ရန်ကုန်တွင် သောင်းနှင့်ချီရောက်ရှိနေသော ခူမီးတိုင်းရင်းသားများအတွက် အဝေးရောက်မဲပုံးပြုလုပ်ပေးရန် UEC ကို တင်ပြမည်

 254

Pearl (NP News)ဩဂုတ်၁၄
ရန်ကုန်တွင် သောင်းနှင့်ချီရောက်ရှိနေသော ခူမီးတိုင်းရင်းသားများအတွက် အဝေးရောက်မဲပုံးပြုလုပ်ပေးရန် UEC ကို တင်ပြမည်ဖြစ်ကြောင်း ခူမီးအမျိုးသားပါတီမှ တာဝန်ရှိသူ ဦး‌အောင်ဘ၏ ပြောကြားချက်အရ သိရသည်။
လက်ရှိတွင် ပလက်ဝမြို့နယ်ရှိ ခူမီးတိုင်းရင်းသားများအနေဖြင့် နေရပ်စွန့်ခွာစစ်ဘေးရှောင်နေရကာ လူဦးရေ (၂)သောင်းခန့်သည် ရန်ကုန်တိုင်းဒေသကြီးသို့ ရောက်ရှိနေကြောင်း ၎င်းက ဆိုသည်။
“ပလက်ဝကိုလည်း AA က သိမ်းထားပြီး ဖြစ်တယ်။ ကန်ပက်လက် ၊ မင်းတပ်ကိုလည်း CB က သိမ်းထားတယ်။ ဆိုတဲ့အခါကျတော့ ကျွန်တော်တို့က ရုံးက ပလက်ဝရော ဆိုတော့ ဆိုင်းဘုတ်တွေ မထောင်ပါနဲ့ဆိုတော့ ဖြုတ်ထားရတယ်။ ဆိုတဲ့အခါကျတော့ အခု လောလောဆယ် ရန်ကုန်မှာ ပလက်ဝမြို့နယ်က ခူမီးအမျိုးသားပါတီရော တခြားရောရန်ကုန်ကို ရောက်နေကြတယ်။ လူဦးရေ (၂‌)သောင်းလောက်ရှိတယ်။ ရွေးကောက်ပွဲ လုပ်မယ်ဆို မဲပုံးက ဘယ်မှာထောင်ရမလဲ။ ပုံမှန်က မဲပုံးထောင်မယ်ဆို အခြေအနေက သိပ်မပေးဘူး။ ရန်ကုန်မှာ အဝေးရောက်ဆိုတာမျိုး လုပ်ရင် ရနိုင်မလားပေါ့နော်” ဟု ၎င်း က ပြောသည်။
AA က ပလက်ဝမြို့ပေါ်၌ နိုင်ငံရေးပါတီရုံးခန်းများကို ဖွင့်ခွင့်ပြုထားပြီး ပါတီဆိုင်းဘုတ်ထောင်ခွင့်ကို ကန့်သတ်ထား ကြောင်း သိရသည်။
“ အဲဒီတော့ ရန်ကုန်မှာ မဲပုံ‌ထောင်လို့ရမလားပေါ့။ UEC ကိုတော့ မပြောရသေးဘူး။ ပြောဖို့ရှိတယ်” ဟု ဦး‌အောင်ဘက NP News သို့ပြောသည်။
ခူမီးတိုင်းရင်းသားများရှိရာ မြို့နယ်များတွင် အဝေးရောက်မဲပုံးထောင်နိုင်ရေးအတွက် ခူမီးအမျိုးသားပါတီအနေဖြင့် UEC သို့ တင်ပြရန်အတွက် ဆောင်ရွက်နေကြောင်းလည်း ၎င်းက ဆိုသည်။

