ပြည်သူတွေကို နိုင်စေချင်တဲ့ ရွေးကောက်ပွဲ

200

ဖြိုးဝေလင်း(ပုသိမ်) (NP News)
ကမ္ဘာပေါ်တွင် ကုလသမဂ္ဂမှအသိအမှတ်ပြုထားသည့်နိုင်ငံပေါင်း (၁၉၅) နိုင်ငံရှိပြီး ၎င်းတို့ထဲတွင် ဒီမိုကရေစီစနစ်ကို အပြည့်အဝဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းဖြစ်စေ ကျင့်သုံးနေသည့်နိုင်ငံပေါင်း (၁၆၇) နိုင်ငံ ရှိသည်။ ထို့ကြောင့် ကမ္ဘာပေါ်တွင် တစ်နှစ်လျှင် ပျမ်းမျှအားဖြင့် အထွေထွေရွေးကောက်ပွဲပေါင်း (၆၀) ခန့် ကျင်းပလျက်ရှိသည်။ ရွေးကောက်ပွဲများကျင်းပရခြင်း၏အဓိကရည်ရွယ်ချက်မှာ ပြည်သူတို့၏ဆန္ဒ၊ ပြည် သူတို့၏အခက်အခဲများကို အစိုးရယန္တရားအတွင်းသို့ဝင်ရောက်၍ဖြေရှင်းပေးမည့် ပြည်သူ့ကိုယ်စားလှယ် များကို ရွေးကောက်တင်မြှောက်ရန်ဖြစ်သည်။ သို့ရာတွင် အနိုင်ရပြည်သူ့ကိုယ်စားလှယ်များ သည် ရွေး ကောက်ပွဲ၏ ရည်ရွယ်ရင်းဖြစ်သော ပြည်သူတို့၏အကျိုးစီးပွားကိုမဆောင်ရွက်ဘဲ မိမိတို့၏အကျိုးစီးပွား၊ မိမိပါတီ၏အကျိုးစီးပွားများကိုသာရှေးရှုဆောင်ရွက်သောကြောင့် ပြည်သူတို့မှာ မိမိတို့ရွေးကောက် လိုက် သောအစိုးရ၊ ပါတီနှင့် ကိုယ်စားလှယ်များကို ပြန်လည်ဆန္ဒပြရသည့်ဖြစ်စဉ်များ၊ ရွေးကောက်ပွဲများအပေါ် အယုံအကြည်ကင်းမဲ့မှုများဖြစ်ပေါ်နေခြင်းကို ကမ္ဘာ့သတင်းစာမျက်နှာများတွင် နိစ္စဓူဝ မြင်တွေ့နေရ သည်။ တစ်နည်းအားဖြင့်ဆိုရသော် ရွေးကောက်ပွဲများတွင် အစိုးရ၊ ပါတီနှင့်နိုင်ငံရေးသမားများ အနိုင်ရ သော်လည်း ပြည်သူတို့မှာ ရှုံးမြဲရှုံးဆဲဖြစ်သည်။
မြန်မာနိုင်ငံတွင်လည်း (၁၉၂၂) ခုနှစ်၊ (၁၉၂၅) ခုနှစ်၊ (၁၉၂၈) ခုနှစ်၊ (၁၉၃၂) ခုနှစ်၊ (၁၉၃၆) ခုနှစ်၊ (၁၉၄၇) ခုနှစ်၊ (၁၉၅၁) ခုနှစ်၊ (၁၉၅၆) ခုနှစ်၊ (၁၉၆၀) ပြည့်နှစ်၊ (၁၉၇၄) ခုနှစ်၊ (၁၉၇၈) ခုနှစ်၊ (၁၉၈၁) ခုနှစ်၊ (၁၉၈၅) ခုနှစ်၊ (၁၉၉၀) ခုနှစ်၊ (၂၀၁၀) ပြည့်နှစ်၊ (၂၀၁၅) ခုနှစ်နှင့် (၂၀၂၀) ပြည့်နှစ် စသည့် နှစ်များ တွင် အထွေထွေရွေးကောက်ပွဲများ ကျင်းပခဲ့ပါသော်လည်း ပြည်သူလူထု၏ဆန္ဒရင်းဖြစ်သော တည်ငြိမ် အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံတော်အဖြစ်သို့ ကူးပြောင်းနိုင်သေးခြင်းမရှိပေ။ ထိုအစား ကိုယ်ကျိုး ရှာနိုင်ငံရေးသမားများ၊ အာဏာအလွဲသုံးစားပြုလုပ်ကြသူများနှင့် အကြိမ်ကြိမ်ဆုံတွေ့ခဲ့ရသဖြင့် ခေတ်အ ဆက်ဆက် မြန်မာပြည်သူလူထုမှာ အခြားနိုင်ငံသားများထက်ပို၍အရှုံးကြီးရှုံးနေရသည်ဟုပင် တင်စား ချင်ပါသည်။ (၂၀၂၀) ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် အာဏာရအစိုးရနှင့် အာဏာရပါတီ NLD တို့မှပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲမသမာမှုများကြောင့် နိုင်ငံတော်နှင့် ပြည်သူလူထုတို့အတွက် များစွာ ထိခိုက် နစ်နာခဲ့သဖြင့် နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀- ဝ၈)နှင့်အညီ နိုင်ငံတော်အာဏာကို တပ်မတော်အား လွှဲအပ်ခဲ့သည်။ တပ်မတော်သည် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီကိုဖွဲ့စည်းခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ပြင်ဆင်ဖွဲ့စည်းလိုက်သော ရွေးကောက်ပွဲကော်မရှင်သည် အထွေထွေရွေးကောက်ပွဲကို (၂၀၂၅) ခုနှစ် ဒီဇင်ဘာလတွင် ပြန်လည် ကျင်းပပေးမည်ဟု ကြေညာလိုက်ခြင်းကြောင့် ပြည်သူမှရွေးကောက်တင်မြှောက်သည့် အစိုးရတစ်ရပ် ပြန်လည်ပေါ်ထွန်းလာရန် ရောင်ခြည်သန်းနေပြီဖြစ်သည်။ သို့ရာတွင် ကျင်းပပြီးစီးခဲ့သော ရွေးကောက်ပွဲ များကဲ့သို့ ပြည်သူများအား အရှုံးများနှင့်ထပ်မံ၍ မကြုံတွေ့စေလိုပါ။ ထို့ကြောင့်ရွေးကောက်ပွဲ ကျင်းပရာ တွင် ပါဝင်ဆောင်ရွက်ကြရမည့် အစိုးရ၊ ရွေးကောက်ပွဲကော်မရှင်၊ နိုင်ငံရေးပါတီများ၊ နိုင်ငံရေးသမားများ နှင့် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မကြာမီ ကျင်းပတော့မည့်ရွေးကောက်ပွဲကို ပြည်သူ အနိုင်ရသည့် ရွေး ကောက်ပွဲအဖြစ် အောင်မြင်စွာကျင်းပနိုင်ရေးသက်ဆိုင်ရာ ကဏ္ဍအသီးသီးတွင် အစွမ်းကုန်ကြိုးပမ်း အား ထုတ်၍ ပူးပေါင်းဆောင်ရွက်ရပါမည်။
နိုင်ငံတော်အစိုးရ
(၂၀၂၅) ခုနှစ် အထွေထွေရွေးကောက်ပွဲသည် ယခင်ကာလများ၌ ကျင်းပခဲ့သော ရွေးကောက်ပွဲ များနှင့်မတူဘဲ ဦးဆောင်ကျင်းပရမည့် အစိုးရ အတွက် များစွာသောစိန်ခေါ်မှုများ ရှိပါသည်။
အဓိကအားဖြင့် -
(က) လုံခြုံရေးဆိုင်ရာစိန်ခေါ်မှု
(ခ) ရွေးကောက်ပွဲအပေါ်ယုံကြည်မှုဆိုင်ရာ စိန်ခေါ်မှု
(ဂ) ပြည်သူလူထု၏ နိုင်ငံရေးမျှော်လင့်ချက်ဆိုင်ရာစိန်ခေါ်မှုတို့ဖြစ်သည်။
(၂၀၂၁) ခုနှစ်တွင် တပ်မတော်မှ နိုင်ငံ တော်အာဏာကို ထိန်းသိမ်းလိုက်သောကြောင့် အာဏာ လက်မဲ့ဖြစ်သွားသော အစိုးရအဖွဲ့ဝင်ဟောင်းများ၊ အကြမ်းဖက်လမ်းစဉ်ကို ရွေးချယ်သွားကြသော NLD ပါတီဝင်များ၊ အုပ်ချုပ်မှုနယ်မြေနှင့် နိုင်ငံတော်အာဏာကို အကြမ်းဖက်လက်နက်ကိုင်နည်းလမ်း ဖြင့်ရယူ လိုသည့် တိုင်းရင်းသားလက်နက်ကိုင်များ၊ ဘက်လိုက်မှုမကင်းသည့် ပြည်ပနိုင်ငံများနှင့် အဖွဲ့အစည်းများ တို့သည် ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိအောင် နည်းလမ်းအမျိုးမျိုးအသုံးပြု၍ ဟန့်တားနှောင့်ယှက် လျက်ရှိပါသည်။ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့များဖြစ်သည့် NUG ၊ CRPH ၊ LPDF ၊ PDF နှင့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ပေါင်း (၅၀ဝ) ကျော်၊ (၆၀ဝ) ခန့်အထိရှိနေသည့်အခြေအနေတွင် အထွေထွေ ရွေး ကောက်ပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျင်းပရန်အခက်အခဲများရှိသဖြင့် အထွေထွေရွေးကောက် ပွဲကို (၂၀၂၅) ခုနှစ် ဒီဇင်ဘာလတတိယပတ်မှ (၂၀၂၆) ခုနှစ် ဇန်နဝါရီလ ဒုတိယပတ်အထိ ကြားကာလ အတွင်း အပိုင်းများခွဲ၍ ကျင်းပသွားဖြစ်ကြောင်းသိရပါသည်။ (၂၀၂၅) ခုနှစ် ဇွန်လ (၇) ရက်တွင် ပြည် ထောင်စုရွေးကောက်ပွဲ ကော်မရှင်က မြို့နယ်ပေါင်း (၂၆၇) မြို့နယ်တွင် ရွေးကောက်ပွဲကျင်းပရန် လျာ ထားကြောင်း ပြောကြားခဲ့ပါသည်။ မြန်မာနိုင်ငံတွင် မြို့နယ်ပေါင်း (၃၃၀) ရှိရာ (၂၀၁၀) ပြည့်နှစ်တွင် ကျင်းပခဲ့သည့် အထွေထွေ ရွေးကောက်ပွဲတွင် (၃၂၅) မြို့နယ်၊ (၂၀၁၅) ခုနှစ်တွင် (၃၂၃) မြို့နယ်နှင့် (၂၀၂၀) ပြည့်နှစ်တွင် (၃၁၅) မြို့နယ်တို့တွင် ကျင်းပနိုင်ခဲ့ပါသည်။ လက်ရှိတွင် မြို့နယ် (၈၀) ခန့်သည် အကြမ်း ဖက်လက်နက်ကိုင်အဖွဲ့များ၏ နှောင့်ယှက်ဖျက်ဆီးမှုဒဏ်ကို ခံနေရပြီး အစိုးရ၏အုပ်ချုပ်ရေးယန္တရားနှင့် နယ်မြေစိုးမိုးမှုများ ပျက်ပြားနေပါသည်။ ထိုမြို့နယ်များထဲမှ ကချင်ပြည်နယ်တွင် (၅) မြို့နယ် (အင်ဂျန် ယန်၊ ဆွမ်ပရာဘွမ်၊ ချီဖွေ၊ ဆော့လော်၊ မိုးမောက်)၊ ကယား ပြည်နယ်တွင် (၂) မြို့နယ် (မယ်စဲ့၊ ရှားတော) ကရင် ပြည်နယ်တွင် (၁) မြို့နယ် (ဖာပွန်)၊ ချင်းပြည်နယ် (၇) မြို့နယ် (ဖလမ်း၊ ထန်တလန်၊ ပလက်ဝ၊ တွန်းဇံ၊ မတူပီ၊ မင်းတပ်၊ ကန်ပက်လက်) မန္တလေးတိုင်းတွင် (၂) မြို့နယ် (စဉ့်ကူး၊ မိုးကုတ်)၊ ပဲခူးတိုင်းတွင် (၁) မြို့နယ် (မုန်း)၊ စစ်ကိုင်းတိုင်းတွင် (၁၀) မြို့နယ်(ပုလဲ၊ အင်းတော်၊ ထီးချို့၊ ကောလင်း၊ တန့်ဆည်၊ ရွှေဘို၊ ခင်ဦး၊ ကျွန်းလှ၊ ယင်းမာပင်၊ ဒီပဲယင်း)၊ ရခိုင်ပြည်နယ်တွင် စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင် မြို့ နယ်တို့သာ ကျန်ရှိပြီး ကျန် (၁၄) မြို့နယ်၊ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် (၁၆) မြို့နယ်တို့ကို အကြမ်းဖက် လက်နက်ကိုင်များကထိန်းချုပ်ထားပြီး စုစုပေါင်း (၅၈) မြို့နယ်အထိ ရှိနေပါသည်။ အချို့မြို့နယ်များတွင် တပ်မတော်မှ မြို့များတွင်ထိန်းချုပ်ထားပြီး ကျေးရွာ များတွင် အကြမ်းဖက်လက်နက်ကိုင်များမှ ထိန်းချုပ် ထားသည့်အခြေအနေများလည်းရှိနေပါသည်။ (၂၀၂၅) ခုနှစ် ဇူလိုင်လ (၃၁) ရက်တွင် မြို့နယ်ပေါင်း (၆၃) မြို့နယ်ကို အရေးပေါ်အခြေအနေကြေညာပြီး စစ်အုပ်ချုပ်ရေးအာဏာ ထုတ်ပြန်ထားသည်။ ထို့ ကြောင့် မြန်မာနိုင်ငံ၏ မြို့နယ်ပေါင်း (၃၃၀) မှ စစ် အုပ်ချုပ်ရေးကြေညာထားသော မြို့နယ်ပေါင်း (၆၃) မြို့နယ်ကို နုတ်လျှင် ရွေးကောက်ပွဲကော်မရှင် ကြေ ညာထားသည့်အတိုင်း (၂၆၇) မြို့နယ်ကို (၂၀၂၅) ခုနှစ် ဒီဇင်ဘာ လနှင့် (၂၀၂၆) ခုနှစ် ဇန်နဝါရီလ အတွင်း ကျင်းပမည့်ရွေးကောက်ပွဲတွင် အပိုင်းလိုက် ခွဲ၍ ကျင်းပနိုင်ပြီး ကျန် (၆၃) မြို့နယ်ကို နယ်မြေ တည်ငြိမ်အေးချမ်းမှုအပေါ်မူတည်၍ အချိန်ခွဲခြား ကျင်းပသွားနိုင်ပါသည်။
(၂၀၂၀) ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲ မသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ် ဆေးတွေ့ရှိချက်များကိုဖော်ပြထားသည့် အင်တာ နက်စာမျက်နှာ တွင် (၂၀၂၀) ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ၌ တစ်နိုင်ငံလုံးတွင် မဲရုံစုစုပေါင်း (၃၉၉၆၃)ရုံ ရှိသည်ဟု ဖော်ပြထားပြီး ထိုစဉ်က အာဏာရပါတီထုတ်ပြန်သည့် မဲရုံစာရင်းမှာ (၄) သောင်း (၃) ထောင်ကျော် ရှိသည်ကို တွေ့ရပါသည်။ ၎င်းတို့မှာ-
(၁) ကချင်ပြည်နယ်(၈၉၀ ရုံ)
(၂) ကယားပြည်နယ် (၂၃၃ ရုံ)
(၃) ကရင်ပြည်နယ်(၈၅၂ ရုံ)
(၄) ချင်းပြည်နယ် (၉၅၇ ရုံ)
(၅) စစ်ကိုင်းတိုင်း (၄၁၀၂ ရုံ)
(၆) တနင်္သာရီတိုင်း (၅၇၃၉ ရုံ)
(၇) ပဲခူးတိုင်း (၄၁၄၅ ရုံ)
(၈) မကွေးတိုင်း (၄၅၄၈ ရုံ)
(၉) မန္တလေးတိုင်း (၅၄၄၆ ရုံ)
(၁၀) မွန်ပြည်နယ် (၉၅၈ ရုံ)
(၁၁) ရခိုင်ပြည်နယ် (၇၅၅ ရုံ)
(၁၂) ရှမ်းပြည်နယ် (၃၆၇၅ ရုံ)
(၁၃) ဧရာဝတီတိုင်း (၅၇၄၁ ရုံ)
(၁၄) ရန်ကုန်တိုင်း (၅၇၀ဝ ရုံ) ထားရှိခဲ့သည်ကို တွေ့ရပါသည်။
ထို့ကြောင့် (၂၀၂၅) ခုနှစ် အထွေထွေရွေး ကောက်ပွဲတွင်လည်း ပျမ်းမျှအားဖြင့် မဲရုံစုစုပေါင်း (၃၅၀ဝဝ) ရုံခန့် ရှိနိုင်မည်ဟု ခန့်မှန်းရပါသည်။
ရွေးကောက်ပွဲကို (၄) ပိုင်းခွဲ၍ ကျင်းပမည်ဆိုပါက ပထမအပိုင်းအနေဖြင့် ဧရာဝတီတိုင်း ဒေသ ကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ တနင်္သာရီ တိုင်း ဒေသကြီး၊ ကရင်ပြည်နယ်၊ ကယား ပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင် ကျင်းပလျှင် မဲရုံပျမ်းမျှ (၃၀ဝဝဝ) ခန့် ရှိမည်ဖြစ်ရာ မဲရုံ တစ်ရုံလျှင် လုံခြုံရေးအတွက် (၅) ဦးအသုံးပြုပါက လုံခြုံရေးအင်အား (၁) သိန်းခွဲခန့် လိုအပ်ပါသည်။ (၂၀၁၅) ခုနှစ်နှင့် (၂၀၂၀) ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မဲရုံလုံခြုံရေး အထူးရဲများအား မဲရုံတစ်ရုံလျှင် တစ်ဦးစီခန့်အပ်၍ တာဝန်ပေးခဲ့ကြောင်း တွေ့ရပါသည်။ ယခုကဲ့သို့ အ ကြမ်းဖက်သမားများ ခြိမ်းခြောက်လျက်ရှိသောအခြေအနေတွင် ကျင်းပမည့်ရွေးကောက်ပွဲတွင်အထူးရဲ များကို ခန့်ထားရာတွင် မဲရုံ (၁) ရုံလျှင် (၂) ဦးစီ ခန့်အပ်သင့်ပါသည်။ ရွေးကောက်ပွဲကို အပိုင်းလိုက် ကျင်းပ သောအခါ ၎င်းအထူးရဲများအား ရွေးကောက်ပွဲပြီးဆုံးချိန်အထိ အခြားသော တိုင်းဒေသကြီး/ပြည်နယ်များ ရှိ မဲရုံများတွင် တာဝန်လှည့်လည်ထမ်းဆောင်စေပါက တစ်နိုင်ငံလုံးအတိုင်းအတာရှိ မဲရုံအရေအတွက် အတိုင်း အထူးရဲများကို များပြားစွာခန့်အပ်ရန်မလိုအပ်ပါ။ ထို့ပြင် ပုဂ္ဂလိကလုံခြုံရေး ဝန်ဆောင်မှုဆိုင်ရာ ဥပဒေ၊ လက်နက်ဥပဒေ (၂၀၂၃)၊ ပါတီစုံဒီမိုကရေစီအထွေ ထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့် တားဖျက်ဆီးခြင်းမှကာကွယ်ပေးရေးဥပဒေတို့ကိုထုတ်ပြန်ထားရာ ၎င်းတို့ကိုအသုံးပြု၍ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းများ၊ မဲရုံလုံခြုံရေး၊ မဲဝန်ထမ်းနှင့် မဲဆန္ဒရှင်ပြည်သူများ၏လုံခြုံရေးများအတွက် ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်သည်ကို တွေ့ရပါသည်။
(၂၀၂၀) ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် အာဏာရအစိုးရနှင့် အာဏာရပါတီ (NLD) သည် ရွေးကောက်ပွဲတွင် မသမာမှုများပြုလုပ်ခဲ့သဖြင့် နိုင်ငံတော်အာဏာကို ရယူထိန်းသိမ်းထားသော ကာလုံ အနေဖြင့် ၎င်းတို့ကျင်းပမည့်ရွေးကောက်ပွဲသည် သမာသမတ်ကျရန် ပိုမိုလိုအပ်ပါသည်။ နိုင်ငံတကာနှင့် ပြည်တွင်းမှစောင့်ကြည့်နေပြီး လွဲချော်မှုအနည်းငယ်ရှိလျှင်ပင် သမာသမတ်မကျသည့် ရွေးကောက်ပွဲ၊ မသမာမှုများပြုလုပ်သည့် ရွေးကောက်ပွဲအဖြစ် အပြစ်တင်ပေလိမ့်မည်။ထို့ကြောင့် နစက အစိုးရအနေဖြင့် ပြင်ဆင်သင့် ပြင်ဆင်ထိုက်သည်များကို ပြင်ဆင်ခဲ့သည်ကိုတွေ့ရပါသည်။ (၂၀၂၅) ခုနှစ် ဇူလိုင်လ (၂၉) ရက်တွင် ပြင်ဆင်လိုက်သည့်အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ တိုင်းဒေသကြီး/ပြည်နယ် လွှတ် တော်ဥပဒေများ၏ အနှစ်ချုပ်တွင် -
၁။ အမျိုးသားလွှတ်တော်အတွက် တိုင်းဒေသကြီး/ပြည်နယ် (၁) ခုစီအတွက် လွှတ်တော်ကိုယ်စားလှယ် နေရာ (၁၂) ခု ရှိရာ (၆) နေရာကို အနိုင်ရသူအကုန်ယူစနစ်(FPTP)၊ (၆) နေရာကို အချိုးကျ ကိုယ်စား ပြုစနစ်(PR) ဖြင့် ရွေးကောက်သွားမည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ/တိုင်း ပါသည့် တိုင်းဒေသကြီး/ပြည် နယ်များရှိ အနိုင်ရသူအကုန်ယူ စနစ်ဖြင့် ကျင်းပမည့်လွှတ်တော်ကိုယ်စားလှယ်နေရာ (၆) နေရာတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ/တိုင်း (၁) ခုစီအတွက် (၁) နေရာစီ သတ်မှတ်ပေးရမည်။ ထိုသို့သတ်မှတ်ပြီးမှ သာ (၆) နေရာမှ ကြွင်းကျန်သော မြို့နယ်များကို စုစည်း၍ မဲဆန္ဒနယ် သတ်မှတ်ရမည်။ ဥပမာ ရှမ်းပြည် နယ်တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (၃)ခုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း (၁) ခုရှိရာ ၎င်းတို့အတွက် (၄) နေရာကို (၆) နေရာမှ နုတ်ဖယ်လိုက်သောအခါ ကျန်မြို့နယ်များကိုစုစည်း၍ (၂) နေရာကို အနိုင်ရသူ အကုန်ယူစနစ်ဖြင့် ရွေးကောက်သွားမည်။
