင္းအရသိရသည္။
လက္ရွိျမန္မာႏိုင္ငံတြင္ ျဖစ္ေပၚေနေသာ ေသဆုံးမႈမ်ားမွာ စစ္ကိုင္းတိုင္းတြင္ အမ်ားဆုံးျဖစ္ပြားေနၿပီး ယခုအခ်ိန္ထိလည္း ေသဆုံးမႈမ်ား ဆက္လက္ျဖစ္ပြားလ်က္ရွိေၾကာင္းသိရသည္။
သတ္ျဖတ္မႈမ်ားႏွင့္ ပတ္သက္၍ IBEC ဆရာေတာ္မွ အၾကမ္းဖက္လက္နက္ကိုင္ အဖြဲ႕မ်ားအား “ တစ္အူတုန္ဆင္းတို႔ေမာင္ႏွမအရင္းေတြ လူသတ္ဝါဒေတြကို စြန႔္လႊတ္ၿပီးေတာ့ ကိုယ္လိုခ်င္တဲ့ဟာေတြကို အခ်င္းခ်င္းညႇိၿပီးေတာ့မွ ဖက္ဒရယ္ႏိုင္ငံေတာ္ကိုသြားဖို႔အတြက္ တိုက္တြန္းခ်င္တယ္” ဟု အႀကံေပးေျပာဆိုထားသည္။