Zawgyi Version:
ရန္ကုန္တြင္ ေသာင္းႏွင့္ခ်ီေရာက္ရွိေနေသာ ခူမီးတိုင္းရင္းသားမ်ားအတြက္ အေဝးေရာက္မဲပုံးျပဳလုပ္ေပးရန္ UEC ကို တင္ျပမည္
Pearl (NP News)ဩဂုတ္၁၄
ရန္ကုန္တြင္ ေသာင္းႏွင့္ခ်ီေရာက္ရွိေနေသာ ခူမီးတိုင္းရင္းသားမ်ားအတြက္ အေဝးေရာက္မဲပုံးျပဳလုပ္ေပးရန္ UEC ကို တင္ျပမည္ျဖစ္ေၾကာင္း ခူမီးအမ်ိဳးသားပါတီမွ တာဝန္ရွိသူ ဦး‌ေအာင္ဘ၏ ေျပာၾကားခ်က္အရ သိရသည္။
လက္ရွိတြင္ ပလက္ဝၿမိဳ႕နယ္ရွိ ခူမီးတိုင္းရင္းသားမ်ားအေနျဖင့္ ေနရပ္စြန႔္ခြာစစ္ေဘးေရွာင္ေနရကာ လူဦးေရ (၂)ေသာင္းခန႔္သည္ ရန္ကုန္တိုင္းေဒသႀကီးသို႔ ေရာက္ရွိေနေၾကာင္း ၎က ဆိုသည္။
“ပလက္ဝကိုလည္း AA က သိမ္းထားၿပီး ျဖစ္တယ္။ ကန္ပက္လက္ ၊ မင္းတပ္ကိုလည္း CB က သိမ္းထားတယ္။ ဆိုတဲ့အခါက်ေတာ့ ကြၽန္ေတာ္တို႔က ႐ုံးက ပလက္ဝေရာ ဆိုေတာ့ ဆိုင္းဘုတ္ေတြ မေထာင္ပါနဲ႔ဆိုေတာ့ ျဖဳတ္ထားရတယ္။ ဆိုတဲ့အခါက်ေတာ့ အခု ေလာေလာဆယ္ ရန္ကုန္မွာ ပလက္ဝၿမိဳ႕နယ္က ခူမီးအမ်ိဳးသားပါတီေရာ တျခားေရာရန္ကုန္ကို ေရာက္ေနၾကတယ္။ လူဦးေရ (၂‌)ေသာင္းေလာက္ရွိတယ္။ ေ႐ြးေကာက္ပြဲ လုပ္မယ္ဆို မဲပုံးက ဘယ္မွာေထာင္ရမလဲ။ ပုံမွန္က မဲပုံးေထာင္မယ္ဆို အေျခအေနက သိပ္မေပးဘူး။ ရန္ကုန္မွာ အေဝးေရာက္ဆိုတာမ်ိဳး လုပ္ရင္ ရႏိုင္မလားေပါ့ေနာ္” ဟု ၎ က ေျပာသည္။
AA က ပလက္ဝၿမိဳ႕ေပၚ၌ ႏိုင္ငံေရးပါတီ႐ုံးခန္းမ်ားကို ဖြင့္ခြင့္ျပဳထားၿပီး ပါတီဆိုင္းဘုတ္ေထာင္ခြင့္ကို ကန႔္သတ္ထား ေၾကာင္း သိရသည္။
“ အဲဒီေတာ့ ရန္ကုန္မွာ မဲပုံ‌ေထာင္လို႔ရမလားေပါ့။ UEC ကိုေတာ့ မေျပာရေသးဘူး။ ေျပာဖို႔ရွိတယ္” ဟု ဦး‌ေအာင္ဘက NP News သို႔ေျပာသည္။
ခူမီးတိုင္းရင္းသားမ်ားရွိရာ ၿမိဳ႕နယ္မ်ားတြင္ အေဝးေရာက္မဲပုံးေထာင္ႏိုင္ေရးအတြက္ ခူမီးအမ်ိဳးသားပါတီအေနျဖင့္ UEC သို႔ တင္ျပရန္အတြက္ ေဆာင္႐ြက္ေနေၾကာင္းလည္း ၎က ဆိုသည္။

Related news

© 2021. All rights reserved.