မြန်မာနိုင်ငံတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (၅) ခုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း (၁) ခု ရှိသည်-
(က) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (ပင်းတယ၊ ရှမ်းပြည်နယ်)
(ခ) ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(လောက်ကိုင်၊ ရှမ်းပြည်နယ်)
(ဂ) နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(လဟယ်၊ စစ်ကိုင်းတိုင်းဒေသကြီး)
(ဃ) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(ဟိုပုန်း၊ ရှမ်းပြည်နယ်)
(င) ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(နမ့်ဆန်၊ ရှမ်းပြည်နယ်)
(စ) ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း(ဟိုပန်၊ ရှမ်းပြည်နယ်) တို့ဖြစ်သည်။
၂။ တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်အတွက် မြို့နယ် (၁) မြို့နယ်လျှင် လွှတ်တော်ကိုယ်စားလှယ် (၂) ဦးကျစီ ရွေးကောက်တင်မြှောက်ရာတွင် (၁) ဦးအား အနိုင်ရသူအကုန်ယူစနစ် (FPTP)၊ (၁)ဦးအား အချိုး ကျကိုယ်စားပြုစနစ်(PR) ဖြင့် ရွေးကောက်သွားမည်။
၃။ ဘာသာရေးနှင့် နိုင်ငံရေးမရောယှက်စေရန် ယခင်က ဗုဒ္ဓဘာသာ သာသနာ့ဝန်ထမ်းအားလုံးနှင့် အခြား သောဘာသာများမှ သာသနာ့ဝန်ထမ်းအချို့ကိုသာ ဆန္ဒမဲပေးခွင့်တားမြစ်ထားရာမှ ယခုအခါ အခြားသော ဘာသာများမှ သာသနာ့ဝန်ထမ်း အားလုံးနီးပါးကိုပါ ဆန္ဒမဲပေးခွင့်တားမြစ်ထားသည်။
၄။ ယခင်က အချို့သော လွှတ်တော်ကိုယ်စားလှယ်လောင်းများသည် ကိုယ်တိုင်နေထိုင်ခြင်းမရှိသော် လည်း အသာရမည်ထင်သော မဲဆန္ဒနယ်များတွင် သွားရောက်ယှဉ်ပြိုင်ပြီး အနိုင်ရသောအခါ ထိုမဲဆန္ဒ နယ်လူထု၏ အကျိုးစီးပွားကို ဖော်ဆောင်ခြင်းမရှိ ခြင်းတို့ကြောင့် ပြင်ဆင်ချက်အဖြစ် ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်၏ ဆန္ဒမဲပေးသူစာရင်းတွင်ပါဝင်မှသာ ယှဉ်ပြိုင်နိုင်ခွင့်ရှိသည်။
၅။ လွှတ်တော်ကိုယ်စားလှယ်၏ ပညာအရည်အချင်းမှာ အခြေခံပညာအထက်တန်းအဆင့် ပြီးမြောက်သူ ဟုသတ်မှတ်သည်။
၆။ လွှတ်တော်ကိုယ်စားလှယ်သည် နိုင်ငံတော်နှင့် ပုဂ္ဂလိကသို့ မသင့်လျော်သည့် ပေးရန်တာဝန်များ ကင်းရှင်းသူက ထည့်သွင်းထားသည်။
၇။ မဲစာရင်းအားပိုမိုတိကျစေရန် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၏ လူဦးရေစာရင်း၊ လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှအိမ်ထောင်စုစာရင်းနှင့်ရွေးကောက်ပွဲကော်မရှင်၏ မဲဆန္ဒရှင် စာရင်း များကို ညှိနှိုင်းစစ်ဆေး၍ ပြုစုရမည်။
၈။ လွှတ်တော်ကိုယ်စားလှယ်များ မဲဆွယ်စည်းရုံးရာတွင် ရွေးကောက်ပွဲကော်မရှင်မှ ခွင့်ပြုသည့်အချိန်၊ နေရာတို့၌သာပြုလုပ်ရမည်။ ကော်မရှင်၏ ခွင့်ပြုချက်ဖြင့်သာ မီဒီယာများမှ ဟောပြောစည်းရုံးရမည်။ ပုံနှိပ်ထုတ်ဝေရာတွင်လည်း ကော်မရှင်မှထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်။ ဤ အချက်သည် မဲဆွယ်စည်းရုံးရာတွင် ပါတီကြီး၊ ငယ် မဟူ ကိုယ်စားလှယ်အားလုံးကို တန်းတူညီမျှဖြစ် စေပါသည်။
၉။ လွှတ်တော်ကိုယ်စားလှယ်များက မဲရုံအသီးသီး၌ ထားရှိရန်ခန့်အပ်ထားမည့် မဲရုံကိုယ်စားလှယ်များ နှင့် အကူကိုယ်စားလှယ်များသည် သက်ဆိုင်ရာ မဲဆန္ဒနယ်အသီးသီးတွင် မဲစာရင်းပါဝင်သူများ ဖြစ်ရ မည်။
၁၀။ အကြောင်းအမျိုးမျိုးကြောင့် မိမိ၏မဲဆန္ဒနယ်၏ပြင်ပသို့ရောက်နေသော မဲဆန္ဒရှင်များသည် ယခင် ရွေးကောက်ပွဲများကဲ့သို့ မိမိမဲဆန္ဒနယ်တွင် ကြိုတင်မဲပေးထားခြင်းမဟုတ်ဘဲ ရွေးကောက်ပွဲကျင်းပသည့် ရက်တွင် မိမိမဲဆန္ဒနယ်သို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်မဲပေးခြင်း သို့မဟုတ် မိမိရောက်ရှိရာ ဒေသရှိ လွှတ်တော်ကိုယ်စားလှယ်လောင်းကို မဲပေးခြင်းများဆောင်ရွက်နိုင်သည်။
၁၁။ ယခင်ရွေးကောက်ပွဲများတွင် ကြိုတင်မဲများကို မဲရုံပိတ်သိမ်းချိန်မှသာ မဲရုံသို့လာရောက်ပေးသည့် မဲ များနှင့် ပူးပေါင်းရေတွက်ခြင်းမျိုးမဟုတ်ဘဲ ရွေးကောက်ပွဲကျင်းပရက်မတိုင်မီ (၂) ရက် ကြိုတင်၍ အများ ပြည်သူရှေ့မှောက်တွင် ရေတွက်ကြေညာသွားမည်ဖြစ်သည်။
၁၂။ မဲဆန္ဒနယ် (၁) ခုတွင် အနိုင်အရှုံးမပေါ်ဘဲ အများဆုံး ခိုင်လုံမဲရလဒ်များတူညီနေပါက ကော်မရှင် ၏ညွှန်ကြားချက်ဖြင့်အများဆုံးခိုင်လုံမဲရလဒ်များတူညီနေသည့်လွှတ်တော်ကိုယ်စားလှယ်များသာ ထပ်မံ ယှဉ်ပြိုင်ရမည်။
၁၃။ လွှတ်တော်ကိုယ်စားလှယ်လောင်းယှဉ်ပြိုင်ကြသူအချင်းချင်းအကြားတွင် ရွေးကော်၏ခွင့်ပြုချက် ဖြင့်ဆောင်ရွက်သည့် အခြားလွှတ်တော်ကိုယ်စား လှယ်၏ စုဝေးဟောပြောခြင်း၊ မဲဆွယ်စည်းရုံးခြင်းကို နှောင့်ယှက်ပါက၊ သို့မဟုတ် ထိုကိုယ်စားလှယ်အား မဲမထည့်ရန်၊ အခြားကိုယ်စားလှယ်အားမဲထည့်ရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းပြုလုပ်ပါက (၁) နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ (၁) သိန်းထက် မပို သော ငွေဒဏ်ဖြစ်စေ၊ ဒဏ် နှစ်ရပ်လုံးဖြစ်စေ ကျခံရမည်။
၁၄။ ရွေးကောက်ပွဲပျက်ပြားအောင် ဆောင်ရွက်သည့် မည်ကဲ့သို့သော အားထုတ်ကြိုးပမ်းမှုများမဆို (၃) နှစ်ထက်မပိုသောထောင်ဒဏ်ဖြစ်စေ၊ ၃ သိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ် (၂) ရပ်လုံးဖြစ်စေ ကျခံ ရမည်။
၁၅။ ယခင်က ရွေးကောက်ပွဲကော်မရှင်မှ လွှတ်တော် ကိုယ်စားလှယ်လောင်း သို့မဟုတ် လွှတ်တော် ကိုယ်စားလှယ်အား ဆက်လက်ရပ်တည်ပိုင်ခွင့်မရှိ ကြောင်း ကြေညာခံရသူသည် လက်ရှိလွှတ်တော် သက်တမ်းနှင့် လာမည့်လွှတ်တော်သက်တမ်း စသည့် သက်တမ်း (၂) ခုတွင်သာ ရွေးကောက်ခံခွင့်မရှိဘဲ ကျန်အချိန်များတွင် ဆက်လက်ရွေးကောက်ခံနိုင်ခြင်း ကို ဤကဲ့သို့ပြင်ဆင်ပါသည်။ နိုင်ငံတော်သစ္စာ ဖောက်ဖျက်ပုန်ကန်မှု၊ အဂတိမှု၊ သေဒဏ်၊ ထောင်ဒဏ် တစ်သက်၊ နှစ်အကန့်အသတ်မရှိထောင်ဒဏ်၊ ထောင်ဒဏ် နှစ် (၂၀) ချမှတ်နိုင်သောအမှု ကျုးလွန်သူနှင့် ဆက်လက်ရပ်တည်ပိုင်ခွင့်မရှိကြောင်း ကြေ ညာခံရ သူသည် လွတ်ငြိမ်းများဖြင့် လွတ်မြောက်ခဲ့လျှင်တောင် နောင်တွင်ပြုလုပ်မည့် ရွေးကောက်ပွဲများ တွင် ပါဝင်ယှဉ်ပြိုင်ခွင့်မရှိစေရဟု ပြင်ဆင်သည်။
၁၆။ ရွေးကောက်ပွဲတစ်ခုတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းကဖြစ်စေ၊ ထိုသူ၏ စေခိုင်းခြင်းခံရသူမှ ဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ်လောင်း၏ ကိုယ်စားလှယ်သည် ရွေးကောက်ပွဲတွင် တရားမဲ့ပြုကျင့်မှု များဖြစ်သည့် လာဘ်ပေးလာဘ်ယူပြုခြင်း၊ ရွေးကောက်ပွဲတွင် မသမာမှုပြုခြင်းစသည်တို့ကို ကျူးလွန်ပါ က ကျင်းပနေဆဲရွေးကောက်ပွဲနှင့် နောက်လာမည့်ရွေးကောက်ပွဲ (၂) ခု၊ စုစုပေါင်း (၃) ခုတို့တွင် ပါဝင် ယှဉ် ပြိုင်ခွင့် မရှိစေရဟု ပြင်ဆင်သည်။
၁၇။ ရွေးကောက်ပွဲဆိုင်ရာပြစ်မှုများကျူးလွန်သဖြင့် ထောင်ဒဏ်ကျခံရသည့် လွှတ်တော်ကိုယ်စားလှယ် လောင်း (သို့မဟုတ်) ကိုယ်စားလှယ်သည် ကျင်းပနေဆဲရွေးကောက်ပွဲနှင့် နောက်လာမည့် ရွေးကောက်ပွဲ (၁) ခု၊ စုစုပေါင်း (၂) ခု တို့တွင် ပါဝင်ယှဉ် ပြိုင်ခွင့်မရှိစေရဟု ပြင်ဆင်သည်။
၁၈။ ရွေးကောက်ပွဲတွင် တရားမဲ့ပြုကျင့်မှုများ၊ ရွေးကောက်ပွဲဆိုင်ရာပြစ်မှုများ ကျူးလွန်ခြင်းမဟုတ်သော် လည်း ရွေးကောက်ပွဲကော်မရှင်မှ ရွေးကောက် တင်မြှောက်ခြင်းသည် ပျက်ပြယ်ကြောင်း၊ အရည်အချင်း ပျက်ယွင်းကြောင်း၊ ဆက်လက်ရပ်တည်ပိုင် ခွင့်မရှိကြောင်း ကြေညာခံရသူ ကိုယ်စားလှယ် (သို့မဟုတ်) ကိုယ်စားလှယ်လောင်းသည် ကျင်းပခဲ့သည့်ရွေးကောက်ပွဲရလဒ်အရ ထွက်ပေါ်လာသည့် လွှတ်တော်သက် တမ်းအတွင်းကျင်းပမည့် ရွေးကောက်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခွင့်မရှိစေရဟု ပြင်ဆင်သည်။
ပြင်ဆင်ချက်များတွင် နိုင်ငံတော်နှင့် ပြည်သူအတွက်အကျိုးရှိစေသည့်အချက်များပါဝင်ပြီး နိုင်ငံ တော်အာဏာအား အလွဲသုံးစားပြုမည့် အစိုးရများလက်ထက်တွင် ဥပဒေများအား လက်တစ်လုံးခြား လိမ် လည်လှည့်ဖြားခြင်း၊ လက်နက်ကဲ့သို့ အသုံးပြုခြင်းများမဖြစ်ပေါ်ရန် သတိပြုရပါမည်။
နိုင်ငံတော်အစိုးရအနေဖြင့် ရွေးကောက်ပွဲနှင့်ဆက်စပ်သည့် ဥပဒေများထုတ်ပြန်ရာတွင် နိုင်ငံတ ကာမှ သိရှိအောင် ဆောင်ရွက်ရမည်ဖြစ်ပါသည်။ ဥပဒေ အဓိကအချက်အချို့ကို အင်္ဂလိပ်ဘာသာဖြင့် ရေး သားပြီး လူမှုမီဒီယာများပေါ်တွင် ဖြန့်ဝေဆောင်ရွက်ခြင်းများ ပြုလုပ်သင့်ပါသည်။ ဖြန့်ဝေရာတွင်လည်း ဥပဒေစာရွက်ကို ဓာတ်ပုံရိုက်၍ တင်ပြခြင်း၊ လူအများ စိတ်မဝင်စားဖွယ်တင်ပြခြင်းများ မဆောင်ရွက် သင့်ပါ။ ယနေ့ချိန်ခါတွင် မိမိ၏ မှန်ကန်ရိုးဖြောင့်စွာဆောင်ရွက်နေခြင်းကို အများသူငါ သိရှိအောင် မဖြစ် မနေဆောင်ရွက်ရမည့် အချိန်ကာလဖြစ်သည်။ “အမှန်တရားက ဖိနပ်စီးနေချိန်တွင် မုသားစကားက ကမ္ဘာတစ်ပတ် ပတ်ပြီးနေပြီ” ဟု အနောက်တိုင်း ဆိုရိုးစကားရှိပါသည်။ သတင်းမှန်များအား လက်ဦး မှုရယူထုတ်လွှင့်ခြင်းသည် အဆုံးအဖြတ်ရလဒ်များကို ပြောင်းလဲစေနိုင်သည်။ ထို့ ကြောင့် ကျင်းပမည့် ရွေးကောက်ပွဲပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေကို လူမှုမီဒီယာများအပေါ် အချိန်နှင့်တစ်ပြေးညီ ဖော် ပြရပါမည်။ ဖော်ပြရာတွင် ဆွဲဆောင်မှုရှိသည့်နည်းလမ်းများကို အသုံးပြုရမည်။ ထို့ပြင် နိုင်ငံတကာအဖွဲ့ အစည်းများကို နှုတ်ဖြင့် ဖိတ်ကြားနေရုံမဟုတ်ဘဲ လက်တွေ့ချိတ်ဆက် ဆက်သွယ်ရပါမည်။ ဆက်သွယ် ရာတွင် အကြောင်းမပြန် ခြင်းများရှိသည်ကို ပြည်သူလူထုနှင့် နိုင်ငံတကာကို ချပြနိုင်ရပါမည်။ UN, EU, OSCE, ASEAN, AU နှင့် Carter Center, NDI, IRI တို့ကဲ့သို့သော အဖွဲ့ များကို ဖိတ်ကြားသင့်ပြီး ၎င်းတို့ ၏ လက်ခံမှု၊ ငြင်းဆိုမှုကို လူသိထင်ရှားပြုလုပ်ရန်လိုအပ်သည်။ ထို့ပြင် International Institute for Democracy and Electoral Assistance (IDEA) မှ သတ်မှတ်ထားသော International Electoral Standards နှင့် UN Committee on Human Rights မှ ထုတ်ပြန်ထားသော International Standards of Elections တို့ကိုလေ့လာ၍ မိမိတို့၏ရွေးကောက်ပွဲ ကျင်းပရေးလုပ်ငန်းစဉ်များသည် ၎င်းတို့၏ စံသတ်မှတ်ချက်များနှင့်ညီညွတ်မှုရှိကြောင်းဖော်ပြရမည်။ ရွေးကောက်ပွဲကို တရားမျှတမှု မရှိဟု စွပ်စွဲ လာပါက ယင်းအချက်အလက်များအပေါ် အခြေခံရှင်းလင်းနိုင်အောင် ပြင်ဆင်ထားရမည်။
ဒီမိုကရေစီစနစ်တွင် ရွေးကောက်ပွဲ ကော်မရှင်သည် လွတ်လပ်၍ တရားမျှတပြီး ပွင့်လင်းမြင် သာမှုရှိသော ပြည်သူကိုကိုယ်စားပြုသည့် အဖွဲ့အစည်း ဖြစ်သင့်ပါသည်။ ပိုလန်နိုင်ငံ၏ရွေးကောက်ပွဲ ကော်မရှင်တွင် အဖွဲ့ဝင် (၉)ဦးရှိပြီး (၇)ဦးကို လွှတ်တော်မှရွေးချယ်၍ (၂)ဦးကို ဖွဲ့စည်းပုံခုံရုံးနှင့် တရားရုံး ချုပ်တို့မှခန့်အပ်ပါသည်။ ရုရှားနိုင်ငံတွင် သမ္မတမှ (၅)ဦးကို ခန့်အပ်၍ အထက်လွှတ်တော်နှင့် အောက် လွှတ်တော်မှ (၅) ဦးစီခန့်အပ်ပါသည်။ တောင်အာဖရိကနိုင်ငံတွင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် အားလုံးကို လွှတ်တော်မှခန့်အပ်ပါသည်။ မြန်မာနိုင်ငံ၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေ၊ အခန်း(၂) ဖွဲ့စည်းခြင်း၊ ခန့်အပ်တာဝန်ပေး ခြင်းနှင့် အရည်အချင်းများ အခန်း၊ ပုဒ်မ (၃) တွင် နိုင်ငံတော် သမ္မတသည် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်တစ်ရပ်ကိုဖွဲ့စည်းရမည်။ ယင်းသို့ဖွဲ့စည်းရာတွင် ဖွဲ့ စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်း ချက်များ နှင့်အညီ ကော်မရှင်ဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင်အနည်းဆုံး (၅) ဦးကို ခန့်အပ်တာဝန်ပေးနိုင်သည်ဟု ဖော်ပြထားသည်။ ဤသည်ကိုလေ့လာကြည့်လျှင် ရွေးကောက်ပွဲ ကော်မရှင်သည် သမ္မတ၏ လွှမ်းမိုးမှုအောက်တွင်ရှိနေသည်။ လက်တွေ့အားဖြင့် (၂၀၂၀) ခုနှစ် အထွေ ထွေရွေးကောက်ပွဲတွင် ရွေးကောက်ပွဲ ကော်မရှင်အပေါ် သမ္မတဟောင်း ဦးဝင်းမြင့်၏ ဝင် ရောက်စွက် ဖက်မှုများကြောင့် နိုင်ငံတော်အနေဖြင့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်မှ (၅) နှစ်ခန့် သွေဖည်သွား ခဲ့ရသည်။ ထို့ကြောင့် နောင်တွင် ထိုကဲ့ သို့ ဖြစ်စဉ်မျိုးမဖြစ်ပွားစေရန် လွတ်လပ်၍ တရားမျှ တပြီး ပွင့် လင်းမြင်သာမှုရှိသော ပြည်သူကိုကိုယ်စား ပြုသည့်ကော်မရှင်မျိုးဖြစ်စေရန် ပြောင်းလဲသင့် ပါသည်။ နိုင်ငံတော်သမ္မတ၊ လွှတ်တော်၊ ပြည် ထောင်စုတရားလွှတ်တော်ချုပ် စသည်တို့မှ ခန့်အပ်မည့်ကိုယ်စား လှယ်များပါဝင်သင့်ပြီး ကော်မရှင်၏သက်တမ်းသည် သမ္မတ၏သက်တမ်း၊ လွှတ်တော်၏ သက်တမ်းတို့ နှင့် မတူညီသင့်ပါ။ ဥပမာအားဖြင့် ရွေးကောက်ပွဲကော်မရှင်၏ သက်တမ်းကို (၆) နှစ် ထားရှိပြီး နိုင်ငံတော် သမ္မတ၊ လွှတ်တော်၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ် စသည်တို့မှ ခန့်အပ်မည့် ကိုယ်စားလှယ်များ ထဲမှ ကော်မရှင်ဥက္ကဋ္ဌအားလျှို့ဝှက်မဲစနစ်ဖြင့် ရွေးချယ်သင့်ပါသည်။ ကော်မရှင် အဖွဲ့ဝင်အင်အား၏ (၃) ပုံ (၁) ပုံကို (၂) နှစ် (၁) ကြိမ် လဲလှယ်သင့်ပါသည်။ လက်ရှိတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် (၁၃)ဦးရှိပါသည်။
(ဆက်လက်ဖော်ပြပါမည်)

Zawgyi Version:
ျပည္သူေတြကို ႏိုင္ေစခ်င္တဲ့ ေ႐ြးေကာက္ပြဲ
ၿဖိဳးေဝလင္း(ပုသိမ္) (NP News)
ကမာၻေပၚတြင္ ကုလသမဂၢမွအသိအမွတ္ျပဳထားသည့္ႏိုင္ငံေပါင္း (၁၉၅) ႏိုင္ငံရွိၿပီး ၎တို႔ထဲတြင္ ဒီမိုကေရစီစနစ္ကို အျပည့္အဝျဖစ္ေစ၊ တစ္စိတ္တစ္ပိုင္းျဖစ္ေစ က်င့္သုံးေနသည့္ႏိုင္ငံေပါင္း (၁၆၇) ႏိုင္ငံ ရွိသည္။ ထို႔ေၾကာင့္ ကမာၻေပၚတြင္ တစ္ႏွစ္လွ်င္ ပ်မ္းမွ်အားျဖင့္ အေထြေထြေ႐ြးေကာက္ပြဲေပါင္း (၆၀) ခန႔္ က်င္းပလ်က္ရွိသည္။ ေ႐ြးေကာက္ပြဲမ်ားက်င္းပရျခင္း၏အဓိကရည္႐ြယ္ခ်က္မွာ ျပည္သူတို႔၏ဆႏၵ၊ ျပည္ သူတို႔၏အခက္အခဲမ်ားကို အစိုးရယႏၲရားအတြင္းသို႔ဝင္ေရာက္၍ေျဖရွင္းေပးမည့္ ျပည္သူ႔ကိုယ္စားလွယ္ မ်ားကို ေ႐ြးေကာက္တင္ေျမႇာက္ရန္ျဖစ္သည္။ သို႔ရာတြင္ အႏိုင္ရျပည္သူ႔ကိုယ္စားလွယ္မ်ား သည္ ေ႐ြး ေကာက္ပြဲ၏ ရည္႐ြယ္ရင္းျဖစ္ေသာ ျပည္သူတို႔၏အက်ိဳးစီးပြားကိုမေဆာင္႐ြက္ဘဲ မိမိတို႔၏အက်ိဳးစီးပြား၊ မိမိပါတီ၏အက်ိဳးစီးပြားမ်ားကိုသာေရွးရႈေဆာင္႐ြက္ေသာေၾကာင့္ ျပည္သူတို႔မွာ မိမိတို႔ေ႐ြးေကာက္ လိုက္ ေသာအစိုးရ၊ ပါတီႏွင့္ ကိုယ္စားလွယ္မ်ားကို ျပန္လည္ဆႏၵျပရသည့္ျဖစ္စဥ္မ်ား၊ ေ႐ြးေကာက္ပြဲမ်ားအေပၚ အယုံအၾကည္ကင္းမဲ့မႈမ်ားျဖစ္ေပၚေနျခင္းကို ကမာၻ႔သတင္းစာမ်က္ႏွာမ်ားတြင္ နိစၥဓူဝ ျမင္ေတြ႕ေနရ သည္။ တစ္နည္းအားျဖင့္ဆိုရေသာ္ ေ႐ြးေကာက္ပြဲမ်ားတြင္ အစိုးရ၊ ပါတီႏွင့္ႏိုင္ငံေရးသမားမ်ား အႏိုင္ရ ေသာ္လည္း ျပည္သူတို႔မွာ ရႈံးၿမဲရႈံးဆဲျဖစ္သည္။
ျမန္မာႏိုင္ငံတြင္လည္း (၁၉၂၂) ခုႏွစ္၊ (၁၉၂၅) ခုႏွစ္၊ (၁၉၂၈) ခုႏွစ္၊ (၁၉၃၂) ခုႏွစ္၊ (၁၉၃၆) ခုႏွစ္၊ (၁၉၄၇) ခုႏွစ္၊ (၁၉၅၁) ခုႏွစ္၊ (၁၉၅၆) ခုႏွစ္၊ (၁၉၆၀) ျပည့္ႏွစ္၊ (၁၉၇၄) ခုႏွစ္၊ (၁၉၇၈) ခုႏွစ္၊ (၁၉၈၁) ခုႏွစ္၊ (၁၉၈၅) ခုႏွစ္၊ (၁၉၉၀) ခုႏွစ္၊ (၂၀၁၀) ျပည့္ႏွစ္၊ (၂၀၁၅) ခုႏွစ္ႏွင့္ (၂၀၂၀) ျပည့္ႏွစ္ စသည့္ ႏွစ္မ်ား တြင္ အေထြေထြေ႐ြးေကာက္ပြဲမ်ား က်င္းပခဲ့ပါေသာ္လည္း ျပည္သူလူထု၏ဆႏၵရင္းျဖစ္ေသာ တည္ၿငိမ္ ေအးခ်မ္းၿပီး ဖြံ႕ၿဖိဳးတိုးတက္သည့္ႏိုင္ငံေတာ္အျဖစ္သို႔ ကူးေျပာင္းႏိုင္ေသးျခင္းမရွိေပ။ ထိုအစား ကိုယ္က်ိဳး ရွာႏိုင္ငံေရးသမားမ်ား၊ အာဏာအလြဲသုံးစားျပဳလုပ္ၾကသူမ်ားႏွင့္ အႀကိမ္ႀကိမ္ဆုံေတြ႕ခဲ့ရသျဖင့္ ေခတ္အ ဆက္ဆက္ ျမန္မာျပည္သူလူထုမွာ အျခားႏိုင္ငံသားမ်ားထက္ပို၍အရႈံးႀကီးရႈံးေနရသည္ဟုပင္ တင္စား ခ်င္ပါသည္။ (၂၀၂၀) ျပည့္ႏွစ္ အေထြေထြေ႐ြးေကာက္ပြဲတြင္ အာဏာရအစိုးရႏွင့္ အာဏာရပါတီ NLD တို႔မွျပဳလုပ္ခဲ့သည့္ ေ႐ြးေကာက္ပြဲမသမာမႈမ်ားေၾကာင့္ ႏိုင္ငံေတာ္ႏွင့္ ျပည္သူလူထုတို႔အတြက္ မ်ားစြာ ထိခိုက္ နစ္နာခဲ့သျဖင့္ ႏိုင္ငံေတာ္ကာကြယ္ေရးႏွင့္လုံၿခဳံေရးေကာင္စီသည္ ဖြဲ႕စည္းပုံအေျခခံ ဥပေဒ (၂၀- ဝ၈)ႏွင့္အညီ ႏိုင္ငံေတာ္အာဏာကို တပ္မေတာ္အား လႊဲအပ္ခဲ့သည္။ တပ္မေတာ္သည္ ႏိုင္ငံေတာ္စီမံ အုပ္ခ်ဳပ္ေရးေကာင္စီကိုဖြဲ႕စည္းခဲ့ၿပီး ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီက ျပင္ဆင္ဖြဲ႕စည္းလိုက္ေသာ ေ႐ြးေကာက္ပြဲေကာ္မရွင္သည္ အေထြေထြေ႐ြးေကာက္ပြဲကို (၂၀၂၅) ခုႏွစ္ ဒီဇင္ဘာလတြင္ ျပန္လည္ က်င္းပေပးမည္ဟု ေၾကညာလိုက္ျခင္းေၾကာင့္ ျပည္သူမွေ႐ြးေကာက္တင္ေျမႇာက္သည့္ အစိုးရတစ္ရပ္ ျပန္လည္ေပၚထြန္းလာရန္ ေရာင္ျခည္သန္းေနၿပီျဖစ္သည္။ သို႔ရာတြင္ က်င္းပၿပီးစီးခဲ့ေသာ ေ႐ြးေကာက္ပြဲ မ်ားကဲ့သို႔ ျပည္သူမ်ားအား အရႈံးမ်ားႏွင့္ထပ္မံ၍ မႀကဳံေတြ႕ေစလိုပါ။ ထို႔ေၾကာင့္ေ႐ြးေကာက္ပြဲ က်င္းပရာ တြင္ ပါဝင္ေဆာင္႐ြက္ၾကရမည့္ အစိုးရ၊ ေ႐ြးေကာက္ပြဲေကာ္မရွင္၊ ႏိုင္ငံေရးပါတီမ်ား၊ ႏိုင္ငံေရးသမားမ်ား ႏွင့္ မဲဆႏၵရွင္ျပည္သူမ်ားအေနျဖင့္ မၾကာမီ က်င္းပေတာ့မည့္ေ႐ြးေကာက္ပြဲကို ျပည္သူ အႏိုင္ရသည့္ ေ႐ြး ေကာက္ပြဲအျဖစ္ ေအာင္ျမင္စြာက်င္းပႏိုင္ေရးသက္ဆိုင္ရာ က႑အသီးသီးတြင္ အစြမ္းကုန္ႀကိဳးပမ္း အား ထုတ္၍ ပူးေပါင္းေဆာင္႐ြက္ရပါမည္။
ႏိုင္ငံေတာ္အစိုးရ
(၂၀၂၅) ခုႏွစ္ အေထြေထြေ႐ြးေကာက္ပြဲသည္ ယခင္ကာလမ်ား၌ က်င္းပခဲ့ေသာ ေ႐ြးေကာက္ပြဲ မ်ားႏွင့္မတူဘဲ ဦးေဆာင္က်င္းပရမည့္ အစိုးရ အတြက္ မ်ားစြာေသာစိန္ေခၚမႈမ်ား ရွိပါသည္။
အဓိကအားျဖင့္ -
(က) လုံၿခဳံေရးဆိုင္ရာစိန္ေခၚမႈ
(ခ) ေ႐ြးေကာက္ပြဲအေပၚယုံၾကည္မႈဆိုင္ရာ စိန္ေခၚမႈ
(ဂ) ျပည္သူလူထု၏ ႏိုင္ငံေရးေမွ်ာ္လင့္ခ်က္ဆိုင္ရာစိန္ေခၚမႈတို႔ျဖစ္သည္။
(၂၀၂၁) ခုႏွစ္တြင္ တပ္မေတာ္မွ ႏိုင္ငံ ေတာ္အာဏာကို ထိန္းသိမ္းလိုက္ေသာေၾကာင့္ အာဏာ လက္မဲ့ျဖစ္သြားေသာ အစိုးရအဖြဲ႕ဝင္ေဟာင္းမ်ား၊ အၾကမ္းဖက္လမ္းစဥ္ကို ေ႐ြးခ်ယ္သြားၾကေသာ NLD ပါတီဝင္မ်ား၊ အုပ္ခ်ဳပ္မႈနယ္ေျမႏွင့္ ႏိုင္ငံေတာ္အာဏာကို အၾကမ္းဖက္လက္နက္ကိုင္နည္းလမ္း ျဖင့္ရယူ လိုသည့္ တိုင္းရင္းသားလက္နက္ကိုင္မ်ား၊ ဘက္လိုက္မႈမကင္းသည့္ ျပည္ပႏိုင္ငံမ်ားႏွင့္ အဖြဲ႕အစည္းမ်ား တို႔သည္ ေ႐ြးေကာက္ပြဲက်င္းပႏိုင္ျခင္းမရွိေအာင္ နည္းလမ္းအမ်ိဳးမ်ိဳးအသုံးျပဳ၍ ဟန႔္တားေႏွာင့္ယွက္ လ်က္ရွိပါသည္။ အၾကမ္းဖက္လက္နက္ကိုင္အဖြဲ႕မ်ားျဖစ္သည့္ NUG ၊ CRPH ၊ LPDF ၊ PDF ႏွင့္ တိုင္းရင္း သားလက္နက္ကိုင္အဖြဲ႕ေပါင္း (၅၀ဝ) ေက်ာ္၊ (၆၀ဝ) ခန႔္အထိရွိေနသည့္အေျခအေနတြင္ အေထြေထြ ေ႐ြး ေကာက္ပြဲကို တစ္ႏိုင္ငံလုံးအတိုင္းအတာျဖင့္ က်င္းပရန္အခက္အခဲမ်ားရွိသျဖင့္ အေထြေထြေ႐ြးေကာက္ ပြဲကို (၂၀၂၅) ခုႏွစ္ ဒီဇင္ဘာလတတိယပတ္မွ (၂၀၂၆) ခုႏွစ္ ဇန္နဝါရီလ ဒုတိယပတ္အထိ ၾကားကာလ အတြင္း အပိုင္းမ်ားခြဲ၍ က်င္းပသြားျဖစ္ေၾကာင္းသိရပါသည္။ (၂၀၂၅) ခုႏွစ္ ဇြန္လ (၇) ရက္တြင္ ျပည္ ေထာင္စုေ႐ြးေကာက္ပြဲ ေကာ္မရွင္က ၿမိဳ႕နယ္ေပါင္း (၂၆၇) ၿမိဳ႕နယ္တြင္ ေ႐ြးေကာက္ပြဲက်င္းပရန္ လ်ာ ထားေၾကာင္း ေျပာၾကားခဲ့ပါသည္။ ျမန္မာႏိုင္ငံတြင္ ၿမိဳ႕နယ္ေပါင္း (၃၃၀) ရွိရာ (၂၀၁၀) ျပည့္ႏွစ္တြင္ က်င္းပခဲ့သည့္ အေထြေထြ ေ႐ြးေကာက္ပြဲတြင္ (၃၂၅) ၿမိဳ႕နယ္၊ (၂၀၁၅) ခုႏွစ္တြင္ (၃၂၃) ၿမိဳ႕နယ္ႏွင့္ (၂၀၂၀) ျပည့္ႏွစ္တြင္ (၃၁၅) ၿမိဳ႕နယ္တို႔တြင္ က်င္းပႏိုင္ခဲ့ပါသည္။ လက္ရွိတြင္ ၿမိဳ႕နယ္ (၈၀) ခန႔္သည္ အၾကမ္း ဖက္လက္နက္ကိုင္အဖြဲ႕မ်ား၏ ေႏွာင့္ယွက္ဖ်က္ဆီးမႈဒဏ္ကို ခံေနရၿပီး အစိုးရ၏အုပ္ခ်ဳပ္ေရးယႏၲရားႏွင့္ နယ္ေျမစိုးမိုးမႈမ်ား ပ်က္ျပားေနပါသည္။ ထိုၿမိဳ႕နယ္မ်ားထဲမွ ကခ်င္ျပည္နယ္တြင္ (၅) ၿမိဳ႕နယ္ (အင္ဂ်န္ ယန္၊ ဆြမ္ပရာဘြမ္၊ ခ်ီေဖြ၊ ေဆာ့ေလာ္၊ မိုးေမာက္)၊ ကယား ျပည္နယ္တြင္ (၂) ၿမိဳ႕နယ္ (မယ္စဲ့၊ ရွားေတာ) ကရင္ ျပည္နယ္တြင္ (၁) ၿမိဳ႕နယ္ (ဖာပြန္)၊ ခ်င္းျပည္နယ္ (၇) ၿမိဳ႕နယ္ (ဖလမ္း၊ ထန္တလန္၊ ပလက္ဝ၊ တြန္းဇံ၊ မတူပီ၊ မင္းတပ္၊ ကန္ပက္လက္) မႏၲေလးတိုင္းတြင္ (၂) ၿမိဳ႕နယ္ (စဥ့္ကူး၊ မိုးကုတ္)၊ ပဲခူးတိုင္းတြင္ (၁) ၿမိဳ႕နယ္ (မုန္း)၊ စစ္ကိုင္းတိုင္းတြင္ (၁၀) ၿမိဳ႕နယ္(ပုလဲ၊ အင္းေတာ္၊ ထီးခ်ိဳ႕၊ ေကာလင္း၊ တန႔္ဆည္၊ ေ႐ႊဘို၊ ခင္ဦး၊ ကြၽန္းလွ၊ ယင္းမာပင္၊ ဒီပဲယင္း)၊ ရခိုင္ျပည္နယ္တြင္ စစ္ေတြ၊ ေက်ာက္ျဖဴ၊ မာန္ေအာင္ ၿမိဳ႕ နယ္တို႔သာ က်န္ရွိၿပီး က်န္ (၁၄) ၿမိဳ႕နယ္၊ ရွမ္းျပည္နယ္ ေျမာက္ပိုင္းတြင္ (၁၆) ၿမိဳ႕နယ္တို႔ကို အၾကမ္းဖက္ လက္နက္ကိုင္မ်ားကထိန္းခ်ဳပ္ထားၿပီး စုစုေပါင္း (၅၈) ၿမိဳ႕နယ္အထိ ရွိေနပါသည္။ အခ်ိဳ႕ၿမိဳ႕နယ္မ်ားတြင္ တပ္မေတာ္မွ ၿမိဳ႕မ်ားတြင္ထိန္းခ်ဳပ္ထားၿပီး ေက်း႐ြာ မ်ားတြင္ အၾကမ္းဖက္လက္နက္ကိုင္မ်ားမွ ထိန္းခ်ဳပ္ ထားသည့္အေျခအေနမ်ားလည္းရွိေနပါသည္။ (၂၀၂၅) ခုႏွစ္ ဇူလိုင္လ (၃၁) ရက္တြင္ ၿမိဳ႕နယ္ေပါင္း (၆၃) ၿမိဳ႕နယ္ကို အေရးေပၚအေျခအေနေၾကညာၿပီး စစ္အုပ္ခ်ဳပ္ေရးအာဏာ ထုတ္ျပန္ထားသည္။ ထို႔ ေၾကာင့္ ျမန္မာႏိုင္ငံ၏ ၿမိဳ႕နယ္ေပါင္း (၃၃၀) မွ စစ္ အုပ္ခ်ဳပ္ေရးေၾကညာထားေသာ ၿမိဳ႕နယ္ေပါင္း (၆၃) ၿမိဳ႕နယ္ကို ႏုတ္လွ်င္ ေ႐ြးေကာက္ပြဲေကာ္မရွင္ ေၾက ညာထားသည့္အတိုင္း (၂၆၇) ၿမိဳ႕နယ္ကို (၂၀၂၅) ခုႏွစ္ ဒီဇင္ဘာ လႏွင့္ (၂၀၂၆) ခုႏွစ္ ဇန္နဝါရီလ အတြင္း က်င္းပမည့္ေ႐ြးေကာက္ပြဲတြင္ အပိုင္းလိုက္ ခြဲ၍ က်င္းပႏိုင္ၿပီး က်န္ (၆၃) ၿမိဳ႕နယ္ကို နယ္ေျမ တည္ၿငိမ္ေအးခ်မ္းမႈအေပၚမူတည္၍ အခ်ိန္ခြဲျခား က်င္းပသြားႏိုင္ပါသည္။
(၂၀၂၀) ျပည့္ႏွစ္ ပါတီစုံဒီမိုကေရစီ အေထြေထြေ႐ြးေကာက္ပြဲတြင္ ျဖစ္ပြားခဲ့သည့္ မဲ မသမာမႈႏွင့္ တရားမဲ့ျပဳက်င့္မႈမ်ားအေပၚ စုံစမ္းစစ္ ေဆးေတြ႕ရွိခ်က္မ်ားကိုေဖာ္ျပထားသည့္ အင္တာ နက္စာမ်က္ႏွာ တြင္ (၂၀၂၀) ျပည့္ႏွစ္ အေထြေထြ ေ႐ြးေကာက္ပြဲ၌ တစ္ႏိုင္ငံလုံးတြင္ မဲ႐ုံစုစုေပါင္း (၃၉၉၆၃)႐ုံ ရွိသည္ဟု ေဖာ္ျပထားၿပီး ထိုစဥ္က အာဏာရပါတီထုတ္ျပန္သည့္ မဲ႐ုံစာရင္းမွာ (၄) ေသာင္း (၃) ေထာင္ေက်ာ္ ရွိသည္ကို ေတြ႕ရပါသည္။ ၎တို႔မွာ-
(၁) ကခ်င္ျပည္နယ္(၈၉၀ ႐ုံ)
(၂) ကယားျပည္နယ္ (၂၃၃ ႐ုံ)
(၃) ကရင္ျပည္နယ္(၈၅၂ ႐ုံ)
(၄) ခ်င္းျပည္နယ္ (၉၅၇ ႐ုံ)
(၅) စစ္ကိုင္းတိုင္း (၄၁၀၂ ႐ုံ)
(၆) တနသၤာရီတိုင္း (၅၇၃၉ ႐ုံ)
(၇) ပဲခူးတိုင္း (၄၁၄၅ ႐ုံ)
(၈) မေကြးတိုင္း (၄၅၄၈ ႐ုံ)
(၉) မႏၲေလးတိုင္း (၅၄၄၆ ႐ုံ)
(၁၀) မြန္ျပည္နယ္ (၉၅၈ ႐ုံ)
(၁၁) ရခိုင္ျပည္နယ္ (၇၅၅ ႐ုံ)
(၁၂) ရွမ္းျပည္နယ္ (၃၆၇၅ ႐ုံ)
(၁၃) ဧရာဝတီတိုင္း (၅၇၄၁ ႐ုံ)
(၁၄) ရန္ကုန္တိုင္း (၅၇၀ဝ ႐ုံ) ထားရွိခဲ့သည္ကို ေတြ႕ရပါသည္။
ထို႔ေၾကာင့္ (၂၀၂၅) ခုႏွစ္ အေထြေထြေ႐ြး ေကာက္ပြဲတြင္လည္း ပ်မ္းမွ်အားျဖင့္ မဲ႐ုံစုစုေပါင္း (၃၅၀ဝဝ) ႐ုံခန႔္ ရွိႏိုင္မည္ဟု ခန႔္မွန္းရပါသည္။
ေ႐ြးေကာက္ပြဲကို (၄) ပိုင္းခြဲ၍ က်င္းပမည္ဆိုပါက ပထမအပိုင္းအေနျဖင့္ ဧရာဝတီတိုင္း ေဒသ ႀကီး၊ ရန္ကုန္တိုင္းေဒသႀကီး၊ မႏၲေလးတိုင္းေဒသႀကီး၊ ပဲခူးတိုင္းေဒသႀကီး၊ မြန္ျပည္နယ္၊ တနသၤာရီ တိုင္း ေဒသႀကီး၊ ကရင္ျပည္နယ္၊ ကယား ျပည္နယ္၊ ရွမ္းျပည္နယ္ေတာင္ပိုင္းတို႔တြင္ က်င္းပလွ်င္ မဲ႐ုံပ်မ္းမွ် (၃၀ဝဝဝ) ခန႔္ ရွိမည္ျဖစ္ရာ မဲ႐ုံ တစ္႐ုံလွ်င္ လုံၿခဳံေရးအတြက္ (၅) ဦးအသုံးျပဳပါက လုံၿခဳံေရးအင္အား (၁) သိန္းခြဲခန႔္ လိုအပ္ပါသည္။ (၂၀၁၅) ခုႏွစ္ႏွင့္ (၂၀၂၀) ျပည့္ႏွစ္ အေထြေထြေ႐ြးေကာက္ပြဲတြင္ မဲ႐ုံလုံၿခဳံေရး အထူးရဲမ်ားအား မဲ႐ုံတစ္႐ုံလွ်င္ တစ္ဦးစီခန႔္အပ္၍ တာဝန္ေပးခဲ့ေၾကာင္း ေတြ႕ရပါသည္။ ယခုကဲ့သို႔ အ ၾကမ္းဖက္သမားမ်ား ၿခိမ္းေျခာက္လ်က္ရွိေသာအေျခအေနတြင္ က်င္းပမည့္ေ႐ြးေကာက္ပြဲတြင္အထူးရဲ မ်ားကို ခန႔္ထားရာတြင္ မဲ႐ုံ (၁) ႐ုံလွ်င္ (၂) ဦးစီ ခန႔္အပ္သင့္ပါသည္။ ေ႐ြးေကာက္ပြဲကို အပိုင္းလိုက္ က်င္းပ ေသာအခါ ၎အထူးရဲမ်ားအား ေ႐ြးေကာက္ပြဲၿပီးဆုံးခ်ိန္အထိ အျခားေသာ တိုင္းေဒသႀကီး/ျပည္နယ္မ်ား ရွိ မဲ႐ုံမ်ားတြင္ တာဝန္လွည့္လည္ထမ္းေဆာင္ေစပါက တစ္ႏိုင္ငံလုံးအတိုင္းအတာရွိ မဲ႐ုံအေရအတြက္ အတိုင္း အထူးရဲမ်ားကို မ်ားျပားစြာခန႔္အပ္ရန္မလိုအပ္ပါ။ ထို႔ျပင္ ပုဂၢလိကလုံၿခဳံေရး ဝန္ေဆာင္မႈဆိုင္ရာ ဥပေဒ၊ လက္နက္ဥပေဒ (၂၀၂၃)၊ ပါတီစုံဒီမိုကေရစီအေထြ ေထြေ႐ြးေကာက္ပြဲမ်ားကို ေႏွာင့္ယွက္ဟန႔္ တားဖ်က္ဆီးျခင္းမွကာကြယ္ေပးေရးဥပေဒတို႔ကိုထုတ္ျပန္ထားရာ ၎တို႔ကိုအသုံးျပဳ၍ ေ႐ြးေကာက္ပြဲ ကိုယ္စားလွယ္ေလာင္းမ်ား၊ မဲ႐ုံလုံၿခဳံေရး၊ မဲဝန္ထမ္းႏွင့္ မဲဆႏၵရွင္ျပည္သူမ်ား၏လုံၿခဳံေရးမ်ားအတြက္ ပိုမိုထိေရာက္စြာ ေဆာင္႐ြက္ႏိုင္သည္ကို ေတြ႕ရပါသည္။
(၂၀၂၀) ျပည့္ႏွစ္ အေထြေထြေ႐ြးေကာက္ပြဲတြင္ အာဏာရအစိုးရႏွင့္ အာဏာရပါတီ (NLD) သည္ ေ႐ြးေကာက္ပြဲတြင္ မသမာမႈမ်ားျပဳလုပ္ခဲ့သျဖင့္ ႏိုင္ငံေတာ္အာဏာကို ရယူထိန္းသိမ္းထားေသာ ကာလုံ အေနျဖင့္ ၎တို႔က်င္းပမည့္ေ႐ြးေကာက္ပြဲသည္ သမာသမတ္က်ရန္ ပိုမိုလိုအပ္ပါသည္။ ႏိုင္ငံတကာႏွင့္ ျပည္တြင္းမွေစာင့္ၾကည့္ေနၿပီး လြဲေခ်ာ္မႈအနည္းငယ္ရွိလွ်င္ပင္ သမာသမတ္မက်သည့္ ေ႐ြးေကာက္ပြဲ၊ မသမာမႈမ်ားျပဳလုပ္သည့္ ေ႐ြးေကာက္ပြဲအျဖစ္ အျပစ္တင္ေပလိမ့္မည္။ထို႔ေၾကာင့္ နစက အစိုးရအေနျဖင့္ ျပင္ဆင္သင့္ ျပင္ဆင္ထိုက္သည္မ်ားကို ျပင္ဆင္ခဲ့သည္ကိုေတြ႕ရပါသည္။ (၂၀၂၅) ခုႏွစ္ ဇူလိုင္လ (၂၉) ရက္တြင္ ျပင္ဆင္လိုက္သည့္အမ်ိဳးသားလႊတ္ေတာ္၊ ျပည္သူ႔လႊတ္ေတာ္၊ တိုင္းေဒသႀကီး/ျပည္နယ္ လႊတ္ ေတာ္ဥပေဒမ်ား၏ အႏွစ္ခ်ဳပ္တြင္ -
၁။ အမ်ိဳးသားလႊတ္ေတာ္အတြက္ တိုင္းေဒသႀကီး/ျပည္နယ္ (၁) ခုစီအတြက္ လႊတ္ေတာ္ကိုယ္စားလွယ္ ေနရာ (၁၂) ခု ရွိရာ (၆) ေနရာကို အႏိုင္ရသူအကုန္ယူစနစ္(FPTP)၊ (၆) ေနရာကို အခ်ိဳးက် ကိုယ္စား ျပဳစနစ္(PR) ျဖင့္ ေ႐ြးေကာက္သြားမည္။ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ေဒသ/တိုင္း ပါသည့္ တိုင္းေဒသႀကီး/ျပည္ နယ္မ်ားရွိ အႏိုင္ရသူအကုန္ယူ စနစ္ျဖင့္ က်င္းပမည့္လႊတ္ေတာ္ကိုယ္စားလွယ္ေနရာ (၆) ေနရာတြင္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ေဒသ/တိုင္း (၁) ခုစီအတြက္ (၁) ေနရာစီ သတ္မွတ္ေပးရမည္။ ထိုသို႔သတ္မွတ္ၿပီးမွ သာ (၆) ေနရာမွ ႂကြင္းက်န္ေသာ ၿမိဳ႕နယ္မ်ားကို စုစည္း၍ မဲဆႏၵနယ္ သတ္မွတ္ရမည္။ ဥပမာ ရွမ္းျပည္ နယ္တြင္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ (၃)ခုႏွင့္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရတိုင္း (၁) ခုရွိရာ ၎တို႔အတြက္ (၄) ေနရာကို (၆) ေနရာမွ ႏုတ္ဖယ္လိုက္ေသာအခါ က်န္ၿမိဳ႕နယ္မ်ားကိုစုစည္း၍ (၂) ေနရာကို အႏိုင္ရသူ အကုန္ယူစနစ္ျဖင့္ ေ႐ြးေကာက္သြားမည္။
ျမန္မာႏိုင္ငံတြင္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ (၅) ခုႏွင့္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရတိုင္း (၁) ခု ရွိသည္-
(က) ဓႏုကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ (ပင္းတယ၊ ရွမ္းျပည္နယ္)
(ခ) ကိုးကန႔္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ(ေလာက္ကိုင္၊ ရွမ္းျပည္နယ္)
(ဂ) နာဂကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ(လဟယ္၊ စစ္ကိုင္းတိုင္းေဒသႀကီး)
(ဃ) ပအိုဝ္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ(ဟိုပုန္း၊ ရွမ္းျပည္နယ္)
(င) ပေလာင္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ(နမ့္ဆန္၊ ရွမ္းျပည္နယ္)
(စ) ဝ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရတိုင္း(ဟိုပန္၊ ရွမ္းျပည္နယ္) တို႔ျဖစ္သည္။
၂။ တိုင္းေဒသႀကီး/ျပည္နယ္ လႊတ္ေတာ္အတြက္ ၿမိဳ႕နယ္ (၁) ၿမိဳ႕နယ္လွ်င္ လႊတ္ေတာ္ကိုယ္စားလွယ္ (၂) ဦးက်စီ ေ႐ြးေကာက္တင္ေျမႇာက္ရာတြင္ (၁) ဦးအား အႏိုင္ရသူအကုန္ယူစနစ္ (FPTP)၊ (၁)ဦးအား အခ်ိဳး က်ကိုယ္စားျပဳစနစ္(PR) ျဖင့္ ေ႐ြးေကာက္သြားမည္။
၃။ ဘာသာေရးႏွင့္ ႏိုင္ငံေရးမေရာယွက္ေစရန္ ယခင္က ဗုဒၶဘာသာ သာသနာ့ဝန္ထမ္းအားလုံးႏွင့္ အျခား ေသာဘာသာမ်ားမွ သာသနာ့ဝန္ထမ္းအခ်ိဳ႕ကိုသာ ဆႏၵမဲေပးခြင့္တားျမစ္ထားရာမွ ယခုအခါ အျခားေသာ ဘာသာမ်ားမွ သာသနာ့ဝန္ထမ္း အားလုံးနီးပါးကိုပါ ဆႏၵမဲေပးခြင့္တားျမစ္ထားသည္။
၄။ ယခင္က အခ်ိဳ႕ေသာ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းမ်ားသည္ ကိုယ္တိုင္ေနထိုင္ျခင္းမရွိေသာ္ လည္း အသာရမည္ထင္ေသာ မဲဆႏၵနယ္မ်ားတြင္ သြားေရာက္ယွဥ္ၿပိဳင္ၿပီး အႏိုင္ရေသာအခါ ထိုမဲဆႏၵ နယ္လူထု၏ အက်ိဳးစီးပြားကို ေဖာ္ေဆာင္ျခင္းမရွိ ျခင္းတို႔ေၾကာင့္ ျပင္ဆင္ခ်က္အျဖစ္ ယွဥ္ၿပိဳင္မည့္ မဲဆႏၵနယ္၏ ဆႏၵမဲေပးသူစာရင္းတြင္ပါဝင္မွသာ ယွဥ္ၿပိဳင္ႏိုင္ခြင့္ရွိသည္။
၅။ လႊတ္ေတာ္ကိုယ္စားလွယ္၏ ပညာအရည္အခ်င္းမွာ အေျခခံပညာအထက္တန္းအဆင့္ ၿပီးေျမာက္သူ ဟုသတ္မွတ္သည္။
၆။ လႊတ္ေတာ္ကိုယ္စားလွယ္သည္ ႏိုင္ငံေတာ္ႏွင့္ ပုဂၢလိကသို႔ မသင့္ေလ်ာ္သည့္ ေပးရန္တာဝန္မ်ား ကင္းရွင္းသူက ထည့္သြင္းထားသည္။
၇။ မဲစာရင္းအားပိုမိုတိက်ေစရန္ အေထြေထြအုပ္ခ်ဳပ္ ေရးဦးစီးဌာန၏ လူဦးေရစာရင္း၊ လူဝင္မႈႀကီးၾကပ္ ေရးႏွင့္ျပည္သူ႔အင္အားဝန္ႀကီးဌာနမွအိမ္ေထာင္စုစာရင္းႏွင့္ေ႐ြးေကာက္ပြဲေကာ္မရွင္၏ မဲဆႏၵရွင္ စာရင္း မ်ားကို ညႇိႏႈိင္းစစ္ေဆး၍ ျပဳစုရမည္။
၈။ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား မဲဆြယ္စည္း႐ုံးရာတြင္ ေ႐ြးေကာက္ပြဲေကာ္မရွင္မွ ခြင့္ျပဳသည့္အခ်ိန္၊ ေနရာတို႔၌သာျပဳလုပ္ရမည္။ ေကာ္မရွင္၏ ခြင့္ျပဳခ်က္ျဖင့္သာ မီဒီယာမ်ားမွ ေဟာေျပာစည္း႐ုံးရမည္။ ပုံႏွိပ္ထုတ္ေဝရာတြင္လည္း ေကာ္မရွင္မွထုတ္ျပန္ထားသည့္ ဥပေဒ၊ နည္းဥပေဒ၊ စည္းမ်ဥ္း၊ စည္းကမ္း၊ အမိန႔္ေၾကာ္ျငာစာ၊ ၫႊန္ၾကားခ်က္၊ လုပ္ထုံး လုပ္နည္းမ်ားႏွင့္အညီ ေဆာင္႐ြက္ရမည္။ ဤ အခ်က္သည္ မဲဆြယ္စည္း႐ုံးရာတြင္ ပါတီႀကီး၊ ငယ္ မဟူ ကိုယ္စားလွယ္အားလုံးကို တန္းတူညီမွ်ျဖစ္ ေစပါသည္။
၉။ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားက မဲ႐ုံအသီးသီး၌ ထားရွိရန္ခန႔္အပ္ထားမည့္ မဲ႐ုံကိုယ္စားလွယ္မ်ား ႏွင့္ အကူကိုယ္စားလွယ္မ်ားသည္ သက္ဆိုင္ရာ မဲဆႏၵနယ္အသီးသီးတြင္ မဲစာရင္းပါဝင္သူမ်ား ျဖစ္ရ မည္။
၁၀။ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ မိမိ၏မဲဆႏၵနယ္၏ျပင္ပသို႔ေရာက္ေနေသာ မဲဆႏၵရွင္မ်ားသည္ ယခင္ ေ႐ြးေကာက္ပြဲမ်ားကဲ့သို႔ မိမိမဲဆႏၵနယ္တြင္ ႀကိဳတင္မဲေပးထားျခင္းမဟုတ္ဘဲ ေ႐ြးေကာက္ပြဲက်င္းပသည့္ ရက္တြင္ မိမိမဲဆႏၵနယ္သို႔ ကိုယ္တိုင္ကိုယ္က် သြားေရာက္မဲေပးျခင္း သို႔မဟုတ္ မိမိေရာက္ရွိရာ ေဒသရွိ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းကို မဲေပးျခင္းမ်ားေဆာင္႐ြက္ႏိုင္သည္။
၁၁။ ယခင္ေ႐ြးေကာက္ပြဲမ်ားတြင္ ႀကိဳတင္မဲမ်ားကို မဲ႐ုံပိတ္သိမ္းခ်ိန္မွသာ မဲ႐ုံသို႔လာေရာက္ေပးသည့္ မဲ မ်ားႏွင့္ ပူးေပါင္းေရတြက္ျခင္းမ်ိဳးမဟုတ္ဘဲ ေ႐ြးေကာက္ပြဲက်င္းပရက္မတိုင္မီ (၂) ရက္ ႀကိဳတင္၍ အမ်ား ျပည္သူေရွ႕ေမွာက္တြင္ ေရတြက္ေၾကညာသြားမည္ျဖစ္သည္။
၁၂။ မဲဆႏၵနယ္ (၁) ခုတြင္ အႏိုင္အရႈံးမေပၚဘဲ အမ်ားဆုံး ခိုင္လုံမဲရလဒ္မ်ားတူညီေနပါက ေကာ္မရွင္ ၏ၫႊန္ၾကားခ်က္ျဖင့္အမ်ားဆုံးခိုင္လုံမဲရလဒ္မ်ားတူညီေနသည့္လႊတ္ေတာ္ကိုယ္စားလွယ္မ်ားသာ ထပ္မံ ယွဥ္ၿပိဳင္ရမည္။
၁၃။ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းယွဥ္ၿပိဳင္ၾကသူအခ်င္းခ်င္းအၾကားတြင္ ေ႐ြးေကာ္၏ခြင့္ျပဳခ်က္ ျဖင့္ေဆာင္႐ြက္သည့္ အျခားလႊတ္ေတာ္ကိုယ္စား လွယ္၏ စုေဝးေဟာေျပာျခင္း၊ မဲဆြယ္စည္း႐ုံးျခင္းကို ေႏွာင့္ယွက္ပါက၊ သို႔မဟုတ္ ထိုကိုယ္စားလွယ္အား မဲမထည့္ရန္၊ အျခားကိုယ္စားလွယ္အားမဲထည့္ရန္ ရည္႐ြယ္၍ ေဆာင္႐ြက္ျခင္းျပဳလုပ္ပါက (၁) ႏွစ္ထက္မပိုေသာ ေထာင္ဒဏ္ျဖစ္ေစ၊ (၁) သိန္းထက္ မပို ေသာ ေငြဒဏ္ျဖစ္ေစ၊ ဒဏ္ ႏွစ္ရပ္လုံးျဖစ္ေစ က်ခံရမည္။
၁၄။ ေ႐ြးေကာက္ပြဲပ်က္ျပားေအာင္ ေဆာင္႐ြက္သည့္ မည္ကဲ့သို႔ေသာ အားထုတ္ႀကိဳးပမ္းမႈမ်ားမဆို (၃) ႏွစ္ထက္မပိုေသာေထာင္ဒဏ္ျဖစ္ေစ၊ ၃ သိန္းထက္ မပိုေသာ ေငြဒဏ္ျဖစ္ေစ၊ ဒဏ္ (၂) ရပ္လုံးျဖစ္ေစ က်ခံ ရမည္။
၁၅။ ယခင္က ေ႐ြးေကာက္ပြဲေကာ္မရွင္မွ လႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္း သို႔မဟုတ္ လႊတ္ေတာ္ ကိုယ္စားလွယ္အား ဆက္လက္ရပ္တည္ပိုင္ခြင့္မရွိ ေၾကာင္း ေၾကညာခံရသူသည္ လက္ရွိလႊတ္ေတာ္ သက္တမ္းႏွင့္ လာမည့္လႊတ္ေတာ္သက္တမ္း စသည့္ သက္တမ္း (၂) ခုတြင္သာ ေ႐ြးေကာက္ခံခြင့္မရွိဘဲ က်န္အခ်ိန္မ်ားတြင္ ဆက္လက္ေ႐ြးေကာက္ခံႏိုင္ျခင္း ကို ဤကဲ့သို႔ျပင္ဆင္ပါသည္။ ႏိုင္ငံေတာ္သစၥာ ေဖာက္ဖ်က္ပုန္ကန္မႈ၊ အဂတိမႈ၊ ေသဒဏ္၊ ေထာင္ဒဏ္ တစ္သက္၊ ႏွစ္အကန႔္အသတ္မရွိေထာင္ဒဏ္၊ ေထာင္ဒဏ္ ႏွစ္ (၂၀) ခ်မွတ္ႏိုင္ေသာအမႈ က်ဳးလြန္သူႏွင့္ ဆက္လက္ရပ္တည္ပိုင္ခြင့္မရွိေၾကာင္း ေၾက ညာခံရ သူသည္ လြတ္ၿငိမ္းမ်ားျဖင့္ လြတ္ေျမာက္ခဲ့လွ်င္ေတာင္ ေနာင္တြင္ျပဳလုပ္မည့္ ေ႐ြးေကာက္ပြဲမ်ား တြင္ ပါဝင္ယွဥ္ၿပိဳင္ခြင့္မရွိေစရဟု ျပင္ဆင္သည္။
၁၆။ ေ႐ြးေကာက္ပြဲတစ္ခုတြင္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းကျဖစ္ေစ၊ ထိုသူ၏ ေစခိုင္းျခင္းခံရသူမွ ျဖစ္ေစ၊ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း၏ ကိုယ္စားလွယ္သည္ ေ႐ြးေကာက္ပြဲတြင္ တရားမဲ့ျပဳက်င့္မႈ မ်ားျဖစ္သည့္ လာဘ္ေပးလာဘ္ယူျပဳျခင္း၊ ေ႐ြးေကာက္ပြဲတြင္ မသမာမႈျပဳျခင္းစသည္တို႔ကို က်ဴးလြန္ပါ က က်င္းပေနဆဲေ႐ြးေကာက္ပြဲႏွင့္ ေနာက္လာမည့္ေ႐ြးေကာက္ပြဲ (၂) ခု၊ စုစုေပါင္း (၃) ခုတို႔တြင္ ပါဝင္ ယွဥ္ ၿပိဳင္ခြင့္ မရွိေစရဟု ျပင္ဆင္သည္။
၁၇။ ေ႐ြးေကာက္ပြဲဆိုင္ရာျပစ္မႈမ်ားက်ဴးလြန္သျဖင့္ ေထာင္ဒဏ္က်ခံရသည့္ လႊတ္ေတာ္ကိုယ္စားလွယ္ ေလာင္း (သို႔မဟုတ္) ကိုယ္စားလွယ္သည္ က်င္းပေနဆဲေ႐ြးေကာက္ပြဲႏွင့္ ေနာက္လာမည့္ ေ႐ြးေကာက္ပြဲ (၁) ခု၊ စုစုေပါင္း (၂) ခု တို႔တြင္ ပါဝင္ယွဥ္ ၿပိဳင္ခြင့္မရွိေစရဟု ျပင္ဆင္သည္။
၁၈။ ေ႐ြးေကာက္ပြဲတြင္ တရားမဲ့ျပဳက်င့္မႈမ်ား၊ ေ႐ြးေကာက္ပြဲဆိုင္ရာျပစ္မႈမ်ား က်ဴးလြန္ျခင္းမဟုတ္ေသာ္ လည္း ေ႐ြးေကာက္ပြဲေကာ္မရွင္မွ ေ႐ြးေကာက္ တင္ေျမႇာက္ျခင္းသည္ ပ်က္ျပယ္ေၾကာင္း၊ အရည္အခ်င္း ပ်က္ယြင္းေၾကာင္း၊ ဆက္လက္ရပ္တည္ပိုင္ ခြင့္မရွိေၾကာင္း ေၾကညာခံရသူ ကိုယ္စားလွယ္ (သို႔မဟုတ္) ကိုယ္စားလွယ္ေလာင္းသည္ က်င္းပခဲ့သည့္ေ႐ြးေကာက္ပြဲရလဒ္အရ ထြက္ေပၚလာသည့္ လႊတ္ေတာ္သက္ တမ္းအတြင္းက်င္းပမည့္ ေ႐ြးေကာက္ပြဲမ်ားတြင္ ပါဝင္ယွဥ္ၿပိဳင္ခြင့္မရွိေစရဟု ျပင္ဆင္သည္။
ျပင္ဆင္ခ်က္မ်ားတြင္ ႏိုင္ငံေတာ္ႏွင့္ ျပည္သူအတြက္အက်ိဳးရွိေစသည့္အခ်က္မ်ားပါဝင္ၿပီး ႏိုင္ငံ ေတာ္အာဏာအား အလြဲသုံးစားျပဳမည့္ အစိုးရမ်ားလက္ထက္တြင္ ဥပေဒမ်ားအား လက္တစ္လုံးျခား လိမ္ လည္လွည့္ျဖားျခင္း၊ လက္နက္ကဲ့သို႔ အသုံးျပဳျခင္းမ်ားမျဖစ္ေပၚရန္ သတိျပဳရပါမည္။
ႏိုင္ငံေတာ္အစိုးရအေနျဖင့္ ေ႐ြးေကာက္ပြဲႏွင့္ဆက္စပ္သည့္ ဥပေဒမ်ားထုတ္ျပန္ရာတြင္ ႏိုင္ငံတ ကာမွ သိရွိေအာင္ ေဆာင္႐ြက္ရမည္ျဖစ္ပါသည္။ ဥပေဒ အဓိကအခ်က္အခ်ိဳ႕ကို အဂၤလိပ္ဘာသာျဖင့္ ေရး သားၿပီး လူမႈမီဒီယာမ်ားေပၚတြင္ ျဖန႔္ေဝေဆာင္႐ြက္ျခင္းမ်ား ျပဳလုပ္သင့္ပါသည္။ ျဖန႔္ေဝရာတြင္လည္း ဥပေဒစာ႐ြက္ကို ဓာတ္ပုံ႐ိုက္၍ တင္ျပျခင္း၊ လူအမ်ား စိတ္မဝင္စားဖြယ္တင္ျပျခင္းမ်ား မေဆာင္႐ြက္ သင့္ပါ။ ယေန႔ခ်ိန္ခါတြင္ မိမိ၏ မွန္ကန္႐ိုးေျဖာင့္စြာေဆာင္႐ြက္ေနျခင္းကို အမ်ားသူငါ သိရွိေအာင္ မျဖစ္ မေနေဆာင္႐ြက္ရမည့္ အခ်ိန္ကာလျဖစ္သည္။ “အမွန္တရားက ဖိနပ္စီးေနခ်ိန္တြင္ မုသားစကားက ကမာၻတစ္ပတ္ ပတ္ၿပီးေနၿပီ” ဟု အေနာက္တိုင္း ဆို႐ိုးစကားရွိပါသည္။ သတင္းမွန္မ်ားအား လက္ဦး မႈရယူထုတ္လႊင့္ျခင္းသည္ အဆုံးအျဖတ္ရလဒ္မ်ားကို ေျပာင္းလဲေစႏိုင္သည္။ ထို႔ ေၾကာင့္ က်င္းပမည့္ ေ႐ြးေကာက္ပြဲျပင္ဆင္ေဆာင္႐ြက္ေနမႈအေျခအေနကို လူမႈမီဒီယာမ်ားအေပၚ အခ်ိန္ႏွင့္တစ္ေျပးညီ ေဖာ္ ျပရပါမည္။ ေဖာ္ျပရာတြင္ ဆြဲေဆာင္မႈရွိသည့္နည္းလမ္းမ်ားကို အသုံးျပဳရမည္။ ထို႔ျပင္ ႏိုင္ငံတကာအဖြဲ႕ အစည္းမ်ားကို ႏႈတ္ျဖင့္ ဖိတ္ၾကားေန႐ုံမဟုတ္ဘဲ လက္ေတြ႕ခ်ိတ္ဆက္ ဆက္သြယ္ရပါမည္။ ဆက္သြယ္ ရာတြင္ အေၾကာင္းမျပန္ ျခင္းမ်ားရွိသည္ကို ျပည္သူလူထုႏွင့္ ႏိုင္ငံတကာကို ခ်ျပႏိုင္ရပါမည္။ UN, EU, OSCE, ASEAN, AU ႏွင့္ Carter Center, NDI, IRI တို႔ကဲ့သို႔ေသာ အဖြဲ႕ မ်ားကို ဖိတ္ၾကားသင့္ၿပီး ၎တို႔ ၏ လက္ခံမႈ၊ ျငင္းဆိုမႈကို လူသိထင္ရွားျပဳလုပ္ရန္လိုအပ္သည္။ ထို႔ျပင္ International Institute for Democracy and Electoral Assistance (IDEA) မွ သတ္မွတ္ထားေသာ International Electoral Standards ႏွင့္ UN Committee on Human Rights မွ ထုတ္ျပန္ထားေသာ International Standards of Elections တို႔ကိုေလ့လာ၍ မိမိတို႔၏ေ႐ြးေကာက္ပြဲ က်င္းပေရးလုပ္ငန္းစဥ္မ်ားသည္ ၎တို႔၏ စံသတ္မွတ္ခ်က္မ်ားႏွင့္ညီၫြတ္မႈရွိေၾကာင္းေဖာ္ျပရမည္။ ေ႐ြးေကာက္ပြဲကို တရားမွ်တမႈ မရွိဟု စြပ္စြဲ လာပါက ယင္းအခ်က္အလက္မ်ားအေပၚ အေျခခံရွင္းလင္းႏိုင္ေအာင္ ျပင္ဆင္ထားရမည္။
ဒီမိုကေရစီစနစ္တြင္ ေ႐ြးေကာက္ပြဲ ေကာ္မရွင္သည္ လြတ္လပ္၍ တရားမွ်တၿပီး ပြင့္လင္းျမင္ သာမႈရွိေသာ ျပည္သူကိုကိုယ္စားျပဳသည့္ အဖြဲ႕အစည္း ျဖစ္သင့္ပါသည္။ ပိုလန္ႏိုင္ငံ၏ေ႐ြးေကာက္ပြဲ ေကာ္မရွင္တြင္ အဖြဲ႕ဝင္ (၉)ဦးရွိၿပီး (၇)ဦးကို လႊတ္ေတာ္မွေ႐ြးခ်ယ္၍ (၂)ဦးကို ဖြဲ႕စည္းပုံခုံ႐ုံးႏွင့္ တရား႐ုံး ခ်ဳပ္တို႔မွခန႔္အပ္ပါသည္။ ႐ုရွားႏိုင္ငံတြင္ သမၼတမွ (၅)ဦးကို ခန႔္အပ္၍ အထက္လႊတ္ေတာ္ႏွင့္ ေအာက္ လႊတ္ေတာ္မွ (၅) ဦးစီခန႔္အပ္ပါသည္။ ေတာင္အာဖရိကႏိုင္ငံတြင္ ေ႐ြးေကာက္ပြဲေကာ္မရွင္ အဖြဲ႕ဝင္ အားလုံးကို လႊတ္ေတာ္မွခန႔္အပ္ပါသည္။ ျမန္မာႏိုင္ငံ၏ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ ဥပေဒ၊ အခန္း(၂) ဖြဲ႕စည္းျခင္း၊ ခန႔္အပ္တာဝန္ေပး ျခင္းႏွင့္ အရည္အခ်င္းမ်ား အခန္း၊ ပုဒ္မ (၃) တြင္ ႏိုင္ငံေတာ္ သမၼတသည္ ျပည္ေထာင္စုေ႐ြးေကာက္ပြဲ ေကာ္မရွင္တစ္ရပ္ကိုဖြဲ႕စည္းရမည္။ ယင္းသို႔ဖြဲ႕စည္းရာတြင္ ဖြဲ႕ စည္းပုံ အေျခခံဥပေဒပါ ျပ႒ာန္း ခ်က္မ်ား ႏွင့္အညီ ေကာ္မရွင္ဥကၠ႒အပါအဝင္ အဖြဲ႕ဝင္အနည္းဆုံး (၅) ဦးကို ခန႔္အပ္တာဝန္ေပးႏိုင္သည္ဟု ေဖာ္ျပထားသည္။ ဤသည္ကိုေလ့လာၾကည့္လွ်င္ ေ႐ြးေကာက္ပြဲ ေကာ္မရွင္သည္ သမၼတ၏ လႊမ္းမိုးမႈေအာက္တြင္ရွိေနသည္။ လက္ေတြ႕အားျဖင့္ (၂၀၂၀) ခုႏွစ္ အေထြ ေထြေ႐ြးေကာက္ပြဲတြင္ ေ႐ြးေကာက္ပြဲ ေကာ္မရွင္အေပၚ သမၼတေဟာင္း ဦးဝင္းျမင့္၏ ဝင္ ေရာက္စြက္ ဖက္မႈမ်ားေၾကာင့္ ႏိုင္ငံေတာ္အေနျဖင့္ ပါတီစုံဒီမိုကေရစီလမ္းေၾကာင္းေပၚမွ (၅) ႏွစ္ခန႔္ ေသြဖည္သြား ခဲ့ရသည္။ ထို႔ေၾကာင့္ ေနာင္တြင္ ထိုကဲ့ သို႔ ျဖစ္စဥ္မ်ိဳးမျဖစ္ပြားေစရန္ လြတ္လပ္၍ တရားမွ် တၿပီး ပြင့္ လင္းျမင္သာမႈရွိေသာ ျပည္သူကိုကိုယ္စား ျပဳသည့္ေကာ္မရွင္မ်ိဳးျဖစ္ေစရန္ ေျပာင္းလဲသင့္ ပါသည္။ ႏိုင္ငံေတာ္သမၼတ၊ လႊတ္ေတာ္၊ ျပည္ ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္ စသည္တို႔မွ ခန႔္အပ္မည့္ကိုယ္စား လွယ္မ်ားပါဝင္သင့္ၿပီး ေကာ္မရွင္၏သက္တမ္းသည္ သမၼတ၏သက္တမ္း၊ လႊတ္ေတာ္၏ သက္တမ္းတို႔ ႏွင့္ မတူညီသင့္ပါ။ ဥပမာအားျဖင့္ ေ႐ြးေကာက္ပြဲေကာ္မရွင္၏ သက္တမ္းကို (၆) ႏွစ္ ထားရွိၿပီး ႏိုင္ငံေတာ္ သမၼတ၊ လႊတ္ေတာ္၊ ျပည္ေထာင္စု တရားလႊတ္ေတာ္ခ်ဳပ္ စသည္တို႔မွ ခန႔္အပ္မည့္ ကိုယ္စားလွယ္မ်ား ထဲမွ ေကာ္မရွင္ဥကၠ႒အားလွ်ိဳ႕ဝွက္မဲစနစ္ျဖင့္ ေ႐ြးခ်ယ္သင့္ပါသည္။ ေကာ္မရွင္ အဖြဲ႕ဝင္အင္အား၏ (၃) ပုံ (၁) ပုံကို (၂) ႏွစ္ (၁) ႀကိမ္ လဲလွယ္သင့္ပါသည္။ လက္ရွိတြင္ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္တြင္ ဥကၠ႒ႏွင့္ အဖြဲ႕ဝင္ (၁၃)ဦးရွိပါသည္။
(ဆက္လက္ေဖာ္ျပပါမည္)